Skip to main content

Posts

Showing posts from October, 2010

အလင်းနှစ် ဂျက်

ဂျက် ကျည်ဆန်ကို လက်နဲ့ဖမ်းလိုက်တယ် ဟုတ်တယ် ကျွန်တော့်ကို နောက်ကျောက မပစ်နဲ့ ကျွန်တော်ဟာ မြန်နှုန်းမြင့် ဂျက်လေယာဉ်ပေါ်မှာ။ Jet I catch the bullet with my hand. I say serious! Don’t shoot me from back. I am traveling by the high-speed jet. အလင်းနှစ် ကြယ်လေးတွေဆီမှာ အတိတ်ကို ကျွန်တော် ရှာနေတယ် သူတို့ ဘယ်တုန်းက ရှိခဲ့သလဲ။ ကျွန်တော်ကိုယ်တိုင် အတိတ်ဆိုရင်ရော တစ်စုံတစ်ယောက်က ကျွန်တော့်ကို ရှာဖွေလိမ့်မှာလား။ အလင်းရဲ့အလျင်နှုန်းနဲ့ အနာဂတ်အား ထိုးဖောက်ဖို့။ Light Year To the little stars, I’m searching the past. When did they exist? What if, I, myself is a past. Would someone search for me? To penetrate the future by light-speed. တေဇာ (လရောင်လမ်း) Theme: Speed

အိပ်မက်မျက်မှန် (The Dream Spectacles)

အိပ်မက်ထဲက အိပ်မက် ရုတ်တရက် လန့်နိုးမိပြန်တယ် ဟာ ငါဘယ်ကိုရောက်နေတာလဲပေါ့ ဘယ်အချိန်က စအိပ်ခဲ့မိတယ်ဆိုတာပါ ဇဝေဇ၀ါ ဒီအိပ်မက်ကမ္ဘာမှာ…။ The Dream in the Dream I suddenly wake up again Oh, where have I been? I too missing The started time In the dreamy world of mine. မျက်မှန် တစ်ချိန်ချိန် တစ်နေရာရာမှာ ရှိခဲ့တာမဟုတ်ဘူး။ ရှိခဲ့တာမှာ တစ်ချိန်ချိန်တစ်နေရာရာ ရှိနေတာ။ Spectacles Nothingness is In certain space and time. But in being, Certain space and time is being. တေဇာ (လရောင်လမ်း) Theme: Time & Space

လမင်း မသာ

သူဟာ လမင်းကြီးပါ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ငပုပ်ဖမ်းနေရှာတယ် ရှက်ဖွယ်။ လမင်းကြီးက ပြန်ပြောတယ် -ီး …. မင်းကျတော့ရော ငါ ဒီက အသံမျှင်မျှင်လေးပဲ ကြားရတယ် မှောင်မဲလိုက်တဲ့ကောင်တဲ့။ ဒါဟာ ငါ့အရိပ်က မင်းကိုယ်ပေါ်မှာ ကျနေလို့ပေါ့လို့ ကမ္ဘာက ပြန်မချေပခဲ့ပါဘူး လမင်းလေးရယ် လို့ပဲ စိတ်ထဲက ပြောင်းလဲရွတ်ဆိုတယ်။ ကမ္ဘာဟာ အမြဲတမ်း တခြမ်းပဲ မှောင်တတ်ခဲ့သူကိုး။ တေဇာ (လရောင်လမ်း) Theme: Temper Please disregard if my terminology appears as impertinence.  

ကျောက်တုံး၊ သတ္တုအတုနှင့် ကော်ပီသီချင်းများအား တူးဆွခြင်း

သို့ လူလေးရွှေသွေး မောင်ဖိုးသား မောင်ရင်လေးက ဟိုနေ့က ကိုယ့်ကို မက်တယ်အတု နားမထောင်ဘူးလို့ ပြောပြီး အနောက်တိုင်းက မက်တယ်အစစ်ဆိုတာကြီးကို နားထောင်ခိုင်းခဲ့တယ်။ အဲဒီအကြောင်းလေးကို သေးသေးလေး ပြောပါရစေ။ အရှင်းဆုံးတစ်ချက်ကို ထောက်ရရင်တော့ မောင်ရင်လေးပြောတဲ့အထဲမှာ `မက်တယ်´ လို့ သုံးသွားတယ်။ ဘာကြောင့် `သတ္တု´ လို့ မသုံးရသလဲ။ ဒါကို စမေးရမယ်။ အကြောင်းကတော့ `မက်တယ်´ (Rock, Metal, Heavy Metal, Dead Metal etc.,) ဆိုတဲ့ ဂီတအမျိုးအစားနာမည်အတွက် မြန်မာစကားလုံး လစ်ဟနေလို့ပဲ။ သတ္တုလို့သုံးရင် ဘယ်သူမှ နားမလည်ဘဲ ရယ်စရာ ဖြစ်နေလိမ့်မယ်။ ကဲ.. အဲဒီလိုပဲ `ကော်ပီသီချင်းမဆိုဘူး၊ ကော်ပီသီချင်း မကြိုက်ဘူး´ အော်နေကြတဲ့ လူတွေဟာလည်း ဘာကြောင့် `ကူးချသီချင်းမဆိုဘူး၊ ကူးယူသီချင်း မကြိုက်ဘူး´ လို့ မသုံးဘဲ ဘာလို့ `ကော်ပီ´ (Copy) နေကြသလဲ။ ဒါဟာ မြန်မာစကားလုံး မရှိလို့ပဲ။ ဟုတ်ပြီ။ ကော်ပီသီချင်း၊ မက်တယ်သီချင်းစတဲ့ အနောက်တိုင်းဂီတအမျိုးအစားတွေကို ဂစ်တာ (Guitar) နဲ့ တီးရတယ်။ ဂစ်တာဟာ နန်းတော်ရှေ့ဆရာတင်က တီထွင်ခဲ့တဲ့ တူရိယာမဟုတ်ဘူး။ ဒီတော့ မူလဖခင်တွေကိုပဲ ကိုယ်တို့က ဆရာတင်ကြ`ရ´တယ်။ (`ရ´ တယ် ဆိုတာ Have to ကို ဆိုလိုတာ၊ သိပ်ပြီး ဘ

ညီလေးသို့ (To My Younger Brother)

အလံတော်အသစ် တဲ့လား အလစ်တော်တော် သန်တာပဲနော် ဟိုမှာ သူတို့ဟာပါတဲ့ ပြောကုန်ကြပြီ ငါ့ညီ …။ You said, “The New National Flag”? I said, the “The Black National News”. Because, some said, it’s theirs, you fool. My younger brother! တေဇာ (လရောင်လမ်း)

အထီးကျန်စွာ ဆုပ်ကိုင်ထားသော လက်နှစ်ဖက်

အတိတ်တွေမတူတဲ့ လူနှစ်ယောက် အတူတူအိပ်ကြရဖို့ ဖန်လာတယ်။ တစ်ယောက် အိပ်မက်ကိုတစ်ယောက်က ၀င်စို့ ခေါ်မရ တစ်ယောက်မှ ကိုယ့်အိပ်မက်ကို ထွက်စို့ မခေါ်ချင်။ ဒါဟာ ကိုယ်တို့ အတူတကွ စက်ယှက်နေခဲ့တဲ့ အနာဂတ်ပဲ။ တေဇာ (လရောင်လမ်း)

အိမ်မြောင်တစ်ကောင်၏ အိပ်မက်

တကယ်တော့ ကျွန်တော်ဟာ မဟာမြိုင်ခရီးသည် မဟုတ်ဘူး တကယ်တော့ ကျွန်တော်ဟာ ယောနသန်ဇင်ယော် မဟုတ်ဘူး တကယ်တော့ ကျွန်တော်ဟာ ဉာဏ်အလင်းရသွားတဲ့ ဇီးကွက်မဟုတ်ဘူး တကယ်တော့ ကျွန်တော်ဟာ စတောရီ [*] ရှာနေတဲ့ တိဘက်တံမြက်စည်းမဟုတ်ဘူး တကယ်တော့ ကျွန်တော်ဟာ အဂ္ဂိရတ်ဖိုထဲမှာပါတဲ့ မစင်မဟုတ်ဘူး တကယ်တော့ ကျွန်တော်ဟာ ဘုရားသခင်ကို တစ်ဖက်သတ်ချစ်ခဲ့သူမဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ထားပါတော့။ အရှေ့ကနေ၀န်းထွက်သည့်ပမာ ၀တ္ထုကို လရောင်မှာ ထိုင်ဖတ်နေခဲ့တာ ကျွန်တော်ပေါ့။ အခုတော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိခဲ့ပါပြီ။ တကယ်တော့ ကျွန်တော်ဟာ ပက်လက်မှ အိပ်တတ်တဲ့ အိမ်မြောင်တစ်ကောင်ပဲ အခုလည်း ကျွန်တော် အိပ်မက်မက်နေပြန်ပြီထင်တယ်။ ဖွာလန်ကျဲနေတဲ့ ကိုယ်ခန္ဓာပေါ် နံရံပေါ်က စုတ်သတ်သံများ သံပြိုင်ပြိုကျလာမှ ကျွန်တော် အိပ်မောကျခဲ့တယ် ကြောင်တစ်ကောင် ကျွန်တော့်ကို ဂရုတစိုက် လာသိမ်းဆည်းခဲ့တဲ့နေ့က…။ [*] ကျွတ်တမ်းဝင်ခြင်း၊ ထွက်ရပ်ပေါက်ခြင်း၊ သဗ္ဗေညုတ ဥာဏ် (Enlightenment) စသည့်အနက်အား ဈင် (Zen) ဗုဒ္ဓဘာသာတွင် သုံးစွဲသော စကားလုံး။ တေဇာ (လရောင်လမ်း)

အစွန်းရောက် အလိမ္မာ (The Extreme Cleverness)

အစွန်းရောက်ခြင်း အလွန့်ကို တော်ရင် သင် အတော့်ကို လွန်နေပြီ။ The Extreme Extreme cleverness is Not your clever extreme. အလိမ္မာ အလွန်တော်ရင် တော်တော့ အတော်လွန်ရင် မတော်တော့ဘူး။ Cleverness Extreme cleverness is enough. Over cleverness is extreme. တေဇာ (လရောင်လမ်း)

အမုန်းမီး (The Fire of Hatred)

မီး မီးလောင်နေမှ တယောရှာလို့ ဘယ်ဖြစ်တော့မလဲ။ ဖြစ်သလို လေပဲ ချွန်နေလိုက်ကြစို့။ အမုန်း အပေါစား ပြက်လုံးတွေနဲ့ ကျွန်တော့်သွားတွေကို ပေါ်လာအောင် လုပ်မလို့လား။ အပေါစား အမုန်းတွေကြောင့် ကျွန်တော့်မျက်လုံးက မျက်ရည်တွေ ခုန်ပေါက်ထွက်ကျ လာရင်တော့လား…။ The Fire It’s too late for a violin, In firing. It depends. It’s just okay to whistle. The Hatred By rubbish humors, Do you want to see my tooth? By rubbish hatreds, Do you think that, The tears would jump out from my eyes. တေဇာ (လရောင်လမ်း)

အဖြူရောင်စိတ် (The White Mind)

ဟိုက်ဒဂ္ဂါးရဲ့ [*] လက်ရေးမူတစ်ခု ရခဲ့တယ် အများကြီး အကျိုးရှိပါတယ်။ သူ့လက်ရေးလက်သားက သိပ်ဆိုးရွားနေလို့ မီးရှို့ပြာချပြီး သွားတိုက်ပစ်လိုက်တယ် အများကြီး အကျိုးရှိပါတယ်။ ကျွန်တော့်မျက်လုံးလေးတွေ အဖြူရောင်ဆိုက်နေတာ ကြည့်ပါလားလို့ သူက စိတ်ကို စိပြပါတယ်။ I earned the manuscript of Heidegger. [*] What an advantage! His handwritings are sound bad, That I fired and used as toothpaste its ashes. What an advantage! Please see my eyes, That turned to white, He showed off his mind. [*] Martin Heidegger (September 26, 1889 – May 26, 1976;  was an influential German philosopher known for his existential and phenomenological explorations of the "question of Being."  (Source: Wiki) တေဇာ (လရောင်လမ်း)

မဆွ, မိုးသီး

မဆွ `မည်သူမဆို လွတ်လပ်စွာ…´ ဘာဗျ။ ခင်ဗျားစော်ကားလှချည်လား။ ခွဲခြားဆက်ဆံမှုသာ အစထဲက မရှိခဲ့ရင် ဒီစကားလုံး ပေါ်လာစရာ အကြောင်းမရှိဘူး။ အခု.. `အားလုံး လွတ်လပ်စွာ စားသုံးနိုင်ကြပါပြီ..´ မိုးသီး `ကောင်းသားပဲ´ ဆိုတဲ့ မှတ်ချက်က မိုးပေါ်က ကျလာတယ်။ ကျွန်တော့်နားထဲ ဘယ်တုန်းကမှ အံမ၀င်ခဲ့ပါဘူး။ The Prior “Anyone feels free to…’ What’s up! You so insulted man! If no prior-discrimination, Such a term is nothingness. Now, ‘Everyone feels free to start the meals’. The Freezing Rain    ‘Rather good’, the commentary, Fell from the sky high. It never fitted To my ears.  တေဇာ (လရောင်လမ်း)

မြန်မာ ဘောလုံးသမားတစ်ဦး

ရန်ကုန်မှာတုန်းက ကျွန်တော်ဟာ အရံခုံမှာ ချောင်ထိုးခံထားခဲ့ရတယ်။ အခုတော့ အငှားစာချုပ်နဲ့ မြန်မာပြည်အတွက် ကစားပေးနေတာပေါ့။ ဒါပေါ့ ရံဖန်ရံခါ ဂိုးသွင်းတယ် ရံဖန်ရံခါ ချေစွမ်းပျောက်တယ် ရံဖန်ရံခါလည်း ဒဏ်ရာရတတ်သေးတာပေါ့ ဒါပေမဲ့ ကျွန်တော် ဒီမှာ ပထမဦးစားပေးစာရင်း အမြဲဝင်နေတာတော့ အမှန်ပဲ။ မှန်ပါတယ် ကျွန်တော့်မှာ မျိုးချစ်စိတ်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ `ကြေးစား´ နိုင်ငံသားတစ်ဦးပါ။ The Soccer Player of Myanmar Back in Yangon, I was put aside to substitute bench. I’m currently, Playing for Myanmar by loan contract. Of course, I touch the net sometime, I touch the drought sometime, I touch the injury sometime as well. But here, I always be in first Line-up. Yes, you got it. I’m not patriotic. I’m but A professional Nationality. တေဇာ (လရောင်လမ်း)

အဆင်းအတက် (Downward & Upward)

အဆင်း တကယ်လို့ ကိုယ့်အတွက် မင်းဟာ လှေကားတစ်စင်းဖြစ်သွားရတယ်ဆိုရင် ခွင့်လွှတ်ပါ။ ခုန်ချလိုက်လို့ နာကျင်သွားမှာကိုလည်း ကိုယ်က မလိုလားဘူးလေ။ အတက် ပေါ့ပါးစွာ လွင့်ပျံမယ် ကိုယ်ဟာ မိုးပျံပူပေါင်းလေးပေါ့ကွယ်။ ကလေးရယ်… ကိုယ့်ကို အပ်ချည်ကြိုးလေးနဲ့ ဆွဲ, မထားပါနဲ့တော့။ Downward If You, for me, Had to become a ladder, please forgive me. If I jumped down and got hurt, You know, it’s not my willingness dear. Upward I shall fly in a light way, Let say, I’m a little gas-balloon. O baby… Please let me free, From your tiny thread. Moonlitpath Prose

လုပ်သားမျောက်ထု လစဉ်သတင်းစာ အမှတ် (၀၀၁)

လုပ်သားမျောက်ထု လစဉ်သတင်းစာ အမှတ် (၀၀၁) (Working Monkeys Monthly Newspaper, No 001) မျောက်ခေါင်းကြီး (Monkey Editor’s Note) လုပ်သားမျောက်ထုလစဉ်သတင်းစာ၏ မူဝါဒများ၊ မဒမတိုင် (Backbone) များအား နောက်များမှ ၀ါးတားတား ချမှတ်ပါမည်။ ရေးချင်ရာရေးပြီးသော် မူဝါဒတစ်ရပ် တဖြည်းဖြည်းနှင့်အလိုလို ပေါ်ထွက်လာလိမ့်မည်ဟု ကျွန်ုပ် မြေကြီးခေါင်းစိုက်မလွဲ ယုံကြည်ယူဆသည်။ မပြောင်းလဲနိုင်သော အခြေခံသဘောတရားမှာ လုပ်သားမျောက်ထုလစဉ်သည် အခြေခံမျောက်တန်းစား၊ မျောက်ထုကြီးဘက်မှသာ ရပ်တည်မည် ဖြစ်သည်။ သို့မှသာ ရောင်းအားလည်း တက်မည် မဟုတ်ပါလား။ ယခုအခါ အယ်ဒီတာအလုပ်မှ ပြာတာအလုပ်အထိ ကျွန်ုပ်တစ်ကောင်ထဲ တာဝန်ယူသောက်စားမူးလဲ နေရသောကြောင့် အချိန်နှင့်တစ်ပြေးညီ လစဉ်သာ ထွက်ရှိနိုင်မည်ဖြစ်သည်။ `အလုပ်သင်,သတင်းမျောက်´ (Apprentice Monkey) [အရာမျောက်အောင် အင်္ဂလိပ်လိုလေးပါ အဘိဓာန်ထဲက တပင်တပန်းရှာပြီး ထည့်ထားတာ၊ အမှန်က ဇာတ်ကြောဖြေခိုင်းမလို့ ] ရာထူးအတွက် ဂျနီဖှာလိုပက်ဇ်ဆန်သော မျောက်မလေးများ မဟားဒယား ဆက်သွယ်နိုင်သည်။ ဦးနှောက်ပါစရာ လုံးဝ (လုံးဝ) မလိုပါ။ နောင်အခါ ကျွန်ုပ်သတင်းစာ၏ အနာဂတ် ဦးမော့လာခဲ့သော် တစ်နာရီခြားလည်း ထွက်ချင်ထွက်လာနိုင

ကြိုးဝိုင်းထဲက အမြတ် (The Profit from The Cage Fight)

အမြတ် အခုနေ ခေါက်ခနဲ သေသွားတယ်ဆိုရင်လည်း ငါ့ ဒိုင်ယာရီလေးဟာ အမြတ်ပဲပေါ့ နောက်ဆုံးဝါကျအား အလိုမတူစွာ ပုဒ်မချလိုက်ရသလို။ The Profit If I would have to face a surprise death right now, My diary is my very profit. It’s like, the last sentence, That I unwillingly have to dot a full-stop. ကြိုးဝိုင်း ဒေါင်.. ဒေါင်..။ လှမ်းကန်တယ်… ဟိုင်းယား…။ ထိုး.. ထိုး..။ အနီထောင့်..၊ အပြာထောင့်..။ တကယ်ဆို ကျွန်တော် ခင်ဗျားကိုမမုန်းခဲ့ဘူးဆိုတာတော့ ယုံကြည်ပါ။ Cage Fight Start Fight..! Kicked…, Hey…man..! Go.. Go..! Red corner.., Blue corner..! After all, That I did not hate you, Please trust me man. @ Moonlitpath Prose

ဒွိယုတ္တိများ (Double Line Logics)

ဖြစ်, ပျက် ဖြစ်,ပျက် အစဉ်ကို ဖျက်ပြစ် ချင်ဖို့လိုတယ် (တဲ့) ဒါပေမဲ့ ကျွန်တော်တွေးတာက ဒါကြီးကို ဘယ်သူဖန်တီးထားခဲ့လဲမှ မသိတာ ကျွန်တော်တို့လေးတွေက ခြေနဲ့ဖျက်ပြစ်ကြဖို့ တော်ပါ့လား။ The Flux You need to want to cut off The phenomenon of flux. (Said) But I’m wondering, Since we can’t know who had created this big shit, I’m afraid, to sweep away by foots, by naïve like us.  မယုံကြည်မှု ကျွန်တော် ခင်ဗျားပြောတာကို လုံးဝ မယုံဘူး (လို့) သူက အခိုင်အမာဆိုတယ်။ လာပါ… ကြိုဆိုပါတယ် ဘာသာမဲ့ဖြစ်ရန် မယုံကြည်မှုသာ လိုအပ်ပါတယ်။ No Faith (That) I absolutely have no faith What you said, He/she arrogates. Come on man, welcome! In order to be a non-religious one, You solely need no faith. @ Moonlitpath Prose

သတိကပ်ခြင်း သမာဓိ (Cautiousness Concentration)

သတိကပ်ခြင်း `ကျွန်တော်က ဘလော့ဂ်ရေးသူတစ်ဦး ပါ´ လို့ သူက ပြောတယ် `ကျွန်တော်က ဘလော့ဂ်ဖတ်သူတစ်ဦး မဟုတ်ဘူး´ လို့ ကျွန်တော်က ပြန်ပြောမိတော့မလို့။ ကံကောင်းလို့။ Cautiousness ‘I am writing in Blogs’, he/she said. ‘I am not reading any Blogs’, I almost responded. What a luck! သမာဓိ ငါ့ကိုယ်ခန္ဓာကိုသာ ချုပ်နှောင်ထားလို့ရမယ် ငါ့စိတ်ကို မရဘူး (တဲ့) သူ သမထရှု,နေတယ် ထင်ပါ့။ [*] Concentration You probably could prison my body, But not my mind, (Arrogated) I wonder if, He/She is practicing Samahta Meditation. [*] အတိုးဆုံးကဗျာများမှ ပြန်ကူးသည်။ @ Moonlitpath Prose

သို့ - Anonymous မှ - တေဇာ အကြောင်းအရာ - ကျုပ်ကိစ္စ

ကျုပ်နှင့် စာပေဆိုင်ရာ အယူအဆ ကျုပ်က ကျုပ်ရဲ့ အရေးအသားတစ်ခုမှာ ကျုပ်ကိုယ်ကျုပ် ကျုပ် လို့ သုံးလိုက်တယ်။ ဒါကို ခင်ဗျားက မယဉ်ကျေးတဲ့၊ လူမှုရေးနားမလည်တဲ့၊ ရိုင်းစိုင်းတဲ့၊ အောက်သက်မကြေတဲ့၊ မောက်မာတဲ့ အသုံးအနှုန်းအဖြစ် တတ်သမျှမှတ်သမျှ နာမ၀ိသေသနတွေသုံးပြီး `ဆဲ´ ထားတယ်။ အဆင့်အတန်းမရှိတဲ့ စာပေအမျိုးအစား ရေးသားသူ စာရင်းထဲ ကျုပ်ကိုသွင်းတယ်။ ရှုတ်ချပိုင်ခွင့်က ခင်ဗျားရဲ့ အခွင့်အရေးပဲ။ ဒါကို ကျုပ်က ပြန်လည်ချေပတာမျိုး မလုပ်လိုဘူး။ ဒါပေမဲ့ ကျုပ်ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ပညာရအောင်တော့ ကျုပ်က နည်းနည်းလေး ပြောပြချင်သေးတယ်။ မပြောပြန်ရင်လည်း မမြည်ဘူး မဟုတ်လား။ ခင်ဗျားက ဆရာဦးသုမောင်ကို ကိုးကားပြီး ကျုပ်ကို ဆရာလုပ်ထားတယ်။ ခင်ဗျားဆိုလိုရင်းကို ကျုပ် မှတ်မိသလိုပြန်ပြောရရင် ဆရာဦးသုမောင်ဟာ အရေးအသားတစ်ခုမှာ ပြောသူနာမ်စားကို ကျုပ်လို့ သုံးနှုန်းမိခဲ့တယ်။ အဲဒီအရေးအသားကို ဖခင်ကြီးဖြစ်တဲ့ ဦးသာဓုကို ပေးဖတ်ခဲ့တယ်။ သူက သူ့အရေးအသားကို ဦးသာဓုကြီး ဘယ်လိုမှတ်ချက်ချမလဲလို့ မေးလိုက်ချိန်မှာ ဖခင်ကြီးဦးသာဓုက ဒီလိုပြန်ဖြေတယ်လို့ ခင်ဗျားပြောတယ်။ သားရယ် မင်းအရေးအသားကို ငါ ဆက်မဖတ်ပါရစေနဲ့ကွာ။ မင်းက ကိုယ့်ကိုယ်ကိုယ် ကျုပ်လို

တည်နေရာနှင့် နယ်နိမိတ်

တည်နေရာရှာခြင်း သူဟာ တစ်ချိန်က ကမ္ဘာကို ကျော်ခဲ့တယ် ကမ္ဘာကို ခုတော့ သူကကျော်ခဲ့ပြီပေါ့ ကမ္ဘာဟာ နောက်မှာကျန်နေပြီ အခု သူ ဘယ်မှာတဲ့လဲ။ Navigation He once passed over the word The world had been already passed by him now The world is after him Please tell where is he now? နယ်နိမိတ် ကျွန်တော့် မိုးကုပ်စက်ဝိုင်းကို ချဲ့ထွင်ချင်ပါတယ် အတတ်နိုင်ဆုံး ဒါ ဖြစ်သင့်ပါရဲ့လား။ သင်ဟာ အတွင်းထဲကနေသာ ချဲ့ထွင်မှုကို လုပ်ဆောင်နိုင်တယ်။ မိုးကုပ်စက်ဝိုင်းရဲ့ အခြားသောတစ်ဘက်မှာ…။ Border I want to broaden my horizon As much as I can Should it be like that? You Are able to do broadening only within What if different sides of the horizon? Moonlitpath Poem

ဒီကိစ္စ

ကျွန်တော့်ရဲ့ ကဗျာတွေကို ခင်ဗျားတို့မကြိုက်ဘူး ဟုတ်လား ဒီကိစ္စကိုတော့ ကျွန်တော်ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့ မှတ်ထား တစ်နေ့မှာ ကျွန်တော့်ရဲ့ ကဗျာတွေကို ခင်ဗျားတို့ သားသမီးတွေ ကျောင်းမှာ ကျက်မှတ်သင်ယူနေကြရစေ့မယ်။ ကဲ ဘယ်လိုလဲ ခင်ဗျား ကျွန်တော့်ကို သိပ်မုန်းသွားပြီလား ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လည်း ဘာမှ မတတ်နိုင်ပါဘူး။ အထက်ပါစကားဟာ မြန်မာကဗျာကဝေကြီး မောင်ချောနွယ် ပြောခဲ့တဲ့စကားပါ။ ဟော … ခင်ဗျား ကျွန်တော့်ကို မမုန်းတော့ပြန်ဘူးလား ဒီကဗျာလေးကိုလည်း ခင်ဗျားကြိုက်သွားပြီပေါ့။ ဗျာ …  ဒီကဗျာကို ခင်ဗျားမကြိုက်ဘူး ဟုတ်လား ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လည်း ဘာမှ မတတ်နိုင်ပါဘူး။ တေဇာ (လရောင်လမ်း)

ကျရှုံးမှု ရက်စက်ကျိန်စာ

ကျွန်တော်ဟာ ကျရှုံးမှုနဲ့အတူတူ နေ,နေတယ် ကျရှုံးမှုရဲ့ ဦးခေါင်းက ငွေလွှာရောင် ဆံပင်တွေကို အမြဲ မြင်,နေတယ် ကျွန်တော့်ကို နှုတ်ဆက်ခွင့်ပြုပါတော့ အဖေ။ ဒီစကားပြေကဗျာကို ဘယ်တော့မှ မရွတ်ဆိုသင့်တဲ့အကြောင်း ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်ကောင်းကောင်းတစ်ခုပေးရန် အရိပ်,ဘုရားသခင်တစ်ပါးကို ဖန်ဆင်းဖို့ ကျွန်တော်ကိုယ်တိုင် ပျက်ကွက်ခဲ့ရပါတယ်။ Brutal Curse of Despair I am living with Despair Always seeing silver hairs Above the head of the despair Let me say goodbye now Dad! I, myself failed to create Certain phantom God, It was to deliver me a reasonable moral message Concerning why I never ought to chant, This prose. တေဇာ (လရောင်လမ်း) Theme: Absurdity

သဒ္ဒါဆိုင်ရာ ခွဲခြားဆက်ဆံမှု ယို, ပေါက်

ယို မာဂဓဘာသာစကားနဲ့ ရေးထားတဲ့ ဝေဖန်ရေးကျမ်းတွေမှာ ၎င်းတို့ နဲ့ပတ်သက်လို့ ၎င်းတို့ က ဝေဖန်ခဲ့ကြတယ်ဆိုတာ ငါတို့ ဘယ်တော့မှ မသိနိုင်ခဲ့ကြဘူး။ ပေါက် အေဆို အေပေါ့ ဘာလဲ တစ်ခု, တစ်ကောင်, တစ်ယောက်။ The Leak In the Critiques Written by Magadha [*] language That It criticized about It We ever ignored. The Hole It’s okay (to determine), A is A What’s the hell (determining), TaKhu, Ta Kaung, Ta Yauk. [-] [*] Animals’ language mentioned in preaching of Buddha [-] Indefinite Article duplications of Myanmar Grammar တေဇာ (လရောင်လမ်း) Title: Grammatical Discrimination, Leak & Hole

စကားလုံးများ၏ နောက်ကျောဓါး

ပြောင်းပြန် အချိုးကျမှု စကားလုံးတွေကြား စည်းရိုးများပြိုကျ သူတို့အချင်းချင်း ကူးလူးဆက်သွယ်ကြ ငါတို့မှာကား တဖြည်းဖြည်း ပိုဝေးသွားခဲ့ကြ။ Opposite Proportion Fences collapse among words They communicate one another We were but gradually Being far. အန္တရာယ် ကိုယ်မင်းကို `ချစ်ပါတယ်´ လို့ ပြောလိုက်ရင် ဒီစကားကို အရင်က မင်းကြားဖူးခဲ့တဲ့ အကြိမ်တွေအားလုံးရဲ့ အနှစ်သာရနဲ့ ကိုယ် လောင်းကစားရတာပဲပေါ့။ At Risk If I said “I Love You” to you, Its all previous impressions that you ever received, With such very essence, I would have to take a risk. Moonlitpath Poem Theme: Treachery of Words, Isolation

ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်၏ အနုပညာစုတ်ချက် (၁)

အရေးအသားသစ်အဖွင့် ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်၏ ကိုယ်ပိုင်အယူအဆနှင့် အတွေးအခေါ်များ အပေါ်တွင် အခြေခံ တည်ဆောက်ထားသော ကိုယ်တိုင်သက်သေပြ နောက်ဆုံးပေါ်ရနံ့၊ သရော်ချက်ဆိုင်ရာ အနုပညာ ။ -ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်- Of one well-educated young monkey, established by the base of genuine opinions and philosophies, self-evidence and newest genre, satirical ART . -One well-educated young monkey- မြင်မြင်ချင်း မျောက်မြင်ကပ်စေသောနည်းကား  ကြွားပါ။ (မျောက်စကားပုံ) မျောက်ဆက်ကွာဟမှု ပြဿနာနှင့် အနုပညာမျောက်မှု အနုပညာဆိုတာ ဘာလဲ ? ဒီလို ခမ်းနားလှတဲ့ မေးခွန်းကို ကျုပ်က ဖြေချင်နေခဲ့တာ ကြာလှပြီ။ ဒါပေမဲ့လည်း ဘယ်သူမှ လာမမေးကြဘူး။ ဒါမျိုး တစ်ခါမှ အ`ဗျူး´မခံရဖူးဘူး။ ဟုတ်လည်း ဟုတ်ပါတယ်လေ။ ကျုပ်လို မျောက်ပေါက်စတစ်ကောင်ကို ဘယ်သူက အဘက်လုပ်ပြီး ဒါမျိုး တရေးတယူ လာမေးမှာတဲ့လဲ။ ဒါပေမဲ့ ကျုပ်က ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်ပါ။ အဟုတ်။ မျောက်အခွင့်ရေးတို့ဘာတို့ သိုးသိုးသဲ့သဲ့ ကြားဖူးထားတယ်။ သိုးသိုးသဲ့သဲ့လို့ ဆိုရတာက ကျုပ်တို့တောမှာက ဒါမျိုးပြောမိရင် ပြောတဲ့အကောင်ကို မျောက်မင်းကြီးနဲ့ အပေါင်းပါတစ်စုက သစ်ပင်မှာ ကြိ

ဇာတ်ကွက်အခင်းအကျင်း (သို့) ဆိုင်းဘော့ဂ်* (Cyborg)

အခင်းအကျင်း အေဒီ ၃၀၀၂။ ကမ္ဘာဂြိုဟ်။ ကျောင်းတစ်ခု၏ စာသင်ခန်းအတွင်း။ ဇာတ်ကွက် ဆိုင်းဘော့ဂ် ဆရာက ဆိုင်းဘော့ဂ် ကျောင်းသားကို မေးလိုက်တယ် ဒီကဗျာတစ်ပုဒ်ကို တွက်နေတာ အခုထိ မပြီးသေးဘူးလားတဲ့ ဒီနှုန်းနဲ့ဆိုရင်တော့ ကမ္ဘာပေါ်က မျောက်တွေ အကုန် ငတ်ပြီးသေကုန်လိမ့်မယ်လို့လည်း ကြိမ်းမောင်းသေးတယ် တကျွီကျွီ မြည်သံတွေနဲ့ပါ သူပြောလည်း ပြောချင်စရာ အခုအခါ ` ကဗျာ ´ ဆိုတာ ` မျောက်စာ ´ မဟုတ်လား။ ကျောင်းသားငယ်က သူ့ရဲ့ သတ္တုခေါင်းပြောင်ပြောင်ကို မယားဘဲ ကုတ်ဟန်ပြုတယ် ဟုတ်တယ် သူ့မှာ ငိုမဲ့မဲ့လုပ်ဖို့ မျက်နှာကြွက်သားတွေမှ မရှိပဲကိုး။ အခြားကျောင်းသားငယ်တစ်ဦးက သင်္ချာတစ်ပိုဒ်ကို ဆွေးဆွေးမြေ့မြေ့ (အမှန်တော့ သတ္တုသံ စူးစူးရှရှနဲ့) လေချွန်နေတယ် သူ့ရှေ့မှာ ချထားတဲ့ ကွန်ပြူတာထူထူရဲ့ အဖုံးပေါ်မှာ ` သင်္ချာ ´ ကို ` စကားပြေပြန်ရန်မဖြစ်နိုင် ´ ဆိုပဲ။ ` မနုဿဗေဒ ´ ကျောင်းသားငယ်က သတ္တုသံ ကြမ်းရှရှနဲ့ စာအံနေလေရဲ့ ဆင့်ကဲဖြစ်စဉ်ဆိုတဲ့ ဒဏ္ဍာရီပြဇာတ်ရဲ့ အလိုအရ ဆိုင်းဘော့ဂ်ဆိုတာ လူဆိုတဲ့မျိုးစိတ်တစ်ခုက ဆင်းသက်လာခဲ့သတဲ့ သူ အိမ်မှာ ဒီအခန်းကို ဦးနှောက်ထဲတပ်ဆင်ခဲ့ဖို့ မေ့သွားလို့ ဖြစ်မယ်။ အဲဒီ ဆိုင်းဘော့ဂ်ငယ်ရဲ့ သ

ဝေါဟာရ ရိပ်မြုံ

`ဝေါဟာရဗေဒ´ မျက်နှာပူတယ် မျက်စိရှက်တယ် နားရှက်တယ် လက်ရှက်တယ် အဓိကအင်္ဂါက ဘယ်တော့မှ မရှက်ဘူး မထူးဆန်းဘူးလား…။ ‘Terminology’ The face turns to red Feeling shame by eyes Feeling shame by ears Feeling shame by hands The main organ yet never feels shame What a strange one. `ရိပ်မြုံ´ `ခွေးကိုက်တတ်သည်´ ဆိုတဲ့စာတန်းက အိမ်ရှင်ဘက်ကို လှည့်ထားသင့်တာ ဧည့်သည်က ဒါကိုဘာလုပ်မှာလဲ သတိရှိဖို့ (တာဝန်) ဟာ…။ ဒီလိုစာမျိုး ဖတ်ရတိုင်း မယုံသင်္ကာ တာဝန်မယူမှု မောက်မာမှုတွေကို အတိုင်းသားမြင်နိုင်တယ်။ စိတ်ကူးဉာဏ် စက်ကွင်း ရှိသလောက် လှည့်ပတ်ကြည့်ရှုဖို့ ကျွန်တော့်ကဗျာလေးမှ နွေးထွေးစွာကြိုဆိုပါတယ်။ Cozy `Be Aware Dog!’ signboard Should be faced to the host Nothing to do with it as for a guest (The duty) Taking care is for… Whenever I’ve to read such a shit Suspicion, Irresponsibility, Arrogance could be obviously seen. As widening as your very range of imagination allow you, To visit around here It’s warmly welcome to my little prose! တေဇာ (လရောင်လမ်း)

မူဝါဒနှင့် လမ်းစဉ်

မူဝါဒ ဟိုကြောင်ကို ခွင့်လွှတ်လိုက်ပါတဲ့ ဒီကြွက်က… ခင်ဗျား မပြုံးမိသွားဘူးလား။ ကြွက်တွေရဲ့ ဘ၀မှာ ကြောင်ကို ခွင့်လွှတ်(တယ်ပြော)ဖို့ ဆိုတာ… ။ လမ်းစဉ် ရေကြီးနေပြီ ငလျင်လှုပ်နေပြီ ဂေါ်ဇီလာကြီးလာနေပြီ ရေခဲတောင် မီးလောင်နေပြီ ရှူးပျံအကြီးကြီး ထ,ကြတော့…။ အလန့်တကြား မဟုတ်ဘူး ဒီလိုပဲ နှိုးရမှာ မဟုတ်လား အလန့်တကြား မဟုတ်ဘူး လက်တွေ့ အခြေအနေကရော ဘယ်လောက်များ ငြိမ်းချမ်းလို့လဲ အကဲခတ်ကြည့်ရအောင်။ ပြတင်းပေါက် ဖွင့်လိုက်ရင် ငါတို့ကောင်တွေကို ၀ိုင်းထားတယ်ဆိုတာ အလွယ်တကူ မြင်နေရပြီ မင်း `တောက်´ ခေါက်တတ်တယ် မဟုတ်လား ဒီလောက်ဆိုရင်ကို ရပြီသားကြီး ရရာလက်နက်စွဲကိုင်စို့။ မျက်နှာမြန်မြန်သစ် နံချပ်ကူ ချိန်းကြိုး သံလက်သီး ကိုယ်စီ အသီးသီး စိတ်ပုတီးဆွဲပြီး ထွက်လာတဲ့ကောင်ကို -ီး ပဲလို့ လှမ်း,ဆဲလိုက်ဦး။ ငါတို့ ခေတ် ငါတို့ ရပ်ကွက်ရဲ့ သမိုင်းပေး ရိုက်ပွဲတွေတလျှောက် လျှမ်းလျှမ်းတောက်ခဲ့ကြကြောင်း တို့နာမည်တွေကို နှောင်းလူတွေ ရေရွတ်ဖို့…။ * Since I dedicated particularly to Myanmar youths , please kindly disregard my terminology and usages dear. တေဇာ (လရောင်လမ်း) အောက်တိုဘာ

စုဗှားရှင်း, မြန်မာဗှားရှင်း (Suu Version, Myanmar Version)

နေရူးရဲ့ `ကိုယ်ရေးအထုပ္ပတ္တိ´ (An Autobiography) စာအုပ်ကို တစ်နေ့ တစ်ခန်းဖတ်ဖြစ်တယ်။ ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးထားတယ်လို့ ဆိုရမှာဖြစ်ပေမဲ့ ဂန္ဒီကြီး (Gandhiji) အကြောင်းနဲ့ သူ့ရဲ့ `တာဝန်အရ အာဏာဖီဆန်ရေး´ (Civil Disobedience)၊ `မပူးပေါင်းရေး´ (Non- cooperation) နဲ့ ခေါင်ချုပ်အဖြစ် `အကြမ်းမဖက်ရေး´ (Non-violence) ၀ါဒကိုတော့ တစ်အုပ်လုံး လက်ညှိုးထိုးမလွဲ မြင်နေရတယ်။ နေရူးဟာ ကိန်းဘရစ်ဂ်ျ (Cambridge) ထွက်ဖြစ်တယ်။ ဒီစာအုပ်ကို သူ ထောင်ကျနေစဉ်မှာ ရေးခဲ့တယ်။ သူ့ဘ၀တစ်လျှောက် ထောင်အလီလီကျပြီး စုစုပေါင်း (၁၇) နှစ် ထောင်ထဲမှာ နေခဲ့ရတယ်။ အဲဒါတွေက သိပ်အရေးမကြီးလှဘူး။ သူတို့ဆရာတပည့် (ဂန္ဒီကြီး/နေရူး) ရဲ့ Non-violence ၀ါဒက `အလွန်´ အရေးကြီးတယ်လို့ ထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့နောက်မှာ လက်ရှိ သက်ရှိထင်ရှား ကျွန်တော်တို့ရဲ့ `စု´ ကပ်လိုက်နေလို့ပဲ။ အချိန်ကိုက်လေးဖြစ်နေလို့ အဲဒီအကြောင်းကို နည်းနည်းလေး ရေးချင်ပါတယ်။

အတိုးဆုံးကဗျာများ (၂၆)

`အလံ´ မုန်တိုင်းနဲ့ လေပြင်းတွေ တိုက်တော့လည်း တလူလူနေလို့ရတာပေါ့ နော့…။ `တန်ပြန်မှု´ ရပြီ.. ပစ်ချလိုက်လိုက်လို့ ရပြီ… ထန်းလက် ရှိနေပြီ ကာကွယ်ခွင့် (တစ်ခုခု) ရခဲ့ဖို့သာ လိုတာ ဒီလိုငါက ပြန်ခြိမ်းပြပါမယ်။ `ကမ်းမဆိုက်´ ကမ်းခြေကို မြင်နေရပြီ ကူးထား… (တဲ့) ကျွန်တော်က ငါးတစ်ကောင်ဆိုရင်ရော..? `သိုးမဲ´ သိုးတော့ သိုးပဲ သို့သော် သိုးမဲ မှောင်ချင်လည်း မှောင်ပေါ့ အုပ်စုထဲ ငါ့အရောင်တော့ ထင်ရှားပစေ…။ `ကြောင်နှင့် စကားပြောခြင်း´ ငါဟာ ရန်သူလား လူဆိုးလား အရိုင်းအစိုင်းလား ပြောစမ်းပါဦး ပူစီလေးရယ် ငါ့မှာ စိတ်ကောင်းရှိရဲ့လားလို့…။ တေဇာ (လရောင်လမ်း) အောက်တိုဘာ (၉) ၂၀၁၀

တိတ်တဆိတ် ပဲ့ကြွေမှု

ဟဲ့ဆိုပြီး ခေါ်သံကြားလို့ ကျွန်တော် လှမ်းကြည့်လိုက်တော့ သူက တံခါးဝမှာရပ်နေတယ်။ ပြီးတော့ အရင်လိုပဲ အိမ်ထဲဝင်လာပြီး ကျွန်တော့် နံဘေးမှာ ထိုင်ချလိုက်တယ်။ အန်တီတို့ရောလို့ အိမ်ထဲကို တစ်ချက်ဝေ့ကြည့်ပြီး ကျွန်တော့်ကို မေးတယ်။ အမေဈေးသွားတယ်။ အခု ဒီအိမ်ထဲမှာ နင်နဲ့ငါနဲ့ နှစ်ယောက်ပဲ ရှိတယ်လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ သူက ကျွန်တော်ပြောတာကို အမှုမထားဘဲ နင် ဘာစာအုပ်ဖတ်နေတာလဲလို့ မေးလို့ ကျွန်တော် လက်ထဲက စာအုပ်ကို ထောင်ပြလိုက်တယ်။ စာအုပ်အဖုံးကိုမြင်တော့ မွန်ရိုးအကြောင်းလားလို့ သူက မေးတယ်။ အင်း ဟုတ်တယ်။ တစ်ခါတလေ အင်္ဂလိပ်စာဖတ်ရတာ ပျင်းဖို့ကောင်းလာတယ်။ ဘယ်သူမှ မပေးတဲ့တာဝန်ကြီးကို ကိုယ့်ဘာသာယူပြီး ဖတ်နေရသလိုပဲ။ အားစိုက်ရတယ်။ ငြီးငွေ့စရာ ကောင်းလာတယ်။ အဲလိုအချိန်မျိုးမှာ ဒါမျိုးစာအုပ်တွေကို ငါဖတ်တယ်။ ဇွတ်မှိတ်ဖတ်နေစရာမလိုပဲ အလိုလို ဖတ်ဖြစ်လာအောင် ဆွဲဆောင်မှုရှိတယ်လို့ ကျွန်တော်ပြောလိုက်တော့ နင်က စာဖတ်တာလား ပုံကြည့်တာလားဟယ်လို့ ရယ်ကျဲကျဲနဲ့ ပြန်မေးတယ်။ ကျွန်တော်ဖတ်နေတဲ့ မွန်ရိုး အထုပ္ပတ္တိစာအုပ်မှာ ပုံတွေ အတော်များများပါတယ်။ ကမ်းခြေသဲသောင်ပြင်ပေါ်မှာ ဘီကီနီနဲ့ မွန်ရိုးမြားပစ်နေတဲ့ပုံ၊ ပြီးတော့ မွ

လှပသော ဧပြီ နံနက်ခင်းတစ်ခုတွင် ၁၀၀% ပြီးပြည့်စုံသည့် မိန်းကလေးနှင့် တွေ့ဆုံခြင်း

Haruki Murakami ၏ On Seeing the 100% Perfect Girl One Beautiful April Morning ကို ဘာသာပြန်ဆိုသည်။ လှပတဲ့ ဧပြီ နံနက်ခင်းတစ်ခုမှာ တိုကျိုမြို့၊ ခေတ်မှီရပ်ကွက် ဟာရုဂျုကုရဲ့ လမ်းကျဉ်းလေး တစ်ခုပေါ်မှာ ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးကို ကျွန်တော် ဖြတ်လျှောက်မိခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် သူဟာ သိပ်ကြည့်ကောင်းလှတယ်တော့ မဟုတ်ဘူး။ တစ်နည်းနည်းနဲ့ ထူးခြားပေါ်လွင်နေတာမျိုးလည်း မဟုတ်ပါဘူး။ သူ့အ၀တ်အစားတွေက ထူးထူးခြားခြား မရှိဘူး။ သူ့ဆံပင်တွေရဲ့ နောက်ဘက်က အိပ်ယာကနိုးနိုးချင်း ဖွာလန်ကျဲနေတဲ့ ပုံစံအတိုင်းပဲ။ ပြီးတော့သူဟာ ငယ်လည်း မငယ်တော့ဘူး။ သုံးဆယ်လောက်နီးနီးကို ရှိပြီ။ နည်းမှန်ကမ်းမှန် ပြောကြေးဆို `မိန်းကလေး´ လို့ သုံးဖို့တောင် မနီးစပ်တော့ဘူး။ ဒါနဲ့တောင်မှ ကိုက်ငါးဆယ် အကွာအဝေးကနေ သူဟာ ကျွန်တော့်အတွက် ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးဆိုတာ ကျွန်တော် သိခဲ့တယ်။ သူ့ကို မြင်ရတဲ့ ခဏမှာပဲ ကျွန်တော့် ရင်အစုံက တဒိတ်ဒိတ်ခုန်နေပြီး အာခေါင်က ကန္တာရတစ်ခုလို ခြောက်သွေ့သွားခဲ့တယ်။ § § § § § § §

လိင်ရမ္မက်စိတ် သီအိုရီ (Libido)

လိင်ရမ္မက်စိတ်ခေါ် Libido ဟူသော ဝေါဟာရအား `စိတ်သရုပ်ခွဲ´ (Psychoanalysis) ဖခင် ဇီးဂမွန်ဖရွိုင်း (Sigmund Freud) က လိင်ပိုင်းဆိုင်ရာ မောင်းနှင်အား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ဗီဇစိတ်ကို ညွှန်းဆိုရန် စတင်သုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာ မောင်းနှင်အားသည် ပြင်းအားအထွဋ်အထိပ်သို့ ရောက်ရှိရန် တဖြည်းဖြည်း တည်ဆောက်ခြင်းအားဖြင့် ပုံပေါ်လာပြီးနောက်တွင် ရုတ်တရက် စိတ်လှုပ်ရှားမှု လျော့နည်းသွားခြင်းဖြင့် အဆုံးသတ်သည်ဟု သူက ဆိုသည်။ အဆိုပါဖြစ်စဉ်အား သူ၏ လူနာများမှ လေ့လာခဲ့ပြီး အစာစားခြင်း၊ ရေသောက်ခြင်းနှင့် ကျင်ကြီးကျင်ငယ်စွန့်ခြင်း စသည့် အထွေထွေသော လုပ်ဆောင်ချက်များတွင် အဆိုပါစိတ်သည် ယေဘုယျ အဆင်သဏ္ဌာန်အနေဖြင့် ပါဝင်ပတ်သက်နေသည်ဟု ဖရွိုင်းက ကောက်ချက်ဆွဲသည်။ အကျိုးဆက်အားဖြင့် အဆိုပါအပြုအမူများအား သူက လိင်ပိုင်းဆိုင်ရာ (၀ါ) လိင်ရမ္မက်စိတ်နှင့်ဆိုင်သော အပြုအများသာဖြစ်သည်ဟု သူက သတ်မှတ်ခဲ့၏။