Skip to main content

Posts

Showing posts from January, 2014

နားတစ်စုံသာ အချစ်အတွက်ဖန်တီးခဲ့တဲ့ အင်္ဂါ

ငါတို့ကို အရင်စ စွန့်ခွာသွားခဲ့တာက ဘာသာစကား။ ရွှေ့ပြောင်းအခြေချလာတဲ့ စကားလုံးအုပ်လိုက်ကြီး။ လူတွေစကားပြောချိန်မှာ တစ်ယောက်ပါးစပ်ကိုတစ်ယောက် ထိုးနှက်ကြ။ အချစ်အတွက်က ဝေါဟာရ မရှိ။ မိန်းမတွေရဲ့ ကြွက်သားဆိုင်တွေ ကြီးထွားလာပြီး သူတို့ နှုတ်ခမ်းနှစ်လွှာက နွေးလျရိုးစင်းတဲ့ ကြင်နာမှုတစ်ခု မွေးဖွားမပေးနိုင်တော့။ ငန်ကျိကျိအရသာနဲ့ ကန္တကောစကြောင့် လျှာတွေက အလေးချိန်တက်။ မြူခိုးလို မြို့ပေါ်ရစ်တွယ်ပြီး အရာရာကို မြင်ကွင်းက ပိတ်ကွယ်လျက်။ ငါ့နားတစ်စုံက ပတ်ဝန်းကျင်နဲ့ရောနှောရုပ်ဖျက်လို့ စစ်ထွက်ခွင့်ရဖို့အတွက် အထပ်ထပ်တောင်းပန်။ နေရာတကာမှာ ငါတို့အသံထွက်ပုံရဲ့ ပုပ်အဲ့မှု။ ဒါကြောင့် ဆိုနီရိုးလင်း ပျောက်ကွယ်သွားတဲ့ အချိန်ကို သတိရမိတယ်လို့ တစ်ယောက်ကဆို။ လေထုဟာ မူလအတိုင်း ပြန်မဖြစ်နိုင်တော့ကြောင်းနဲ့ ခွင့်မလွှတ်နိုင်ကြောင်း လူတွေကြား သတင်းပျံ့။ ဒါဟာ အနက်ရှိုင်းဆုံးအချစ်တစ်ခုဆိုတဲ့ တေးသွားအစကို ကြားနိုင်ရာ မရှိတော့တဲ့ လူ့ယဉ်ကျေးမှုရဲ့ အဆုံးသတ်။ ဒါဟာ ဂျက်ဇ်ဂီတသမားတွိင်း ဘယ်တုန်းကမှ မမွေးဖွားခဲ့သလိုမျိုး။ တေဇာ (လရောင်လမ်း) The Ear is an Organ Made for Love by E. Ethelbert Miller ကို ဆီလျော်သ

ဂျိမ်းစ်နဲ့ကျွန်တော် ရန်သူတော်

အရင်တုန်းကတော့ ဂျိမ်းစ်နဲ့ကျွန်တော်က သူငယ်ချင်းတွေပေါ့ ဒါပေမဲ့ ဒီနေ့တော့ ဒီကောင်ဟာ ကျွန်တော့်ရဲ့ ရန်သူတော်ပဲ ဒီကောင်က သူပဲ ဆရာကြီးအမြဲဖြစ်ချင်တဲ့ကောင် အလံတိုင်ကို သူပဲ ကိုင်တဲ့ကောင် ကျွန်တော့် ရောင်စုံခဲတံတွေအကုန်လုံး ယူတဲ့ကောင် အကောင်းဆုံး ခက်ရင်းခွကို အပိုင်စီးတဲ့ကောင် ကျွန်တော့်ကို သဲနဲ့ပက်တဲ့ကောင် ဂျိမ်းစ်နဲ့ ကျွန်တော် သူငယ်ချင်းဖြစ်နေတုန်းက ကျွန်တော့်မွေးနေ့ပွဲကို သူ့ကိုဖိတ်ခဲ့တယ် ကျွန်တော့် မုန့်ကြိုးလိမ်တွေကို သူ့ဆို အမြဲကျွေးခဲ့တယ် ထီးလည်း အတူဆောင်းခဲ့တာပဲ ဖားပြုတ်ကြီးနေတဲ့ ကျင်းကိုလည်း ကျွန်တော် သူ့ကိုပြခဲ့တယ် ကျွန်တော်တို့ ဘယ်လောက်ခင်သလဲဆိုရင် ၀က်သက်ပေါက်တုန်းကဆိုလည်း တူတူပဲ ဒါပေမဲ့ အခုတော့ ဂျိမ်းစ်ဆိုတဲ့ကောင်နဲ့ ကျွန်တော် ၀က်သက်အတူတူ မပေါက်နိုင်တော့ဘူး ဒီကောင်က ကျွန်တော့်ရဲ့ ရန်သူတော် ဒီကောင်က အမြဲတမ်း ဆရာကြီးဖြစ်ချင်နေတဲ့ကောင် ကျွန်တော် ပြောင်းလဲလိုက်ပြီ၊ ဂျိမ်းစ်ဆိုတဲ့ကောင်ကို လှောင်ရမယ် ဒီကောင့် ရောင်စုံခဲတံတွေကို စွပ်ပြုတ်ထဲ ထည့်ပစ်ရမယ် ဂျိမ်းစ်ဆိုတဲ့ကောင်နဲ့ ကျောင်းအတူတူ မသွားနိုင်တော့ဘူးလို့ အိမ်ကို ပြောရမယ် ဒီကောင်က ဆရာကြီးပဲ အမြဲဖြစ်ချင်နေတဲ့ကေ

အချစ်နှင့် ထိတွေ့ခြင်း [ ၂ ] (Samsa in Love)

ထိုင်ခုံမှာပဲ အတော်ကြာကြာ အဆီရစ်ပြီး သူ ထိုင်နေမိတယ်။ လက်တွေကို စားပွဲပေါ်တင်ထားရင်း မျက်လုံးမှေးမှေးတွေဆီကနေ နှင်းပန်းတွေကို ငေးကြည့်နေတယ်။  စားလိုက်တဲ့ အစာတွေ အစာရေမျိုကတဆင့် အူထဲရောက်တဲ့အထိ သူ့အစာခြေစနစ်တစ်လျှောက် အလုပ်လုပ်နေချိန်မှာ သူကတော့ နှေးကွေးလေးလံစွာ အသက်ကို ပျင်းပျင်းရိရိ ရှူနေမိတယ်။ ၀မ်းမီးငြိမ်းသွားတဲ့ အရသာကို ဒီရေတက်လာသလို သူခံစားနေရတယ်။ ကော်ဖီအိုးကို လှမ်းယူလိုက်ပြီး ကြွေခွက်ထဲ လောင်းထည့်လိုက်တယ်။ ရနံ့ပြင်းရှရှက သူ့ကို တစ်စုံတစ်ရာကို သတိရလာစေတယ်။ ရုတ်တရက် သတိရလိုက်တာမျိုးမဟုတ်ဘူး၊ အဆင့်ဆင့် သတိရသွားပုံမျိုး။ အနာဂတ်တစ်နေရာဆီကနေ ပစ္စုပ္ပန်ကို ပြန်လည်သတိရနေရသလို ထူးဆန်းတဲ့ ခံစားချက်တစ်မျိုးပဲ။ တစ်နည်းနည်းနဲ့ အချိန်ကာလဟာ အစိတ်အပိုင်းနှစ်ခုအဖြစ် ကွဲထွက်သွားပြီး စက်ဝိုင်းပိတ်တစ်ခုအတွင်းမှာ မှတ်ဉာဏ်နဲ့ အတွေ့အကြုံတို့ဟာ တစ်ခုနောက်တစ်ခုလိုက်ပြီး လည်ပတ်နေကြသလိုပဲ။ ကော်ဖီထဲက နို့နှစ်အနေတော်လောက် လောင်းချလိုက်ပြီး လက်ချောင်းနဲ့မွှေလို့ သူ မော့သောက်လိုက်တယ်။ ကော်ဖီက အေးနေပြီဆိုပေမယ့် အနွေးဓာတ်ငွေ့ငွေ့ ကျန်နေသေးတယ်။ သူက ကော်ဖီကို ပါးစပ်ထဲ ခဏငုံထားလိုက်ပြီးမှ သတိကြီးကြီးထားပြီး လည်ချောင်း

Gymnasium

ပန်းတိုင်မရှိဘူး၊ မြန်နှုန်းမရှိဘူး ကျော်တက်ဖို့မလိုဘူး၊ အမောဆို့မခံဘူး ဖနောင့်နဲ့တင်ပါး တစ်သားတည်းမကျဘူး ကြည့်ရှုခံရဖို့ အသက်လုရွေ့လျားနေတာမဟုတ်ဘူး ကိုယ့်ဘယ်ခြေနဲ့ညာခြေတောင် ပြိုင်ဆိုင်ရှေ့ရောက်နေစရာမလိုဘူး အနည်းဆုံးတော့ ကဗျာရေးတာဟာ အများသဘောကျ အဝေးဆုံးပြေးပြရတဲ့ ပွဲတစ်ခုမဟုတ်ဘူး။ လိုတာတွေဖြည့်ရတယ်၊ တည်ဆောက်ရတယ် အသက်ကိုပုံမှန်ရှူမယ်၊ အကြောလျှော့မယ် အာဟာရပြည့်ဝအောင် စားသုံးမယ် ကိုယ်တုံးလုံးချွတ်ပြီး တစ်ကိုယ်လုံးကို ဖင်ပြန်ခေါင်းပြန် မှန်ထဲမှာ ပြန်ကြည့်မယ် ယောက်ျားချင်းတောင် အဲဒီကောင်ပေါင်သားကို နှစ်လိုစွာ ဖွင့်ဟချီးကျူးနိုင်ရမယ် ဒီတော့ ကဗျာရေးတာဟာ လေးပင်မှုကို ကိုယ့်သဘောနဲ့ကိုယ် သယ်ပိုးထမ်းရွက်ခဲ့တာဖြစ်နိုင်တယ်၊ ဒီထက်ပိုရင် ကဗျာရေးတာဟာ မြေဆွဲအားကို ငါတို့တွေ အတူတကွ ဝေမျှခုခံခဲ့ကြတာတောင် ဖြစ်နေနိုင်တယ်။ တေဇာ (လရောင်လမ်း) Image: onlyhdwallpapers.com

လူငယ်များသို့ စေတနာဖြင့် အကြံပြုချက်

တိဘက်ကို သွား ကုလားအုပ်တစ်ကောင် စီး သမ္မာကျမ်းစာ ဖတ် ဖိနပ်ကို ဆေးပြာဆိုး မုတ်ဆိတ်မွှေး ထား ကမ္ဘာကို စက္ကူလှေနဲ့ ပတ် သတင်းစာ မှာဖတ် ဘယ်ဘက်ခြမ်းနဲ့ပဲ အစာဝါး ခြေတစ်ဖက်နဲ့ အမျိုးသမီးနဲ့ လက်ထပ်ပြီး ဘရိတ်ထားထက်ထက်နဲ့ အမွှေးသတ် ပြီးရင် မင်းနာမည်ကို သူ့ လက်မောင်းမှာ ထွင်း ဓာတ်ဆီနဲ့ သွားတိုက် တစ်နေကုန်အိပ်ပြီး ညမှာ သစ်ပင်တွေပေါ်လျှောက်တက် ဘုန်းကြီးဝတ်ပြီး တူမီးကျည်ဂေါ်လီနဲ့ ဘီယာသောက် ရေအောက်ထဲ ခေါင်းကိုအုပ်လို့ တယောထိုး ဖယောင်းတိုင်ပန်းရောင်တွေရှေ့ ဗိုက်သားလှုပ် က မင်းရဲ့ခွေးကို သတ် မြို့တော်ဝန်အဖြစ် ၀င်အရွေးခံ စည်ပိုင်းပြတ်ထဲမှာ နေ မင်းခေါင်းကို ရဲဒင်းနဲ့ ခွဲ မိုးရေထဲ ခတ္တာ စိုက် ကဗျာရေးရလောက်အောင်ပဲ မမိုက်နဲ့။ တေဇာ (လရောင်လမ်း) Friendly advice to a lot of young men by Charles Bukowski ကို ဆီလျော်သလို

ဝမ်းနည်းနေသော စက်ရုပ်ကလေး

စက်ရုပ်ကလေးဟာ နေ့စဉ်လုပ်ဆောင်စရာ တာဝန်တစ်ခု ရခဲ့တယ်။ အရံအဖွဲ့ထဲ ရောက်ပြီးလို့ သိပ်မကြာခင်မှာပဲ ဒီတာဝန်ကို သူယူလိုက်ရတာ။ တာဝန်ကတော့ ကြောင်ကလေးတွေကို အစာကျွေးဖို့ပါပဲ။ ကြောင်ကလေးတွကို အစာကျွေးဖို့ အလုပ်တစ်ခုလို ဖြစ်နေတာက ရယ်စရာလည်း ကောင်းတယ်။ တကယ်တော့ ကြောင်ကလေးတွေ ရှိနေတာက ကြွက်တွေရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ပဲ၊ ဒီနေရာမှာ ကြွက်တွေ သောင်းကျန်းနေတယ်လေ။ ဒါပေမဲ့ ကြောင်ကလေးတွေကလည်း ကြောင်,ကလေးလေးတွေ ထပ်ထပ်မွေးနေတယ်၊ ဒီတော့ အစာလည်း လိုလာတယ်။ စက်ရုံအ၀င်တံခါးရဲ့ အပြင်ဘက်မှာ ကြောင်စာခွက်တွေ ရှိတယ်။ နံနက်စောစော အဲဒီနေရာကို စက်ရုပ်ကလေး ထွက်သွားလိုက်တာနဲ့ သူ့ကို မျှော်နေကြတဲ့ ကြောင်လေးတွေကို တွေ့ရပါလိမ့်မယ်။ ပထမတုန်းကတော့ ကြောင်ကလေးတွေဟာ ခြေဦးတည့်ရာ ထွက်ပြေးကြသေးတယ်။ စက်ရုပ်ကလေးရဲ့ ခြေသံတွေက တုန်ခါမှုကို ကြားပြီး ကမ္ဘာပျက်တော့မလို ၀ရုန်းသုန်းကား ထွက်ပြေးကြတယ်။ နောက်ဆုံးတော့ ကြောင်ကလေးတွေဟာ စက်ရုပ်ကလေးကိုမြင်လည်း ထွက်မပြေးတော့ပါဘူး။ စက်ရုပ်ကလေးက အစာခွက်ထဲ အစာညိုညိုတွေ လောင်းချပြီး ရေခွက်ကို အောက်ချပေးတာကို မျှော်တော်ယောင်မျက်နှာပေးလေးတွေနဲ့ မော့ကြည့်တတ်လာကြတယ်။ အဆုံးတစ်နေ့မှာတော့ ကြောင်ကလေး

Meaning by Carl Dennis

တကယ်လို့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဘ၀တစ်ခုဖြစ်ဖို့ အသုံးဝင်နေစရာတော့ မလိုဘူးဆိုပါစို့ ကမ်းစပ်မှာ နေစာလှုံနေတဲ့ ဘ၀တစ်ခုကို အနည်းဆုံးတော့ လူတချို့အတွက် အဓိပ္ပာယ်ရှိတယ်လို့ ဆိုနိုင်လောက်တယ် ဆိုပါစို့ နေကို ဘုရားအဖြစ်ကိုးကွယ်ပြီး နေစာလှုံတာကို ၀တ်ပြုမှုပုံစံတစ်ခုလို ယူဆကြတဲ့ တချို့တွေအတွက်ပေါ့ လှိုင်းစီးဘုတ်တစ်ခု ဒါမှမဟုတ် ရေခဲပြင်စကိတ်တစ်စုံ ဒါမှမဟုတ် ဂေါ့ဖ်အိတ်တစ်လုံးနဲ့ အချိန်ပြည့် လည်ပင်းဖက်ထားတဲ့ သူတွေ သူတို့ဘ၀တွေဟာ အသုံးဝင်ပါတယ်လို့ ကျွန်တော်မငြင်းခုံနိုင်လည်း သူတို့မှာ အဓိပ္ပာယ်လို့ မရှိဘူးတော့ ကျွန်တော်ပြောရခက်မိမှာပါပဲ သူတို့ ကျွမ်းကျင်သရုပ်ပြနေတာကို စောင့်ကြည့်သူတစ်ဦး မရှိဘူးဆိုရင်တောင်မှပေါ့ စာကြည့်တိုက်မှူးရဲ့ လက်သံကို နားထောင်သူမရှိဘူး အလုပ်ချိန်ပြီး တစ်နေ့တာ ရွှေဝါရောင်နာရီ ဟှူးဗှားလမ်းတစ်နေရာ တိုက်ခန်းမှာ သူမ တယောထိုးလေ့ကျင့်တာ ကျွန်တော်ပြန်တွေးကြည့်လိုက်တယ် ဒါဆို လူတွေ ၀င်ကြေးပေးနားထောင်တဲ့ ဂီတပွဲတစ်ခုတင်ဆက်နိုင်လောက်ဖို့ သူမ ဘယ်တော့မှ တယောကောင်းကောင်းထိုးတတ်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ သူမမှာ နားထောင်မယ့် ပရိသတ်ရှိတယ်လို့ ကျွန်တော့်ကို တွေးခိုင်းမယ်ဆိုရင် ရာစုနှစ်မျာြး