Skip to main content

Posts

Showing posts from August, 2013

စံပယ်ကို မျှားခြင်း

[ ၁ ] ကုတင်နံပါတ် (၆) ပေါ်မှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အမျိုးသမီးငယ်ကို စံပယ်လို့ ခေါ်ပါတယ်။ ကျွန်မနာမည်ကလည်း စံပယ်ပါပဲ၊ ဒါပေမဲ့ နာမည်ဆိုတာတွေက အပေါ်ယံလောက်ပဲလေ၊ ရေမျက်နှာပြင်ပေါ်မှာ တပွက်ပွက်ထနေတဲ့ ရေမြုပ်တွေမျှပဲ။ ကျွန်မတို့နှစ်ယောက်မှာ ဒီထက်မက ပိုမိုနက်ရှိုင်းတဲ့ ဆက်သွယ်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့်ပဲ သူ ကျွန်မကိုသဘောကျတာ၊ ဒါကြောင့်ပဲ တာဝန်ချိန်မဟုတ်တဲ့ အချိန်တွေမှာ သူ့အနား ကျွန်မ ထိုင်နေမိတတ်တာပေါ့။ ဒီနေ့ကတော့ ဒုက္ခရောက်တဲ့ နေ့တစ်နေ့ပါပဲ။ အဆောင်မှာ လူနာတွေနဲ့ အများကြီးနဲ့ ရှုတ်ယှက်ခတ်နေလို့ ကျွန်မလည်း အလုပ်တွေမပြီးနိုင် ဖြစ်နေတယ်။ အိပ်ယာခင်းတွေသိမ်း၊ ပုံစံတွေ ဖြည့်၊ အ၀တ်အစားလဲ စသည်ဖြင့်ပေါ့။ နောက်ဆုံး နေ့လယ်နှောင်းပိုင်းလောက်ရောက်တော့မှ ကော်ဖီဖျော်ဖို့ အချိန်လေးနည်းနည်းရပါတယ်။ ကော်ဖီကို စပယ့်ကုတင်ဘေးနားက လိမ္မော်ရောင် ပလက်စတစ်ထိုင်ခုံလေးဆီ ကျွန်မ ယူသွားလိုက်တယ်။ အခုလို ခဏတဖြုတ်ထိုင်ခွင့်ရတာကို ကျေးဇူးတင်နေမိတယ်၊ သူ့အနားမှာ အဖော်လုပ်ပေးရတာကိုလည်း ၀မ်းသာနေမိပါတယ်။

စာခြောက်ရုပ်

ဒီလိုနဲ့ ကျွန်မတို့လည်း အဲဒီစာခြောက်ရုပ်ကို အလုပ်ခန့်လိုက်တယ်။ သူ့နာမည်က ယင်စင်းတဲ့။ ကျွန်မ အစ်မက အဲဒီကြော်ငြာကို သတင်းစာထဲမှာ စမြင်တော့ "သူက တကယ်ကြီးတဲ့လား" လို့မေးတယ်။ ကျွန်မလည်း လူချင်းတွေ့ဖို့ ဖုန်းဆက်ကြည့်တယ်။ နေ့လယ်ခင်းလောက်မှာ ကျွန်မတို့တွေ့ဖြစ်ကြတယ်၊ ညနေခင်းကျတော့ ဖုန်းထပ်ဆက်ပြီး ရှင့်ကိုအလုပ်ခန့်လိုက်ပြီလို့ တစ်ခါတည်း ပြောလိုက်တော့တယ်။ အဲဒီနေ့က တနင်္ဂနွေနေ့။ သူ့ကို မြေကွက်လပ်ဆီ လိုက်ပြပြီးတော့ ကျွန်မတို့လည်း မီးဖိုချောင်ရဲ့ ပြတင်းပေါက်ဆီကို လှမ်းကြည့်လိုက်ကြတယ်။ အဲဒီမှာ သူခြောက်ရမယ့် ငှက်မည်းမည်းတွေရစ်ဝဲနေတယ်လေ။ အဲဒီအကောင်တွေ အကုန်ခြောက်ထုတ်ပေးပါမယ်လို့ သူက တာဝန်ယူလိုက်တယ်၊ ဒါပေမဲ့ သူ့လက်တွေက တုန်လှုပ်နေပါတယ်။ "ရှင် ကြောက်များနေသလား" လို့ ကျွန်မက မေးလိုက်တယ်။ "ကတုန်ကရင်" ဖြစ်နေတာပါလို့ သူကပြောတယ်၊ အမူးလွန်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အဲဒီလို တုန်လှုပ်နေတာကလည်း အလုပ်တော့ဖြစ်သားပဲ။ "ခင်ဗျားကိုပိုပြီး အသက်ဝင်လာစေတာပေါ့" လို့ သူကပြောတယ်။ အာရုဏ်မကျင်းမီ မနက်တိုင်း ကျွန်မက ကြောင်ကလေးကို အပြင်ထွက်ဖို့ တံခါးဖွင့်ပေးတတ်တယ်။ အဲဒီတော့ ယင်စင်

ပုံပြင်လေးတစ်ပုဒ် (ကာဖှကာ)

ကြွက်ကလေးက ပြောလိုက်တယ်။ "အားလားလား၊ ကမ္ဘာကြီးတစ်ခုလုံးဟာ တစ်နေ့တခြား သေးသေးလာတယ်။ အစတုန်းကတော့ ကြီးလွန်းလို့ ငါ့မှာ ကြောက်မိခဲ့သေးတာ၊ ငါ မရပ်မနား ပြေးတယ်, ပြေးတယ်၊ လက်ဝဲလက်ယာ ခပ်လှမ်းလှမ်းမှာ နံရံတွေကို မြင်လာရတော့ ငါ့မှာ ၀မ်းသာခဲ့မိတယ်၊ ဒါပေမဲ့ အဲဒီ နံရံကျယ်တွေဟာ အလျင်အမြန် ကျဉ်းမြောင်းလာလိုက်တာ နောက်ဆုံးတော့ အလုံပိတ်အခန်းထဲ ငါရောက်လာခဲ့ရပြီ၊ ပြီးတော့ ဒီအခန်းရဲ့ အစွန်းမှာ ငါဝင်တိုးရမယ့် ထောင်ချောက်တစ်ခု ရှိနေတယ်" "မင်းရဲ့ ဦးတည်ရာကို ပြောင်းလိုက်ဖို့ပဲ လိုပါတယ်" ပြောပြောဆိုဆို ကြောင်ကကြွက်ကို စားလိုက်တော့တယ်။ တေဇာ (လရောင်လမ်း) Franz Kafka by A Little Fable ကို ဆီလျော်သလို Image: http://www.elke-rehder.de

ဖီးနစ် [မောင်ဒေး]

ကြီးမြတ်သော မျိုးနွယ်ဝင်ဖြစ်သည့် လော့ဒ်စတော်ဘယ်ရီသည် ငှက်မျိုးစုံကို စုဆောင်းသူဖြစ်သည်။ သူ့ထံတွင် ဥရောပ၌ အကောင်းဆုံးဟုဆိုရမည့် ငှက်မွေးခြံကြီးရှိသည်။ ထိုခြံမှာ ကြီးလွန်းလှသည့်အတွက် လင်းယုန်ငှက်လိုအကောင်ကြီးများပင် သက်တောင့်သက်သာ ကျက်စားနိုင်သည်။ စီမံခင်းကျင်းထားပုံကလည်း ကောင်းမွန်ပြီး၊ ငှက်ပိတုံးများနှင့် နှင်းခဲအရပ်၌ကျင်လည်သည့် တေးဆိုငှက်များအတွက်ပင်လျှင် ၎င်းတို့နှင့်ကိုက်ညီသော ရာသီဥတုမျိုးကို ပြည့်စုံကျနစွာ ဖန်တီးပေးထားသည်။ သို့ပေမယ့် ထိုငှက်မွေးခြံကြီးထဲ၌ရှိသည့် ငှက်လှောင်အိမ်များထဲမှ အကောင်းဆုံးအညွန့်ဆုံးဖြစ်သော ငှက်လှောင်ခန်းတစ်ခုမှာမူ နှစ်ပေါင်းအတော်ကြာအောင်ပင် ဗလာကျင်းကာ ဟာလာဟင်းလင်းဖြစ်နေခဲ့ပေသည်။ ထိုငှက်လှောင်ခန်းတွင် လေဘယ်ပြားတစ်ခု ချိတ်ဆွဲထား၏။ ၎င်းကတ်ပြားပေါ်တွင် ဤသို့ ရေးသားထားသည်။ ငှက်အမျိုးအမည် - ဖီးနစ် ကျင်လည်ရာအရပ် - အာရေဗျ