Skip to main content

Posts

Showing posts with the label အင်္ဂလိပ်စာ

The A to Z of Correct English

The A to Z of Correct English blond or blonde? BLOND is used to describe men’s hair. BLOND is used to describe women’s hair. A BLONDE is a woman. Blond ဆိုတာ ဆံပင်ရွှေရောင်ရှိတာကို ပြောတာပါ။ ယောက်ျားလေးမှာရော မိန်းကလေးမှာပါ သုံးနိုင်ပါတယ်။ ရွှေရောင်ဆံပင်ရှိသောလို့ အဓိပ္ပာယ်ရတဲ့ နာမ၀ိသေသန (Adjective) ဖြစ်ပါတယ်။ Blonde ဆိုတာကတော့ ရွှေရောင်ဆံပင်ရှိတဲ့ မိန်းကလေးကို ပြောတာပါ။ ဥပမာ မာရီလင်မွန်ရိုး၊ ဘရစ်ထနေစဖီးယားတို့လိုမျိုး အမိုက်စားလေးတွေပေါ့။ ကိုရီးယားမင်းသားယောင်ယောင် ဆံပင်ရွှေရောင်ဆိုးထားတဲ့ ချာတိတ်ကောင်လေး တွေကိုတော့ Blonde လို့ သုံးနိုင်မှာ မဟုတ်ပါဘူး။ Paparazzo (singular) paparazzi (plural) Paparazzo ဆိုတာ ကျော်ကြားသူ (Celebrity) တွေနောက်က တကောက်ကောက်လိုက်ပြီး အနှောင့်အယှက် ဖြစ်လောက်အောင် ဓာတ်ပုံလိုက်ရိုက်တဲ့ လူတွေကိုပြောတာပါ။ မဂ္ဂဇင်း၊ သတင်းစာတွေဆီ အဲဒီဓာတ်ပုံတွေကို အခကြေးငွေနဲ့ ရောင်းစားတဲ့လူတွေဖြစ်ပါတယ်။ ဒိုင်ယာနာမင်းသမီး (Princess Diana) ကားမတော်တဆမှုနဲ့ သေဆုံးသွားရတာ၊ ဒီပါပရာဇီတွေကြောင့်လို့ ဆိုကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ပါပရာဇီတွေ မရှိသေးဘူးလို့ ဆိုနိုင်ပါ...

အိုဘားမား၏ အောင်ပွဲခံ မိန့်ခွန်း (Victory Speech of Obama)

အင်္ဂလိပ်စာ လေ့လာလိုသောသူငယ်ချင်းများ ခပ်များများရှိကြောင်းသိရလို့ အားတက်ဝမ်းမြောက်မိပါတယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ Post လေးတွေလဲ တင်ပေးဖို့ စိတ်ကူးမိပါတယ်။ ပြီးတော့ I.T. အကြောင်း အတိုအစလေးတွေပေါ့။ စောင့်ဖတ်ကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။ အခုတလော ကျွန်တော် Post အသစ် သိပ်မရေးနိုင်ပါဘူး။ အကြောင်းက ဟဲဟဲ... Internet သုံးဖို့က ပိုက်ပိုက် လိုတယ်ဗျ။ ကျွန်တော်က လကုန်ပိုင်းဆိုရင် ပိုက်ဆံသိပ်ကပ်တဲ့ကောင်မဟုတ်တော့ ရေးစရာတွေ၊ ရေးချင်တာတွေရှိပေမယ့်လဲ မရေးနိုင်တာပါ။ ဒီလို ပိုက်ဆံမရဘဲ ပိုက်ဆံကုန်တဲ့အလုပ်တွေဆိုရင် ကျွန်တော်ကလဲ သိပ်လုပ်ချင်တာ။ ရုံးမှာကျတော့ သိပ်မလွတ်လပ်ဘူးပေါ့ဗျာ။ ကဲ.. လျှောက်လေရှည်မနေတော့ပါဘူး....။ အောက်မှာ Obama ရဲ့ အောင်ပွဲခံ မိန့်ခွန်းပါ။ Knowledge အတွက်ရော English စာ လေ့လာချင်တဲ့သူတွေအတွက်ရော စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာသာပြန်လေးပါထည့်ပေးပါဦးမယ်..။ အရှည်ကြီး ဖြစ်နေရင်လဲ ခွင့်လွတ်ကြပါဦးဗျာ။ ကျွန်တော် Read More တောင် မလုပ်တတ်သေးပါဘူး။ Post အသစ်ရေးဖို့သာ စိတ်အားထက်သန်နေတာနဲ့ Technical ပိုင်းဆိုင်ရာတွေ သိပ်မလုပ်နိုင်သေးပါဘူး။ သည်းခံကြပါဦး ဘော်ဘော်တို့....။ :-) Democrat Barack ...

English စာလေ့လာလိုသူများအတွက် နှစ်သက်စရာ Website

www.famouspeoplelessons.com ပါ။ English စာလေ့လာလိုသူ သူငယ်ချင်းတိုင်း အကြိုက်တွေ့မှာပါ။ သူက ထင်ရှားကြော်ကြားသူတို့ရဲ့ အကြောင်းရေးထားတဲ့ စာပိုဒ်လေးပေးထားပါတယ်။ နောက်တော့မှ Lessons တွေပေးထားပါတယ်။ SYNONYM MATCH,PHRASE MATCH တို့လို ဟိုဘက်ဒီဘက် တွဲပေးရတဲ့ Lesson လေးတွေ၊ LISTENING GAP FILL, CHOOSE THE CORRECT WORD စသည်ဖြင့် သင်ခန်းစာလေးတွေတော်တော်စုံပါတယ်။ ပိုပြီးကောင်းတာက Cybercafe ကနေ Download ဆွဲပြီးတော့ အိမ်မှာ Offline နဲ့ ပြန်လေ့ကျင့်လိုသူများအတွက် Word Document, PDF, MP3 စတဲ့ Format တွေကို ဆွဲနိုင်တာပါပဲ။ Listening Skill အတွက် MP3 Format ကို ဆွဲလိုက်ပေါ့။ ပေးထားတဲ့ Paragraph နဲ့ Lesson တွေက အခက်ကြီးမဟုတ်ပါဘူး။ ပြီးတော့ ထင်ရှားတဲ့ Celebrity တွေအကြောင်းဆိုတော့ စိတ်ဝင်စားမှုကို နိုးဆွစရာမလိုတော့ဘူးပေါ့။ အားနဲချက်လား... ရှိတာပေါ့။ သင်ခန်းစာတွေ နဲနေသေးတာပါ။ A-Z တော့စီထားတာပါပဲ။ ဒါပေမဲ့ (ကျွန်တော်လောဘကြီးလို့လားတော့ မသိဘူး) နဲနေပါသေးတယ်။ ဘာပဲပြောပြော အကုန်ဖတ်နိုင်ရင်တောင် မဆိုးဘူးပြောရမှာပါ။ English စာ လေ့လာကြသူများ ၀င်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ တေဇာ