`ထွက်ပေါက်မရှိ´ (No Exit) သည် ငရဲပြည်ရှိ အခန်းတစ်ခုအတွင်းမှ လူသုံးဦးအကြောင်း ဇာတ်လမ်းဖြစ်ပါသည်။ ကမ္ဘာမြေပေါ်မှ လူများ၏ မေ့လျော့ခြင်း ခံရပြီးသည်နှင့် တစ်ပြိုင်နက် သူတို့အဖို့ မိမိကိုယ်ကိုယ် အဓိပ္ပာယ်သတ်မှတ်ခွင့် ရရှိလာခဲ့သည်။ သို့ရာတွင် အခန်းတွင်းတွင် တစ်ဦးတည်းမဟုတ်ဘဲ လူသုံးယောက်ရှိနေသည့်အတွက် ထိုသို့အဓိပ္ပာယ်သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း သူတို့ တွေ့ရှိခဲ့ရသည်။ တစ်ဦးတစ်ယောက်က မိမိကိုယ်ကိုယ် အဓိပ္ပာယ်သတ်မှတ်ရန် ကြိုးစားတိုင်း အခန်းတွင်းရှိ အခြားလူနှစ်ဦးက သူတို့ သိသလိုမြင်သလို ထိုသူကို အဓိပ္ပာယ်သတ်မှတ်လိုက်သည်ကို တွေ့ရသည်။ လူ့ပြည်တွင်ပြုလုပ်ခဲ့သည့် ဒုစရိုက်များလုံးကို အိတ်သွန်ဖာမှောက် ၀န်ခံခြင်းအားဖြင့်လည်း အကျိုးမထူးပေ။ (လူ့ပြည်တွင်ပြုလုပ်ခဲ့သည့်) သူတို့၏ လုပ်ရပ်များက သူတို့အား ထာဝရမပြောင်းလဲနိုင်သော အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခု တံဆိပ်ကပ်ပေးလိုက်ပြီး ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ အဆုံးတွင် သူတို့သုံးဦးသည် မချစ်မနှစ်သက်သောသူများနှင့် ထာဝရ နေထိုင်သွားကြရပြီး ဤသည်က ယန်းပေါဆာ့ထ်၏ ထင်ရှားသော ကောက်ချက် `ငရဲဟူသည် တစ်ပါးသောလူများ´ ဟူသော စကားဆီ ရောက်ရှိစေခဲ့လေသည်။
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။