Skip to main content

လမင်း မသာ

သူဟာ လမင်းကြီးပါ
ဒါပေမဲ့ အခုလောလောဆယ်မှာတော့
ငပုပ်ဖမ်းနေရှာတယ်
ရှက်ဖွယ်။

လမင်းကြီးက ပြန်ပြောတယ်
-ီး …. မင်းကျတော့ရော
ငါ ဒီက အသံမျှင်မျှင်လေးပဲ ကြားရတယ်
မှောင်မဲလိုက်တဲ့ကောင်တဲ့။

ဒါဟာ ငါ့အရိပ်က
မင်းကိုယ်ပေါ်မှာ ကျနေလို့ပေါ့လို့
ကမ္ဘာက ပြန်မချေပခဲ့ပါဘူး
လမင်းလေးရယ် လို့ပဲ စိတ်ထဲက
ပြောင်းလဲရွတ်ဆိုတယ်။

ကမ္ဘာဟာ အမြဲတမ်း
တခြမ်းပဲ မှောင်တတ်ခဲ့သူကိုး။

တေဇာ (လရောင်လမ်း)
Theme: Temper

Please disregard if my terminology appears as impertinence.  

Comments