Skip to main content

Posts

Showing posts from September, 2009

ဘာသာတရားသည် လူသားတိုင်းအတွက်လား ?

ဘာသာတရားဆိုရာမှာ ခရစ်ယန်၊ ဟိန္ဒူ၊ အစ်စလာမ်၊ ဗုဒ္ဓ စတဲ့ လူများစုကိုးကွယ်တဲ့ ဘာသာတရားကြီးတွေကို ဆိုလိုတာလို့ ယူပါမယ်။ ဘာသာတရားလို့ သုံးနှုန်းထားတဲ့ အတွက် မေးခွန်းဟာ မည်သည့်ဘာသာ ပဲဖြစ်ဖြစ် ဘာသာတရား တစ်ခုခုကို ယုံကြည်ကိုးကွယ်နေခြင်းဟာ လူသားတွေ အတွက်လိုအပ်သလားလို့ ဆိုလိုချင်တာလို့ မှတ်ယူပါတယ်။ ဗုဒ္ဓဘာသာရယ်မှ ခရစ်ယန်ရယ်မှ တစ်သီးတခြား ဘာသာတရားတစ်ခုခုဟာ ပိုကောင်းတယ်လို့ မေးခွန်းထုတ်ချင်တာမဟုတ်ပါဘူး။ ဒီတော့ ဘာသာတရား ကိုးကွယ်မှုမရှိတဲ့လူတွေ (Atheist, Non Believer, Free Thinker) အကြောင်း နည်းနည်းပြောဖို့လိုပါတယ်။ လတ်တလောအခြေအနေအရ ကမ္ဘာ့နိုင်ငံတိုင်းမှာ မယုံကြည်သူ (Non Believer) အရေအတွက်ဟာ ခိုင်ခိုင်မာမာ တည်ရှိနေတာပါ။ အကြမ်းဖျင်း ကိန်းကဏန်းများကို ပြောရရင် အမေရိကမှာ (၃%)၊ စင်္ကာပူ (၁၃%)၊ ရုရှား (၂၄%)၊ သြစတြေးလျ (၂၄%)၊ အင်္ဂလန် (၃၁%)၊ ဂျာမနီ (၄၁%)၊ ဂျပန် (၆၄%)နဲ့ ဗီယက်နမ်မှာဆိုရင် (၈၁%) အထိ လူများစုဟာ မယုံကြည်သူများဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ ဒီစာရင်းဟာ မတိကျဘူးလို့ ထောက်ပြနိုင်ပေမဲ့ အမှန်နဲ့ နီးစပ်မှုရှိတယ်လို့တော့ ယူဆနိုင်ပါလိမ့်မယ်။ အပြည့်အစုံကို ဒီနေရာ မှာ သွားရောက်လေ့လာနိုင်ပါတယ်။ ဒီတော့ ဘာသာမဲ့အရေအတွက

အချစ်ပုစ္ဆာ (သို့) အချစ် အဖြေလွှာ ... ♥

မင်းကို ချစ်ခဲ့တဲ့အခါ ... စကားလုံးများက လွယ်လွယ်ကူကူမထွက်လာ ... ပတ်ချာလည်ပြီးသာ ကိုယ်ထွက်သွားခဲ့တာ ... ကိုယ်မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ ... ဖွင့်ဟဖို့ လှမ်းမျှော်ရင်းနဲ့သာ ... မင်းကို ချစ်မိခဲ့တဲ့အခါမှာပေါ့… ။ If I loved you, Words wouldn't come in an easy way- Round in circles I'd go! Longing to tell you ... How I loved you- If I loved you. ~Carousel~ ချစ်မိပြီဆိုတဲ့အချိန်မှာ ချစ်မိတဲ့သူအကြောင်းကို ကျွန်တော်တို့ မသိပါဘူး။ သူဟာ ပုစ္ဆာဆန်ပါတယ်။ စိတ်ထဲမှာ၊ ဒါမှမဟုတ် လမ်းမပေါ်မှာ သူ့ကိုသာ ကျွန်တော်တို့ဟာ မရပ်မနားရှာဖွေနေမိပါတယ်။ အမှတ်တမဲ့သဘောမျိုး သူနဲ့တွေ့ဆုံနိုင်မယ့်အခွင့်အလမ်းတွေ ကျွန်တော်တို့ “ဖန်တီး” ကြပါတယ်။ တွေ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ဟာ မ၀ံ့မရဲနဲ့ အယောင်ယောင်အမှားမှား ဖြစ်နေတတ်ကြပြန်တယ်။ ချစ်ရသူကို ကျွန်တော်တို့ အကြာကြီးစိုက်ကြည့်ချင်တယ်၊ သူ့ရဲ့ကိုယ်သင်းရနံ့လေးကို ရှူရှိုက်ချင်တယ်၊ သူ့ရဲ့ ကောင်းခြင်းတရားတွေအပေါ်မှာ ပျော်ဝင်မယ်။ ကျွန်တော်တို့ရဲ့အပြုအမူတိုင်းဟာ အချစ်နဲ့သာ ဖုံးလွှမ်းနေမယ်။ ကမ္ဘာကြီးဟာ သစ်လွှင်တောက်ပနေပါလိမ့်မယ်။

ဗဟိုချက်မဲ့လှုပ်ခတ်ခဲ့သော စိတ်တွင်းငလျင်လှိုင်းများ

ပန်းအိုးတစ်လုံးကွဲကြေနေသလို အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲနေသော ဘ၀အပိုင်းအစများအား ဂျစ်ဆောစပ်ရန် မဖြစ်နိုင်ကြောင်း မူလတန်းကျောင်းသားဘ၀ကပင် သိခဲ့သင့်ပေသည်။ ကလေးဘ၀၏ Multiple Choice မေးခွန်းများအတွက် သူ၏ ခိုင်မာသောအဖြေမှာ ဆရာဝန်ကြီးနှင့် စစ်ဗိုလ်ကြီးတို့မဟုတ်ခဲ့ပါ။ ကြောက်ကြောက်ရွံ့ရွံ့ ခေါင်းခါပြနေသော ကလေးငယ်အား “ရည်မှန်းချက်ထားရတယ်လေ သားရဲ့” ဟု ရက်ရက်စက်စက် နှုတ်မှထွက်ဝံ့သော အဆိုပါ အရွယ်ရောက်သူ (လူကြီး) ဆိုသူများကို ယနေ့အချိန်တွင် သူနာကျည်းနေမိလိမ့်မည်။ သူသည် ရည်ရွယ်ချက်များ ကင်းမဲ့သွားသော စိတ်အခြေအနေနှင့် အယူသည်းမှုများကို အယူသည်းစွာဆန့်ကျင်နေသော Uncertainty သဘောတရားကို သေသေချာချာယုံကြည်နေသူ တစ်ယောက်သာဖြစ်သည်။ ပန်းတိုင်တစ်ခုခု၏ သွေးဆောင်ပြုစားမှုကြောင့် အနည်းငယ်မျှသာ ကိုယ်တာရရှိသော ဘ၀တစ်ခုလုံးအား လုံးဝထိုးအပ်လိုက်ရသည့်အဖြစ်မျိုးမှ သူ့ကိုယ်သူ အချိန်မီကယ်တင်နိုင်ခဲ့သည်။ ကွင်းအပြင်သို့ ဘောလုံးကိုဆွဲပြေးသွားသော ကစားသမားမှာ သူဖြစ်သည်။ ဒိုင်လူကြီးကိုပါ ပြိုင်ဘက်နှင့်အတူ တစ်ပါထဲအလဲထိုးလိုက်သောလက်ဝှေ့သမားမှာ သူဖြစ်သည်။ တောကြီးမျက်မဲကြီးထဲတွင် လမ်းပျောက်အောင်ကြိုးစားရခြင်းသည် တကယ်မလွယ်ကူကြောင်း ကြုံဖ

အခု ... ?

အခုဘာဖြစ်နေတာလဲ...? ကျွန်တော်မေးပါရစေ၊ ခင်ဗျားသိလား။ အခု ကျွန်တော်စာရေးနေတယ်။ လေးကြောင်းမြောက်ဝါကျကို ရောက်ပြီ။ အခု ငါးကြောင်းမြောက်။ ဟော... ခြောက်ကြောင်း...! မဟုတ်သေးဘူး... ကျွန်တော်က ရေးနေတာတော့ဟုတ်ပါပြီ၊ ခင်ဗျားက ဖတ်နေတာပဲ။ ရှစ်ကြောင်းမြောက်ဝါကျကိုဖတ်နေပြီ။ အခု ကိုးကြောင်းမြောက်....။ ဒါလည်း မဟုတ်သေးပါဘူး။ ငယ်ငယ်က လောက်စာလုံးလေးတွေကို ပစ်ဆော့တဲ့ ကစားနည်းဆော့တယ်။ ကျွန်တော်က ပိစိကွေးလေး...။ သူငယ်တန်းကျောင်းသားလေးပေါ့။ ရွာက တခြားကစားဖော်သူငယ်ချင်းတွေက အကုန် အသက်ကြီးမှ ကျောင်းတက်ကြတာ...။ ကျွန်တော့်ထက် လေးငါးနှစ် ကြီးကြတဲ့ လူတွေချည်းပဲ။ သူတို့က လက်လည်းတည့်တယ်...။ ကစားတိုင်း ကျွန်တော် ရှုံးတာချည်းပဲ။ လောက်စာလုံးက ရွှံ့စေးစေးပိုင်ပိုင်ကို ကိုယ်တိုင်ရှာတူးပြီး စိတ်ရှည်လက်ရှည်လုံးထားရတာ...။ ကျွန်တော့် လောက်စာလုံးလေးတွေ ရှုံးရင် နှမျောတယ်။ အဲဒါပေမဲ့ မကစားလို့လဲ မဖြစ်ပြန်ဘူး။ နေ့တိုင်းကစားလာတာ...။ ပြီးတော့ ကျွန်တော့်မှာ လောက်စာလုံးလေးတွေ ရှိနေတယ်လေ...။ ဒီနေ့ မပါသေးဘူး ပြောလို့လဲ မဖြစ်ပြန်ဘူး။ မင်း ငကြောက်ပဲလို့ အပြောခံရမှာလည်း စိုးတယ်။ ဆော့ရင်လည်း ကျိန်းသေပေါက်ရှုံးမှာပဲ။ နည်းနည်းရှုံးနဲ့ များများ

“သေဟဲ့နန္ဒိယ...”

မြန်မာစကားပုံများ၊ စာစကားများမှာ နောက်ခံပုံပြင်လေးတွေ ရှိတတ်ကြပါတယ်။ “အားနာရင်ခါးပါတယ်” ဆိုတဲ့ စကားရဲ့ နောက်ကြောင်းပုံပြင်ကို ဖော်ပြပေးဖူးပါတယ်။ ခုတစ်ခါ “သေဟဲ့နန္ဒိယ” ဆိုတဲ့ စကားရဲ့ နောက်ခံပုံပြင်ကို ပြောပြချင်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရင်းက သိခဲ့ရခြင်းပါ။ တကယ်တော့ ဒီစကားဟာ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ပြောရမယ့်စကားပါ။ ဒီတော့ နန္ဒိယဆိုတဲ့ ရဟန်းတော်၊ ဒါမှမဟုတ် ကိုရင်လေးတစ်ပါးပါးက ကိုယ့်ကိုယ်ကို မကျေနပ်လို့ ရေရွတ်ခဲ့တဲ့စကားလား ထင်မှတ်မှားစရာပါ။ အဖြစ်မှန်က အဲဒီ နန္ဒိယဟာ အလွန်ဆော်ကြည်ပါသတဲ့။ “ရုပ်ရှိရေလျှံ”၊ “ဟန်းဆန်းယန်းမန်း” (Handsome Young Man) လေးပေါ့။ ဘယ်လောက်ထိ ကြည်သလဲဆိုရင် လူ့ပြည်တင်မကဘူး နတ်ပြည်က နတ်သမီးတွေကတောင် သူ့ကို ကြိတ်ခိုက်နေကြတယ်ဆိုပဲ...။ အဲဒီလောက် ရုပ်ဖြောင့်တဲ့နန္ဒိယဟာ မြတ်စွာဘုရားအတွက် ကျောင်းဆောက်လုပ်လှူဒါန်းခဲ့ပါသတဲ့။ ဒီတော့ သေရင်နတ်ပြည်တက်ရမယ့် လက်မှတ်ရထားသူပေါ့။ နတ်သမီးတွေကလဲ နန္ဒိယနဲ့ အမြန်ဆုံးနှစ်ပါးသွားချင်လှပြီ။ နန္ဒိယကလည်း ကျောင်းဆောက်လှူထားတဲ့ ဒါနကုသိုလ်တွေကြောင့် သက်ရှည်ကျန်းမာပြီး မသေနိုင်သေး။ နတ်သမီးတွေက နတ်ပြည်ကနေ ဆွေ့ဆွေ့ခုန်နေကြတယ်။ ကြာတော့ အသံထွက်အောင်တောင် န

“ကမ္ဘာပေါင်းစုံ သိုလှောင်ရုံ”

အညိုရောင်အုတ်ခဲကျိုးများကို အသုံးပြုပြီး ဖြစ်သလို ပြုလုပ်ထားသော ကျဉ်းမြောင်းရှည်လျားသည့် လမ်းကလေး အဆုံးသို့ “ဦးဒိဗ္ဗ” ရောက်လာသောအခါ “ကမ္ဘာပေါင်းစုံသိုလှောင်ရုံ” ဟု မိတ်ဆွေတစ်ဦးကပြောလိုက်သော ကုန်လှောင်ရုံ အဟောင်းကြီးကို တွေ့ရ၏။ ထိုအဆောက်အဦ၏ ရှေ့နောက်ဝဲယာတွင် အိမ်ထောင်ပရိဘောဂ အဟောင်းများ၊ စွန့်ပစ်ကားပစ္စည်းများ၊ အုတ်ကျိုးအုတ်ပဲ့များ ရှိကြ၏။ သူ့နောက်မှ တစ်ဦးတစ်ယောက် လိုက်လာခြင်း ရှိမရှိသိရအောင် ဦးဒိဗ္ဗ နောက်လှည့်ကြည့်သည်။ လူတစ်ယောက်မှ မမြင်ရ။ ဆောင်းတွင်းကာလဖြစ်၍ လမ်းပေါ်တွင် လူသူရှင်းလင်းနေသည်။ ချိုင်းကြားတွင် ညှပ်ယူလာခဲ့သောအထုပ်ကို တစ်ချက်စမ်းကြည့်ပြီး ကုန်လှောင်ရုံ တံခါးကို အသာတွန်းဖွင့်ကာ အတွင်းသို့ ဦးဒိဗ္ဗလျှောဝင်လိုက်သည်။

“အဂ္ဂိရတ်” (Alchemy)

သူ၏ မှုန်ကုပ်ကုပ်အခန်း မျက်နှာကျက်တွင် ကြပ်ခိုးများဖြင့် ပြည့်နေ၏။ ကြမ်းပြင်သည် မြေကြီးသာ ဖြစ်သည်။ တံခါးရွက်မပါရှိသော ပြတင်းပေါက်ပေါက်ဆန်ဆန် အပေါက်ကျဉ်းကျဉ်းလေးတစ်ပေါက် ရှိ၏။ အခန်းဆိုသော်လည်း ထရံကာ တဲကလေးတစ်ခုမျှသာ ဖြစ်သည်။ သူ၏ စိတ်တို့က တရှူးရှူးမြည်နေသော ဖိုထဲတွင် နစ်ဝင်နေသည်။ ဤဖိုထဲတွင် သံပါဝင်၏။ ခဲပါဝင်၏။ ဇာတိပ္ပိုလ်သီး တစ်ရွေးသား ပါဝင်၏။ ဇနီးသည်၏ နောက်ဆုံးလက်ကျန် တစ်မတ်သားရွှေလက်စွပ်လေး ပါဝင်၏။ လူ့သက်တမ်း နှစ်ပေါင်း ခုနစ်ဆယ်ပါဝင်၏။ ဘ၀တစ်ခု ပါဝင်၏။ ကယ်တင်ခြင်းဂရုဏာတရား ကမ္ဘာနှင့်ချီ၍ ပါဝင်၏။ မသေခြင်းတရား (Immortal) ပါဝင်၏။ ဆွေမျိုးအသိုင်းအ၀ိုင်းများ၏ မသဒ္ဓါသော အသပြာများ ပါဝင်၏။ ဤသို့ ပါဝင်ပစ္စည်းများအားလုံး၏ သမမျှတသော အခြေအနေတစ်ရပ်တွင် ပတ္တမြားမိုး ရွာလိမ့်မည်ဟု သူသိသည်။ ပတ္တမြားမိုးရာသီဆီသို့ မျှော်လင့်ချက်ဖြင့် နှစ်ပေါင်းခုနစ်ဆယ်ခရီးထွက်ခဲ့သော လူသားတစ်ဦးမှာ ထိုအဘိုးအိုပင် ဖြစ်သည်။ <<<<<<<<<<<<<<<<>>>>>>>>>>>>>>>> ထိုအမြုတေကို အမြုတေအဖြစ်အသိအမှတ်ပြုနိုင်စွမ်းသည့် မည်သည့်ပညာရှိမျှ လူ့လောကတွင် ရ

“အမှန်တကယ် နေညိုချိန်တိမ်တောက်ခဲ့ဖူးသော ....... ”

အမှန်တကယ် နေညိုချိန်တိမ်တောက်သော ညနေခင်းများ သူ့ဘ၀တွင် ရှိခဲ့ဖူးသည်။ ရွာလမ်းလေး ရှိခဲ့ဖူးသည်။ သို့သော် ထိုရွာတွင် စာဥတို့သူငယ်ချင်းမ တစ်စုတော့ မရှိခဲ့ပါ။ “ဒေစီနာနတ်” “ခါးကုန်းမဲကောင်” “ကုလားလေး သန်းထိုက်” “ငလီး” “၀ိဇ္ဇာမောင်” စသည့် သူနှင့်သိသော ရွာသူရွာသားတချို့တော့ ရှိခဲ့ဖူးသည်။ မိုးရေတက်ရေ တဖွေးဖွေး လယ်ကွင်းများ ရှိခဲ့ဖူးသည်။ ခြံစပ်ရှိ “အဖျား” ရှိခဲ့ဖူးသည်။ ကုက္ကိုပင်တန်း ရှိခဲ့ဖူးသည်။ အိမ်ငယ်တစ်လုံးစာမျှရှိသော ကောက်ရိုးပုံကြီး ရှိခဲ့ဖူးသည်။ သရက်ပါးနီသီးနှင့် “ပနီ” (အုန်းပင်) ပင်ကြီး ရှိခဲ့ဖူးသည်။ လင်းမြွေအကိုက်ခံရသော မေမေ့၏ ရွှံ့နွံထဲမှ ခြေရာတချို့ ရှိခဲ့ဖူးသည်။ သရဲခြောက်သည်ဟု နာမည်ကြီးသော ကသစ်ပင်ချောင်းကွေ့တွင် နေ၀င်ရီသရောအချိန် တစ်ယောက်ထဲလှေလှော်ရင်း သစ်မြစ်နှင့်ညိနေသော သွေးပျက်ဖွယ်အချိန်ခဏ ရှိခဲ့ဖူးသည်။ နှစ်ကြိမ်တိုင်တိုင် နားထင်ကို ခုန်အုပ်ပြီးကိုက်ခဲသော “အောင်နက်” ဆိုသည့် မည်းနက်နက်ခွေးတစ်ကောင် ရှိခဲ့ဖူးသည်။ တာတွင်းတာပြင် လယ်ဧကသုံးဆယ်မျှ စိုက်ပျိုးလေ့ရှိသော ဦးလေးဒေါ်လေးနှစ်ကျိပ်ခန့် ရှိခဲ့ဖူးသည်။ ရေပေါင်းလန်နေသော ချောင်းထက်က ၀ါးလုံးထိုးတံတားကို သူ မကူးတတ်သဖြင့် တာပေါ်တွင်ကစားရန် ခေ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

“ဥပေက္ခာနှင့် တာဝန်”

တလောက Facebook ပေါ်မှာ မြန်မာမော်ဒယ်ဆိုတဲ့ Link တစ်ခု တင်ထားတာတွေ့လို့ ၀င်ကြည့်မိပါတယ်။ ဘီကီနီဝတ် မြန်မာမော်ဒယ်လေးရဲ့ ပုံက Click မနှိပ်နှိပ်မိအောင် ဆွဲဆောင်နေသလို ဖြစ်နေတယ် :P ။ နာမည်က မေဘယ်စိုးဆိုလား...။ ကောင်မလေးက ကျွန်တော့်အမြင်မှာတော့ မဆိုးပါ။ မဆိုးပါဆိုတာ... တင်ထားတော့လည်း ကြည့်လိုက်တဲ့သဘောကိုပြောတာပါ။ အပြစ်ပြောစရာ ဘာဘာညာညာ ရှာမတွေ့ဘူးလို့ ပြောတာပါ။ အဲ... ဒါပေမဲ့ အောက်နားမှာတော့ “အမည်မဖော်လိုတစ်ဦး” (Anonymous) က ဒီလို Comment ပေးထားတာ တွေ့ရပါတယ်။ “ဗမာမတွေ ဖက်ရှင်အကြောင်းကို နားမလည်တာလား၊ ဘာလားမသိ၊ ဒီရေကူးဝတ်စုံဟာ အပေါစားဆန်လွန်းလို့  ဘယ်သူမှ ၀တ်မဲ့လူမရှိဘူး။ အင်တာနက်ကို နည်းနည်းပါးပါးတက်ကြည့်ပြီးမှ ဖက်ရှင်ပုံ ရိုက်ကြပါ” တဲ့...။ အထက်ပါ Comment ရှင်ကို စိတ်ထဲက နည်းနည်းချဉ်သွားမိတာတော့ အမှန်ပါပဲ။ ရေကူးဝတ်စုံနဲ့ Post ပေးတာ ဘာပြဿနာများရှိလဲ ကျွန်တော် စဉ်းစားမရပါဘူး။ လက်လည်းမခံပါဘူး။ အကယ်၍ မြန်မာ့ ယဉ်ကျေးမှုရှုထောင့်အရ ပြောမယ်ဆိုရင်တော့ စဉ်းစားစရာတချို့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အမြင် သက်သက်အရတော့ ကန့်ကွက်စရာအကြောင်း လုံးဝမရှိပါဘူး။ ဒီတော့ အောက်ကနေ ဒီလို Comment ပြန်ပေးမိလို

“သတ္တ၀ါတစ်ကောင်၏ သတ္တ၀ါတို့အပေါ် အမြင်”

မီမီမီ... ခေါ်လို့မှ လှည့်ကြည့်ရကောင်းမှန်းမသိသော နယူးဒေလီမြို့မှ ကြောင်များကို သူ မချစ်ပါ။ လူသားတစ်ယောက်က တရေးတယူ ခေါ်တာတောင် ဂရုစိုက်ဖော်မရသည့် မာနကြီးလှသော ကြောင်လေကြောင်လွင့်ကြီးများ တိုက်ခေါင်မိုးပေါ်တွင် အိနြေ္ဒကြီးစွာ အိပ်စက်နားနေပါသည်။ ဒေါင်းနှင့်မျောက်များ ရံဖန်ရံခါ တွေ့ရသည်။ နွားများ ကတ္တရာလမ်းမများပေါ်တွင် လမ်းသလားနေသည်။ မျောက်နှင့် ဒေါင်းကို အိန္ဒိယနိုင်ငံတွင် ဘေးမဲ့ပေးထားသည် ဆို၏။ ဒေါင်းက နိုင်ငံတော်ငှက်၊ မျောက်က ဘုရားဟု ဆိုသည်။ သူအမည်မသိသော မြင့်မားလှသည့်သစ်ပင်ကြီးများပေါ်တွင် ဒေါင်းကြီးများ နားနေသည်မှာ သူ့အတွက် တနည်းတဖုံကြောက်မက်ဖွယ် ကောင်းနေသည်။ ပျူစောထီးပုံပြင်ထဲက ရှူးပျံကြီးကိုကြောက်ခဲ့သော ငယ်စဉ်ဘ၀ အစွဲအလမ်းများကြောင့်လည်း ဖြစ်နိုင်သည်။ အရောင်အသွေးစုံလင်လှပသော ဒေါင်းမြီးများကိုမူ ကလေးဘ၀ထဲက သူ စိတ်ဝင်တစားမရှိခဲ့ပါ။ နွားများကတော့ ရန်ကုန်မြို့ရှိလမ်းဘေးခွေးများပမာ လမ်းဘေးနွားများသာ ဖြစ်သည်။ လူကို တစ်စက်ကလေးမှမကြောက်။ ကားလာလည်း လမ်းမဖယ်ပေး။ လမ်းမပေါ်တွင်ပင် ခပ်တည်တည်နေရာယူထားသည်။ အလိုလိုက်ထားလို့ ဆိုးသွမ်းနေသော ချာတိတ်များလို့သာ သူ သဘောထားရသည်။ <<<<<<<<&l

“မျက်မမြင်နှင့် အလင်းရောင်”

အ၀ိဇ္ဇာဖုံးနေတဲ့လူသားတွေကို၊ အမှန်တရားကို မမြင်နိုင်တဲ့ လူသားတွေကို၊ ဘုရားတရားသံဃာ ရတနာသုံးပါးကို မမြင်နိုင်တဲ့ လူသားတွေကို၊ နိဗ္ဗာန်ကို မမြင်နိုင်တဲ့ လူသားတွေကို ဗုဒ္ဓမြတ်စွာဘုရားရှင်က “မွေးရာပါမျက်မမြင်နဲ့ အလင်းရောင်” ကို ဥပမာပေးပြီး ဟောကြားတော်မူပါတယ်။ မွေးရာပါမျက်မမြင်တစ်ယောက်ဟာ အလင်းရောင်ဆိုတဲ့အရာ ရှိကြောင်း လက်မခံပါဘူး။ အမှန်တရားကို မမြင်တွေ့နိုင်ပါဘူး။ နေမင်းကြီးရဲ့ ပုံသဏ္ဍာန်ကိုဖွင့်ဆိုပြီး လုံးဝန်းတယ်လို့ပြောပြော၊ မီးကို ပမာယူပြီး ပူတယ်လို့ဆိုဆို အလင်းရောင်ရဲ့ မူလသဘာဝ အနှစ်သာရကို မွေးရာပါမျက်မမြင်တစ်ယောက်အနေနဲ့ လုံးဝ ခံစားနားလည်နိုင်မှာမဟုတ်ပါဘူး။ ဘုရားဆိုတာမရှိ၊ တရားဆိုတာမရှိ ဆိုတဲ့လူတွေကို ဗုဒ္ဓမြတ်စွာဘုရားက ဒီဥပမာလေးနဲ့ ထင်သာမြင်သာရှိအောင် ဟောကြားဆုံးမခဲ့ပါတယ်။ ဒီဥပမာဟာ အရမ်းကို ရှင်းလင်းပါတယ်။ ယုံကြည်မှုမရှိတဲ့လူတွေဟာ မွေးရာပါမျက်မမြင်များပမာသာဖြစ်ကြောင်း ကျွန်တော်တို့ သိရပြီ။ ဆက်လက်စဉ်းစားကြည့်ကြရအောင်ပါ။ အကယ်၍ မိတ်ဆွေဟာ “မွေးရာပါမျက်မမြင်တစ်ယောက်” ဖြစ်တယ်ဆိုပါတော့။ မျက်စိမြင်ရတဲ့လူတွေက မိတ်ဆွေကို အလင်းရောင်အကြောင်း ရှင်းပြနေပြီဆိုပါတော့။ မိတ်ဆွေ ဘယ်လိုတုံ့ပြန်မလဲ...။ အဖြေက ရ

“ယုံကြည်ချက်နှင့် သေဒဏ်”

ဘာသာကူးပြောင်းသူများကို ဥပဒေကြောင်းအရ တရားဝင်သေဒဏ်ပေးနိုင်ရန် အီရန် အဆိုပြု အီရန်လူသတ်အစိုးရက အစ်စလမ်ဘာသာကို စွန့်ခွာသူများအား ဥပဒေကြောင်းအရ သေဒဏ်ပေးရန် စဉ်းစားနေပြီဟု Institute of Religious and Public Policy (IRPP) လူ့အခွင့်အရေးအုပ်စုက ပြောကြားသည်။ ဘာသာရေးယုံကြည်ချက် ကူးပြောင်းသူများကို သေဒဏ်ပေးရန်တောင်းဆိုသော ပြစ်မှုပြစ်ဒဏ်စနစ်အား အဆိုပြုချက်သည် အီရန်နိုင်ငံ၏ သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု IRPP က ဖေဖော်ဝါရီလ (၅) ရက်နေ့က ထုတ်ပြန်သည်။ “ဘာသာရေးကူးပြောင်းယုံကြည်မှုဟာ အမြဲတမ်း တရားမ၀င်တဲ့ ကိစ္စရပ်ပါ။ တရားရုံးတွေအနေနဲ့ ထောင်ဒဏ်၊ အလုပ်ကြမ်းနဲ့ သေဒဏ် စတာတွေကို ချမှတ်နိုင်တယ်။ အခုတော့ ဘာသာရေးကူးပြောင်းသူတွေကို သေဒဏ် တစ်ခုတည်းသာ ချမှတ်တော့မှာ ဖြစ်ပါတယ်” ဟု IRPP ဥက္ကဌ ဂျိုးဇက် ဂရီဘော့စကီး (Joseph Grieboski) က ပြောကြားသည်။ အီရန်သည် ဘာသာကူးပြောင်းသူများဥပဒေ (Apostasy Law) ကို ခရစ်ယန်ဘာသာသို့ ကူးပြောင်းသွားသော မူဆလင်များ၊ သဘောထားပျော့ပြောင်းသော လစ်ဘရယ်သမားများနှင့် အီရန်နိုင်ငံ၏ လူနည်းစုဘာသာဝင်များသို့ ပစ်မှတ်ထား အသုံးပြုခဲ့သည်။ “ဒါဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ အစ်စလမ

“နားလည်ရန်ခက်ခဲသော အမှားများ”

I cross the stream ... I have a dream ... စမ်းချောင်းလေးကို ဖြတ်... အိပ်မက်တစ်ခု ငါ့မှာ ရှိတယ်.. . <<<<<<<<<<<<<<<<>>>>>>>>>>>>>>>> တစ်နေ့နေ့တစ်ချိန်ချိန်တွင် မဟာဘွဲ့မရမချင်း ဆံပင်ရှည်ထားမည်ဟု ဆုံးဖြတ်ချက်ချရန်... သူ၏ ဆံပင်ခပ်ပါးပါး ဦးခေါင်းအားပွတ်၍ မနေ့ညက သူ ဆုံးဖြတ်ချက်ချခဲ့သည်။ ဖီဒယ်ကတ်စထရို သက်ရှိထင်ရှား ရှိနေပါသေးသည်။ ထိုတော်လှန်ရေးခေါင်းဆောင်ကြီးသည် အရပ်ရှည်သလောက် အသက်လည်း ရှည်သည်။ သို့သော် သူ၏ ဆုံးဖြတ်ချက်ချရန် ဆုံးဖြတ်ချက်ချမှုသည် ကျူးဘားတော်လှန်ရေး မအောင်မြင်မချင်း မုတ်ဆိတ်မရိတ်ဟု ဆုံးဖြတ်ချက်ချခဲ့သော ဖီဒယ်ကတ်စထရိုနှင့် မသက်ဆိုင်ပါ။ သူရဲကောင်း ကိုးကွယ်မှုဝါဒသည် သူ၏နောက်ကျောရှိ မှုန်ဝါးဝါးနှစ်ကာလများ၌ အချိန်အတန်ကြာထဲက ကျကျန်ရစ်ခဲ့ပြီဖြစ်သည်။ အိပ်မပျော်သော ညများ၏ ခြောက်အိပ်မက်တစ်ခုကို ယာယီကုစားရန်အတွက်သာ ထိုဆုံးဖြတ်ချက်အား ဆေးလုံးတစ်လုံးလို သူ မျိုချခဲ့မိခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ <<<<<<<<<<<<<<<<>>>>>>>>>>>

“မိုးရွာပြီးစ စက်တင်ဘာညနေခင်း”

လူတို့၏ ပညတ်ထားခြင်းများထဲမှ တစ်ခုသာဖြစ်သော သာမန်ထက်မထူးခြားလှသည့် စက်တင်ဘာလသို့ တစ်ခါပြန်ရောက်ခဲ့လေပြီ။ “အချိန်တွေကုန်တာ မြန်လွန်းတယ်” ဟု နားက ကြားရဖန်များလွန်းခဲ့၍ ပါးစပ်က ထုတ်ဖော် ရေရွတ်ရန်ပင် သူ ဆွံ့အခဲ့ပြီ။ မည်သို့မျှ ထူးခြားမှုမရှိဘူးပဲဆိုဆို၊ အံဖွယ်ဘနန်းလို့ပဲပြောပြော ဤကမ္ဘာလောကကြီးအတွင်းသို့ သူ ရောက်ရှိခဲ့ သည်မှာ နှစ်ပေါင်းနှစ်ဒါဇင်အတိနီးနီးရှိခဲ့ပြီဖြစ်သည်။ အသက်တစ်နှစ် ကြီးသွားတော့မည်ဆိုသော အသိသည် သူ့အတွက် ဘာမျှထူးထူးခြားခြားမရှိ။ နေ့စဉ်နှင့်အမျှ ဘ၀ရှင်သန်မှုနာရီများ တတိတိတိုက်စားခံခဲ့ရကြောင်းကို အမြဲတမ်း သူသတိပြုနေခဲ့မိသည်သာဖြစ်သည်။ ထို့ကြောင့် မကြာခင် နှစ်ဒါဇင် ပြည့်မည့်အရေးထက် သူ၏စိတ်တို့က လွန်ခဲ့သော သုံးနှစ်ခန့်က စက်တင်ဘာညနေခင်းတစ်ခုဆီသို့သာ ပြန်လည်ကျက်စားနေ ခဲ့သည်။

“ဗေဒင်ဆရာ၏ နေ့”

အချိန်မှန်နေ့လည်ခင်းလောက်တွင် သူ့အိတ်ကို ဖွင့်လိုက်ပြီး အိတ်ထဲမှ သူ၏ အသက်မွေးမှု ပစ္စည်းပစ္စယများကို ဖြန့်ခင်းလိုက်သည်။ ကျွဲခွာ တစ်ဒါဇင်ခန့်၊ ခပ်ဝါးဝါးအင်းကွက် အပေါ်တွင်ပါရှိသော စတုရန်းပုံအ၀တ်စတစ်စ၊ မှတ်စုစာအုပ်တစ်အုပ်နှင့် ရှေးဟောင်း ပရပိုဒ်စာများ ပါဝင်သည်။ သူ၏ နဖူးပြင်က အနီစက်တစ်စက်နှင့် မှော်ဝင် ပြာမှုန့်တို့ဖြင့် လေးစားခန့်ညားဖွယ်ရာပင်။ သူ့မျက်လုံးက ပုံမှန်မဟုတ်သည့် စူးရှသော ရောင်စဉ်တစ်မျိုး တောက်ပနေပြီး ဤသည်မှာ ဗေဒင်လာမေးမည့်ဖောက်သည်ကို မရပ်မနား ရှာဖွေနေခြင်းမှ ထွက်ပေါ်လာခြင်းသာဖြစ်သည်။ သို့သော် သူ၏ ဗေဒင်ကြည့်ပရိသတ်ကတော့ ဒါကိုပင် ပရောဟိတ်တို့၏ လက္ခဏာအဖြစ်မှတ်ယူ၍ ကျေနပ်နှစ်သိမ့်တတ်ကြသည်။ သူ့မျက်လုံး၏ စွမ်းအားမှာ နေသားတကျဖြစ်မှုကြောင့်ပင် အတော်လေး အားကောင်းလာခြင်းဖြစ်မည်။ ဆေးချယ်ထားသော နဖူးပြင်နှင့် ပါးအထိရောက်အောင် ကားနေသော နက်မှောင်မှောင် နှုတ်ခမ်းမွေးကြမ်းများ၏ အလယ်တွင် တည်ရှိနေခြင်းကြောင့် ဤသို့အခြေအနေမျိုးတွင် သာမန် လူတစ်ယောက်၏မျက်လုံးသည်လည်း အရောင်ထွက်မည်သာ ဖြစ်သည်။ ဦးခေါင်းကို ကာကွယ်ဖို့ လိမ္မော်ရောင်တောက်တောက် ခေါင်းပေါင်းကို ပတ်ထားသည်။ ဤအရောင်တွဲစပ်မှုက အပြည့်အ၀အလုပ်ဖြစ်သည်။ ဒေလီယာ

“ပဲခူးစစ်ကိုင်းသို့ ဒုန်းစိုင်းစုန်ဆင်းခြင်း”

နေရာကား ပဲခူးမြို့ကျော်လာပေပြီ။ ဟုတ်ပါသည်၊ လှေကလေးက ကျွန်တော့်ကိုယ်ပိုင် လှေကလေးဖြစ်ပါသည်။ တည်ဆဲ အစိုးရခင်းပေးသော နိုင်လွန်ကတ္တရာလမ်းမဟုတ်သလို၊ ပြည်သူတို့၏ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းလည်း မဟုတ်ခဲ့ပါ။ သဘာဝတရား၏လက်ဆောင်အဖြစ် သူ့အလိုလိုစီးဆင်းနေသော ဤချောင်းရိုးလေးအတိုင်း ကျွန်တော် စုန်ဆင်း၊ သို့မဟုတ် ဆန်တက်လာခဲ့ခြင်းသာ ဖြစ်ပါသည်။ ဟုတ်ပါသည်၊ ကျွန်တော် ပဲခူးမြို့ကျော်လာပါပြီ…။ ပဲခူးမြို့တွင် ထန်းရည်တဲများသို့လည်းကောင်း၊ ကိုယ်ခန္ဓာကို ရောင်းကုန်တစ်ခုအဖြစ် ဈေးကွက်တင်ကြသော မိန်းကလေးများထံသို့လည်းကောင်း ကျွန်တော်မရောက်ဖြစ်ခဲ့ပါ။ ကျွန်တော် ပဲခူးမြို့ကျော်ခဲ့ပါပြီ။ ဖွဲ့နွဲ့စရာရှားပါးသဖြင့် ၀ါကျရှည်စေရန် အားအားယားယားဖွဲ့နွဲ့တတ်ကြသော စာရေးဆရာများကဲ့သို့ ချောင်းရိုးကလေးမှာ လှပသည်ဟု ကျွန်တော် မဖွဲ့နွဲ့ချင်ပါ။ ချောင်းရိုးကလေးမှာ ထူးထူးခြားခြား မလှပသလို ပုံဆိုးပန်းဆိုး မိန်းမမျိုးလည်းမဟုတ်ပါ။ ချောင်းရိုးကလေးသည် ချောင်းရိုးပီသစွာ စီးဆင်းနေသော ချောင်းရိုးကလေးသာ ဖြစ်ပါသည်။ ကျွန်တော် ပဲခူးကျော်ခဲ့ပါပြီ။ နေရာကား စစ်ကိုင်းမြို့ ရောက်ပေပြီ။ ဟုတ်ပါသည်၊ ဤမြင်းမှာ ဆရာကြီးရွှေဥဒေါင်း၏ ၀တ္ထုထဲမှ ဘော်ဖြူမဟုတ်သလို ၀ူခုန်

ခိုကလေး

မနက်လည်း မိုးစင်စင် လင်းလေပြီ။ တစ်ညလုံး တစိမ့်စိမ့်ရွာနေတဲ့ မိုးက မတိတ်သေး။ ကွန်ပြူတာ ပိတ်ပြီး အခန်းထဲမှာ ဆက်လက် စာဖတ်နေချိန်တွင် သူ ဗိုက်ဆာလာသည်။ ဒေလီရောက်သည့် အချိန်မှစ၍ နေ့နှင့်ညကို ခပ်တည်တည် ပြောင်းပြန်လုပ်ထားသည်မှာ ကြာပြီ။ မုန့်သွားယူပြီး စားဦးမှလို့ သူတွေးပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။ မီးဖိုချောင်သို့ သွားရာ စင်္ကြန်တွင် ခိုကလေးတစ်ကောင် မိုးခိုနေသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ ခိုကလေးကို ကြည့်ရသည်မှာ ပျံနိုင်သည့်ပုံမပေါ်ပါ။ အပြင်တွင် တော်တော်အေးနေသည်။ ခိုကလေးက ကုပ်ကုပ်ကလေး သူ့ကိုကြည့်နေသည်။ မပျံနိုင်ဘူးအထင်နှင့် ခိုကလေးနားဖြတ်အလျောက်တွင် ခိုကလေးက လန့်ပြီး ထပျံသည်။ အတောင်တွင် မိုးရေများစိုပြီး ကပ်နေသဖြင့် အပေါ်သို့ရုတ်တရက်မရောက် ဖြစ်နေသည်။ အားတင်းပြီးပျံလိုက်မှ တစ်ဘက်တိုက်၏ အုတ်တံတိုင်းပေါ်သို့ ရောက်သွားသည်။ ပါးစပ်မှ “သနားစရာကောင်းလိုက်တာ” ဟု သူ အလိုလို ရေရွတ်မိသွားသည်။

ချက်ကော့၏သေနတ်ဖြင့် အဆုံးစီရင်သွားသော ...

ဝတ္ထု၏ ဇာတ်သိမ်းခန်းရောက်လေပြီ။ နံရံတွင်ချိတ်ဆွဲထားသော ချက်ကော့၏ သေနတ်က ကျွန်တော့်ကို သတိပေးသည့်သဘောမျိုးဖြင့် ခပ်ထန်ထန်လှမ်းကြည့်သည်။ ကျွန်တော်၏ ဇာတ်ကောင်လေးများမှာ ကျွန်တော့်ကို အသနားခံနေသည့်နှယ် ထင်မြင်မိ၏။ ကျွန်တော် မည်သို့သော ရက်စက်မှုမျိုးဖြင့် သူတို့ထဲမှတစ်ယောက်ယောက်၏ ကိုယ်ခန္ဓာအတွင်းသို့ ကျည်ဖူးဝင်ရောက်သွားအောင် လုပ်ရပါမည်လဲ၊ သို့မဟုတ် လုပ်ရက်ပါမည်လဲ။ သူတို့ကို ကျွန်တော် ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်။ သူတို့ကို ကျွန်တော် အသက်သွင်းခဲ့ခြင်းသာ ဖြစ်သည်။ အခု သူတို့ထဲမှ တစ်ယောက်၏ ဇီဝိန်ကို ကျွန်တော် ပြန်နှုတ်ယူရပေတော့မည်၊ သို့မဟုတ် နှုတ်ယူရန် တာဝန်ရှိသည်၊ သို့မဟုတ် တာဝန်ပေးခြင်းခံထားရသည်။ ကျွန်တော့်တွင် ရွေးစရာလမ်းမရှိပါ။ ချက်ကော့၏သေနတ်က စိတ်မရှည်တော့သည့်ဟန်မျိုးဖြင့် မျက်နှာထား ပိုမိုတင်းမာလာသည်။ ကျွန်တော့်တွင် တွေဝေပိုင်ခွင့်မရှိတော့ပါ။ ကျွန်တော့်အလုပ်၏တာဝန်ကို ကျွန်တော်ပင် ယူရပါတော့မည်။ အားလုံးကို ကျွန်တော်နှုတ်ဆက်ခဲ့ပါသည်။ နှုတ်ဆက်ခဲ့ရသည့်အကြောင်းရင်းမှာ ကျွန်တော့်ကို သတိတရ ရှိနေစေချင်သောကြောင့် မဟုတ်ပါ။ ဖြစ်နိုင်ရင် ကျွန်တော့်ကို သတိမရကြရန် ကြိုးစားပေးပါ။ ကြိုးစားရန်ဆန္ဒမရှိ၍ သတိရနေခဲ့လျှင်လ

♥ ကိုကြီးအငဲနှင့် စကားစမြည်

လယ်မြေသစ်များစွာ .... ရှေ့မှာ.. အတူ ထွန်ယက်ကြစို့ မင်းနဲ့ငါ... ♫ ♫ ♫ (နွားတစ်ရှဉ်း စုံတွဲ တေးသီချင်း...) ဒန်တန်တန် (ကိုကြီးအငဲ၏ တေးသံက ဧည့်ခန်းအတွင်း ငြိမ့်ညောင်းစွာ ပျံလွှင့်နေသည်။ အင်တာဗျူးဆရာ ကိုအာကာက အိစက်နေသော ဆိုဖာကြီးပေါ် ထိုင်လိုက်ပြီး ဖင်တစ်ခုလုံး နစ်ဝင်သွားသဖြင့် လန့်ပြီး ထခုန်သည်။ ကိုကြီးအငဲက တစ်ဘက်သားရှက်သွားသည်ကို အားမနာပါးမနာ အသံပြဲကြီးဖြင့် ရယ်နေသည်။ ထို့နောက်တွင် အင်တာဗျူး စကြလေသည်။) § § § § § § § ကိုအာကာ: “ကိုး” ထဲက … မီးမရှို့နဲ့ ကိုတော့ ကြိုက်ပြီးရင်း ကြိုက်လာပြီ ကိုကြီးအငဲရေ… Ahnge: ကြိုက်ရမယ်လေ... ကိုယ်အားထည့်ထားပါတယ် အဲဒီသီချင်းကို.... ခြောက်ခေါက်လောက်ပြန်ဆိုရတယ်...၊ ဒါ.. ကိုယ့်ဘ၀မှာ ပထမဆုံးပဲ...အဟက်ဟက် (ခွက်ထိုးခွက်လှန် သဘောကျနေသည်) ကိုအာကာ: ပြောသလောက်လဲ မကြိုက်ပါဘူးလေ စကားအဖြစ်ပြောတာပါ Ahnge: ဟုတ်မယ်.. ကိုယ်လည်း အားမရခဲ့ပါဘူး...၊ ပရိုဂျူဆာက လောနေလို့...၊ (အရှက်ပြေ) ကိုအာကာ: ထင်တော့ ထင်တယ် ဒါပေမယ့် နားထောင်လို့ တော့ ရပါတယ် ပရိုဂျူဆာ ဆိုတာကလဲ ခုလို ပုံစံမျိုးနဲ့ဆိုရင်တော့ မကိုက်လောက်ပါဘူး Ahnge: အဟမ်း.. နားထောင်လို့တော့ ရရမယ်လေ....၊ ကိုယ်ချောင်းဆိုးတ

“သစ္စာဖောက်မှု” (Betray)

“သစ္စာဖောက်မှု” (Betray) လောကကြီးက သိပ်မနိပ်လှဘူး။ ဒီလိုပြောလို့ လောကကြီးတွေဘာတွေနဲ့ ချီပြောရအောင် လောဘကြီးလှချည်လား အပြစ်တင် မစောနဲ့ဦး...။ လောကကြီးနဲ့အဆင်မပြေလို့ အသာလစ်ထွက်ပြီး Facebook မှာ မာဖီးယား ကစားပြန်တော့ နောက်ကျောဓားနဲ့ထိုးတာ (Betray) ခံရပြန်ရော...။ သစ္စာဖောက်ခံရတယ်ပဲ ပြောပါတော့။ ထိုးချင်းထိုး ရင်ဘတ်ကို ထိုးသင့်တယ်လို့တော့ ထင်တာပဲ။ ဒါဆိုရင် ဖြဲခြောက်သင့်တယ်ထင်ရင် ဖြဲခြောက်...၊ မနိုင်ဘူးထင်ရင်... လစ်တန်သည်လစ် ဒါမျိုးတွေ လုပ်လို့ရသေးတာပေါ့...။ ခုတော့ ယမမင်းကြီး ဘွားခနဲမြင်မှပဲ ...အော် ... ငါသေသွားပါ ပေါ့လားသိရတဲ့ဘ၀။ ခင်မင်သူတွေ ချစ်ခင်သူတွေက ဒါမျိုးသစ္စာဖောက်တာခံရတော့လဲ နာကျည်းပေမပေါ့...။ ဒါပေမဲ့ ကိုယ်တိုင်ကျတော့လည်း သိပ်ပြီးသစ္စာရှိလှတဲ့ကောင်တော့ မဟုတ်ပြန်ဘူး။ သစ္စာလေးပါးမှာ ရှေ့နှစ်ပါးကိုကြေညက်သလောက် အရေးကြီးတဲ့ နောက်နှစ်ပါးကို ဆိုက်ရောက်ဖို့ လမ်းပေါက် ပိတ်နေတဲ့ကောင်...။ ရှင်းရှင်းပြောရရင် နာကျည်းပေမဲ့လည်း “ငါ့ သစ္စာဖောက်လို့နာကျည်းရအောင် ဘယ်သူမှလည်း ငါ့ကို သစ္စာရှိပါ့မယ်.. ကတိခံခဲ့တာမဟုတ်၊ ဓားနဲ့ထိုးရင် ရင်ဘတ်ပဲရွေးထိုးပါ့မယ်လို့ ကြင်ကြင်နာနာ ပြောခဲ့ဖူးတာလည်းမဟုတ်.....” ဒါမျိုးတွေ

“သူတို့ ပြောစကား (၁)”

One of the best part of growing older? You can flirt all you like since you've become harmless. LIZ SMITH သက်ကြီးရွယ်အိုဖြစ်ရခြင်းရဲ့ အကောင်းဆုံးအစိတ်အပိုင်းတစ်ခုလား...? စိတ်တိုင်းကျ နှာဘူးကျလို့ရတာပေါ့ ခင်ဗျားမှ အစွမ်းအစ မရှိတော့တာ...။ Those who change places, change their fate. Talmud နေရာဒေသပြောင်းလဲသူများ ကံကြမ္မာပါ ပြောင်းလဲသွားကြသည်။ We seldom give each other advice_ I think that's the success of 25 years of marriage. LAURA BUSH ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် အကြံဉာဏ်ပေးခဲပါတယ်။ ဒါ ၂၅ နှစ်တာအိမ်ထောင်ရေး အောင်မြင်မှုလို့ ကျွန်မတော့ ထင်တာပဲ။ My perspective on my mother has changed immensely. She was a lot taller when I was younger. HOWIE MANDEL ကျွန်တော့်အမြင်မှာ အမေဟာ အကြီးအကျယ်ပြောင်းလဲသွားတယ်။ ကျွန်တော်ငယ်ငယ်တုန်းကထက်ပိုပြီး အတော်လေးကို အရပ်မြင့်နေတယ်။ The ability to focus attention on important things is a defining characteristic of intelligence. ROBERT J. SHILLER အရေးကြီးတဲ့အရာတွေအပေါ်မှာ အာရုံစူးစိုက်ထားနိုင်တဲ့အရည်အချင်းဟာ ဉာဏ်ပညာရဲ့ ၀ိသေသလက္ခဏာတွေကို အဓိပ္ပာယ်ဖွင့်ဆြို