Skip to main content

Posts

Showing posts with the label သရော်စာ

လုပ်သားမျောက်ထု လစဉ်သတင်းစာ အမှတ် (၀၀၁)

လုပ်သားမျောက်ထု လစဉ်သတင်းစာ အမှတ် (၀၀၁) (Working Monkeys Monthly Newspaper, No 001) မျောက်ခေါင်းကြီး (Monkey Editor’s Note) လုပ်သားမျောက်ထုလစဉ်သတင်းစာ၏ မူဝါဒများ၊ မဒမတိုင် (Backbone) များအား နောက်များမှ ၀ါးတားတား ချမှတ်ပါမည်။ ရေးချင်ရာရေးပြီးသော် မူဝါဒတစ်ရပ် တဖြည်းဖြည်းနှင့်အလိုလို ပေါ်ထွက်လာလိမ့်မည်ဟု ကျွန်ုပ် မြေကြီးခေါင်းစိုက်မလွဲ ယုံကြည်ယူဆသည်။ မပြောင်းလဲနိုင်သော အခြေခံသဘောတရားမှာ လုပ်သားမျောက်ထုလစဉ်သည် အခြေခံမျောက်တန်းစား၊ မျောက်ထုကြီးဘက်မှသာ ရပ်တည်မည် ဖြစ်သည်။ သို့မှသာ ရောင်းအားလည်း တက်မည် မဟုတ်ပါလား။ ယခုအခါ အယ်ဒီတာအလုပ်မှ ပြာတာအလုပ်အထိ ကျွန်ုပ်တစ်ကောင်ထဲ တာဝန်ယူသောက်စားမူးလဲ နေရသောကြောင့် အချိန်နှင့်တစ်ပြေးညီ လစဉ်သာ ထွက်ရှိနိုင်မည်ဖြစ်သည်။ `အလုပ်သင်,သတင်းမျောက်´ (Apprentice Monkey) [အရာမျောက်အောင် အင်္ဂလိပ်လိုလေးပါ အဘိဓာန်ထဲက တပင်တပန်းရှာပြီး ထည့်ထားတာ၊ အမှန်က ဇာတ်ကြောဖြေခိုင်းမလို့ ] ရာထူးအတွက် ဂျနီဖှာလိုပက်ဇ်ဆန်သော မျောက်မလေးများ မဟားဒယား ဆက်သွယ်နိုင်သည်။ ဦးနှောက်ပါစရာ လုံးဝ (လုံးဝ) မလိုပါ။ နောင်အခါ ကျွန်ုပ်သတင်းစာ၏ အနာဂတ် ဦးမော့လာခဲ့သော် တစ်နာရီခြားလည်း ထွက်ချင်ထွက်လာနိုင...

ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်၏ အနုပညာစုတ်ချက် (၁)

အရေးအသားသစ်အဖွင့် ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်၏ ကိုယ်ပိုင်အယူအဆနှင့် အတွေးအခေါ်များ အပေါ်တွင် အခြေခံ တည်ဆောက်ထားသော ကိုယ်တိုင်သက်သေပြ နောက်ဆုံးပေါ်ရနံ့၊ သရော်ချက်ဆိုင်ရာ အနုပညာ ။ -ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်- Of one well-educated young monkey, established by the base of genuine opinions and philosophies, self-evidence and newest genre, satirical ART . -One well-educated young monkey- မြင်မြင်ချင်း မျောက်မြင်ကပ်စေသောနည်းကား  ကြွားပါ။ (မျောက်စကားပုံ) မျောက်ဆက်ကွာဟမှု ပြဿနာနှင့် အနုပညာမျောက်မှု အနုပညာဆိုတာ ဘာလဲ ? ဒီလို ခမ်းနားလှတဲ့ မေးခွန်းကို ကျုပ်က ဖြေချင်နေခဲ့တာ ကြာလှပြီ။ ဒါပေမဲ့လည်း ဘယ်သူမှ လာမမေးကြဘူး။ ဒါမျိုး တစ်ခါမှ အ`ဗျူး´မခံရဖူးဘူး။ ဟုတ်လည်း ဟုတ်ပါတယ်လေ။ ကျုပ်လို မျောက်ပေါက်စတစ်ကောင်ကို ဘယ်သူက အဘက်လုပ်ပြီး ဒါမျိုး တရေးတယူ လာမေးမှာတဲ့လဲ။ ဒါပေမဲ့ ကျုပ်က ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်ပါ။ အဟုတ်။ မျောက်အခွင့်ရေးတို့ဘာတို့ သိုးသိုးသဲ့သဲ့ ကြားဖူးထားတယ်။ သိုးသိုးသဲ့သဲ့လို့ ဆိုရတာက ကျုပ်တို့တောမှာက ဒါမျိုးပြောမိရင် ပြောတဲ့အကောင်ကို မျောက်မင်းကြီးနဲ့ အပေါင်းပါတစ်စုက သစ်ပင်မှာ...

ဆန်တစ်ပြီ ကျပ်တစ်သန်း

ရေးသားသူ ◄ အောင်ဗလ ► မေ ၂၀၀၄၊ ဥဒါန်းမဂ္ဂဇင်းမှ ပြန်လည် ရိုက်နှိပ်တင်ပြပါသည်။ § § § § § § § “မိချိုရေ၊ မိချို၊ အမေ့ဆီ လာစမ်း” တဲငယ်၏ လှေကားတက်တွင် ရုပ်ပြစာစောင် တစ်ခုကို ကြည့်နေသော မိချိုသည်၊ ဇာတ်လမ်းစွဲ နေသဖြင့် ချက်ခြင်း မလာနိုင်ဘဲ မကြားဟန် ပြုနေသည်။ မေမေက သမီး၏ သဘောကို သိသည်။ အသက် ၁၃ နှစ်အရွယ်၊ လူလားမမြောက်တမြောက်၊ မလိမ်မိုးမလိမ္မာ သမီးကိုကြည့်ကာ ပြုံးမိရှာသည်။ သမီးမလာသဖြင့် အမေက သမီးထံ သွားရသည်။ “သမီးမှာ ပိုက်ဆံရှိသေးသလား၊ အမေ့ကို ခဏပေးပါလား” မိချိုက မျက်မှောင်လေး ကြုတ်သွားသည်။ သူ့တွင် ပိုက်ဆံအနည်းငယ် ရှိသည်။ သို့သော် အမေ့ကို မပေးလို။ လိမ်ညာကာ မပြောတတ်သဖြင့် - “သမီးမှာ ငွေတစ်သောင်းတန် သုံးရွက်ရှိတယ် အမေ။ နက်ဖြန်ခါ ကျောင်းမှာ ပြောင်းဖူးပြုတ် ၀ယ်စားဖို့ သိမ်းထားတာပါ” ဟု ဖြေရှာ၏။ “မေမေသိပါတယ် သမီးရယ်၊ ပြောင်းဖူးပြုတ်ကို နက်ဖြန် မစားပါနဲ့ဦး။ အမေ ထန်းလျက် တစ်ခြမ်း ပေးလိုက်ပါမယ်။ သောကြာနေ့မှာ ဖေဖေ့ လုပ်ခရတော့မှ သမီးကို ငွေငါးသောင်း ပေးပါ့မယ်။ အဲဒီတော့မှ သမီးစားချင်တာ ၀ယ်စားပါကွယ်” အမေ့စကားကို ပယ်ရှားလေ့မရှိသော မိချိုက စာအုပ်ကြားတွင် သိမ်းထားသော ကျပ်တစ်သောင်းတန် သုံးရွက်ကို ထုတ်ပေးလေ၏။ “အ...

တစ္ဆေကြောက်သော မျက်ကန်းတို့အကြောင်း

တစ်ညသ၌ သရဲတစ်ကောင်သည် အဆောက်အဦ တစ်ခုအနီးသို့ ချဉ်းကပ်လာ နေသည်။ အကာလ ညအခါဝယ် သရဲတို့ ဘာသာဘာဝ  လမ်းသလား နေခြင်းသာ ဖြစ်ပါသည်။ အနှီသရဲမှာ ကာလသား သရဲတစ်ကောင်ဖြစ်ပြီး လူတို့အား ခြောက်လှန့်ပြီး အပျော်ရှာခြင်းကို ၀ါသနာထုံ၏။ လူတို့အား ကြောက်လန့်စေပြီး မိမိ၏ သရဲပီသခြင်း အဖြစ်ကိုလည်း ဂုဏ်ယူတတ်၏။ ယခု သူ ချဉ်းကပ်လာ နေသော အဆောက်အဦမှာ မျက်မမြင်ကျောင်း တစ်ကျောင်း၏ အိပ်ခန်းဆောင်သာ ဖြစ်ပါသည်။ အဆောင်အတွင်းဝယ် မျက်မမြင်တို့သည် မအိပ်သေးဘဲ သရဲပုံပြင်များ  ပြောပြီး အဟားဟား ပွဲကျနေကြ၏။ တကယ်တော့ ယခုကဲ့သို့ တိတ်ဆိတ် မှောင်မိုက်နေသော ညအခါဝယ် ပုံမှန်အားဖြင့်မူ သရဲပုံပြင်ကို ကျောတစိမ့်စိမ့်၊ ရင်တဖိုဖို နားထောင်နေ သင့်ပေသည်။ ယခုတော့ ဤသို့မဟုတ်။ သရဲပုံပြင်နားထောင်ပြီး ဟေးလားဝါးလား အူမြူးနေကြသည်။ ဘယ်လိုလူတွေပါလိမ့်ဟု သရဲက ဇဝေဇ၀ါ တွေးမိလိုက်ပြီး၊ တစ်ပြိုင်နက်တည်း မခံချင်စိတ်လည်း ပြင်းစွာ ဖြစ်မိ၏။ အစဉ်အလာအရ တစ္ဆေသရဲ ပုံပြင်များပြောပြီး ဘယာနကရသကို ခံစားရမည့်အစား အနှီလူများက ဟာသရသ လုပ်ပစ်နေခြင်းသည် သရဲတစ်ကောင်အတွက် အခံရခက်လှ၏။ မိမိကဲ့သို့ ဒေါင်ဒေါင်မြည် သရဲတစ်ကောင်အတွက် အခံရခက်လှရုံမက စော်ကားခံရခြင်းပင် ဖြစ်သ...

အကောင်းဆုံးခေတ်ကြီးတွင် ယစ်မူးခြင်း

အကောင်းဆုံးခေတ်ကြီးမှာ အကောင်းဆုံးမဟုတ်သော်လည်း သောက်ပြီးရင် ကောင်းသွားတဲ့ ယမကာရှိတယ်။ အကောင်းဆုံးခေတ်ကြီးမှာ အကောင်းဆုံးမျိုးဆက်တွေရှိတယ်။ အကောင်းဆုံးခေတ်ကြီးမှာ လက်တွေ့ဘ၀ကို ဖြစ်ဖြစ်မြောက်မြောက် တုပထားတဲ့ တီဗီဂိမ်းရှိတယ်။ အဲမှာစတွေ့တယ်…။ အမူးသမားတွေအဖို့ တီဗီဂိမ်းဆော့ချင်တာက အကျင့်လိုဖြစ်နေတယ်။ သောက်စားမူးရစ်ပြီးရင် အလျဉ်းသင့်ရာ သူငယ်ချင်း တစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်နဲ့ တီဗီဂိမ်းဆိုင် ရောက်ရောက်သွားဖြစ်တာ များတယ်။ တီဗီဂိမ်းဆော့ရင်လည်း များသောအားဖြင့်က ဘောလုံးပဲ ကန်တာပါ။ မူးနေတာဆိုတော့ ကန်မိကန်ရာ နှိပ်နေကြတာပဲ။ ဒါပေမဲ့လည်း အမူးသမားအချင်းချင်းဆိုတော့ လယ်ဗယ်ညီနေတယ်ပဲ ဆိုရမယ်။ ဟုတ်တယ်။ လောကမှာ လယ်ဗယ်ညီတဲ့လူအချင်းချင်းပဲ ဆက်ဆံရတာ ကောင်းတယ်။ မိမိနဲ့ တန်းတူရည်တူ အခြေအနေမှာ မရှိတဲ့ လူတစ်ယောက်ယောက်နဲ့ ပြိုင်ဆိုင်မိတယ်ဆိုရင် နောင်တရမိတတ်တယ်။ မြန်မာ့လက်ဝှေ့ကျော် “တွေ့မရှောင်” ပြောသလို ၀ိတ်တန်းမတူတဲ့ကလေးတွေနဲ့ ထိုးရတာ နိုင်သွားလည်းမကောင်းဘူး၊ ရှုံးသွားလည်းမကောင်းဘူး။ သိပ်မှန်တဲ့စကားလို့ ထင်တာပဲ။ သူ့အနေနဲ့ လောလောဆယ်အခြေအနေမှာ ပွဲတိုင်းကျော် လက်ဝှေ့ကျော်တစ်ယောက်ဖြစ်နေပေမဲ့ ရှုံးသွားလည်းမကောင...

အိမ်မြှောင်

အိမ်မြှောင်အများအပြား အခန်းရဲ့နံရံမှာ ဖြိုးဖြိုးဖျောက်ဖျောက်၊ မြေဆွဲအားကို မထီမဲ့မြင် အံတုပြီး ကပ်နေကြတယ်။ ကြီးငယ်ရွတ်လတ်၊ ဖြူဖြူညိုညို ပြာနှမ်းနှမ်း…အရွယ်စုံအသွေးစုံ။ ဒီတော့.. အိမ်မြှောင်အဖွဲ့အစည်းလို့ပဲ ဆိုပါရစေတော့။ အဲဒီ အိမ်မြှောင်အဖွဲ့အစည်း မှီတင်းနေထိုင်ရာ အခန်းထဲကလူက ညနက်နက်မှာ သူတစ်ယောက်တည်း ဆိုတဲ့ အတွေးနဲ့ အထီးကျန်နေတယ်။ သူတစ်ယောက်ထဲ၊ ဒါပေမဲ့ အိမ်မြှောင်များလည်း သူနဲ့အတူတော့ ရှိနေသေးတယ်။ ရဲတင်းလှတဲ့ အိမ်မြှောင်များရဲ့ ပြေးလွှားလှုပ်ရှားမှုကြောင့် သူက သတိပြုမိသွားတယ်။ ဒါနဲ့ပဲ မတ်တပ်ရပ်ပြီး အိမ်မြှောင်အဖွဲ့အစည်းကြီးတစ်ရပ်လုံးကို စနစ်ပုံအနေအထားက အကဲခတ်နေ လိုက်မိတယ်။ ဒီကောင်တွေဟာ အိမ်မြှောင်တွေကိုး။ သူတို့ ကမ္ဘာမြေပေါ်မှာရှိကြောင်း ငါမေ့လျော့နေတာ ကြာခဲ့ပေါ့။ တကယ်တော့ သူတို့နဲ့ ငါဟာ သိပ်တော့မစိမ်းလှပါဘူး။ မစိမ်းလှဘူးဆိုပေမဲ့ ရင်းလည်း မရင်းနှီးဘူး။ တကယ်တော့ “ပိစိကွေး” (ကြောင်ကလေး) ရှိစဉ်တုန်းက သူက အိမ်မြှောင်တွေ ခုတ်လာတတ်တာကိုး။ အမြီးပြတ်ခေါင်းပြတ် ကိုးရိုးကားရားနဲ့ဆိုတော့ သိပ်မသတီလှဘူး။ သူတို့အနေနဲ့ကလည်း မျိုးနွယ်စုတစ်ရပ်လုံးရဲ့ ရန်သူတော်ကြီးရဲ့ သခင်ဖြစ်နေတယ်ဆိုတော့ သူ့ကို သိပ်သဘောကျြ...

♥ လက်ဖျားစာသီး လိုပါသလား ?

www.problemclean.ning.com တွင် တင်ခဲ့သော သရော်စာဆန်ဆန် အရေးအသားများသာဖြစ်ပါတယ်။ အပျင်းပြေ အပျော်ဖတ်ဖို့လောက်ပါ။ ◄ တေဇာ ► လက်ဖျားစာသီး၊ ခံစားချက်ပဒေသာပင်စိုက်ထူရန် ဆြာတေ၏ လူငယ်များသို့အကြံပြုချက်... မေး ► မောင်အာကာ ဆြာတေဇာခင်များ…။ ကျွန်တော်တို့ မြန်မာ့အိုင်တီလောက ဖွံ့ထွားလှပမှု Website ကြီးတွင် စာဆိုတော်တစ်ဦးတည်းမှနေ၍ ငါးစက္ကန့်စီသာခြားကာ Blog Post များ တစ်ကျိပ်ခန့်မျှ ဇယ်ဆက်သလို တတ်လာတတ်ပါသည်။ ဤသို့ လက်ဖျားစာသီး၊ ခံစားချက်ပဒေသာပင်ပေါက်နေသော ကလောင်ရှင်များကို ကျွန်တော်များ အားကျလှပါ၏။ ခံစားချက်ခြွတ်ခြုံကျပြီး၊ ကလောင်သွား ဂျီးကပ်နေသော ကိုယ့်ကိုယ်ကိုယ်လည်း အားမလိုအားမရ ဖြစ်မိပါသည်။ တစ်ခါတစ်ရံ ကုရာနတ္ထိဆေးမရှိသော ခံစားချက်ကျဆင်းမှုကူးစက်ရောဂါ (feeling immune deficiency syndrome) FIDS ရနေပြီလားဟုပင် သံသယပွားမိပါတော့သည်။ ထို့ကြောင့် ဆီလီကွန်ချောင်းရိုးတွင် တဲထိုးနေထိုင်သော ဆြာတေဇာမှ လက်ဖျားစာသီး ခံစားချက်မီးများ ဟုန်းဟုန်းထ နိုင်စေရန် Program လေးတစ်ခု ရေးဆွဲပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ခင်များ…။ ဖြေ ► ဆြာတေ အဟမ်း....။ အမေးရှိလာသည့်သကာလ အဖြေလည်း ရှိရပေတော့မည်။ အနှီမောင်အာက...

အကျည်းတန် ဘဲကလေး

ဘဲအုပ်ထဲရောက်နေရာက ရုပ်ဆိုးတဲ့ဘဲကလေးအဖြစ်သတ်မှတ်ခံရတဲ့ ဘဲငန်းကလေးအကြောင်းရေးထားတဲ့ ပုံပြင်ဆရာ အန်ဒါဆင်ရဲ့ The Ugly Duckling ပုံပြင်ကို ပုံနှိပ်ထုတ်ဝေပြီးတဲ့နောက် ဘဲအုပ်တွေထဲမှာ ပြဿနာတက်လာပါတယ်။ အသက်ကြီးကြီးဘဲထီးကြီးကပြောတယ်။ ကျုပ်ဟာ ငန်းတစ်ကောင်ပါလို့ အမြဲပြောခဲ့သားပဲ။ ဒါပေမဲ့ ကျုပ်ကို လျစ်လျူရှုထားတယ်လေ။ အထင်အမြင်သေးပြီး နားလည်မှုလွဲခဲ့ကြတယ်လေ။ ဒီလိုနဲ့ ကျုပ်ရဲ့ငယ်ဘ၀လည်း အချည်းအနှီးကုန်ဆုံးခဲ့ရတယ်။ ကျုပ်ရဲ့ငယ်ဘ၀ကို ပြန်ပေးစမ်း။ ကျုပ်ရဲ့ ငန်းမွှေးနဲ့ငန်းတောင်တွေကို ပြန်ပေးစမ်း။ ကျုပ်ရဲ့ ငန်းဆန်တဲ့မြင့်မြတ်မှုနဲ့ ဂုဏ်သိက္ခာကို ပြန်ပေးစမ်း။ ဒါတွေအားလုံးဟာ လယ်သမားကြီးရဲ့ အမြော်အမြင်နည်းမှုကြောင့်ဖြစ်ရတာပဲ။ နောက်ထပ် ဘဲထီးတစ်ကောင်က၀င်ပြောတယ်။ ကြက်ဆင်တွေက အရည်အချင်းရှိသူ မှန်သမျှကို သ၀န်တိုတတ်တာချည်းပဲ။ အဲဒီကြက်ဆင်တွေကြောင့် ကျုပ်တို့ အစာရေစာမ၀လင်တာ။ ပြီးတော့ စိတ်ဓာတ်လည်းကျရတယ်။ ပြီးတော့ ဘဲလို့ အခေါ်ခံနေရတာ။ ဘဲရဲ့ အဓိပ္ပာယ်ကဘာလဲသိလား။ တရုတ်တွေက ဘဲတွေရဲ့ အဓိကစရိုက်က ညံ့ဖျင်းအသုံးမကျမှုလို့ပြောကြတယ်။ ကျုပ်တို့ တကယ်ပဲ ညံ့သလား။ တစ်နဲ့နှစ်ပေါင်းရင် ဘယ်လောက်ရတယ်ဆိုတာ ကျုပ် သိချင်မှသိမယ်။ ဒါ ကျုပ်ရဲ့အမှားလ...

ကိုငှက်ကြီးရဲ့ မဇ္ဈိမတေးသွား၊ တစ်နေ့တစ်လံပုဂံဘယ်မရောက်နှင့် ယုတ္တိဗေဒဖြင့် လူပျိုလှည့်ခြင်းအတွေးစများ

အောက်ပါသရော်စာများ၏ မူရင်းရေးသားသူမှာ တရုတ်စာရေးဆရာ ၀မ်မင်း (Wang Meng) ဖြစ်ပြီး၊ ဆရာမောင်ဒေးက ဘာသာပြန်ထားကာ၊ တေဇာမှ… လူတတ်လုပ် ရှင်းပြထားခြင်းဖြစ်ပါသည်။ အောက်ပါအရေးအသားများမှာ လူ့သဘောလူ့သဘာဝ သရော်ထားသော အရေးအသားများဖြစ်ပါသည်။ ကလေးတစ်ယောက်အနေဖြင့် ပုံပြင်လေးတစ်ပုဒ်ပမာ ဖတ်မည်ဆိုလျှင်လည်း ဖတ်လို့ကောင်းပါသည်။ စကားလုံးများ၏နောက်ကွယ်မှ မူရင်းဆိုလိုချက်ကို ကျွန်တော် ကြိုးစားဖမ်းဆုပ်ကြည့်ပါတယ်။ သို့သော် အခြေအနေ (Environment) ကလည်း ရှိသေးတယ်ခင်ဗျ။ အင်တာနက်ဖိုးပေး၍ စာရိုက်နေရသောကြောင့် စိတ်မဖြောင့်ပါသဖြင့် ကျွန်တော်ရှင်းလင်းထားသည်များ ကိုးရိုးကားယားဖြစ်နေလျှင် ခွင့်လွှတ်ကြပါဗျာ။ နဂါးဂူထဲက လီတစ်ထောင်မြင်း လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျေးလက်ဒေသတစ်ခုက နွားတင်းကုပ်တစ်ခုမှာ လီတစ်ထောင်ပြေးနှုန်းရှိတဲ့ မြင်းတစ်ကောင်ကို သွားသွားလာလာ ကျွန်တော် ရင်းနှီးခွင့်ရရှိခဲ့တယ်။ (တစ်လီ ပမာဏဟာ သုံးပိုင်းတစ်ပိုင်းမိုင်နဲ့ ညီမျှပါတယ်။ အစာရေစာပြတ်လပ်မှုနဲ့ အအေးဒဏ်တို့ကြောင့် မြင်းဟာ ခြေကုန်လက်ပမ်းကျ၊ တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်၊ ခေါင်းငိုက်စိုက်ပြီး မြုံတုံတုံပေါ့။ ပြေးရင်လည်း နွားလောက်ပဲ ပြေးနိုင်တယ်။ မြည်းတွေ၊ လားတွေကတောင် ...

ကျုပ်လည်း မင်းလိုပဲ

တစ်ညနေမှာ နိုက်တင်ဂေးငှက်တစ်ကောင်က တေးသီနေတယ်။ မြွေတစ်ကောင်က ငှက်ကြားအောင် အက်ဆေးတစ်ပုဒ်ကို တမင်အော်ဖတ်နေတယ်။ အက်ဆေးက မြွေဟာလည်း နိုက်တင်ဂေးနဲ့မျိုးရိုးတူကြောင်း ရေးထားတာ။ ဒီအက်ဆေးအလိုရ မြွေဥတွေကို တစ်ချိန်က နိုက်တင်ဂေးဥတွေနဲ့ ရောစီထားသတဲ့။ ဒီတော့ သူတို့က မျိုးရိုးဇာတိတူတာ သေချာတယ်ပေါ့။ ဒါ့အပြင် ဒီဥတွေမပေါက်ခင် အလင်းနဲ့အပူပေးတဲ့ နေမင်းကြီးကလည်း အတူတူပဲလေ။ ဒါကြောင့် သူတို့ဟာ တူညီတဲ့မျိုးရိုးတစ်ခုရဲ့ အဖွဲ့ဝင်တွေပါပဲ။ တတိယအချက်က သူတို့နှစ်ယောက်စလုံး ညဆို တေးဆိုတယ်။ မြွေရဲ့ယူဆချက်အရဆိုရင် သူတို့သီဆိုတဲ့ သီချင်းက တော်တော်ကို ဆင်တူတယ်။ စတုတ္ထအချက်။ သူတို့နှစ်ယောက်စလုံး ပန်းဥယာဉ်ထဲမှာ ကျင်လည်ရတာကို ကြိုက်တယ်။ ပဉ္စမအချက်အနေနဲ့ သူတို့နှစ်ယောက် စလုံးဟာ နှင်းနဲ့ဆောင်းအေးတာကို မနှစ်သက်ဘူး။ ဆဌမအချက်က သူတို့နှစ်ယောက်စလုံး နှင်းဆီတွေကို သဘောကျတယ်။ သူတို့ရဲ့ စိတ်ဝင်စားမှု တူတယ်ဆိုတဲ့ သဘောပဲ။ ပြီးတော့ သတ္တမအချက်….. နိုက်တင်ဂေးက စိတ်အနှောင့်အယှက်ဖြစ်ပြီး ပြောတယ်။ ခင်ဗျားရဲ့အက်ဆေးမှာ အလွန်ခိုင်လုံတဲ့ သံမဏိအထောက်အထားပေါင်း သောင်းခြောက်ထောင်ရှိနေပါစေဦး၊ ခင်ဗျားဟာ မြွေမဟုတ်ဘဲ နိုက်တင်ဂေးဖြစ်ပါတယ်လို့တော့ ကျုပ...

နဂါးဂူထဲက လီတစ်ထောင်မြင်း

လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျေးလက်ဒေသတစ်ခုက နွားတင်းကုပ်တစ်ခုမှာ လီတစ်ထောင်ပြေးနှုန်းရှိတဲ့ မြင်းတစ်ကောင်ကို သွားသွားလာလာ ကျွန်တော် ရင်းနှီးခွင့်ရရှိခဲ့တယ်။ (တစ်လီ ပမာဏဟာ သုံးပိုင်းတစ်ပိုင်းမိုင်နဲ့ ညီမျှပါတယ်။ အစာရေစာပြတ်လပ်မှုနဲ့ အအေးဒဏ်တို့ကြောင့် မြင်းဟာ ခြေကုန်လက်ပမ်းကျ၊ တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်၊ ခေါင်းငိုက်စိုက်ပြီး မြုံတုံတုံပေါ့။ ပြေးရင်လည်း နွားလောက်ပဲ ပြေးနိုင်တယ်။ မြည်းတွေ၊ လားတွေကတောင် အဲဒီမြင်းကို သူတို့ထဲရောနှောလာရင် မကြိုက်ချင်ကြဘူး။ ထယ်ထိုးခိုင်းပြန်တော့လည်း နွားတစ်ကောင်လောက် ခံနိုင်ရည်မရှိ။ ဒါကြောင့် နွားတင်းကုပ်မှာထားတယ်ဆိုပေမယ့် နွားတွေကြားမှာ အပယ်ခံပဲ။ သိပ်မကြာခင်မှာပဲ မြင်းအကြောင်းနားလည်သူအချို့ဟာ လီတစ်ထောင်မြင်းကို တွေ့သွားကြတယ်။ သူတို့က မြင်းကို ဂျုံနှစ်ကော်စာကျွေးလိုက်တာ မြင်းကြီးဟာ ချက်ချင်းပဲ ကဆုန်ပေါက်ထပြေးတယ်။ သူ့ခွန်အားကို နွားတွေ၊ မြည်းတွေ၊ လားတွေနဲ့ ၀က်တွေတောင် အံ့သြကြရတယ်။ သိပ်မကြာပါဘူး။ မြင်းပြိုင်ပွဲမှာ လီတစ်ထောင်မြင်းက ပထမနေရာက ပန်းဝင်တယ်။ သူ့အတွက် အထူးနဂါးဂူလုပ်ပေးရတယ်။ တစ်ရက်တည်းနဲ့ လီတစ်ထောင်ပြည့်အောင် ပြေးနိုင်တဲ့မြင်းဆိုရင် ကောင်းကင်ဘုံက နှင်ထုတ်ခံရ...

ကြက်ဥပြုတ်များနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ

ကျွန်တော့်အဖေက စာများများဖတ်တဲ့ စွယ်စုံ ပါရမီရှင်ကြီးတစ်ယောက်ပါပဲ။ သိသမျှကိုလည်း မငြီးမညူ သင်ကြားပေးလေ့ရှိတယ်။ ကျွန်တော့်ကို ပါရမီရှင်တစ်ယောက်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်ပေါင်းများစွာကြာအောင် လက်သပ်မွေးကာ သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော့်ကို စာပေသင်တယ်။ သူအကြိုက်ဆုံးစာအုပ်က `တန်မင်းဆက်ကာလရဲ့ ကဗျာသုံးရာ´ ပါပဲ။ အဲဒီကဗျာတွေကို ဒေါက်ကနဲ ဒေါက်ကနဲ အလွတ်ရွတ်ပြနိုင်တဲ့အထိ သူကျွန်တော့်ကို ညှင်းပမ်းသင်ကြားပေးပါတယ်။ အခြားစာအုပ်သစ် တစ်အုပ်တစ်လေကို ကျွန်တော် စမ်းဖတ်ကြည့်တဲ့အခါတိုင်းမှာလည်း သူ ဒေါသပုန်ထတတ်တယ်။ ပြီးရင် အာဘောင်အာရင်းသန်သန်နဲ့ မိန့်ခွန်းရှည်ကြီး ဟောတော့တာပါပဲ။ `တန်ကဗျာသုံးရာကို မင်း ကျွမ်းကျင်နေပြီများ မှတ်နေလား။ အဲဒီကဗျာတွေရဲ့ ဆန်းကြယ်မှုတွေ၊ ကာရံတွေ၊ ဆန့်ကျင်ဘက်စကားလုံး တွဲဆက်မှုတွေ၊ စကားလုံးရွေးချယ်မှုတွေ၊ စိတ်ကူးအံဝင်ခွင်ကျ ဖြစ်မတွေ၊ ကဗျာနိမိတ်ပုံတွေ၊ အတွေးနယ်ခွင်တွေ၊ အဓိပ္ပာယ်တွေရဲ့ အရိပ်လွှမ်းမိုးမှုတွေ အိုး.. အများကြီး…အများကြီး…. အဲဒါတွေကို ညီညွတ်အောင် မင်း ပေါင်းစပ်နိုင်ပြီလား..။ အသုံးချနိုင်ပြီလား။ မင်းရဲ့ ကဗျာတွေဟာ လီဘိုင်း၊ တုဖူး၊ မင်ဟောင်းရန်၊ ၀မ်ဝေ၊ လီရှန်ကျင်းနဲ့ တုမုတို့ရဲ့က...