Skip to main content

ဒီကိစ္စ

ကျွန်တော့်ရဲ့ ကဗျာတွေကို
ခင်ဗျားတို့မကြိုက်ဘူး
ဟုတ်လား
ဒီကိစ္စကိုတော့ ကျွန်တော်ဘာမှမတတ်နိုင်ဘူး။

ဒါပေမဲ့ မှတ်ထား
တစ်နေ့မှာ
ကျွန်တော့်ရဲ့ ကဗျာတွေကို
ခင်ဗျားတို့ သားသမီးတွေ
ကျောင်းမှာ ကျက်မှတ်သင်ယူနေကြရစေ့မယ်။

ကဲ ဘယ်လိုလဲ
ခင်ဗျား ကျွန်တော့်ကို
သိပ်မုန်းသွားပြီလား
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လည်း ဘာမှ မတတ်နိုင်ပါဘူး။

အထက်ပါစကားဟာ မြန်မာကဗျာကဝေကြီး
မောင်ချောနွယ် ပြောခဲ့တဲ့စကားပါ။

ဟော … ခင်ဗျား ကျွန်တော့်ကို
မမုန်းတော့ပြန်ဘူးလား
ဒီကဗျာလေးကိုလည်း ခင်ဗျားကြိုက်သွားပြီပေါ့။

ဗျာ …  ဒီကဗျာကို
ခင်ဗျားမကြိုက်ဘူး ဟုတ်လား
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လည်း ဘာမှ မတတ်နိုင်ပါဘူး။

တေဇာ (လရောင်လမ်း)

Comments

  1. ဖတ်ပြီးနောက်
    ကျနော်လည်း ဘာမှ မပြောတတ်တော့ပါဘူး။

    ReplyDelete

Post a Comment