Skip to main content

Posts

Showing posts from March, 2015

#‎deactivate‬ (Rubber Birds on the Plastic Horizon)

ဘာကြောင့်မှန်းတော့ မသိဘူး၊ နောက်က ဒိုင်နိုဆောကြီးလိုက်လာတော့ ကားကို မင်း အပြင်းအထန် မောင်းပြေးမယ်၊ ကြက်သီးမွှေးညှင်းထမယ်၊ ကြောက်မယ်၊ ဆံပင်တွေ ထောင်လာမယ် ခဏနေတော့ ကားမောင်းစွမ်းရည်ပြချင်လာမယ် လွယ်လွယ်မသေမှန်း သိလာမယ် လွတ်မြောက်ဖို့လည်း ယုံကြည်ချက်ရှိလာတယ် ဒါပေမယ့် အချိန်ကြာလာတယ်၊ ဘယ်လိုကြီးလဲ မင်း စိတ်ပျက်လာမယ် သံသယဝင်လာတယ် ကားကို လမ်းဘေးထိုးချရပ် မျက်စိမှိတ်ထားလိုက်မယ် အရာရာကို လက်ခံလိုက်တော့မယ် ခဏနေ ဒိုင်နိုဆောကြီး မင်းကိုအမှုမထားပဲ ပရိုဂရမ်တကျ ပတ်လမ်းအတိုင်း ကျော်တက်ပြေးလွှားသွားတော့ မင်း တကယ်ရူးသွားတယ်၊ တွေဝေတယ်၊ ပီးဆုံးဖြတ်ချက်ချတယ် ကားစက်နှိုးပီး အသံထွက်ပီးမီးပဲပွင့်တဲ့သေနတ်နဲ့ နောက်ကလိုက်ပစ်မယ် အဲဒီတော့ မင်းပျော်လာမယ် ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ ထင်လာမယ် မင်းနာမည်က ရမ်ဘိုလို့ မှတ်မိလာမယ်၊ ချေမှုန်းသုတ်သင်ရေးစိတ်ဝင်လာမယ် စစ်သွေးကြွလာတယ် ဒါပေမယ့် ဒါလည်း အချိန်ကြာလာတယ်၊ မင်းပျင်းလာမယ် စိတ်ကုန်သွားတယ် ကားကို လမ်းဘေးထိုးချရပ် မျက်စိမှိတ်ထားလိုက်မယ် အရာရာကို လက်ခံလိုက်တော့မယ် ဒိုင်နိုဆောအသစ်တွေ ရမ်ဘိုအသစ်တွေ မင်းဘေးက တလှည့်စီဖြတ်ပြေးသွားကြမယ် ရမ်ဘိုအကြီးတချို့က နေကာမျက်မှန်အောက်ကနေ မ

အတိုးဆုံးကဗျာများ (၅၂)

ပျော်ရွှင်မှုအသစ်တိုင်းကို စနစ်တကျ လွဲချော်ခဲ့ ရေလွှာလျှောအောက်ခြေက ဘလိပ်ဓားစတစ်ကာကို ခွာမယ် ‪#‎Paranoid‬ I ဆူးတောင်အတုနဲ့ စနောက်တဲ့သူကို မှိန်းနဲ့ ၀ိုင်းထိုးလိုက်တယ် ငါးမန်းအစစ် မလာတော့ဘူး #Deformation အရိုးစုများစွာ တွေ့ရလေ့ရှိတဲ့ ဝင်္ကပါလမ်းကို ကျော်လာတယ် သိစိတ်နဲ့ ကြောက်ပီး မသိစိတ်နဲ့ ပျော်တယ် #Labyrinth II ရှေးဦးလူသား ကျောက်ဆက်ပန်းဆွဲကို ငေးရင်း မှေးခနဲ အိပ်ပျော်သွားတဲ့ နေရာမှာ ပုံပြင်ကို မဆက်တော့ပါနဲ့ #‎Stalactites‬     အရမ်းကို အရေးကြီးသွားတယ် လက်သည်းပြင်ခြေရင်းမှာ သာတဲ့ လ,ရဲ့ အခြားတစ်ခြမ်းဟာ တကယ်မရှိဘူးတဲ့ ‪#‎Lunula‬ တေဇာ (လရောင်လမ်း) Image: 1ms.net

တစ်ကွက်စာ ပြဇာတ်

ကျွန်တော့်အိမ်ကပ်လျက်က ကော်ဖီဆိုင်မှာ ချစ်စရာကောင်းတဲ့ စားပွဲထိုးမလေးတစ်ယောက်ရှိတယ်။ အဲဒီက စားဖိုခန်းမှာလုပ်တဲ့ ဘန်နီရဲ့ အပြောအရ သူ့နာမည်က "ဆစ်ခ်မာ"။ ဘဲမရှိဘူး၊ ပြီးတော့ ဆေးလေးဝါးလေးလည်း သုံးစွဲတတ်တယ် ဆိုပဲ။ ကော်ဖီဆိုင်မှာ သူ စားပွဲထိုးမလုပ်ခင်တုန်းက ကျွန်တော် အဲဒီဆိုင်ကို ယောင်လို့တောင် မရောက်ဖူးဘူး။ အခုတော့ မနက်မိုးလင်းတာနဲ့ အဲဒီက စားပွဲတစ်ခုမှာ ကျွန်တော်အခန့်သားထိုင်နေတာကို တွေ့ရပါလိမ့်မယ်။ အက်ပရက်ဆို သောက်မယ်။ သတင်းစာထဲ ကျွန်တော်လျှောက်ဖတ်ထားတဲ့အကြောင်းတွေ၊ အခြား ဆိုင်လာထိုင်သူတွေရဲ့အကြောင်း၊ ကွတ်ကီးမုန့်အကြောင်း စသည်ဖြင့် သူနဲ့ စကားစမြည်ပြောမယ်။ တစ်ခါတလေဆို သူ့ကို ရယ်သွားအောင်တောင် ကျွန်တော် လုပ်နိုင်သေးတယ်။ သူရယ်တဲ့အခါကျ ကျွန်တော်လည်း နေလို့ထိုင်လို့ကောင်းတယ်။ ရုပ်ရှင်သွားကြည့်ကြမလားလို့ သူ့ကို ကျွန်တော် ဖိတ်ခေါ်မိလုနီးနီးဖြစ်သွားတာ မကြာခဏပဲ။ ဒါပေမယ့် ရုပ်ရှင်ကြည့်ဖို့ခေါ်တယ်ဆိုတာက ဗြောင်ကျလွန်းတယ်။ ရုပ်ရှင်ဆိုတာ ညစာစားဖို့၊ ဒါမှမဟုတ် ကမ်းခြေမှာတစ်ပတ်လောက် အချိန်သွားဖြုန်းဖို့ မဖိတ်ခင် အစပြုရမယ့် ခြေလှမ်းပဲ။ စော်တစ်ပွေကို ရုပ်ရှင်ကြည့်ဖို့ ဖိတ်ခေါ်ပြီဆိုကတည်းက တစ်ခုပဲြ