Skip to main content

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွားရောက်နိုင်ရန် ထောက်ခံပြီး၊ ရဲရင့်သန်မာသည့် သူရဲကောင်းများ ခြံရံလျက် သွားသင့်ကြောင်းလျှောက်ရာ လက်ခံပြီး သူရဲကောင်းရွေးစေသည်။ သူရဲကောင်းရွေးပုံမှာ လက်မကို ထောင်စေလျက် လက်သည်းကြားတွင် အပ်စိုက်ပြီး တူနှင့်ထုစေသည်။ လက်မတွန့်သူ၊ မျက်နှာမပျက်သူကိုသာ ရွေးချယ်သည်။ ထိုသို့စမ်းသပ်ရာတွင် တပင်ရွှေထီး၏ သူရဲကောင်း ဗလရဲထင်မှာ မျက်နှာပျက်၊ လက်တွန့်သဖြင့် အရွေးမခံရပဲ ရှက်လှရာ ဗိုက်ကို ကိုယ်တိုင်ခွဲသည်။ နောက် အူစကိုဆွဲထုတ်ပြီး ကျော်ထင်နော်ရထာ လက်သို့ပေးကာ ပြေးရာ အူဆုံးလျှင်သေလေသည်။ထိုအရာကိုမြင်ပြီး တပင်ရွှေထီးချသည့် မှတ်ချက်မှာ မြန်မာ့သမိုင်းတွင်သည့် စကားပင်။ “ငါ့ကျွန် ဗလရဲထင်မှာ မိုက်ကားမိုက်၏။သို့သော်သတ္တိမူမရှိ..။” ဟုဖြစ်လေသည်။
Source: မြန်မာဝီကီ

ဤစမ်းသပ်ပုံနှင့် ပတ်သက်ပြီး ဆွေးနွေးစရာတွေ ရှိနေပါသည်။
အပ်စိုက်တဲ့နာကျင်မှုကို တောင့်ခံနိုင်သောလူကို တပင်ရွှေထီးက သူရဲကောင်းအဖြစ်သတ်မှတ်ခဲ့ပါသည်။ ဤနေရာတွင် ဆေးပညာသတ်မှတ်ချက်တစ်ခုကို ထည့်ပြောရပါမည်။ ခံစားမှု (Sensory) နဲ့ နာတာကို တုန့်ပြန်ခြင်း (Motor) ဆိုပြီး ဆေးပညာမှာ နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဆူးစူးလို့ ခြေထောက်ရုတ်လိုက်တယ်။ ဆူးစူးလို့ နာသွားတာကို သိခြင်းက Sensory ။ ခြေထောက် ဆတ်ခနဲ ရုတ်လိုက်တာက Motor ။ ဖြစ်ရပ်နှစ်ခုဟာ အရမ်းမြန်လွန်းလို့ တစ်ဆက်ထဲ ဖြစ်သွားတာလို့ပဲ ထင်ရပါတယ်။ နောက်တစ်မျိုး လက်ပေါ် ဆေးလိပ်မီးပွားကျလို့ ဆတ်ခနဲရုတ်လိုက်တာကို Involuntary/ Reflex စသည်ဖြင့် “အလိုအလျောက်တုန့်ပြန်ချက်များ” ဟု ခေါ်သည်။ စက်လိုမျိုး တုန့်ပြန်ခြင်းမျိုးကို ဆိုလိုသည်။ အစာခြေစနစ်ကို နမူနာ ကြည့်နိုင်သည်။ မိမိကိုယ်ခန္ဓာဖြစ်သော်လည်း မိမိထိန်းချုပ်နေသော ဖြစ်စဉ်မဟုတ်ပါ။ အလိုအလျောက် ဦးနှောက်မှ တိုက်ရိုက်ထိန်းချုပ်နေခြင်းသာ ဖြစ်ပါသည်။ ဤတုန့်ပြန်ချက်မျိုးတွင် ဦးနှောက်၏ တွေးခေါ်ဆုံးဖြတ်မှုနှင့် ဆင်ခြင်တုံတရားစသည်တို့ မပါဝင်ပါ။ ဆေးလိပ်မီးနဲ့လိုက်တို့လို့ ထွက်ပြေးရသည်ဆိုမှသာ ဦးနှောက်၏ စဉ်းစားဆုံးဖြတ်မှု ပါဝင်လာသော အဆင့်ဖြစ်ပါသည်။



<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

သူရသတ္တိကို ဤ Motor ကြည့်ပြီး အကဲဖြတ်မည်ဆိုလျှင် တပင်ရွှေထီး အလွဲကြီးလွဲပါလိမ့်မည်။

သူရဲကောင်းဟု သတ်မှတ်ခံရသူများလည်း စစ်တိုက်ရာတွင် လက်မက အနာရင်းပြီး ဓားပင်

ကိုင်နိုင်ပါမည်လား စဉ်းစားမိသည်။

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>


တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်သည့်ကိစ္စကို ပြန်သွားရလျှင် အပ်ကလေးနဲ့တေ့ပြီး တူဖြင့်ရိုက်လိုက်သည့် အချိန်တွင် နာကျင်မှုကို တုန့်ပြန်ခြင်းမှာ Motor သာ ဖြစ်ပါသည်။ အလိုအလျောက် တုန့်ပြန်ခြင်းသာဖြစ်ပါသည်။ စက်ပစ္စည်းတစ်ခုလို တုန့်ပြန်ချက်သာ ဖြစ်ပါသည်။ မည်မျှသတ္တိရှိသူဖြစ်ဖြစ် Motor ရှိမည်သာဖြစ်သည်။ သူရသတ္တိကို ဤ Motor ကြည့်ပြီး အကဲဖြတ်မည်ဆိုလျှင် တပင်ရွှေထီး အလွဲကြီးလွဲပါလိမ့်မည်။ သူရဲကောင်းဟု သတ်မှတ်ခံရသူများလည်း စစ်တိုက်ရာတွင် လက်မက အနာရင်းပြီး ဓားပင် ကိုင်နိုင်ပါမည်လား စဉ်းစားမိသည်။ ယုတ္တိကင်းမဲ့လှသော စမ်းသပ်ရွေးချယ်မှုသာ ဖြစ်ပါသည်။

ဤအချက်အလက်များမှာ “တကယ့်ဖြစ်ရပ်မှန်ဖြစ်ရပ်” များ ဟုတ်ချင်မှဟုတ်ပါလိမ့်မည်။ သမိုင်းဆရာတို့၏ မြန်မာ့သတ္တိကို ဇွတ်အတင်းအထင်ကြီးစေလိုခြင်း စေတနာကြောင့်သာ ရေးသားထားခြင်းများ ဖြစ်မည်။ သူတို့ရေးချင်ရာ ရေးသည်က အကြောင်း မဟုတ်ပါ။ အခြေခံပညာသင်ယူကြရသော နုငယ်သည့် ကျောင်းသားကျောင်းသူများမှာ ဤသို့သော အချက်အလက်မှား၊ ဇွတ်အတင်းဝါဒဖြန့်ခြင်းများကို ခံယူကြရခြင်းက ပြဿနာဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ခဲ့ရပါသည်။ ဆယ်ကျော်သက်ဘ၀ အစွဲအလမ်းများသည် ဖျောက်ဖျက်ပစ်ရန် ခက်ပါသည်။ ဤသို့သော လှေနံဓားထစ် ဘုန်းတော်ဘွဲ့များဖြင့် မျိုးချစ်စိတ်ကို လှည့်စားမွေးမြူပေးရန်၊ ဇာတိသွေးဇာတိမာန်အား လက်တစ်လုံးခြားပွားယူရန် မဖြစ်နိုင်သလို၊ ရယ်စရာလည်း ကောင်းပါသည်။ သာဓကတစ်ခုအနေဖြင့် “လူသားအစ မြန်မာက” ဟူသည့် အူကြောင်ကြောင်ပျက်လုံးထုတ်ခဲ့ဖူးသော စစ်ဗိုလ်တစ်ယောက်အကြောင်း ဖတ်ရဖူးသည်။ ပုံတောင်ပုံညာက ကျောက်ဖြစ်ရုပ်ကြွင်းများ နှစ်ပေါင်းဘယ်နှစ်သန်းရှိခဲ့ရှိခဲ့ အရှင်လတ်လတ် မြန်မာလူထုကတော့ ဖွတ်ဖြစ်နေသည်သာ ဖြစ်သည်။ ဤနေရာတွင် မြန်မာနိုင်ငံရေးအခြေအနေကို ဝေဖန်လိုခြင်းမဟုတ်ပါ။ (မဝေဖန်လိုရခြင်းမှာ Keyboard ပါးမည် စိုးသောကြောင့်သာ ဖြစ်ပါသည်) လူမျိုးကြီးဝါဒ၊ သက်ဦးဆံပိုင်ဘုရင်စနစ်အကြွင်းအကျန်အစအနများအား ကြံဖန်ဂုဏ်ယူစရာလုပ် ပြောဆိုခြင်းများကို ရှုတ်ချလိုခြင်းသာ ဖြစ်ပါသည်။

ယနေ့အခါတွင် လေထုညစ်ညမ်းလာသလို အတွေးအခေါ်၊ အယူအဆများလည်း ညစ်ညမ်းလာနေသည် ထင်ပါသည်။ လေထုညစ်ညမ်းခြင်းသည် ပြဿနာတစ်ရပ်ဖြစ်သော်လည်း အတွေးအခေါ်ညစ်ညမ်းခြင်းကတော့ ထိုထက်ပိုဆိုးသော အကြီးစားပြဿနာရပ်သာ ဖြစ်ပါသည်။ ငယ်ရွယ်သူတို့၏ ဦးနှောက်သည် ပုံသွင်း၍ရအောင် ပျော့ပျောင်းသည်ဆိုလျှင် ထိုသို့ ညစ်စုတ်သည့် အတွေးအခေါ်များ၏ ပုံသွင်းပြုပြင်ခြင်းခံရမယ်ဆိုလျှင် အနာဂတ်အလားအလာ မကောင်းနိုင်ပါ။ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်သည်ထားဦး တတ်နိုင်သလောက်တော့ ဆန့်ကျင်ရမည်သာ ဖြစ်ပါသည်။

(မှတ်ချက်။ ဝေဖန်သုံးသပ်ချက် ရေးသားရာတွင် မဖြစ်သင့်သော သမိုင်းဆိုင်ရာအချက်အလက်မှားများအပေါ် အခြေခံထားခြင်းကို ထောက်ပြပြင်ဆင်ပေးသော ကိုကျော်စိုးလှိုင်နှင့် နားလည်ခွင့်လွှတ်ပေးသော ကိုအာကာ၊ ကိုချမ်းမြေ့တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ နောက်နောင်မှာ အမှားမပါအောင် ဂရုစိုက်ပါ့မယ်)

◄ တေဇာ ► စက်တင်ဘာ (၁၇) ၂၀၀၉

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA