Skip to main content

“မျက်မမြင်နှင့် အလင်းရောင်”

အ၀ိဇ္ဇာဖုံးနေတဲ့လူသားတွေကို၊ အမှန်တရားကို မမြင်နိုင်တဲ့ လူသားတွေကို၊ ဘုရားတရားသံဃာ ရတနာသုံးပါးကို မမြင်နိုင်တဲ့ လူသားတွေကို၊ နိဗ္ဗာန်ကို မမြင်နိုင်တဲ့ လူသားတွေကို ဗုဒ္ဓမြတ်စွာဘုရားရှင်က “မွေးရာပါမျက်မမြင်နဲ့ အလင်းရောင်” ကို ဥပမာပေးပြီး ဟောကြားတော်မူပါတယ်။ မွေးရာပါမျက်မမြင်တစ်ယောက်ဟာ အလင်းရောင်ဆိုတဲ့အရာ ရှိကြောင်း လက်မခံပါဘူး။ အမှန်တရားကို မမြင်တွေ့နိုင်ပါဘူး။ နေမင်းကြီးရဲ့ ပုံသဏ္ဍာန်ကိုဖွင့်ဆိုပြီး လုံးဝန်းတယ်လို့ပြောပြော၊ မီးကို ပမာယူပြီး ပူတယ်လို့ဆိုဆို အလင်းရောင်ရဲ့ မူလသဘာဝ အနှစ်သာရကို မွေးရာပါမျက်မမြင်တစ်ယောက်အနေနဲ့ လုံးဝ ခံစားနားလည်နိုင်မှာမဟုတ်ပါဘူး။ ဘုရားဆိုတာမရှိ၊ တရားဆိုတာမရှိ ဆိုတဲ့လူတွေကို ဗုဒ္ဓမြတ်စွာဘုရားက ဒီဥပမာလေးနဲ့ ထင်သာမြင်သာရှိအောင် ဟောကြားဆုံးမခဲ့ပါတယ်။

ဒီဥပမာဟာ အရမ်းကို ရှင်းလင်းပါတယ်။ ယုံကြည်မှုမရှိတဲ့လူတွေဟာ မွေးရာပါမျက်မမြင်များပမာသာဖြစ်ကြောင်း ကျွန်တော်တို့ သိရပြီ။ ဆက်လက်စဉ်းစားကြည့်ကြရအောင်ပါ။ အကယ်၍ မိတ်ဆွေဟာ “မွေးရာပါမျက်မမြင်တစ်ယောက်” ဖြစ်တယ်ဆိုပါတော့။ မျက်စိမြင်ရတဲ့လူတွေက မိတ်ဆွေကို အလင်းရောင်အကြောင်း ရှင်းပြနေပြီဆိုပါတော့။ မိတ်ဆွေ ဘယ်လိုတုံ့ပြန်မလဲ...။ အဖြေက ရှင်းပါတယ်။ မျက်မမြင်တစ်ယောက်အတွက် အလင်းရောင်ကို ငြင်းပယ်ဖို့ရာ တစ်နည်းပဲရှိပါတယ်။ သူ ခံစားနားလည်နိုင်ခြင်းမရှိတဲ့ အရာတစ်ခုကို ငြင်းပယ်ဖို့သာရှိပါတယ်။ ဒီအတွက် အဲဒီမျက်မမြင်ကို အားလုံးက သနားဂရုဏာသက်ချင် သက်နိုင်ပါတယ်။ ဒါပေမဲ့ အပြစ်တင်ဖို့အကြောင်းရင်းတော့ မရှိဘူးပေါ့...။ သူက အလင်းရောင်ကို နားလည်ခံစားနိုင်တဲ့ “စွမ်းရည်” မှ မရှိရှာပဲကိုး...။

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

“ရိုးသားတဲ့မွေးရာပါ မျက်မမြင်တစ်ယောက်ဟာ ဘယ်တော့မှ အလင်းရောင်ရှိကြောင်း လက်ခံမှာ

မဟုတ်ပါဘူး။ တစ်ချိန်ထဲမှာပဲ ဒီအတွက် သူ့မှာ အပြစ်တစ်စုံတစ်ရာ ရှိတယ်လို့ သတ်မှတ်နိုင်မှာ

မဟုတ်ပါဘူး”

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

နောက်ရှုထောင့်တစ်ခုက တွေးကြည့်မယ်။ အလင်းရောင်အကြောင်း တစ်စုံတစ်ယောက်ကရှင်းပြလို့ အဲဒီမျက်မမြင်ဟာ အလင်းရောင် ရှိကြောင်း “နားလည်ပါပြီ” “လက်ခံပါပြီ” လို့ ၀န်ခံတယ်ဆိုပါစို့...။ သူ့ကို ကျွန်တော်တို့ လှောင်ပြောင်ရယ်မောမိမှာသာ ဖြစ်ပါတယ်။ ဒါဟာ ဟန်ဆောင်လိမ်ညာခြင်းသာ ဖြစ်နေလို့ပါ။ သူအမှန်တကယ် နားမလည်နိုင်ကြောင်း ကျွန်တော်တို့ သိနေပြီးသားကိုး...။ ကျွန်တော်တို့ ကိုယ်တိုင်ကိုက မျက်စိမြင်ရတဲ့ လူများ ဖြစ်နေလို့သာ ဒီဥပမာကို နားလည်နိုင်နေတာပါ။ တကယ့် မွေးရာပါမျက်မမြင်အစစ်တစ်ယောက်ကို ဒီဥပမာပေးဆုံးမဖို့ မဖြစ်နိုင်ပါဘူး။ သူ နားလည်နိုင်မှာ မဟုတ်ဘူး။ “ရိုးသားတဲ့မွေးရာပါ မျက်မမြင်တစ်ယောက်ဟာ ဘယ်တော့မှ အလင်းရောင်ရှိကြောင်း လက်ခံမှာ မဟုတ်ပါဘူး။ တစ်ချိန်ထဲမှာပဲ ဒီအတွက် သူ့မှာ အပြစ်တစ်စုံတစ်ရာ ရှိတယ်လို့ သတ်မှတ်နိုင်မှာ မဟုတ်ပါဘူး” အကယ်၍ မွေးရာပါမျက်မမြင်တစ်ယောက်ဟာ အလင်းရောင်ရှိပါတယ်ဆိုပြီး လောကကြီးရဲ့ အံ့သြမှင်သက်စရာ ရှုခင်းများအကြောင်း ပြောပြတာကို နားထောင်နေတယ်ဆိုပါစို့...။ သူဟာ ဟန်ဆောင်လိမ်ညာနေသူ တစ်ယောက်သာ ဖြစ်ပါတယ်။ ဒီအခြေအနေရောက်မှသာ သူဟာ မရိုးသားသူအဖြစ် အပြစ်ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်...။

ဒီအချက်တွေကို လက်ခံတယ်ဆိုရင်ဖြင့် မိမိတို့ပတ်ဝန်းကျင်က မရိုးမသား မျက်မမြင်များကို ရှာဖွေဖော်ထုတ်နိုင်ပါလိမ့်မယ်။ အဲ.. မိမိပတ်ဝန်းကျင်ကို မကြည့်ခင်.. မိမိကိုယ်ကို အဦးဆုံး ပြန်လည် မေးခွန်းထုတ်ရပါဦးမယ်...။ ဉာဏ်နည်းတယ်လို့ အထင်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ်၊ လောကကြီးရဲ့ အံ့ဘနန်းမြင်ကွင်းတွေကို (ကိုယ်တိုင်နားမလည်ဘဲ) ကြွားဝါချင်လို့ပဲဖြစ်ဖြစ်၊ အစဉ်အလာ ယုံကြည်ချက်များရဲ့ အင်အားကို မလွန်ဆန်နိုင်ခဲ့လို့ပဲဖြစ်ဖြစ်... တစ်နည်းနည်းနဲ့ မရိုးဖြောင့်သော မျက်မမြင်တစ်ဦးများ မိမိဖြစ်ခဲ့သလားဆိုတဲ့ မေးခွန်းကိုပေါ့...။ ဒါပေမဲ့ ဒီမေးခွန်းကိုလည်း “ရိုးရိုးသားသား” ပြန်ဖြေလို့ လိုအပ်နေသေးတာပါပဲ...။

တကယ်တော့ အလင်းရောင်ကို တွေ့ရပါတယ်ဆိုတဲ့ မျက်မမြင်တွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လက်ညှိုးထိုးမလွဲ ရှိနေတာပါ။ တချို့ မွေးရာပါမျက်မမြင်များဟာ လောကကြီးရဲ့ ရှုကွင်းရှုကွက်တွေကို ဘ၀တူ မျက်မမြင်များအချင်းချင်း အာပေါင်အာရင်းသန်သန် ဖောက်သည်ချနေကြပါရောလား...။ တစ်ဆင့်တက်ပြီး သူတို့က အလင်းရောင်ကို မသိဘူးလို့ ရိုးရိုးသားသားပြောတဲ့ မျက်မမြင်တွေကိုပါ သနားလိုက်တာ... ဆိုပြီး သဘောထားနေကြတာပါပဲ။ အပြစ်သားလေးတွေ အ၀ီစိဂျိုးကပ်မဲ့အကောင်တွေ... ခေါင်းတယမ်းယမ်း စုပ်တသပ်သပ်... သူတို့ကိုယ်တိုင်သာ သနားစရာသတ္တ၀ါလေးတွေဖြစ်မှန်း သူတို့ဘ၀တစ်လျှောက်လုံး မတွေးခဲ့မိကြဘူး။ ဒါကလည်း ဘ၀နဲ့ချီပြီး မိမိကိုယ်ကို လိမ်ညာလာခဲ့တော့ “မုသားနက္ခတ်” (Mythomania) စိတ်ရောဂါလို ကိုယ်လိမ်ထားတဲ့အလိမ်ဟာ အမှန်ပဲလို့ တကယ်ထင်သွားကြသလားတော့ မပြောတတ်ဘူး။

ကျွန်တော့်အနေနဲ့ကတော့ “ရိုးသားသော မျက်မမြင်တစ်ယောက်ဖြစ်ခြင်းသည် အပြစ်မရှိ” လို့ ရိုးသားစွာ ယုံကြည်ပါတယ်။ ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး စဉ်းစားစရာများ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။

◄ တေဇာ ► စက်တင်ဘာ (၁၅) ၂၀၀၉

Comments

  1. စာဖတ်သူNovember 15, 2009 at 8:59 AM

    ရိုးသားသော မျက်မမြင်တစ်ယောက်ဖြစ်ခြင်းဟာ အပြစ်မရှိပါ။ မျက်စိအလင်းရဖို့ ခွဲစိတ်ကုသခြင်းကို မလိုအပ်ဟု ငြင်းဆန်သူများ။ ဘာကြောင့် မလိုအပ်ဟု ယုံကြည်မှုများ အကြောင်းကိုလည်း ဆက်လက်ရေးစေချင်ပါတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ