မငြိမ်သက်မှုတွေနဲ့ အုပ်ချုပ်ပုံညံ့ဖျင်းမှုတွေကြောင့် `ဟာရတ်´ ပြည်နယ်ရဲ့ ကန္တာရတောင်တန်းများပေါ်က မြို့တော်လူထုဟာ ရာစုနှစ်ပေါင်းများစွာကြာအောင် နိမ့်ပါးပျက်စီးခဲ့ရပါတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို မဖယ်ရှားနိုင်ရုံသာမက မောက်မာထောင်လွှားတဲ့ ကိုယ်ကျိုးကြည့် ဘုရင်အဆက်ဆက်ရဲ့ ဒဏ်ကိုလည်း သည်းမခံနိုင်အောင် ဖြစ်ကြရတယ်။ ဒီတော့လည်း `ဂျာဂါ´ ဆိုတဲ့လူကို သူတို့က ပညာရှိပုရောဟိတ်အဖြစ် တင်မြောက်ခဲ့ကြတယ်။ သူ့ကိုတော့ ဒီနယ်မြေမှာ ပညာအရှိဆုံးရယ်လို့ လူတွေက သိကြတယ်။ ဘုရင်တစ်ပါးကို လေးနှစ်တစ်ကြိမ်တင်မြှောက်သင့်တယ်လို့ ဂျာဂါက ဆုံးဖြတ်တယ်။ အဲဒီဘုရင်ဟာ အကြွင်းမဲ့အာဏာရှိရမယ်။ အခွန်အကောက်တွေကို တိုးမြှင့်နိုင်မယ်။ အဆုံးစွန် အာဏာတည်ရမယ်။ ညစဉ် သူသဘောကျတဲ့ မိန်းကလေးတစ်ဦးကို သူ့ ဖဲမွေ့ယာပေါ်ခေါ်သွားဖို့ ရွေးချယ်ခွင့်ရှိမယ်။ စိတ်ကြိုက် စားသောက်ခွင့်ရှိမယ်။ အကောင်းဆုံး အ၀တ်အစားတွေဝတ်ပြီး အကောင်းဆုံးမြင်းကို စီးခွင့်ရှိမယ်။ အတိုချုပ်ပြောရရင် သူပေးတဲ့အမိန့်ဟူသမျှကို ဘယ်လောက်ပဲ အဓိပ္ပာယ်မဲ့ပါစေ နာခံရမယ်။ ယုတ္တိနဲ့ တရားမျှတမှုမရှိဘူးလို့ ဘယ်သူကမှ မေးခွန်းမထုတ်ရဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိနေသေးတယ်။ သူ့ရဲ့ဘုရင်သက်တမ်းလေးနှစ် ပြီး...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။