သို့ လူလေးရွှေသွေး မောင်ဖိုးသား မောင်ရင်လေးက ဟိုနေ့က ကိုယ့်ကို မက်တယ်အတု နားမထောင်ဘူးလို့ ပြောပြီး အနောက်တိုင်းက မက်တယ်အစစ်ဆိုတာကြီးကို နားထောင်ခိုင်းခဲ့တယ်။ အဲဒီအကြောင်းလေးကို သေးသေးလေး ပြောပါရစေ။ အရှင်းဆုံးတစ်ချက်ကို ထောက်ရရင်တော့ မောင်ရင်လေးပြောတဲ့အထဲမှာ `မက်တယ်´ လို့ သုံးသွားတယ်။ ဘာကြောင့် `သတ္တု´ လို့ မသုံးရသလဲ။ ဒါကို စမေးရမယ်။ အကြောင်းကတော့ `မက်တယ်´ (Rock, Metal, Heavy Metal, Dead Metal etc.,) ဆိုတဲ့ ဂီတအမျိုးအစားနာမည်အတွက် မြန်မာစကားလုံး လစ်ဟနေလို့ပဲ။ သတ္တုလို့သုံးရင် ဘယ်သူမှ နားမလည်ဘဲ ရယ်စရာ ဖြစ်နေလိမ့်မယ်။ ကဲ.. အဲဒီလိုပဲ `ကော်ပီသီချင်းမဆိုဘူး၊ ကော်ပီသီချင်း မကြိုက်ဘူး´ အော်နေကြတဲ့ လူတွေဟာလည်း ဘာကြောင့် `ကူးချသီချင်းမဆိုဘူး၊ ကူးယူသီချင်း မကြိုက်ဘူး´ လို့ မသုံးဘဲ ဘာလို့ `ကော်ပီ´ (Copy) နေကြသလဲ။ ဒါဟာ မြန်မာစကားလုံး မရှိလို့ပဲ။ ဟုတ်ပြီ။ ကော်ပီသီချင်း၊ မက်တယ်သီချင်းစတဲ့ အနောက်တိုင်းဂီတအမျိုးအစားတွေကို ဂစ်တာ (Guitar) နဲ့ တီးရတယ်။ ဂစ်တာဟာ နန်းတော်ရှေ့ဆရာတင်က တီထွင်ခဲ့တဲ့ တူရိယာမဟုတ်ဘူး။ ဒီတော့ မူလဖခင်တွေကိုပဲ ကိုယ်တို့က ဆရာတင်ကြ`ရ´တယ်။ (`ရ´ တယ် ဆိုတာ Have to ကို ဆိုလိုတာ၊ သိပ်ပြီး ဘ...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။