သုံးဆယ့်ခုနစ်ဆီက အီးမေးလ်ရတယ်။ ကျောင်းသားဟောင်းတွေအတွက် မိတ်ဆုံထမင်းစားပွဲလုပ်မယ်လို့တဲ့။ သုံးဆယ့်ခုနစ်ဆိုတာ လူလိုသူလို၊ နာမည်တပ်ခေါ်ရရင်တော့ ဘောဂဗလပဲ။ ဘောဂဗလဆိုတော့လည်း ချမ်းသာတယ်။ ချမ်းသာလို့ ဘောဂဗလလို့ ခေါ်တာတော့ မဟုတ်ဘူး။ ကျောင်းတုန်းကတော့ သူ့ကို ဗာလကြီးလို့ပဲခေါ်တယ်။ အချို့ကတော့ ဗာလနံကြီးလို့တောင် ခေါ်ကြတယ်။ နိယာမကျောင်းတော်မှာတော့ နာမည်မခေါ်ရလို့ ကျောင်းဝင်းအပြင်ရောက်ကာမှ ခေါ်ကြတာ။ ကျောင်းထဲမှာ နံပါတ်တပ်ခေါ်ရတယ်။ ပညာရှာဖို့လာတဲ့လူမှန်သမျှ အယုတ်အလတ် အမြတ်မရွေးတဲ့သဘောပဲ။ အမျိုးဘာသာ မခွဲခြမ်းတဲ့သဘောပဲ။ ကျောင်းသားတိုင်းဟာ နံပါတ်နဲ့ချည်းပဲ။ သူ့နံပါတ်က သုံးဆယ့်ခုနစ်။ သုံးနဲ့ခုနစ်ပေါင်းရင် တစ်ဆယ်ရလို့ သူ့ကို "ဘူ" လို့ ကိုယ့်အချင်းချင်းအကြားမှာ ခေါ်ကြတယ်။ ဘူဆိုတော့လည်း သူက သိပ်မကြိုက်ဘူး။ မကြိုက်လည်း သိပ်မတတ်နိုင်ဘူး။ နံပါတ်ရှိတဲ့ကျောင်းသားတိုင်းမှာ အဲဒီလို မဟုတ်ကဟုတ်က နာမည်တွေရှိတယ်။ ကျွန်တော်တို့ကျောင်းထွက်တွေအချင်းချင်း ခုထိ နံပါတ်တွေကိုပဲသုံးပြီး တစ်ယောက်ကိုတစ်ယောက် ခေါ်ကြပြောကြလေ့ရှိတယ်။ ဘောဂဗလက နိယာမကျောင်းတော်မှာ ဘွဲ့လွန်ပညာဆက်ပြီးသင်ခွင့်မရဘူး။ ဒီကောင်က ခပ်ထူထူရယ်။ ခပ်ထူထူဆို...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။