Skip to main content

Posts

Showing posts from November, 2013

အချစ်နှင့် ထိတွေ့ခြင်း [၁] (Samsa in Love)

သူနိုးလာတော့ ဂရီဂေါ်ဆမ်ဆာ အဖြစ် အသွင်ပြောင်းလဲသွားပြီဆိုတာ သိလိုက်ရတော့တယ်။ အိပ်ယာပေါ်မှာ ကျောကို အပြားလိုက်ခင်းပြီး မျက်နှာကြက်ကို သူကြည့်နေတယ်။ အလင်းရောင်မရှိလို့ မျက်လုံးတွေကို ကျင့်သားရအောင် အချိန်ယူနေရတယ်။ မျက်နှာကြက်ကတော့ သာမန်မျက်နှာကြက်မျိုးပါပဲ၊ နေရာတိုင်းမှာတွေ့နိုင်တဲ့ မျက်နှာကြက်မျိုးပဲ။ အရင်သုတ်ထားခဲ့တာကတော့ အဖြူ၊ ဒါမှမဟုတ် နို့နှစ်ရောင်ဖျော့ဖျော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဖုံတွေ အညစ်အကြေးတွေ တင်နေခဲ့လို့ အခုတော့ နို့ညစ်ရောင်ပေါက်နေပြီ။ ဖွဲ့နွဲ့ပြောပလောက်စရာ အဆင်တန်ဆာလည်း မရှိဘူး။ သူ့ကိုကြည့်ပြီး ယူဆစရာ၊ ငြင်းခုန်စရာ တစ်ခုမှ မရှိဘူး။ တည်ဆောက်ပုံအပိုင်းမှာ မျက်နှာကြက်တစ်ခုရဲ့ တာဝန်ကျေပေမယ့် ဒီထက်ပိုပြီး ဘာမှဆက်မျှော်လင့်လို့ မရတော့တဲ့ ပုံစံမျိုး။ သူ့ဘယ်ဘက်က အခန်းနံရံမှာတော့ ခပ်ရှည်ရှည် ပြတင်းပေါက်တစ်ခုရှိနေတယ်။ ဒါပေမဲ့ လိုက်ကာမရှိဘဲ သစ်သားပြားထူထူတွေကို ကန့်လန့်ဖြတ်ပြီး သံနဲ့ရိုက် ကာထားတယ်။ ကန့်လန့်ဖြတ် သစ်သားပြားတွေရဲ့ ကြားမှာ တစ်လက်မ၀န်းကျင်လောက် ဟနေတယ်၊ တမင်ဟထားတာ ဟုတ်မဟုတ်တော့ မသိရဘူး။ အဲဒီကြားကနေ နံနက်ခင်း ရောင်ခြည်တွေ ဖောက်ဝင်လာပြီး ကြမ်းပြင်ပေါ်မှ

အတိုးဆုံးကဗျာများ (၄၅)

Impetus အံ့သြမိရတယ် ပထမဆုံးကြယ်သီးလေး ဖြုတ်လိုက်ရုံနဲ့ နောက်ဟာတွေ အလိုလိုပြုတ်သွားတာ အစက အစကို နားမလည်ခဲ့ဘူး။ Drinker ဘယ်ဖန်ခွက်ကို(ကျ)မှ နှုတ်ခမ်းချင်း တေ့စုတ်ရပါလို၏လို့ မရည်ရွယ်ခဲ့သလိုပါ၊ ကြုံသလိုဆိုတာ။ Duo ကိုယ့်ကိုယ်ကိုယ်မှတဲ့အောင် မပေါင်းနိုင်တဲ့ အချိန်မှာ အထီးကျန်ခြင်းဟာလည်း စိတ်တိုစရာ ဖြစ်လာတယ် တကယ်တော့ ငါကငါ့ကို ချစ်လို့စမိတာ။ Voyage ငါ့ကိုယ်ငါ ဘယ်ရောက်လို့ရောက်မှန်းမှ မသိတော့ဘူး ဘေးတစ်ဖက်တစ်ချက် ဇင်ယော်လေးတွေ ယှဉ်ရက်သား ပျံသန်းခဲ့ချိန်ဟာ အတော်ကျန်ခဲ့ပေါ့။ Guilt အပြန်မှာချည်း ဖြတ်လျှောက်လေ့ရှိတဲ့ လူတစ်ယောက်ကို ဆင်ခြေလျောလမ်းကလေးက ဘယ်လိုသဘောထားမလဲ ဒီနေ့လည်း အပြစ်မကင်းခဲ့ပါဘူး။ တေဇာ (လရောင်လမ်း)

အတိုးဆုံးကဗျာများ (၄၄)

Pristineness အဲဒီလို သူတစ်ကိုယ်တည်း ရိုးဖြောင့်လှပနေပုံဟာ ငါ့အဓိပ္ပာယ်တွေနဲ့ ကောက်ပစ်ရက်စရာ မရှိခဲ့ ရှိပါစေကွဲ့ပဲပေါ့လေ။ Hibernation Mode ၀က်ဝံပေါက်စနလေး တစ်ကောင်လို ဆောင်းခိုတယ် လူမသိသူမသိ အရေခွံထူရသည့်နေ့များ ငါ့မှာ မအားလပ်ခဲ့ပါဘူး။ Defense Mechanism   နောက်ဆုံးပဲလေ ကျွန်တော့် ရဲတိုက်ကလေး နင်းခြေဖျက်ဆီး ခံရပြီးကတည်းက အဲဒီသဲပုံမှာ သွားမဆော့ဖြစ်တော့ဘူး။ Curiosity မုန်တိုင်းဆဲစ အကြွင်းအကျန်အစအနတွေကြား မွှေနှောက်ရှာဖွေနေတဲ့ ကလေးလေးလို ရင်ဖိုတယ် ဒီလိုမသိသားဆိုးရွားစွာ ကမ္ဘာပျက်ကြီးမှာ ငါပျော်တယ်။ Identity II နံချပ်ကူမှ မကိုင်ရရင် လိပ်နင်ဂျာလည်း မလုပ်တော့ဘူး ငါ့သီးခြားဝိသေသလေးတော့ ပေးကြပါ။ တေဇာ (လရောင်လမ်း)