Skip to main content

Posts

Showing posts from January, 2010

မျက်ကွယ်ရာ ရလဒ်များ

သူနဲ့ တွေ့တယ်။ ဒီတစ်ခါ တွေ့တာ အရင်တုန်းကလို တွေ့တာနဲ့ မတူတော့ဘူး။ ကျွန်တော်က သူ့ကိုတွေ့တာ မဟုတ်ဘူး။ ကျွန်တော်နဲ့ သူနဲ့ကို ဘေးတစ်နေရာရာက ပြန်တွေ့ရသလိုမျိုးပဲ။ အထူးသဖြင့် သူ့မျက်လုံးတွေနဲ့ ကျွန်တော့်ကိုယ်ကိုယ် ပြန်တွေ့ လိုက်ရသလိုမျိုးပဲ။ ကျွန်တော့်ကြောင့် ဖြစ်ခဲ့တဲ့ ရလဒ်တွေကို သူ့အနေနဲ့ ပြန်ခံစားနေရ မိသလိုမျိုးပဲ။ အဲဒီရလဒ်တွေကို အရင်တုန်းက ကျွန်တော် မတွေးခဲ့မိဘူး။ ကျွန်တော် မသိခဲ့တဲ့ ရလဒ်တချို့ ကျွန်တော့်ကြောင့် ရှိခဲ့တယ်ဆိုတာ ဒီနေ့မှ ကျွန်တော် သတိပြုမိတယ်။ တခါတခါ ကျွန်တော်တို့ မသိလိုက်ဘဲ မှားခဲ့မိတဲ့ အမှားတွေ အတော်များလိမ့်မယ် ထင်တယ်။ ဘယ်လောက်ထိ များတယ် ဆိုတာတော့ ကျွန်တော်မသိလိုက်လို့ အတိအကျ ပြန်မပြောနိုင်တော့ဘူး။ § § § § § § § ဆံပင်ရှည်ကို ညှပ်လိုက်ရင် ကျွန်တော်ကြားချင်တဲ့အဖြေကို ပေးမယ်လို့ သူက ပြောတယ်။ ကျွန်တော်က သူ့ကို ပြုံးပြီးကြည့်နေ လိုက်မိတယ်။ အိုကေ ညှပ်မယ်မညှပ်ဘူး ပြန်မပြောတော့ဘူး။ လာမယ့် တစ်ပတ်လောက်အတွင်း ဆိုင်ကို လာနိုင်မှာ မဟုတ်ဘူး။ ပြန်လာတဲ့နေ့ကျရင် ညှပ်ခဲ့လား မညှပ်ခဲ့ဘူးလားကြည့်ကြည့်ပေါ့လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ သူကလည်း ရှက်ပြုံးပြုံးပြီး ခေါင်းညိတ်ပြလိုက်တာ တွေ့ရ

ဖန်သားပြင်ပေါ်က ခံစားချက်များ (သို့မဟုတ်) Emoticons

မနေ့ညက ကားကို အချိန်အတော်ကြာ မောင်းခဲ့ရပြီး အိမ်ပြန် ရောက်တော့  Facebook ပေါ်သို့ ကျွန်မ ၀င်ကာ “လောလောဆယ် စိတ်အခြေအနေ” (Mood) တွင် Click တစ်ချက် နှိပ်၍ “မောပန်းနွမ်းနယ်ပြီး ခြေကုန် လက်ပမ်းကျ” (Tired and Worn out) လို့ ပြောင်းလဲပြင်ဆင် လိုက်ပါတယ်။ ကျွန်မ သူငယ်ချင်းတွေသာ ကျွန်မအိမ်မှာရှိနေခဲ့မယ်ဆိုရင် တကယ်ကို ကျွန်မ ဘယ်လောက် မောပန်းနွမ်းနယ်နေလဲဆိုတာကို ကျွန်မရဲ့ ခန္ဓာကိုယ်အနေအထား၊ အသံနေအသံထားနဲ့၊ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ပြီးတော့ မြင်တွေ့ရမှာပါ။ ဒါပေမဲ့လည်း သူတို့က ကျွန်မကို မမြင်ရဘူးဆိုတော့ Emoticon ရဲ့ အကူအညီကို ရယူပြီး ကျွန်မ အပြင်မှာ တကယ်ဘယ်လို ခံစားနေရတယ် ဆိုတာကို ရှင်းပြလိုက်တဲ့ သဘောပါပဲ။ Scott Fahlman ဆိုသူက Carnegie Mellon University ရဲ့ ထင်မြင်ချက်ပေးတဲ့ စနစ် (Bulletin Board) ပေါ်မှာ မက်ဆေ့တစ်ခု တင်ရင်းနဲ့ Emoticon များကို စတင်ဖန်တီးခဲ့ပါတယ်။ ဒါဟာ ၁၉၈၂ ခုနှစ် စက်တင်ဘာ (၁၉) ရက်နေ့က ဆိုတော့ အတော်ကို စောပါသေးတယ်။ Emoticon တွေရဲ့ မူလအစကတော့ ရိုးရှင်းလှတဲ့ သင်္ကေတ အမှတ်အသားများနဲ့ တစောင်းကြည့်ရင် လူရဲ့ မျက်နှာသွင်ပြင်လေး ပေါ်နေအောင် စီစဉ်ထားခြင်းဖြင့် စတင်ခဲ့တာပါ။ [ .... ;) ;( ;P B-D

ပါပါရာဇီလာနေပြီ ဒီဘက်တိုးနေ

တစ်ဘို့တည်းဝါဒ ကူးစက်ပြန့်ပွားခြင်း  (The Narcissism Epidemic) ၂၀၀၉ ခုနှစ်အတွင်းက “တစ်ကိုယ်ကောင်းဝါဒ ကူးစက်ပြန့်ပွားခြင်း” (The Narcissism Epidemic) ဟု အမည်ရသည့်စာအုပ် ထွက်ပေါ်လာသောအခါ ပထမဆုံးအနေဖြင့် “ကူးစက်ပြန့်ပွား” နေပြီဟု မည်သို့ဆိုနိုင်သနည်း ဟူသော မေးခွန်း ထွက်ပေါ်လာသည်။ ဤအတွက် အထောက်အထားမှာ ပုံသဏ္ဍာန်နှစ်ရပ်အနေဖြင့် တည်ရှိနေသည်။ လူပုဂ္ဂိုလ် တစ်ဦးချင်းအရ ပြောင်းလဲမှုနှင့် ယဉ်ကျေးမှုအရ ပြောင်းလဲမှုတို့ ဖြစ်ကြသည်။ ထိုစာအုပ် ရေးသားသူ South Alabama တက္ကသိုလ်မှ John Foster နှင့် Jean M. Twenge ဟူသော စိတ်ပညာရှင်နှစ်ဦးတို့က ထင်ထားသည်ထက်ပင် ပိုမိုမြင့်မားနေသော တစ်ကိုယ်ကောင်းဝါဒ စရိုက်လက္ခဏာများကို ဖော်ပြထားသည့် လေ့လာဆန်းစစ်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၀၂ မှ ၂၀၀၇ ခုနှစ်အတွင်း ကောလိပ်ကျောင်းသားများ၏ “တစ်ကိုယ်ကောင်းစိတ် ကိုယ်ရည်ကိုယ်သွေး စာရင်း” (Narcissism Personality Inventory)  NPI သည် ၁၉၈၂ မှ ၂၀၀၆ ခုနှစ်အကြား အစောပိုင်းပြုလုပ်ခဲ့သော စာရင်းထက် နှစ်ဆခန့် ပိုမိုမြင့်တက် မြန်ဆန်လာသည်ကို တွေ့ရှိရသည်။ NIP သည် ပုံမှန်လူများ၏ တစ်ကိုယ်ကောင်းစရိုက်ကို တိုင်းတာခြင်းသာဖြစ်ပြီး ရောဂါတစ်ရပ်အဖြစ်

စုံးစုံးနစ်တော့မယ့် (၂) မိနစ်အလို

နာနာဘာဝစာအုပ် ကလေးသင် ပထ၀ီဝင်စာအုပ်မှာ ငါဖတ်ခဲ့တယ် လူ့သမိုင်း တစ်နံတစ်လျားမှာ ငါဖတ်ခဲ့တယ် မိုးမှုန်မှုန်နဲ့ သရက်ပင်အုပ်အုပ်မှာ ငါဖတ်ခဲ့တယ် ပင်လယ်တကြော စုန်ဆန်မျောနေတဲ့ နှစ်ကာလတွေမှာ ငါဖတ်ခဲ့တယ် မထွေးနိုင် မမျိုနိုင် အဖြစ်အပျက်တွေမှာ ငါဖတ်ခဲ့တယ် စုံးစုံးနစ်တော့မယ့် ၂ မိနစ်အလိုမှာ ငါဖတ်ခဲ့တယ် နတ်သမီးပုံပြင်တွေနဲ့ ဂြိုဟ်တုသတင်းတွေမှာ ငါဖတ်ခဲ့တယ် အကြောင်ရိုက်တတ်တဲ့ ကံကြမ္မာရဲ့ ထွေပြားမှုတွေမှာ ငါဖတ်ခဲ့တယ် အပုပ်ခံဆေးနဲ့ စီရင်ထားတဲ့ ဘ၀ကွေ့ချိုးတွေမှာ ငါဖတ်ခဲ့တယ် ခရမ်းရင့်ရောင် ကတ္တီပါကားလိပ်နဲ့ တိုင်ဖုံးနောက်ကွယ်မှာ ငါဖတ်ခဲ့တယ် ငါဖတ်ခဲ့ပါတယ် ငါဖတ်ခဲ့တာတွေကတော့ အများမှ အများကြီး။ ခွင့်လွှတ်ပါ အခု ပြန်ပြောပြဖို့ ကြိုးစားတော့ မကျွတ်မလွတ်သေးတဲ့ နာနာဘာဝပြိတ္တာတစ်ကောင်လို လူတွေကြားအောင်သိအောင် ငါ့မှာ လုပ်နိုင်စွမ်းမရှိ ဖြစ်ရတယ်။ ◄ ခင်အောင်အေး ► § § § § § § §

ကျွန်တော့်ကီးဘုတ်မှ ရိုက်မရသောစာကြောင်းများ

ခံစားချက်စစ်စစ်များအား အိတ်သွန်ဖာမှောက် ရေးချလိုက်ရုံဖြင့် လှလှပပ ၀ါကျများ မော်နီတာပေါ် ပြေးကပ်။ မဟုတ်ဘူး။ ဟို အသည်းကွဲ ကဗျာဆရာ ဆိုသူရေးတာနဲ့ ခပ်ဆင်ဆင် ဖြစ်နေပြန်ပြီ။ မရသေးဘူး။ ပြန်ပြင်ဦး။ ခဲဖျက်၊ Correction Pen ။ ကီးဘုတ်က ကျွံဝင်နေတဲ့ Backspace Key အား အားနာနာဖြင့် ထပ်နှိပ်ရ။ ခံစားချက်က အမှန်အကန်ပါ။ ကကြီးက အအထိ ညာတာပါတေး ဆန်နေတာတော့ ကျွန်တော်လည်း ဘယ်တတ်နိုင်တော့မလဲ။ အချိန်အတော်ကြာ ဆွံအခဲ့သူ။ အများအသိအမှတ်ပြု လက်ခံထားပြီးသား ဆွံ့အနားမကြား...။ သူ စကားပြောတတ်ကြောင်း တတွတ်တွတ် ရှင်းပြပါသော်လည်း လက်သင့်မခံနိုင်စရာ ဖြစ်ရ...။ ကြားခဲ့ဖူးတာက ဟိုလူကြီးဆွဲတဲ့ နွားက နွားအစစ်ထက်တောင် နွားနဲ့ပိုတူသတဲ့။ အခု ငါ့မှာတော့ ရုပ်ရှင်မင်းသား လွမ်းနေတာကိုကြည့်ပြီး ကိုယ့်အလွမ်းလေးကိုပင် ကိုယ်သိမ်ငယ်ရ။ သူ့လို သဘာဝ အလွန်ကျနေမှာလည်း စိုးရိမ်ရ။ ရေးပြီးသားဝါကျလေးတွေမှာ ပလီပလာလေသံ ပါနေမှာလည်း ငဲ့ရ။ ကျွန်တော် ဆွဲတဲ့နွားဟာ ခင်ဗျားနဲ့ ခပ်ဆင်ဆင်တူနေမှာ အားနာရ။ ဒီတော့ ရေးလက်စ ၀ါကျတွေ အဆုံးမသတ်တာလည်း မဆန်းဘူး။ ဒီတော့ ခနော်ခနဲ့ မျက်နှာပေး ထားတတ်မှ လွမ်းကြပါ။ ဒါမှသာ သဘာဝကျမှာပါ။ ကျွန်တော့်မှာတော့ “သဘာဝ၏ သဘာဝမကျသော သဘာဝ”

ချောင်ထဲကကောင်

“ပြေးသူ လိုက်သူ အခွင့်အရေး ဆတူရှိအောင် ကျယ်ပြန့်ပြန့် တလင်းပြင်မှာ ကစားရအောင်” လို့တောင် မတောင်းဆိုနိုင်ခဲ့ဘူး။ မွေးထဲက ဒီချောင်ထဲမှာပဲ။ ကမ္ဘာကြီးထဲ တစ်ဘ၀စာ အကျယ်ချုပ် ကျ။ အကျဉ်းထောင်ထဲက အချုပ်၊ အချုပ်ထဲက လှောင်အိမ်၊ လှောင်အိမ်ထဲက ထောင်ချောက်၊ ထောင်ချောက်ထဲက ကန့်သတ်ချက် စည်းဝိုင်းထဲမှာ နွံနစ် ... ။ နွံထဲမှာတင် လေဖြတ်ထားသလို လှုပ်မရ အော်မရ။ တိုင်မရ တည်မရ။ အဆုံးမရှိ...။ ဒါနဲ့... နေပါဦး...။ ဒီဦးနှောက်က တွေးတာ ဒီ့ထက်မပိုတော့ဘူးလား။ ငါတွေးတာတွေထက် ပိုအောင် ငါမတွေးနိုင်တော့ဘူးလား။ ငါမတွေးမိတဲ့အတွေးမျိုး ငါဘာလို့ တစ်ခါမှ မတွေးမိတာလဲ။ ဒီဦးနှောက်ရဲ့အတွေးက ငါဘာလို့ မလွတ်မြောက်နိုင်ရတာလဲ။ ဘယ်သူမှမတွေးမိသေးတဲ့ အတွေးသစ်တစ်ခုခု ငါဘာလို့ မတွေးနိုင်ရတာလဲ။ ဘယ်သူမှ မတွေးမိသေးတဲ့ အသစ်စက်စက် အတွေးလှိုင်းတစ်ခု တွေးနိုင်ခဲ့တဲ့အကြိမ်တိုင်း ငါတွေးပြီးသားဖြစ်နေလို့ ငါ့မှာ စိတ်ဓာတ်ကျရ။ ဦးနှောက်ရဲ့ အထူးပြုလုပ်ချက် (Special Effect) မဟုတ်တာ တစ်ခုခု ငတ်မွတ်လွန်း။ § § § § § § §

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

ပစ်စလတ်ခတ် မိုးကြိုး (သို့) မြန်မာ့ရိုးရာ သေဒဏ်

ဒုတိယမြောက် မိုးကြိုး နေရာတစ်ခုအား မိုးကြိုးနှစ်ခါပစ်လေ့ မရှိဟူသည့် အင်္ဂလိပ်စကားတစ်ခွန်း ရှိပါသည်။ ကြမ္မာဆိုးသည် လူတစ်ယောက်တည်းကို နှစ်ခါပြန် မရိုက်ခတ်နိုင်။ ကံဆိုးမိုးမှောင် ခြင်းသည် လူတစ်ယောက်ထံသို့ နှစ်ခါပြန် ရောက်မလာ နိုင်သည့် သဘောကို ရည်ညွှန်း သုံးစွဲသည်။ “မိုးကြိုးနှစ်ခါ မပစ်” (Lightning never strikes twice)  ဟု အတိုကောက် သုံးနှုန်းလေ့ ရှိသည်။ ဤ အင်္ဂလိပ် အီဒီယမ်၏ သဘောတရားအရ အမှန်တကယ်ပင် မိုးကြိုးနှစ်ခါပြန် မပစ်နိုင်ဘူးလား၊ တကယ့် လက်တွေ့ဘ၀တွင်ရော ထပ်ဆင့် ကြမ္မာငင် သူများ မရှိနိုင်ဘူးလား မေးခွန်းများသည် စိတ်ဝင်စားဖွယ် ကောင်းသည်။ စင်စစ် သိပ္ပံပညာအရ မိုးကြိုးသည် နေရာတစ်နေရာတည်းအား နှစ်ခါပင်မက ကြိမ်ဖန်များစွာ ပစ်ခတ်နိုင်ကြောင်း သက်သေပြပြီး ဖြစ်ပါသည်။ နယူးယောက်ရှိ Empire State Building သည် တစ်နှစ်လျှင် ၂၅ ကြိမ်ခန့် မိုးကြိုးပစ် ခံရလေ့ရှိသည်။ Roy Sullivan ဆိုသူမှာ ဘ၀တစ်သက်တာတွင် ခုနစ်ကြိမ်ခန့်မျှပင် မိုးကြိုးပစ်ခံခဲ့ရပြီး အသက်ရှင် လွတ်မြောက်ခဲ့သည်။ မိုးကြိုးလွှဲ (Lightning Rod) သည်ပင် တကယ်တမ်းအားဖြင့် မိုးကြိုးအား နေရာတစ်ခုသို့ ပစ်ခတ်စေရန် ဆွဲငင်ခြင်း ဖြစ်ပါသည်။ လိုရင်းမှာ သိပ္ပံနည်းကျ ရှုေ

ခေါင်းစဉ်မရှိ

ကျွန်တော်က စာကို ဖြစ်သလို ရေးလေ့ရှိသည်။ ငယ်ငယ်က ပုံဆွဲ ၀ါသနာ ပါခဲ့သည်။ လူပုံဆွဲ၍ မျောက်နှင့် တူသွားသည့်အခါ  အောက်က “မျောက်ပုံ” ဟူ၍ ခေါင်းစဉ် ထိုးလိုက်လေ့ ရှိသည်။ မျောက်ပုံကိုတော့ ရည်ရွယ်ချက်ရှိရှိ မဆွဲခဲ့စဖူး။ ခက်သည်ဟု ထင်မိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လွယ်သည် ထင်ရသည့် လူပုံကိုဆွဲပြီး ခက်သည့် မျောက်ပုံနှင့် တူသွားသည့်အခါ ၀မ်းသာအားရ မျောက်ပုံဟုပင် နာမည် ထိုးတတ်ပါသည်။ ယခုလည်း စာတိုပေစများ ရေးသားသည့်အခါ ကျွန်တော်က ဤနည်းအတိုင်း ကျင့်သုံးဆဲပင် ဖြစ်သည်။ မိမိအတွေးအခေါ်သည် မိမိကိုယ်တိုင်ပြန်၍ နားမလည်နိုင် လောက်အောင် နက်နဲလွန်းနေသည်ဟု ကြံဖန်ဂုဏ်ယူတတ်သည်။ ကျွန်တော်ရေးနေသည်မှာ ဆောင်းပါးလား၊ အက်ဆေးလား၊ ၀တ္ထုလား၊ ကဗျာလား ရေးရင်းတန်းလန်းနှင့် မဝေခွဲတတ်။ ပြီးသွားမှသာ “အော် ငါရေးနေတာ ဒါကိုး” ဟူသော သိစိတ်ဖြင့် အထီးအမ ခွဲခြားရသည်။ ဤမျှလောက် စာရေးခြင်းအရာတွင် ပါရမီပါခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် စာကို ဖြစ်သလို ရေးတတ်သူ တစ်ယောက်ဟု ဆိုနိုင်ပါသည်။

ကိုယ်တိုင်စိုင်းရမည့် မြင်း

ကိုယ်တိုင်သင်ယူဝါဒ (Autodidactism) Autodidactism ဟူသည်မှာ ကိုယ်တိုင် သင်ယူလေ့လာခြင်း သဘောကို ရည်ညွှန်းသည်။ ပုံစံကျ စာသင်ကျောင်းတက် ပညာရေးနှင့်၊ ဆရာဖြင့် သင်ကြားခြင်းတို့နှင့် ဖီလာဖြစ်နေသော သင်ယူနည်းတစ်ခု ဖြစ်ပါသည်။ လူတစ်ယောက် အနေဖြင့် ဘ၀တွင် ကိုယ်ထူကိုယ်ထ သင်ယူခြင်း အလုပ်ကို တစ်ချိန်မဟုတ် တစ်ချိန်တွင် တစ်နည်းမဟုတ် တစ်နည်း ပြုလုပ်ဖူးခဲ့ ပေလိမ့်မည်။ အထူးသဖြင့် ကျောင်းတွင် မသင်ရသည့် ပညာရပ် နယ်ပယ်များတွင်သော် ကိုယ်ထူကိုယ်ထ သင်ယူခြင်း စနစ်ကို ပိုမိုအားပြု ရပေမည်။ ကိုယ်တိုင်သင်ကြားခြင်း (သို့မဟုတ်) မိမိကိုယ်ကိုယ် အခြေပြု၍ သင်ယူလေ့လာခြင်း စနစ်သည် တစ်ကိုယ်တော် ဖြစ်နေရန် မလိုအပ်ပါ။ ကိုယ်တိုင်သင်ယူသူ တချို့သည် စာကြည့်တိုက်များ၊ ပညာရေးဆိုင်ရာ Website များတွင် အချိန်ပေးကြသည်။ အချို့လူများက မိမိတို့၏ သင်ယူမှု ပုံစံအတွက် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အသိအကျွမ်းများ၏ ညွှန်ကြားချက်များကို ကိုးစားအသုံးပြု ကြသည်။ မြင်ဆရာ၊ ကြားဆရာများဟု ခေါ်နိုင်ပါသည်။ သို့ရာတွင် ဤအခြေအနေတွင် ဆရာမရှိ၊ ကိုယ်တိုင်သင်ယူသည်ဟု မခေါ်နိုင်တော့ကြောင်း၊ အနည်းဆုံးအားဖြင့် မြင်ဆရာ၊ ကြားဆရာတော့ ရှိသည်ဟု အငြင်းပွားလာ နိုင်ပါသည်။ စင

မုန်တိုင်းစဲစ လေညင်းအား ခံစားခြင်း

သာယာသော ညနေခင်းတစ်ခုတွင် နာလန်ထစ လူတစ်ယောက်သည်... လှိုင်းလေကင်းစင်သည့် နေ့တစ်နေ့တွင် လေညင်းခံရင်း မုန်တိုင်းအကြောင်း ကျွန်တော် အတွေးဆန့် နေမိသည်။ မုန်တိုင်းဟူသည်မှာ ကြမ်းတမ်းပြီး အင်အားကြီးမားသည်။ ၀ုန်းဒိုင်းကျဲပြီး ဖရိုဖရဲဆန်သည်။ အညှာအတာ ကင်းမဲ့သည်။ နောက်ဆုံး အသက်ကိုပါ အလွယ်တကူ နုတ်ယူသွားနိုင်သည်။ ဤသို့ မုန်တိုင်း၏ စွမ်းရည်များအားလုံး လောကဓံတွင် ရှိနေသည်။ လောကဓံနှင့် ရုပ်ချင်းဆင်သည့် အရာတစ်ခုကို ပြပါဆိုလျှင်  မုန်တိုင်းကိုပင် “သူပေါ့” ဟူ၍ ကလေးတစ်ယောက်လို ကျွန်တော် လက်ညှိုးထိုးပြ မိပေမည်။ ထို့ကြောင့် မုန်တိုင်းကို ကဗျာများ စာများထဲတွင် လောကဓံ၏ နိမိတ်ပုံတစ်ခုအဖြစ် ဖွဲ့ဆိုကြခြင်း ဖြစ်ပေလိမ့်မည်။ ခပ်ငယ်ငယ်က ရုပ်မြင်သံကြားတွင် ကြည့်ခဲ့ရဖူးသည့် “လေပြင်းမုန်တိုင်း တိုက်ခတ်သော်လည်း မတတ်သာ” ဆိုသည့် သီချင်းသံနှင့်အတူ လဲကျသွားသော သစ်ပင်ကြီးများကို သဲ့သဲ့မျှ သတိရမိသည်။ အတောင်ပံတွေက မီးထတောက်လောက်အောင် မုန်တိုင်းအတွင်း အားခဲပျံသန်းနေသော ငှက်တစ်ကောင် အကြောင်း သီချင်းစာသားအချို့ ခေါင်းထဲရောက်လာသည်။ အပြင်တွင်မြင်ဖူးသည့် မင်းသားတစ်လက်လို “နာဂစ်” ဆိုသည့် နာမည်တစ်ခုကလည်း မှတ်ဉာဏ်တွင် အရိပ်ထင်နေသည်။ မ

ဆေးရောင်စုံ နိမိတ်ပုံစုတ်ချက်

“နာမ၀ိသေသနများသည် အန္တရာယ်များ၏”  “Adjectives are dangerous ” ■ ဒီဘိုနို ■ နာမ၀ိသေသန များသည် အန္တရာယ် များ၏။ အခြေတင် စကားပြောခန်း များတွင် နာမ၀ိသေသန များအား လှိုင်လှိုင် သုံးစွဲသူတို့ကို များသောအားဖြင့် ယုံကြည်ရန် မသင့်ပေ။ ၎င်းတို့က တစ်စုံတစ်ရာ၏ အရည်အသွေးသည် အမှန်တကယ် ဓမ္မဓိဋ္ဌာန် ကျကြောင်း ထင်မှတ်လာ စေရန် ကြိုးစားခြင်းဖြင့် သင်၏ ပုဂ္ဂလဒိဋ္ဌာန် ခံစားချက် တစ်ရပ် ဖြစ်ပေါ်လာ စေရန် သိမ်းသွင်းခြင်း ဖြစ်ပါသည်။ နာမ၀ိသေသန တို့အား သံသယ ၀င်ရန်မှာ တစ်စိတ်တစ်ပိုင်း အားဖြင့် ဉာဏ်ပညာ ရှိခြင်းပင် ဖြစ်ပါသည်။ ဤသည်မှာ သင်၏ ဘာသာစကား အတွင်းမှ နာမ၀ိသေသန တို့အား ဆွဲထုတ်ပစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ “နာမ၀ိသေသနဟူသည် များသောအားဖြင့် ပုဂ္ဂလဒိဋ္ဌာန်သာ ဖြစ်သည်” ဟု မှတ်ယူသင့်ကြောင်း ဆိုလိုခြင်း ဖြစ်ပါသည်။ ဤသို့ ဒီဘိုနိုက ဆိုခဲ့ပါသည်။ § § § § § § §

ဘ၀အား ဘွာတေးခေါ်ခြင်း

ထင်ရှားကျော်ကြား ပုဂ္ဂိုလ်အချို့၏ အထုပ္ပတ္တိများကို ဖတ်ရာတွင် စိတ်ဝင်စားစရာ အချက်တစ်ခုကို သတိပြုမိသည်။ ဘ၀၏ အနိမ့်အမြင့် အတက်အကျများ စာရင်းကို အကျဉ်းချုပ် ဖော်ပြထားသည့် “သက္ကရာဇ်စဉ် အထုပ္ပတ္တိ” (Chronology) ဖြစ်ပါသည်။ ဤတွင် “အနိမ့်အမြင့် အတက်အကျ” ဟူသည့် သဘောထားသည် မွေးဖွားသည်မှ သေဆုံးသည်အထိ လူတစ်ယောက်၏ ဘ၀တစ်ခုလုံးအား ခြုံငုံကြည့်သည့် အခါတွင် သိပ်အရေးမပါတော့ကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် အထုပ္ပတ္တိ လေ့လာနေသူ စာဖတ်သူတစ်ဦးအဖို့ “ဂယ်လီလီယို” တရားရင်ဆိုင်နေခဲ့ရသည့် အချိန်ကို သူ၏ အနိမ့်ပိုင်း ကာလများဟု ရှုမြင်မည်မဟုတ်။ စင်စစ် စာဖတ်သူတစ်ဦး၏ အမြင်တွင် ပိုမိုအရေးပါသည့် စိတ်ဝင်စားဖွယ် ဖြစ်ရပ်တစ်ခုပင် ဖြစ်နေနိုင်ပါသည်။ ဂယ်လီလီယို ကိုယ်တိုင်အတွက်မူ ထိုကာလများကို သူ၏ ကံဆိုးမိုးမှောင်ကာလများဟု ယူဆကောင်း ယူဆမိပေမည်။ ╨ ╨ ╨ ╨ ╨ ╨ ╨ 

တစ္ဆေကြောက်သော မျက်ကန်းတို့အကြောင်း

တစ်ညသ၌ သရဲတစ်ကောင်သည် အဆောက်အဦ တစ်ခုအနီးသို့ ချဉ်းကပ်လာ နေသည်။ အကာလ ညအခါဝယ် သရဲတို့ ဘာသာဘာဝ  လမ်းသလား နေခြင်းသာ ဖြစ်ပါသည်။ အနှီသရဲမှာ ကာလသား သရဲတစ်ကောင်ဖြစ်ပြီး လူတို့အား ခြောက်လှန့်ပြီး အပျော်ရှာခြင်းကို ၀ါသနာထုံ၏။ လူတို့အား ကြောက်လန့်စေပြီး မိမိ၏ သရဲပီသခြင်း အဖြစ်ကိုလည်း ဂုဏ်ယူတတ်၏။ ယခု သူ ချဉ်းကပ်လာ နေသော အဆောက်အဦမှာ မျက်မမြင်ကျောင်း တစ်ကျောင်း၏ အိပ်ခန်းဆောင်သာ ဖြစ်ပါသည်။ အဆောင်အတွင်းဝယ် မျက်မမြင်တို့သည် မအိပ်သေးဘဲ သရဲပုံပြင်များ  ပြောပြီး အဟားဟား ပွဲကျနေကြ၏။ တကယ်တော့ ယခုကဲ့သို့ တိတ်ဆိတ် မှောင်မိုက်နေသော ညအခါဝယ် ပုံမှန်အားဖြင့်မူ သရဲပုံပြင်ကို ကျောတစိမ့်စိမ့်၊ ရင်တဖိုဖို နားထောင်နေ သင့်ပေသည်။ ယခုတော့ ဤသို့မဟုတ်။ သရဲပုံပြင်နားထောင်ပြီး ဟေးလားဝါးလား အူမြူးနေကြသည်။ ဘယ်လိုလူတွေပါလိမ့်ဟု သရဲက ဇဝေဇ၀ါ တွေးမိလိုက်ပြီး၊ တစ်ပြိုင်နက်တည်း မခံချင်စိတ်လည်း ပြင်းစွာ ဖြစ်မိ၏။ အစဉ်အလာအရ တစ္ဆေသရဲ ပုံပြင်များပြောပြီး ဘယာနကရသကို ခံစားရမည့်အစား အနှီလူများက ဟာသရသ လုပ်ပစ်နေခြင်းသည် သရဲတစ်ကောင်အတွက် အခံရခက်လှ၏။ မိမိကဲ့သို့ ဒေါင်ဒေါင်မြည် သရဲတစ်ကောင်အတွက် အခံရခက်လှရုံမက စော်ကားခံရခြင်းပင် ဖြစ်သည်ဟု ကာလသ

ဧကန် သံသယ

ရှည်ရှည်ဝေးဝေး စဉ်းစားလေ့ရှိသော အဝေးပြေးလမ်းမများ ရှိ၏။ စိတ်မြန်လက်မြန် ဖြတ်လမ်းများ ရှိ၏။ ဖြတ်လမ်းသွား ခရီးသည်များသည် အဖိတ်အစင် များ၏...။ သံသယဆိုသည်မှာ မသေချာမှုကို ဖော်ပြသည့် စိတ်ခံစားချက်ဆိုင်ရာ အသုံးအနှုန်း တစ်ခု ဖြစ်ပါသည်။ ဒွိဟသံသယ ဟုလည်း တွဲသုံးခြင်းများ ရှိသည်။ သံသယဟူသည့် အသုံးအနှုန်း အပေါ် ကျွန်တော်တို့၏ ပင်ကိုယ် ခံစားချက်ကို ကျွန်တော်က သံသယပွား ကြည့်မိသည်။ သံသယ၏ အနက်ကို “မယုံကြည်မှု” ဟုပင် အကြမ်းဖျင်း သတ်မှတ်ပါမည်။ ယုံကြည်ခြင်း အမှုသည် ငယ်စဉ်ဘ၀ ဆုံးမစာများ အတွင်း ထည်ထည်ဝါ၀ါ နေရာယူခဲ့ပြီး ဖြစ်ရာ ဆန့်ကျင်ဘက် အားဖြင့် “မယုံကြည်ခြင်း” မှာ အလိုလို မှေးမှိန်သွား ရသည့် စကားလုံးတစ်ခု ဖြစ်ခဲ့ရသည်။ အလိုလို အဆိုးဂုဏ်ရည် ပေါ်နေသော၊ အနုတ်လက္ခဏာ ဆောင်နေသော (Negative) သဘောထားတစ်ခု ဖြစ်နေခဲ့ရသည်။ ဖရွိုက် (Sigmund Freud) ၏ အလိုအရ ကလေးဘ၀ အစွဲအလမ်းများသည် လူကြီးဘ၀ကို ပုံသွင်းသည်ဆိုသော် ငယ်စဉ်က ကြားခဲ့ရသည့် ယုံကြည်ခြင်းအပေါ် အလွန်အကျွံ ဇောင်းပေးသော စကားများကြောင့် “မယုံကြည်ခြင်း” အပေါ် စက်ဆုပ်စရာဟု မြင်သော လူကြီးများ ဖြစ်လာကြသလောဟု ယူဆစရာ ဖြစ်လာခဲ့သည်။ သံသယဟူသည့် စကားလုံးသည် မကောင်းဆိုးရွား ဆန်ပြီး မေ

ဟောင်းနွမ်း နေ့များ

နေ့တွေဟာ အသားသေ နေတယ်။ မနက်ဖြန် ဟာလည်း မနေ့ကလိုပဲ ဒီနေ့ဆန်ဆန် နေ့တစ်နေ့ပဲဆိုတဲ့ အသိနဲ့သာ နေ့တိုင်း ဖြတ်သန်းနေ ရတယ်။ နေ၀င်နေထွက် ဖြစ်စဉ်ကို မျက်မုန်းကျိုး လာတယ်။ လေ၀င်လေထွက်ကို ရှုမှတ်နေရတာကို မုန်းတီးလာတယ်။ နေ့တွေဟာ ဟောင်းနွမ်းလွန်း နေတယ်။ သမားရိုးကျ ဆန်နေတယ်။ ဘယ်လောက်ထိ ဟောင်းလဲဆို တီဗီကလာတဲ့ သိပ္ပံနယ်လွန် ဇာတ်ကားတွေတောင် ဟောင်းနွမ်းလှပြီ။ ဆေးအပြာရောင် မခြောက်တခြောက် ဒီအခန်းဟာလည်း အနှစ်သာရအားဖြင့် ဟောင်းနွမ်းနေတယ်။ အခန်းဆိုတာ ကြမ်းပြင်နဲ့ မျက်နှာကြက်ပါ ထည့်တွက်ရင် ဒိုင်မေးရှင်း ခြောက်ခုလုံး ပိတ်ဆို့နေတဲ့ အရာပဲ။ ခုတော့ အချိန်ဆိုတဲ့ မျက်နှာစာမှာပါ ပိတ်ဆို့နေခဲ့ပြီ။ ဒီလို အသားသေ နေ့တွေမှာ မိမိကိုယ်ကိုယ် သစ်သစ်လွင်လွင် ရှင်သန်နိုင်အောင် တွေးခေါ်ရတာဟာ တစ်ခါတစ်ခါ လက်ဝင်လွန်းလှတယ်။ အဖြူအမည်း ဇာတ်လမ်းထဲက အရောင်တောက်တောက် ၀တ်ထားတဲ့ ဇာတ်ဆောင်တစ်ဦးလို အူကြောင်ကြောင် သရုပ်ဆောင်နေရတယ်။ ကဲ... ဘယ်လိုလူလဲ...။ ╩ ╩ ╩ ╩ ╩ ╩ ╩

ဒုက္ခသစ္စာအား လေချွန်ခြင်း

အင်မတန် စိတ်ညစ်ညူးဖွယ် ကောင်းသည့် ဂန္ဓ၀င်ဝတ္ထု တစ်ပုဒ်ကို စိတ်မပါဘဲနှင့် ကျွန်တော် ကြိတ်မှိတ် စူးစိုက်၍ ဖတ်နေသည်။ အရင်တုန်းက ဆိုလျှင် ဤသို့သော အလုပ်မျိုး လုပ်မိလိမ့်မည် မဟုတ်။  လူစိတ်ဝင်စားအောင် တောင်မှ မရေးနိုင်သည့် စာရေးဆရာမျိုး၏ စာထဲ ဘာပါမှာလဲ သဘောထားပြီး ပစ်ထားလိုက် နိုင်သည်။ ယခုတော့ မိမိ စိတ်ဝင်စားသည့် အကြောင်းအရာများကို စိတ်ဝင်စားမှု အနည်းငယ် လျော့ကျလာပြီး စိတ်မ၀င်စားသည့် အရာများအပေါ် စိတ်ဝင်စားစ ပြုလာခဲ့သည်။ သည်လောက်တောင် ပျင်းစရာ ကောင်းအောင် ဘယ်လိုအစွမ်းနဲ့များ ချယ်မှုန်းထားသလဲ သိချင်လာသည်။ နောက်တစ်ချက်က စာကြီး ပေကြီးများကို ဖတ်ဖူးတယ်ဟု လူရှေ့သူရှေ့ ပြောနိုင်မည့် အခွင့်အရေး ကလည်း ရှိနေသည်။ စာဖတ်ဝါ ရင့်လာတဲ့အခါ အပျော်ဖတ်မှ အတည်ဖတ်၊ အပျင်းဖြေ၀ါသနာမှ အကျင့်စရိုက် ဖြစ်လာသည်ဟူသည့်  ဆရာကြီးတစ်ဦး၏စကားကို သဘောကျမိရာမှ စာအုပ်စာပေကို ဗဟုသုတ အလို့ငှာ သဘောထား၍ ၀ါသနာပါသယောင် အတည်ပေါက်လုပ်နေမိခြင်းလည်း ဖြစ်သည်။ စာအုပ်ပါ အကြောင်းအရာက လူဖြစ်ရသည့်ဒုက္ခ အကြောင်းကို “အော်ဂလီ” ဆန်လာသည်အထိ ချယ်မှုန်းထားသည်။ ဤသို့ဖြင့် နာရီဝက်ခန့်မျှ အလူးအလဲဖတ်ပြီးသော အချိန်တွင် တင်းထားတဲ့ စိတ်ဓာတ်များ ပြိုကွဲသွားခဲ့ ပြါ

တောမီး

လက်ရှိ ကျွန်တော်၏ စိတ်အခြေအနေမှာ အနုတ်ဘက်ပြ နေသည်။ အလိုမကျ ဖြစ်နေသည့် ခံစားချက်နှင့် တငွေ့ငွေ့ပေါက်ကွဲနေသည့် ဒေါသတို့ဖြင့် ဆူပွက်နေသည်။ တစ်ပြိုင်တည်းတွင် ကျွန်တော်က စာလည်းရေး နေသည်။ ဒေါသအကြောင်းကို ဒေါသထွက်နေရင်း တန်းလန်း ရေးနေမိခြင်း ဖြစ်ပါသည်။ ဒေါသကို ရည်ရွက်ချက်ရှိရှိ လက်ပိုက်ကြည့်ရင်း စကားလုံးများအဖြစ် ပြောင်းလဲပစ် နေခြင်းသာ ဖြစ်ပါသည်။ မီးလောင်နေသည်ကို မငြိမ်းသတ်ဘဲ စိတ်ပါလက်ပါ အပူလှုံနေခြင်းသာ ဖြစ်ပါသည်။ စင်စစ် တောမီးဖြင့် အချမ်းဖြေနေသော လူတစ်ယောက်သာ ဖြစ်ပါသည်။ လောဘ၊ ဒေါသစသည့် အရာများကို “ကိလေသာ” ဟု သတ်မှတ်ကြသည်။ ငြိမ်းချမ်းရေး၏ ရန်သူစစ်စစ်ဟု သတ်မှတ်ကြသည်။ ဒေါသနှင့် ငြိမ်းအေးမှုသည် အဖြူနှင့် အမည်းလို  ပြတ်ပြတ်သားသား ဆန့်ကျင်ဘက်များဟု လက်ခံထားကြသည်။ လောဘဒေါသ ကင်းရှင်းလျှင် ငြိမ်းချမ်းမည်ဟု ယူဆကြသည်။ ဤသို့ဆိုလျှင် လောဘဒေါသ ဧကန်ကင်းရှင်းသောလူသား တစ်ဦးတလေမျှ မရှိခြင်းက ၀မ်းနည်းဖွယ် ကောင်းသည်ဟုပင် ဆိုရလိမ့်မည်။ ဒေါသကိုလျှော့ဆိုသည့် စကားကို တုန့်ပြန်ရသည်မှာ အတော် လက်ပေါက်ကပ် လှပါသည်။ မလုပ်နိုင်သည့် အရာတစ်ခုကို အကြံပေးခြင်းအားဖြင့် မူရင်းဒေါသကိုပင် ဆွပေးသလို ဖြစ်စေလိမ့်မည်။ ဒေါသသည် မော်ေ

မျောက်တို့၏ မာယာ

တလောက စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ် ကြားလိုက်ရသည်။ မြန်မာနိုင်ငံရှိ ဆရာတော် သံဃာတော်များအား သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခြင်းနှင့် ပတ်သက်၍ သီရိလင်္ကာရှိ မြန်မာ ဘုန်းတော်ကြီး တစ်ပါးကို သတင်းဌာနမှ မေးမြန်းထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရမှ ဆရာတော် သံဃာတော် များအား သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခြင်းကို နှစ်စဉ် ဇန်န၀ါရီ (၄) ရက်၊ လွတ်လပ်ရေးနေ့တွင် ပြုလုပ်လေ့ရှိသည် ဆို၏။ ဤတွင် မေးစရာ ပေါ်လာသည်။ ဗုဒ္ဓဘာသာအမြင်အရ ဤသို့ သံဃာတော်များအား ဘွဲ့တံဆိပ် ဆက်ကပ်ခြင်း ကိစ္စသည် မည်သို့ရှိမည်နည်း။ မြတ်စွာဘုရား မည်သို့ဟောကြားခဲ့သနည်းဟူသော မေးခွန်းကို စဉ်းစားစရာ ပေါ်လာသည်။ မြတ်စွာဘုရား လက်ထက်တော်က ထူးချွန်ပြောင်မြောက်သည့် သံဃာတော်များအား “ဧတဒဂ်” ဘွဲ့ကို မြတ်စွာဘုရားကိုယ်တော်တိုင် ချီးမြှင့်ခဲ့သည် ဆို၏။ တည်ဆဲဘုရင်မင်းမြတ် တစ်ပါးပါးမှတော့ သံဃာတော်တို့အား တော်လွန်းလှ၏ဆိုပြီး ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းများ မကြားခဲ့စဖူး။ ဤသို့ ဆက်ကပ်နိုင်ခြင်း ရှိမရှိကိုလည်း မြတ်စွာဘုရား မည်သို့ဟောကြားခဲ့သည် ဟူသည်ကိုလည်း မကြားခဲ့စဖူး။ ခုတော့ စစ်အစိုးရက သာသနာတော်ကိုပါ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးနေ၏။ သူတို့က သာ

ဆိုက်ကိုဒိုင်းနမစ် အကျဉ်းချုပ်

သရုပ်ခွဲစိတ်ပညာ (Psychoanalysis) ၏ ခေါင်းကိုင် ဖခင်လည်းဖြစ်၊ မသိစိတ်ကို စတင်ဖော်ထုတ်ခဲ့သူ အဖြစ်လည်း လူသိများသည့် ဇီးဂမွန်ဖရွိုက်နှင့် သူမွေးထုတ် ပေးခဲ့သည့် ဆိုက်ကိုဒိုင်းနမစ် (Psychodynamic) စိတ်ပညာအကြောင်း အကျဉ်းချုပ်အားဖြင့် ဖော်ပြလိုပါသည်။ လူတို့၏ အတွေးနှင့် လုပ်ရပ်များအပေါ် မသိစိတ်အားများ၏ လွမ်းမိုးသက်ရောက်ခြင်း အယူအဆမှာ ဖရွိုက်၏ ဖော်ထုတ်မှု ဖြစ်ပါသည်။ သူ၏ သီအိုရီများမှာ ဝေဖန် အငြင်းပွားစရာများ ယနေ့အချိန်ထိ ကျယ်လောင်နေဆဲ ဖြစ်သည့်တိုင် ဤသည်ကပင် သူ့ သီအိုရီများ၏ ကိုင်လှုပ်နိုင်သော စွမ်းအားကို ပြန်လည် ညွှန်းဆိုနေခြင်း ဖြစ်သည်ဟု ယူဆပါသည်။ မသိစိတ်၊ အိပ်မွေ့ချခြင်း၊ အိပ်မက်ဘာသာပြန်ခြင်း စသည့် သိပ္ပံနည်းကျဟု ဆိုရန်ထက် ဒဏ္ဍာရီဆန်ဆန် အယူအဆများနှင့် ထိရောက်အသုံးဝင်သည့် ကုသမှုများ ပေးနိုင်ခဲ့သည်။ လူတစ်ယောက်၏ အပြုအမူများမှာ ကလေးဘ၀ အတွေ့အကြုံများ၏ လွှမ်းမိုးထိန်းချုပ် ထားချက်မျှသာ ဖြစ်သည်ဟူသည့် အယူအဆများမှာ တစ်ထစ်ချ လက်ခံဖို့ရန်လည်း ခဲယဉ်းနေပါသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ ခေတ်သစ် စိတ်ပညာရပ်အပေါ် ဖရွိုက်၏ သြဇာသက်ရောက်မှုမှာ အလွန်ကြီးမားသည်ဆိုခြင်းကို မငြင်းနိုင်ပါ။ အောက်ပါတို့မှာ “သရုပ်ခွဲစိတ်ပညာ” အကြောင်း အတ

နှင်းရိုင်းများနောက်

ယခင်က... နှင်းဖွဲများကြား ပစ္စုပ္ပန်ဆန်အောင် ကြိုးစား ယခု... နှင်းရိုင်းများကြား အတိတ်ဆန်အောင် ကြိုးစားနေရပြီ ... အနာဂတ်အတွက်.. . ။      ။ ~တေဇာ~ တံခါးကို ဆွဲဖွင့်လိုက်တော့ နှင်းများ မျက်နှာကို အငမ်းမရ လာရောက် ရိုတ်ခတ်သည်။ အပြင်တွင် နှင်းများ ပိန်းပိတ် နေလေပြီ။ ယားတက်လာသော လည်ချောင်းထက်က ချောင်းတစ်ချက် ဟပ်လိုက်ပြီးနောက် အလျင်အမြန် အခန်းတွင်းသို့ ပြန်ဝင်လိုက်ရသည်။ အပြင်က ညဦးယံသည် ထုနှင့်ထည်နှင့် ကျနေသော နှင်းမှုန်များကြားဝယ် ဖြူရော်ရော် ဖြစ်နေလေပြီ။ ည၏ ကိုယ်ပိုင်အရည်သွေး အချို့ကို နှင်းက ၀ါးမျိုခဲ့ပြီ ဖြစ်၏။ သည်လို နှင်းရိုင်းများ မင်းမူနေသောညမျိုး အရင်တုန်းက မကြုံစဖူး။ သွပ်မိုးပေါ်သို့ တတောက်တောက် နှင်းပေါက်ကျသံအချို့နှင့် သံစဉ်ညီနေသည့် ရန်ကုန် ဒီဇင်ဘာညချမ်း အချို့နှင့်သာ အမြဲတမ်းရင်းနှီးခဲ့ရသူ ဖြစ်သည်။ ယခုနှင်းသည် ယခင်နှင်းမဟုတ်၊ ထို့အတူ ယခုသူသည်လည်း ယခင်သူမဟုတ်တော့။ ယခင်သူနှင့် ယခင်ဆောင်းနှင်းများအကြောင်း ယခုသူက အေးစက်စက် တွေးနေမိသည်။

အေဒီ၂၀၁၀ ဒိုင်ယာရီ

A.D. 2010 Diary Today, I'm Reading, Writing and Thinking all day long. Today, I'm Reading, Writing and Thinking all day long.  Today, I'm Reading, Writing and Thinking all day long.  Today, I'm Reading, Writing and Thinking all day long.   § § § § § § § ၂၀၁၀ ဒိုင်ယာရီစာအုပ်တစ်အုပ် အဖေ့ဆီမှ ရရှိပါသည်။ စာအုပ်က ကျန်သည့် နေ့များအတွက် တစ်ရက်ကို တစ်မျက်နှာခန့် ပါရှိပြီး တနင်္ဂနွေနေ့များ အတွက်မူ ရေးမှတ်စရာ နေရာသေးသေးလေးသာ ပါသည်။ အဖေက တနင်္ဂနွေနေ့တွင်ပါ တစ်မျက်နှာ အပြည့်ပါသည့် စာအုပ်မျိုးမှ လိုချင်သည် ဆို၏။ ထို့ကြောင့် အသစ်တစ်အုပ် ထပ်ဝယ်လိုက်သည်။ တနင်္ဂနွေနေ့များတွင် အိပ်နေတတ်သူများအတွက် သီးသန့် ဒိုင်ယာရီက ကျွန်တော့်ဆီသို့ အလိုအလျောက် ရောက်လာတော့သည်။ ယခုတော့ ဒိုင်ယာရီစာအုပ်တစ်အုပ် ပိုင်ဆိုင်သူ တစ်ယောက် ဖြစ်လာခဲ့ပြီ။ ဒီထဲတွင် ဘာရေးရမည်နည်း။ ဒိုင်ယာရီဆိုသည်မှာ အဘယ်နည်း။ ဒိုင်ယာရီနှင့် ပတ်သက်ခဲ့မိသည့် အပိုင်းအစတချို့အား အနည်းငယ်မျှ တူးဆွကြည့်မိပါသည်။ ငယ်စဉ်က “အန်နာဖရန့်ခ်၏ ဒိုင်ယာရီ” (The Diary of Anne Frank) ဘာသာပြန်စာအုပ်ကို (မှောင်ထဲက မှတ်တမ်းဟု ထင်သည်။ အသေအချာမမှတ်မိ) ဖတ

လိပ်ပြာလွင့် အတွေးစဉ်တန်း

ဈင်ဝါဒီ ချွမ်ဇူးက သူသည် လိပ်ပြာလေးတစ်ကောင်ဖြစ်ပြီး ပန်းခြံတွင်း ပျံဝဲပျော်မြူးနေသည်ဟု အိပ်မက်မက်နေခဲ့သည်။ နိုးလာသောအခါ သူက ဤသို့စဉ်းစားမိ၏။ “ငါဟာ လိပ်ပြာလေးတစ်ကောင် ဖြစ်သွားတဲ့အကြောင်း အိပ်မက်မက်နေတဲ့ လူသားတစ်ယောက်လား၊ ဒါမှမဟုတ် အခုလောလောဆယ်မှာ လူသားတစ်ယောက်ဖြစ်ကြောင်း အိပ်မက်မက်နေတဲ့ တကယ့် လိပ်ပြာတစ်ကောင်ပဲလား” ဟု တွေးမိပါသတဲ့...။ ထိုအချိန်မှစ၍ ဒွိဟသံသရာ စတင်လည်ပတ်ခဲ့ပါသည်။ § § § § § § § တကယ်တော့ ဘ၀ဆိုသည်မှာ အိပ်မက်ဆန် လွန်းလှပြီး အိပ်မက်ဆိုသည်မှာလည်း ဘ၀ပေးအသိကို ပေးနိုင်စွမ်း ရှိပါသည်။ အိပ်မက်ထဲမှ ချစ်ခြင်းမုန်းခြင်း၊ လိပ်ပြာငယ်ခြင်းများ အားလုံးကို နှလုံးသားက လက်တွေ့ကျကျ ခံစားရသည်။ တစ်ခါတရံ အိပ်မက်ထဲမှ မနိုင်ဝန်များကို ပုန်းရှောင်ရင်း ကယောင်ကတမ်း နိုးထလာမိသည်အထိ ဖြစ်တတ်သည်ကို ကြုံဖူးကြ ပါလိမ့်မည်။ ဘ၀ဆိုသည်ကရော အိပ်မက်နှင့်ဘာများ ထူးခြားကွာဟမှု ရှိပါသလဲ။ မျက်စိတစ်ဆုံးသာ မြင်နိုင်ပြီး အသံလှိုင်း၏ တုန်ခါမှုများ ဆိတ်သုန်းမသွားခင်လေးသာ ကြားရ၏။ တဖြည်းဖြည်းတရိပ်ရိပ် ရုပ်ပျက်ဆင်းပျက် ဖြစ်လာနေသော အတိတ်များဆီသို့ ကြိုးစားပမ်းစား အလည်သွားရပြီး မမွေးဖွားသေးသည့် (တကယ်မရှိသည့်) အနာဂတ်ကို စိတ်ကူ

ငွေကြေးဖြင့် မစွမ်းသာသောအရာ

အဘိုးကြီး အန်သိုနီမှာ “ရော့ခ်ဝေါလ်” ဆပ်ပြာ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဖြင့် ဒေါ်လာသန်းနှင့်ချီ ကြွယ်ဝချမ်းသာ လာခဲ့သူဖြစ်ပြီး သူ၏ ပဉ္စမရိပ်သာ နေအိမ်ကြီး၏ ပြတင်းတံခါးတွင် မတ်တပ်ရပ်နေသည်။ ယခု သူက အိမ်နီးချင်းဖြစ်သူ မစ္စတာဂျုံး၏ နေအိမ်ဘက်သို့ ငေးစိုက်ကြည့်နေခြင်း ဖြစ်လေသည်။ မစ္စတာဂျုံးစ်မှာ နယူးယောက်မြို့၏ အထက်တန်းလွှာ ဆွေကြီးမျိုးကြီး အသိုင်းအ၀ိုင်း၏ အနွယ်ဝင်တစ်ဦး ဖြစ်ပါသည်။ တံခါးဝမှ ထွက်ပေါ်လာပြီးနောက် ကားတစ်စီးအတွင်းသို့ မစ္စတာဂျုံးစ် ၀င်သွားသည်။ အန်သိုနီ၏ နေအိမ်သို့ သူက သာမန်ကာလျှံကာမျှ ဖျပ်ခနဲ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုအကြည့်တွင် မစ္စတာဂျုံးဆိုသူမှာ ဂုဏ်အဆင့်အတန်းမြင့်မားသည့် ဧရာမပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပြီး ဆပ်ပြာရောင်းပြီး ချမ်းသာလာသူ တစ်ဦးသည် မလောက်လေးမလောက်စားမျှသာ ဖြစ်သည်ဟူသော အဓိပ္ပာယ်များ အပြည့်အ၀ ပါဝင်နေ၏။ “ဒီအိမ်ကို လာမယ့်နွေကျရင် အဖြူ၊ အနီ၊ အပြာ ဆေးရောင်စုံသုတ်ပြီးသားဖြစ်အောင် လုပ်ရမယ်” ဟု ဆပ်ပြာသူဌေးကြီးက စိတ်ထဲမှ ရေရွတ်လိုက်သည်။ “ဒီတော့မှ ခင်ဗျား ပါးစပ်အဟောင်းသား ဖြစ်သွားစေရမယ်” ဟုလည်း စိတ်ထဲမှပင် ကြုံးဝါးလိုက်ရသည်။ ထို့နောက်တွင် အဘိုးကြီး အန်တိုနီ ရော့ခ်ဝေါလ်မှာ အနောက်သိ

ရေခဲမှတ် မီးလျှံများ

အအေးဓာတ်သည် ခါချဉ်ကောင်များ တဆစ်ဆစ် ကိုက်ခဲနေသလို ခံရခက်လှသည်။ ဤသို့ ဖြစ်သင့်သည်။ သို့သော် အမှန်တကယ်တွင် ထိုမျှလောက် မဆိုးရွားခဲ့။ လက်တွေ့ဘ၀သည် အမြဲတမ်း ဤသို့သာ ဖြစ်၏။  ဘ၀သရုပ်ဖော် ၀တ္ထုများထဲကလို ပိုပိုလိုလို ရေးဖွဲ့ခွင့် မရှိအောင် အမြဲအနိုင်ပိုင်းလေ့ ရှိသည်။ အေးခဲတုန်ရီပြီး နှုတ်ခမ်းတွင် ကပ်နေသည့် ရေခဲများကို သုံးမိနစ်တစ်ခါ ခွာချနေရသည့် အဖြစ်ဆိုလျှင်လည်း ကောင်းမည်။ နားအတွင်းမှ ကျောက်ခက် ပန်းဆွဲများကြောင့် သွေးထွက်သံယို မဖြစ်မီ ကျွန်တော် အဆင်ပြေစွာ သေဆုံးသွားနိုင်ပေလိမ့်မည်။ ယခုတော့ အပူချိန်သည် “ ဆိုးတော့ဆိုးတယ်၊ နေလို့တော့ ဖြစ်သေးတယ် ” ဆိုသည့် အနေအထားတွင် အမြဲတမ်း အစွန်းမရောက်အောင် ရပ်တည်နေသည်။ ရုတ်ချည်းသိသိသာသာ ဆိုးရွားသွားခြင်းမဟုတ်၊ မသိမသာ တစ်ရစ်ချင်း လျော့ကျလာသော အပူချိန်ကြောင့် ကျင့်သားရချင်ယောင် ဆောင်နိုင်ခဲ့လေပြီ။ အိမ်အပြင်မှ နှင်းဖွဲများကို ကျွန်တော် မလိုတမာ ငေးကြည့်နေမိသည်။ တကယ်တော့ ဆောင်းသည် စစ်အာဏာရှင်ဆန်ဆန် ကောက်ကျစ်နေခြင်းသာ ဖြစ်သည်။ သည်းခံနိုင်သည့် ဖိနှိပ်မှုများသည် သာ၍ဆိုးသည်ဟု ဆာ့ထ်က ဆို၏။ သည်းမခံနိုင်သည့် ဖိနှိပ်မှုသည် တန်ပြန်တွန်းအားကို ဖြစ်ပေါ်စေသည်။ ချောင်ထဲက ခွေးကလေ

အော်ဂလီ မှတ်စုများ (Nausea)

ကျွန်တော်၏ မှတ်ဉာဏ်များမှာ နတ်ဆိုး၏ ပတ္တာအိတ်ထဲမှ ဒင်္ဂါးပြားများ သဖွယ်သာဖြစ်၏။ ဖွင့်လိုက်စဉ်ဝယ် သစ်ရွက်သေများမှတစ်ပါး မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့...။ စာ (၅၂) လူသားမျိုးနွယ်ကို ချစ်ခင်မှုမရှိဘူးလားဟု ခဏမျှ ကျွန်တော်တွေးလိုက်မိသည်။ တကယ်တမ်းကျတော့ ဒါဟာ သူတို့ရဲ့ တနင်္ဂနွေနေ့ပါပဲ၊ ကျွန်တော့်ဟာမှ မဟုတ်တာ။ (စာ- ၈၁) ကျွန်တော်က တစ်ကိုယ်တည်း၊ လူအများစုမှာ အိမ်ပြန်ကုန်ပြီး ဖြစ်၏။ ညနေခင်းသတင်းစာ ဖတ်ခြင်းနှင့် ၀ိုင်ယာလက် နားထောင်နေကြ ပေလိမ့်မည်။ လိုက်ကာချချိန်နီးလာပြီဖြစ်သော ဤတနင်္ဂနွေနေ့သည် သူတို့အား ပြာမှုန်တို့၏ အရသာကိုသာ ချန်ထားခဲ့ပြီး သူတို့အတွေးများမှာ တနင်္လာနေ့ဆီသို့ ဦးတည်ပြီးလေပြီ။ ကျွန်တော့်အတွက်မူ တနင်္ဂနွေတနင်္လာ ဘာဆိုဘာမျှမရှိ။ အစီအစဉ်မကျမှုအတွင်း အချင်းချင်း တွန်းထိုးရွေ့လျောနေသော နေ့များသာ ရှိ၏။ ထို့နောက် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို လက်ခနဲ တွေးမိလိုက်၏။ မည်သည့်အရာမျှ မပြောင်းလဲခဲ့ပါ။ သို့တိုင် အရာအားလုံးသည် မတူကွဲပြားသည့် နည်းလမ်းအားဖြင့် တည်ရှိနေကြသည်သာ ဖြစ်၏။ ဤသည်ကို ကျွန်တော် ဖွင့်ဆိုမပြနိုင်ပါ။ ၎င်းသည် “အော်ဂလီ” ဆန်ဆန် အရာဖြစ်သည်။ သို့တိုင် ထိုနှင့် ဆန့်ကျင်ဘက်လည်းဖြစ်၏။ နောက်ဆုံးဝယ် စ

ကာလတရားကြောင့် ပြောင်းလဲခဲ့လေသော

ရဲသားတစ်ဦးသည် လမ်းအတိုင်း လျှောက်လာနေ၏။ သူ့ကို ကြည့်ရသည်မှာ သန်မာပြီး ဟိတ်ဟန်အပြည့်နှင့် တာဝန်သိသည့်ပုံစံ ရှိသည်။ ဤလမ်းမသည် သူအမြဲတမ်း တာဝန်ကျရာ နေရာဖြစ်သည်။ သူ့ကိုယ်သူ ဘယ်လိုပုံစံရှိနေလဲ သူက သိပ်စဉ်းစားလေ့မရှိ။ လမ်းမပေါ်ဝယ် သူ့ကို မြင်နိုင်သည့် လူ အနည်းငယ်သာ ရှိတော့သည်။ ညဆယ်နာရီပင် ရှိသေးသည်။ သို့သော် အေးလှသည်။ လေပြင်းထဲတွင် မိုးစက်အချို့ ရောပါနေ၏။ လမ်းတစ်လျှောက်ရှိ တံခါးများရှေ့တွင် သူက ရပ်တန့်လိုက်သည်။ ညရေးညတာ လုံခြုံစွာပိတ်ထားရဲ့လား စစ်ဆေးကြည့်နေခြင်း ဖြစ်သည်။ မကြာခဏဆိုသလို လမ်းအတွင်း ခေါက်တုန့်ခေါက်ပြန် ပြန်လှန်စစ်ဆေးနေသည်။ သူသည် ကြည့်ကောင်းသည့် ရဲသားတစ်ဦးဖြစ်ပြီး စေ့စေ့စပ်စပ်နှင့် ငြိမ်းချမ်းရေးကို စောင့်ရှောက်နေသူဖြစ်သည်။ ဤအရပ်ရှိလူများသည် အိမ်သို့ စောစောပြန်လေ့ရှိကြသည်။ တစ်ခါတစ်ရံ ဆိုင်ခန်းများ၊ စားသောက်ဆိုင်ငယ်လေးများမှ မီးရောင်ကို တွေ့ရနိုင်သည်။ သို့သော် အများစုမှာ စီးပွားရေးဆိုင်ရာ အဆောက်အဦများသာ ဖြစ်ကြပြီး နာရီအတော်ကြာက ပိတ်ထားပြီးခဲ့ပြီ ဖြစ်လေသည်။ ထို့နောက်တွင် ရုတ်တရက် ရဲသား၏ လမ်းလျှောက်ခြင်းက နှေးကွေးသွားသည်။ မှောင်ရိပ်ကျနေသော ဆိုင်ခန်းတစ်ခု၏ တံခါးအနီးတွင် လူတစ်

ဖီလော်ဆော်ဖာ အက်ဆေး

“ဒီနေ့မှာလည်း နေရောင်ခြည်ဟာ ကျွန်တော့်ကို နွေးထွေးစေမြဲ...” § § § § § § § ဒီနေ့သည် (၁) ရက်နေ့ ဖြစ်သည်။ စင်စစ် ဒီနေ့သည် များစွာသော (၁) ရက်နေ့များထဲမှ တစ်နေ့ဖြစ်ပါသည်။ ဒီနေ့သည် လူ့သတ်မှတ်ချက် နှစ်သစ်တစ်ခု၏ အစဖြစ်၏။ စင်စစ် များစွာသော နှစ်သစ်များထဲမှ တစ်နှစ်သာ ဖြစ်ပါသည်။ ဒီနေ့သည် သန္နိဋ္ဌာန် တစ်ခုခု စတင်ချမှတ်ဖို့ ကောင်းသည့် နေ့တစ်နေ့ဖြစ်သည်။ စင်စစ် တစ်နှစ်မခံသော သန္နိဋ္ဌာန် တစ်ခုခု တချို့လူများ စတင်ချမှတ်ကြရာ နေ့လည်း ဖြစ်ပါသည်။ ဒီနေ့သည် နေသာသောနေ့တစ်နေ့ ဖြစ်ပါသည်။ စင်စစ် ဒီနေ့ အမှန်တကယ် ရှိ(ခဲ့)ကြောင်းကို ဒီနေ့အတွင်း ရှင်သန်ခဲ့ဖူးသော လူတစ်ယောက်က မည်သို့ သက်သေပြမည်နည်း။ ဒီနေ့သည် ရွက်ကြမ်းရည်ကြို လှပနေသည့် နေ့တစ်နေ့သာ ဖြစ်ပါ၏။ ဒီနေ့သည် လစ်ဟာမှုပေါင်းများစွာအတွင်းမှ ကြားနေရသော ပစ္စက္ခစက္ကန့်သံ အချို့သာ ဖြစ်ပါ၏။ ကျွန်တော်က ပန်းခြံအတွင်း ထိုင်နေသည်။ အိုဟောင်းသောနေရောင်ခြည်သည် ကျွန်တော့်ထံ နွေးထွေးမှုအသစ်တို့ ပေးနေမြဲ ဖြစ်ပါသည်။ “အော်ဂလီ” ကို စိတ်ဝင်စားသယောင် ထိုင်ဖတ်နေသည်။ အာရုံပျံ့လွင့်စွာ ထိုင်ဖတ်နေသည်။ “ယခုကျွန်တော်”သည် “မကြာခင်ကျွန်တော်”ရေးတော့မည့် အက်ဆေးတစ်ပုဒ်ထဲမှ ဇာတ်ကောင်သဖွယ် သရုပ်ဆောင်နေ