Skip to main content

ဖန်သားပြင်ပေါ်က ခံစားချက်များ (သို့မဟုတ်) Emoticons

မနေ့ညက ကားကို အချိန်အတော်ကြာ မောင်းခဲ့ရပြီး အိမ်ပြန် ရောက်တော့  Facebook ပေါ်သို့ ကျွန်မ ၀င်ကာ “လောလောဆယ် စိတ်အခြေအနေ” (Mood) တွင် Click တစ်ချက် နှိပ်၍ “မောပန်းနွမ်းနယ်ပြီး ခြေကုန် လက်ပမ်းကျ” (Tired and Worn out) လို့ ပြောင်းလဲပြင်ဆင် လိုက်ပါတယ်။ ကျွန်မ သူငယ်ချင်းတွေသာ ကျွန်မအိမ်မှာရှိနေခဲ့မယ်ဆိုရင် တကယ်ကို ကျွန်မ ဘယ်လောက် မောပန်းနွမ်းနယ်နေလဲဆိုတာကို ကျွန်မရဲ့ ခန္ဓာကိုယ်အနေအထား၊ အသံနေအသံထားနဲ့၊ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ပြီးတော့ မြင်တွေ့ရမှာပါ။ ဒါပေမဲ့လည်း သူတို့က ကျွန်မကို မမြင်ရဘူးဆိုတော့ Emoticon ရဲ့ အကူအညီကို ရယူပြီး ကျွန်မ အပြင်မှာ တကယ်ဘယ်လို ခံစားနေရတယ် ဆိုတာကို ရှင်းပြလိုက်တဲ့ သဘောပါပဲ။

Scott Fahlman ဆိုသူက Carnegie Mellon University ရဲ့ ထင်မြင်ချက်ပေးတဲ့ စနစ် (Bulletin Board) ပေါ်မှာ မက်ဆေ့တစ်ခု တင်ရင်းနဲ့ Emoticon များကို စတင်ဖန်တီးခဲ့ပါတယ်။ ဒါဟာ ၁၉၈၂ ခုနှစ် စက်တင်ဘာ (၁၉) ရက်နေ့က ဆိုတော့ အတော်ကို စောပါသေးတယ်။ Emoticon တွေရဲ့ မူလအစကတော့ ရိုးရှင်းလှတဲ့ သင်္ကေတ အမှတ်အသားများနဲ့ တစောင်းကြည့်ရင် လူရဲ့ မျက်နှာသွင်ပြင်လေး ပေါ်နေအောင် စီစဉ်ထားခြင်းဖြင့် စတင်ခဲ့တာပါ။ [ .... ;) ;( ;P B-D စသည်... ] ဒါပေမဲ့ ယနေ့အခါမှာတော့ အမျိုးမျိုးသော ဂရပ်ဖှစ်ပုံစံတွေနဲ့ မရိုးနိုင်အောင် ဖန်တီးထားတဲ့ ချစ်စရာမျက်နှာပေးလေးတွေအဖြစ် ပြောင်းလဲတိုးတက်ခဲ့ပြီ ဖြစ်ပါတယ်။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ မောပန်းခြင်း၊ ဒေါသဖြစ်ခြင်း၊ သက်တောင့်သက်သာနေခြင်း၊ ရယ်မောခြင်း၊ စိတ်ပုပ်ခြင်း အပြင် များစွာသော မျက်နှာ အနေအထားများ ပါဝင်ခဲ့ပြီ ဖြစ်ပါတယ်။
§ § § § § § §

သမားရိုးကျအားဖြင့် အသံတိတ်ဆက်သွယ်မှုရဲ့ သင်္ကေတများဖြစ်တဲ့ ကိုယ်ခန္ဓာအနေအထား၊ မျက်နှာသွင်ပြင်၊ မျက်လုံးချင်းဆုံခြင်း၊ အသံအနိမ့်အမြင့် စတဲ့ သဘာဝအားဖြင့် မျက်နှာချင်းဆိုင် စကားပြောရာမှာ တွေ့မြင်နိုင်တဲ့ အရိပ်အခြေတွေကို ကွန်ပြူတာအခြေပြု ကူးလူးဆက်ဆံခြင်း (Computer Mediated Communication) CMC မှာ ဖြည့်ဆည်းနိုင်ဖို့အတွက် Emoticon တွေကို စီစဉ်ဖန်တီးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ရတဲ့အကြောင်းအရင်းက မျက်နှာချင်းဆိုင် ထိတွေ့ဆက်ဆံရေးမှာ ရှိတဲ့ မြင်သာတဲ့ သဲလွန်စများဟာ CMC မှာ မရှိလို့ပါပဲ။ ဒါပေမဲ့လည်း ရိုးရာ အသံတိတ်ဆက်ဆံရေး (Non Verbal) ပညာရှင်တွေဟာ Emoticon တွေရဲ့ နိဒါန်းဟာ အသံတိတ်ဆက်ဆံရေးအဖြစ် အသွင်ပြောင်းလာလိမ့်မယ်လို့ ကြိုတင်မမြင်ခဲ့တဲ့အတွက် သူတို့ရဲ့ ရှိပြီးသား အသံတိတ်ဆက်ဆံရေးစနစ်ကို အီလက်ထရောနစ်ပုံစံ စတင်ပြောင်းလဲဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ တကယ်တော့ မီဒီယာတွေဟာ မြင်တွေ့နိုင်တဲ့ လူမှုရေးအနေအထားတွေ ကင်းမဲ့တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဝေးကွာခြင်းများ ရှိနေတယ်လို့ ဝေဖန်မှုများလည်း ရှိခဲ့ပါတယ်။ (ချစ်သူနဲ့ Gtalk ထဲမှာ Chatting ထိုင်ရတာ အားရစရာ မကောင်းတာနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်) ဒါကြောင့် CMC ဟာ စိတ်ခံစားချက်ဆိုင်ရာမှာ အားပျော့ပြီး တစ်ကိုယ်ရည်ဆန်ခြင်းနဲ့ တာဝန်ကျေဖို့ကိုသာ အဓိကထား လုပ်ဆောင်ပေးနိုင်တဲ့ (Task Oriented) အရာ ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဒီကိစ္စအပေါ် စူးစမ်းလေ့လာမှုပြုတာဟာ အကန့်အသတ်နဲ့သာ ရှိသေးတဲ့အတွက် Emoticon တွေဟာ ကူးလူးဆက်ဆံရေးကို တိုးတက်စေရုံတင်သာမဟုတ်၊ အပြင်လောကမှာသာ မြင်တွေ့နိုင်တဲ့ အသံတိတ်သင်္ကေတများ အတွက် ကိုယ်စားလှယ်အဖြစ်လည်း မက်ဆေ့တစ်ခုကို ဟန်ပန်တွေနဲ့ ပေါင်းစပ်ကာ အစားထိုး ဆောင်ရွက်ပေးနိုင်တယ်လို့ စတင်ပြသနေရုံ ရှိပါသေးတယ်။

Derks ဆိုသူက ကွန်ပြူတာအခြေပြုဆက်ဆံရေး CMC မှာ Emoticon တွေကို အသုံးပြုခြင်းဟာ မျက်နှာချင်းဆိုင် ဆက်ဆံတဲ့နေရာမှာ လူတွေ ဖော်ပြတတ်တဲ့ ပုံစံမျိုးတွေနဲ့ အလားတူပဲလို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ Emoticon တွေကို အသုံးပြုရာမှာ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ဆုံးဖြတ်လုပ်ကိုင်ကြတာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ မသိစိတ်ကပါ အကျင့်ပါလာတယ်လို့ သူက ဆိုပါတယ်။ Instant Message (IM) ပို့တဲ့ အခြေအနေတွေမှာ Emoticon တွေကို အသုံးပြုခြင်းဟာ ကူးလူးဆက်ဆံရေးကို အမှန်တကယ်ပင် သွက်လက်ချောမွေ့စေပြီး စကားလုံးနည်းနည်းနဲ့ စိတ်ခံစားချက်ကို ဖော်ပြနိုင်လို့ ပိုမိုလွယ်ကူပြီး ပျော်ရွှင်စရာလည်း ကောင်းပါတယ်။ ထိုမှတဖန် Emoticon များဟာ အပျော်သဘောလောက်သာ မဟုတ်ဘဲ အရေးပါတဲ့အရာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းအချက်အလက် ကြွယ်ဝမှု မြင့်မားလာခြင်းနဲ့ ထိရောက်ချောမွေ့တဲ့ ကူးလူးဆက်ဆံရေးနည်းလမ်း တိုးတက်လာခြင်းတို့ဟာ အားမျှသွားလို့ပဲ ဖြစ်ပါတယ်။ အဆိုပါ သုတေသနမှာပဲ Instant Messaging (IM) မှာ အသေးစိတ်မွမ်းမံထားတဲ့ Emoticon တွေကို သုံးစွဲခြင်းဟာ ဂရုတစိုက်ရှိမှုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ ကူညီနိုင်တယ်လို့ ပါဝင်ပါတယ်။

ဒါကြောင့် အရင်က အသံတိတ် ဆက်ဆံရေး ပညာရှင်တွေက ကွန်ပြူတာအခြေပြု ဆက်ဆံရေး (CMC) ဟာ မြင်ရတဲ့ လူမှုရေးသင်္ကေတများ ခေါင်းပါးခြင်းကြောင့် လူမှုရေးဆန်မှု အားနည်းတယ်၊ ဒါမှမဟုတ် ခံစားချက်ကင်းမဲ့တယ်လို့ ရှုမြင်ခဲ့ကြပေမဲ့ ယနေ့ထိ ပြုလုပ်ခဲ့ပြီးဖြစ်တဲ့ သုတေသနများ အရတော့ Emoticon သုံးစွဲခြင်းဟာ ထင်ထားခဲ့သလို မဟုတ်ဘဲ ခံစားချက် ပါဝင်ကြောင်း သက်သေပြနေပြီ ဖြစ်ပါတယ်။

Ref: Tina Indalecio ၏ Curious Media ကို ဘာသာပြန်ဆိုပါသည်။

◄ တေဇာ ► ဇန်န၀ါရီ (၂၉) ၂၀၁၀

Comments

  1. ဟုတ်ကဲ့...ကျွန်တော့် ခံစားချက်တွေကို နောက်ဆို ဒီကောင်တွေ ကောင်းကောင်း ပုံဖော် နိုင်တော့မှာပါ...။း)

    ကြိုက်ပါတယ်..း)

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA