Skip to main content

Posts

Showing posts from January, 2017

အတိုးဆုံးကဗျာများ (၆၁)

ရာဘာလို တွဲလျောင်းကျနေတဲ့ လက်ကို တခြား သူ့လက်တစ်ဖက်နဲ့ ဆွဲမ, နေတယ် ကျနော်ပြောချင်တာက သူဟာ စက်ရုပ်မဖြစ်နိုင်ပါဘူး #Anosognosia အမှောင်ထဲကနေ ငါ့ကို တယောက်ယောက် စောင့်ကြည့်နေတယ် သူက ငါ့ကို ခြောက်လှန့်ဖို့ သိပ်လွယ်ပြီး ငါက သူ့ကို စိတ်ညှို့ဖို့ သိပ်လွယ်တာပဲ #Manipulation "ခင်ဗျား ဘယ်လောက်အတ္တကြီးပါသလဲ" "ကျနော့် ဦးနှောက် ယိုယွင်းမှုပုံစံကို ကျနော် သဘောကျပါတယ်" #IdentityVII ပျင်းရိတဲ့ ညတွေမှာ သူ့အသားစတွေကိုဖဲ့ပြီး အမှိုက်ပုံးအပေါက်ဝဆီ လက်တည့်စမ်းလေ့ရှိတယ် တိတ်ဆိတ်ခြင်းမှာ ဖြစ်တတ်တာတွေ #Decay မယ်နကင်ရုပ်ယောင်ဆောင်ပြီး ရယ်ကြတယ် ခွေးကို နေကာမျက်မှန်တပ်ပေးပြီး ရယ်ကြတယ် ဖြစ်နိုင်ဖွယ် ဖြေရှင်းချက်တစ်ခုက လူတွေဟာ လူဖြစ်ရတာ မပျော်ဘူး #BaboonI တေဇာ (လရောင်လမ်း) Image: www.beautylish.com