Skip to main content

The A to Z of Correct English

The A to Z of Correct English

blond or blonde?

BLOND is used to describe men’s hair.
BLOND is used to describe women’s hair.
A BLONDE is a woman.

Blond ဆိုတာ ဆံပင်ရွှေရောင်ရှိတာကို ပြောတာပါ။ ယောက်ျားလေးမှာရော မိန်းကလေးမှာပါ သုံးနိုင်ပါတယ်။ ရွှေရောင်ဆံပင်ရှိသောလို့ အဓိပ္ပာယ်ရတဲ့ နာမ၀ိသေသန (Adjective) ဖြစ်ပါတယ်။ Blonde ဆိုတာကတော့ ရွှေရောင်ဆံပင်ရှိတဲ့ မိန်းကလေးကို ပြောတာပါ။ ဥပမာ မာရီလင်မွန်ရိုး၊ ဘရစ်ထနေစဖီးယားတို့လိုမျိုး အမိုက်စားလေးတွေပေါ့။ ကိုရီးယားမင်းသားယောင်ယောင် ဆံပင်ရွှေရောင်ဆိုးထားတဲ့ ချာတိတ်ကောင်လေး တွေကိုတော့ Blonde လို့ သုံးနိုင်မှာ မဟုတ်ပါဘူး။

Paparazzo (singular) paparazzi (plural)

Paparazzo ဆိုတာ ကျော်ကြားသူ (Celebrity) တွေနောက်က တကောက်ကောက်လိုက်ပြီး အနှောင့်အယှက် ဖြစ်လောက်အောင် ဓာတ်ပုံလိုက်ရိုက်တဲ့ လူတွေကိုပြောတာပါ။ မဂ္ဂဇင်း၊ သတင်းစာတွေဆီ အဲဒီဓာတ်ပုံတွေကို အခကြေးငွေနဲ့ ရောင်းစားတဲ့လူတွေဖြစ်ပါတယ်။ ဒိုင်ယာနာမင်းသမီး (Princess Diana) ကားမတော်တဆမှုနဲ့ သေဆုံးသွားရတာ၊ ဒီပါပရာဇီတွေကြောင့်လို့ ဆိုကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ပါပရာဇီတွေ မရှိသေးဘူးလို့ ဆိုနိုင်ပါလိမ့်မယ်။ မှတ်သားသင့်တဲ့အချက်က ပါပရာဇီ (paparazzi) ဆိုတာ အများကိန်း (plural) ဖြစ်ပြီး၊ အနည်းကိန်း (singular) ဟာ ပါပရာဇို (paparazzo) ဖြစ်တယ်ဆိုတဲ့အချက်ပါ။ စပ်မိလို့ သတိရတာလေးတစ်ချက် ပြောပါရစေ…။

”ပါပရာဇီလာနေပြီ ဒီဘက်တိုးနေ…” ဆိုတဲ့ ၀ံ့ဝံ့ကြွားကြွား သီချင်းစာသားကို ကြားဖူးကြမှာပေါ့။ ကောင်မလေးကို သူ့အနားတိုးခိုင်းတာနဲ့တစ်ချိန်တည်းမှာ သူ့ကိုယ်သူလည်း ကျော်ကြားသူအဖြစ် သွယ်သွယ်ဝိုက်ဝိုက် ကြွားလိုက် တာပါပဲ။ ဒါပေမဲ့ ပါပရာဇီဆိုမယ့်အစား “ပါပရာဇီတွေ” ပြောရင်တော့ ပိုပြီး သဘာဝကျမယ်ထင်တယ်။ မြန်မာနိုင်ငံက အနုပညာရှင်တွေထဲမှာ ပါပရာဇီတွေရဲ့ဒဏ်ကို ပထမဆုံးခံရတာ စိုင်းစိုင်းခမ်းလှိုင်ဆိုပြီး မှတ်တမ်းတင်ထားသင့်တယ်လို့ ထင်မိပါတယ်။

Practice or Practise?

PRACTICE makes perfect.
လေ့ကျင့်မှုဖြင့် ပြီးပြည့်စုံရာ၏။

An hour’s PRACTICE every day will yield returns.
တစ်နေ့တစ်နာရီလောက်လေ့ကျင့်မှုပြုလုပ်လိုက်ရင် နာလန်ပြန်ထူလာပါလိမ့်မယ်။

The young doctor has built up a busy PRACTICE.
ဆရာဝန်ပေါက်စသည် များပြားလှသော လက်တွေ့လေ့ကျင့်ခန်းများကို ဖြည့်ဆည်းခဲ့ပြီးလေပြီ။

ဒီနမူနာတွေမှာ Practice ဆိုတာ နာမ် (Noun) ဖြစ်ပါတယ်။

You should PRACTISE every day.
သင်နေ့စဉ် လေ့ကျင့် သင့်တယ်။

PRACTISE now!
အခုစ လေ့ကျင့်တော့။

ဒီ Practise ကတော့ ကြိယာ (Verb) ဖြစ်ပါတယ်။ ဒီတော့ မှတ်ထားရမှာက …

Practice (Noun:) လေ့ကျင့်မှု၊ အလေ့အကျင့်။
Practise (Verb:) လေ့ကျင့်သည်။

Shall or Will?


Shall နဲ့ Will အသုံးအနှုန်းကို ရှင်းပြထားတာလည်း မှတ်သားသင့်ပါတယ်။
Shall ကို I/we စတဲ့ နာမ်စား (Pronoun) တွေနဲ့ တွဲသုံးပြီး ကျန်နာမ်စားတွေကိုတော့ Will နဲ့ တွဲသုံးပါတယ်။

ဥပမာ -

I shall drive.
You (singular) will drive.

He/she it will drive.
We shall drive.

You (plural) drive.
They will drive.

ကဲ… ဒါကိုပဲ ပြောင်းပြန် ပြန်လုပ်လိုက်မယ်။ I/We ကို Will နဲ့တွဲမယ်၊ ကျန်တဲ့နာမ်စားတွေကို Shall နဲ့ တွဲမယ်ဆိုပါစို့။ အဲဒီလိုတွဲတဲ့အချိန်မှာ သင် ဆုံးဖြတ်ပြီးသားလို့ အသိပေးချင်တဲ့ သဘောလေးပါသွားမှာ ဖြစ်ပါတယ်။ ဥပမာ -

I will drive.
ကားကို ငါမောင်းမယ်။ (သင် မောင်းမယ်လို့ ဆုံးဖြတ်ပြီးသား/ ငါပဲမောင်းမယ်၊ မင်းမမောင်းနဲ့သဘောမျိုး…)

You shall drive.
ကားကို မင်းမောင်းမှာနော်။ (သင် မမောင်းဘူးလို့ ဆုံးဖြတ်ပြီးသား/ သင်မမောင်းချင်ဘူး အသိပေးတဲ့သဘော…)

He/she/it shall drive.
We will drive.
you shall drive.
they shall drive. စသည်ဖြင့်…

ဒီလိုမျိုး ထူးခြားချက်လေးတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီထူးခြားချက်လေးတွေဟာ နေ့စဉ်သုံးစကားပြောတွေမှာတော့ အတိအကျ အဓိပ္ပာယ်ကောက်နိုင်မှာ မဟုတ်ပါဘူး။ I will drive. လို့ပြောလိုက်ပေမဲ့ အသံနေအသံထားနဲ့ လိုက်ပြီး ဘာကိုဆိုလိုသလဲဆိုတာကို ဆုးံဖြတ်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက စာအနေနဲ့သာ အပေါ်ကပြောခဲ့တဲ့ ထူးခြားချက်လေးတွေဟာ အကျုံးဝင်မှာဖြစ်ပါတယ်။

A to Z of Correct English စာအုပ်ထဲက အသုံးဝင်တဲ့၊ သိထားသင့်တဲ့ အချက်တချို့ကို ထုတ်နှုတ်တင်ပြ လိုက်တာပါ။ အတော်လေးရှည်သွားပြီနဲ့တူပါတယ်။ စာအုပ်ကို Download လုပ် လုပ်ချင်ရင် ဒီမှာ ရယူ နိုင်ပါတယ်။
တေဇာ 
သြဂုတ် (၇) ၂၀၀၉

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ