ယန်းပေါဆတ်သည် အမျိုးသမီးများ ၀န်းရံနေခြင်းကို သဘောကျနှစ်သက်သူ ဖြစ်သည်။ မကွယ်မ၀ှက်ဘဲ ဗြောင်ကျမြင်သာမှုကို များစွာ အားပေးထောက်ခံသူ တစ်ယောက်အနေဖြင့် အကြောင်းရင်းကိုလည်း သူက ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟခဲ့သည်။ “ပထမဆုံးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ရှိပါတယ်။ ရုပ်ဆိုးတဲ့ အမျိုးသမီးတွေ ရှိသလို ကျွန်တော်ကတော့ ချောချောလှလှကို ပိုသဘောကျတတ်ပါတယ်” ဟု “ဆတ်ပြောသော ဆတ်အကြောင်း” အင်တာဗျူးမှတ်တမ်းတွင် သူက ပြောပြခဲ့သည်။ “ပြီးတော့ သူတို့ဟာ ဖိနှိပ်ခံထားရတယ်ဆိုတဲ့ အချက်ပါ။ အလုပ်အကြောင်းတွေပြောပြီး သူတို့က ခင်ဗျားကို ပျင်းရိငြီးငွေ့အောင် လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် အမျိုးသမီးတွေနဲ့ အတူရှိနေရတာကို ပျော်ရွှင်ပါတယ်။ စကားစမြည်ပြောတဲ့အချိန်မှာ အတွေးအခေါ်အကြောင်း တွေပါလာရင် ကျွန်တော် စိတ်မသက်မသာ ဖြစ်မိတာကြောင့်ပါ” ဟု ဆတ်က ဆိုသည်။ “ဆတ်ပြောသော ဆတ်အကြောင်း” ကို ၁၉၇၂ ခုနှစ်၊ ဆတ်၏အသက် (၆၆) နှစ်တွင် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ အင်တာဗျူးသူများမှာ စစ်ပြီးနောက် ဆတ်တည်ထောင်ခဲ့သော Les Temps Modernes ဂျာနယ်မှ သစ္စာရှိ အပေါင်းအဖော်များ ဖြစ်ပါသည်။ ဆိုင်မွန်ဒီဘိုးဗွား ရှိလာချိန်မှစ၍ သူတို့နှစ်ဦး၏ ဆက်နွယ်မှုဒဏ္ဍာရီကို ဒီဘိ...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။