Skip to main content

Posts

Showing posts from 2017

သာတူညီမျှကမ္ဘာ (Harrison Bergeron)

အချိန်က ၂၀၈၁ ခုနှစ်။ နောက်ဆုံးမှာတော့ လူတိုင်းသာတူညီမျှ ဖြစ်လာခဲ့ပြီ။ ဘုရားသခင်နဲ့ ဥပဒေရှေ့မှောက်မှာတင် မဟုတ်၊ အရာအားလုံးမှာ သာတူညီမျှ ဖြစ်လာခဲ့ကြပါပြီ။ ဘယ်သူကမှ ဘယ်သူ့ထက် ပိုပြီးမထက်မြက်ဘူး၊ ဘယ်သူကမှ ဘယ်သူ့ထက်ပိုပြီး ကြည့်ပျော်ရှုပျော်မဖြစ်ဘူး၊ ဘယ်သူကမှ ဘယ်သူ့ထက်ပိုပြီး သန်မာမြန်ဆန်မှု မရှိဘူး၊ အရာအားလုံး တန်းတူညီမျှ။ ဒီလို သာတူညီမျှဖြစ်လာရတာကလည်း ဖွဲ့စည်းပုံဥပဒေကို ၂၁၁ ကြိမ်၊ ၂၁၂ ကြိမ်နဲ့ ၂၁၃ ကြိမ်မြောက် ပြင်အပြီးမှာပဲ။ အမေရိကန်ပြည်ထောင်စု သာတူညီမျှရေးကော်မတီက အဖွဲ့ဝင်တွေရဲ့ အချိန်မလပ် ကြပ်မတ်စောင့်ကြည့်မှုကြောင့် ဆိုရင်လည်း မမှားဘူးပေါ့။ ဒါပေမဲ့ ရှင်သန်နေထိုင်နေရတဲ့ လူမှုဘ၀နဲ့ ပတ်သက်ပြီး အဆင်သိပ်မချောတာလေးတွေတော့ ရှိနေပါသေးတယ်။ ဥပမာဆိုပါစို့၊ ဧပြီလဟာ နွေဦးရာသီမဟုတ်တဲ့အတွက် တချို့လူတွေကတော့ စိတ်အနှောင့်အယှက် ဖြစ်နေရသေးတာပဲ။

အတိုးဆုံးကဗျာများ (၆၁)

ရာဘာလို တွဲလျောင်းကျနေတဲ့ လက်ကို တခြား သူ့လက်တစ်ဖက်နဲ့ ဆွဲမ, နေတယ် ကျနော်ပြောချင်တာက သူဟာ စက်ရုပ်မဖြစ်နိုင်ပါဘူး #Anosognosia အမှောင်ထဲကနေ ငါ့ကို တယောက်ယောက် စောင့်ကြည့်နေတယ် သူက ငါ့ကို ခြောက်လှန့်ဖို့ သိပ်လွယ်ပြီး ငါက သူ့ကို စိတ်ညှို့ဖို့ သိပ်လွယ်တာပဲ #Manipulation "ခင်ဗျား ဘယ်လောက်အတ္တကြီးပါသလဲ" "ကျနော့် ဦးနှောက် ယိုယွင်းမှုပုံစံကို ကျနော် သဘောကျပါတယ်" #IdentityVII ပျင်းရိတဲ့ ညတွေမှာ သူ့အသားစတွေကိုဖဲ့ပြီး အမှိုက်ပုံးအပေါက်ဝဆီ လက်တည့်စမ်းလေ့ရှိတယ် တိတ်ဆိတ်ခြင်းမှာ ဖြစ်တတ်တာတွေ #Decay မယ်နကင်ရုပ်ယောင်ဆောင်ပြီး ရယ်ကြတယ် ခွေးကို နေကာမျက်မှန်တပ်ပေးပြီး ရယ်ကြတယ် ဖြစ်နိုင်ဖွယ် ဖြေရှင်းချက်တစ်ခုက လူတွေဟာ လူဖြစ်ရတာ မပျော်ဘူး #BaboonI တေဇာ (လရောင်လမ်း) Image: www.beautylish.com