Skip to main content

ခေါင်းစဉ်မရှိ

ကျွန်တော်က စာကို ဖြစ်သလို ရေးလေ့ရှိသည်။ ငယ်ငယ်က ပုံဆွဲ ၀ါသနာ ပါခဲ့သည်။ လူပုံဆွဲ၍ မျောက်နှင့် တူသွားသည့်အခါ  အောက်က “မျောက်ပုံ” ဟူ၍ ခေါင်းစဉ် ထိုးလိုက်လေ့ ရှိသည်။ မျောက်ပုံကိုတော့ ရည်ရွယ်ချက်ရှိရှိ မဆွဲခဲ့စဖူး။ ခက်သည်ဟု ထင်မိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လွယ်သည် ထင်ရသည့် လူပုံကိုဆွဲပြီး ခက်သည့် မျောက်ပုံနှင့် တူသွားသည့်အခါ ၀မ်းသာအားရ မျောက်ပုံဟုပင် နာမည် ထိုးတတ်ပါသည်။ ယခုလည်း စာတိုပေစများ ရေးသားသည့်အခါ ကျွန်တော်က ဤနည်းအတိုင်း ကျင့်သုံးဆဲပင် ဖြစ်သည်။ မိမိအတွေးအခေါ်သည် မိမိကိုယ်တိုင်ပြန်၍ နားမလည်နိုင် လောက်အောင် နက်နဲလွန်းနေသည်ဟု ကြံဖန်ဂုဏ်ယူတတ်သည်။ ကျွန်တော်ရေးနေသည်မှာ ဆောင်းပါးလား၊ အက်ဆေးလား၊ ၀တ္ထုလား၊ ကဗျာလား ရေးရင်းတန်းလန်းနှင့် မဝေခွဲတတ်။ ပြီးသွားမှသာ “အော် ငါရေးနေတာ ဒါကိုး” ဟူသော သိစိတ်ဖြင့် အထီးအမ ခွဲခြားရသည်။ ဤမျှလောက် စာရေးခြင်းအရာတွင် ပါရမီပါခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် စာကို ဖြစ်သလို ရေးတတ်သူ တစ်ယောက်ဟု ဆိုနိုင်ပါသည်။

ကျွန်တော်က စာကို ဖြစ်သလို မရေးတတ်ပါ။ စင်စစ် စေ့စေ့တွေးကြည့်လျှင် မည်သူကမျှလည်း စာကို ဖြစ်သလို ရေးနိုင်မည်မဟုတ်ပါ။ ရေးသလို ဖြစ်သွားရခြင်းသာ ဖြစ်ပါသည်။ ငယ်ငယ်က ပန်းချီဆွဲ ၀ါသနာပါခဲ့သည်။ ကျွန်တော်က တောင်တန်းတောအုပ်များ ဆွဲမည်ဆိုလျှင် စိမ်းစိုနေစေချင်သည်။ ထို့ကြောင့် အစိမ်းရောင် ခဲတံကို အသုံးပြုသည်။ ရောင်စုံခဲတံ ဆယ့်နှစ်ချောင်းထဲမှ အစိမ်းရောင်ကို ရွေးချယ်ထုတ်ယူ လိုက်ခြင်းသည် ကျွန်တော်၏ မူလ ဆုံးဖြတ်ချက် အခံသာ ဖြစ်ပါသည်။ ကျွန်တော် ဆွဲခဲ့သမျှ တောင်တန်းတို့မှာ ပုံသဏ္ဍာန်အနိမ့်အမြင့် မည်မျှပင် ကွဲလွဲစေကာမူ အစဉ်အမြဲ စိမ်းစိုနေခဲ့သည်။ ထို့ကြောင့် ခဲတစ်စက်မျှ မတို့ရသေးမီမှာပင် “စိမ်းမြမြတောင်တန်း” ဟူသည့် ပန်းချီကားနာမည်ကို ကျွန်တော် ရေးထိုးထားခဲ့ပါသည်။ စာရေးခြင်း လုပ်ငန်းစဉ်တွင် ရေးခြင်းသည် အရင်လာသည်။ ရေးလိုက်မှ ဖြစ်သွားရမည့် အရာတစ်ခုသာ ဖြစ်ပါသည်။ ဖြစ်သွားသလို ရေးလိုက်ရခြင်းသဘောသည် အဓိပ္ပာယ် မရှိပါ။ အရောင်ရွေးချယ်မှု သဘောသည် ပန်းချီဆရာ၏ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ပင် ဖြစ်ပါသည်။ ပန်းချီကား၏ ငြို့ငင်ဆွဲဆောင်အား မပါဝင်မီ ရှေးဦး ရွေးချယ်မှုသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်ရေးသမျှ စာတို့မှာ ကျွန်တော်၏ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်များမှ မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ဆုံးဖြတ်ချက်အတိုင်း ပုံပေါ်လာသည့်စာများကိုသာ ကျွန်တော်ရေးသား နိုင်ပါသည်။

ယခုမူ ကျွန်တော် ပုံဆွဲခြင်းနှင့် ပန်းချီဆွဲခြင်းတို့အား ငယ်ငယ်ကလောက် ၀ါသနာ မပါတော့ပါ။ သို့သော် တစ်ခါတရံ ဆွဲဖြစ်ပါသေးသည်။ သို့သော် ဆွဲပြီးသွားသော ပန်းချီကားအား နာမည်မထိုးဖြစ်တော့ပါ။ လူပုံနှင့် မျောက်ပုံအား ခွဲခြားခေါင်းစဉ်တပ်ရန် အသိတရားသည် ကျွန်တော့်ထံမှ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။ တောင်တန်းတို့သည် အမြဲတစေ စိမ်းလန်းနေသင့်သည်ဟူသော ကလေးဘ၀ခေါင်းမာမှုမျိုးအား ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါသည်။ ထို့အပြင် ကျွန်တော့်ထံတွင် ဆေးရောင်စုံ မရှိတော့ပါ။ ရှိသမျှအရောင်ကလေးနှင့်သာ ရောင့်ရဲစွာ ပုံဖော်နေတတ်ပါပြီ။ ထွက်ပြေးသွားသော အဓိပ္ပာယ်များနောက် စကားလုံး မလုံမလောက်နှင့် တကောက်ကောက် လိုက်နေမိခြင်းနှင့်သာ တူပါသည်။ ဤစာကို ကျွန်တော်ရေးသလို ဖြစ်လာသည့် ဖြစ်သလိုရေးသော အရေးအသားတချို့ဟု သတ်မှတ်ရန်မှလွဲ၍ ခေါင်းစဉ်အထွေအထူး တပ်နိုင်စရာ မရှိတော့ပါ။

◄ တေဇာ ► ဇန်န၀ါရီ (၁၉) ၂၀၁၀

Comments

  1. ဖြစ်သလို မရေးပဲ ရေးသလို ဖြစ်သွားတဲ့ ခေါင်းစဉ်မရှိတဲ့ စာ လာဖတ်ပါတယ်...း)

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others