Skip to main content

ကျွန်တော်တို့အခုသုံးနေတဲ့ Gmail ကို ခိုးလို့ရပါသလား?

ကျွန်တော်တို့အခုသုံးနေတဲ့ Gmail ကို ခိုးလို့ရပါသလား။

Posted by ၀က်ခေါက်လေး on သြဂုတ် 1, 2009 at 2:35pm in နည်းပညာ

ကျွန်တော်တို့ အခုလက်ရှိသုံးနေတဲ့ Gmail ကို ဘာအချက်အလက်မှမသိဘဲ ခိုးလို့ရတယ်တဲ့။ Secondary mail ကိုမသိလဲရတယ်တဲ့ Security question ကိုမသိလို့လဲရတယ်တဲ့။ ဘယ်လိုလုပ်ရတာလဲဆိုတာ ပညာရှင် အကို အမ တွေဖြေပေးကြပါအုံး။ နောက်ပြီးအကောင့်တစ်ခုကိုခိုးရင် မြန်မာငွေ 50000 နဲ့ အချိန် 2 ရက်ပေးရတယ်တဲ့။ သူကိုခိုးမယ့်အကောင့်နာမည် ပေးရင်ရပြီတဲ့။ ပြန်ပြီး ဖြေပေးကြပါအုံး။

§ § §

ကျွန်တော်နားလည်ထားသလောက်တော့ Gmail ကို Technical ပိုင်းအရ Hack လို့မရပါဘူး။ Gmail ဟာ နိုင်ငံတကာအတိုင်းအတာနဲ့ သုံးစွဲနေတာ ဖြစ်တဲ့အတွက် ဒါလည်း သဘာဝကျပါတယ်။ အလွယ်တကူ Hack လို့ရနေရင် ဘယ်သူက သုံးတော့မလဲ။ ဒါပေမဲ့လည်း Gmail Password Reset ချခံရတဲ့လူတွေ၊ ကိုယ့် Account ထဲ ခိုးဝင်တာခံရတဲ့လူတွေစသည်ဖြင့် မြင်နေကြားနေရပါတယ်။ ဘာကြောင့်ပါလဲ... ။

အကြောင်းရင်းကို ရှာကြည့်တော့ သုံးစွဲသူကိုယ်တိုင်ရဲ့ ပေါ့ဆမှုကြောင့်၊ သတိမပြုမှုကြောင့်လို့ပဲ ဆိုရမှာပါ။ Connection ကျသွားလို့ Sing Out သေသေချာချာ မထွက်မိတာ၊ Google မှာ Sing In ၀င်ပြီးသားကျန်ခဲ့တာ၊ Browser မှာ Saved Password လုပ်ထားမိတာ စသည်ဖြင့် ရိုးရှင်းတဲ့ အမှားလေးတွေကနေ၊ Fake Log in ၊ Social Engineering/ Social Hacking ၊ Remote Key logger ၊ Remote Spyware လိုမျိုး ပညာသားပါပါ Hack နည်းတွေအထိ အမျိုးမျိုးပါဝင်ပါတယ်။ အသေးစိတ်ရှင်းဖို့ရာ အချိန်မရပေမဲ့...၊ တစ်ခုနားလည်ထားရမှာက ဒါတွေအားလုံးဟာ “မိမိအမှားလုပ်မိသာ ကိုယ့်ရဲ့ Password ကို ခိုးယူနိုင်တဲ့” နည်းလမ်းတွေချည်းပါပဲ။

စိတ်ဝင်စားဖို့ကောင်းတာက ဒီနည်းတွေနဲ့မဟုတ်ဘဲ Technical ပိုင်း သီးသန့်နဲ့ Gmail Password ကို ဟက်နိုင်တယ်ဆိုတဲ့အသံတွေလည်း ကြားနေရတာပါပဲ။ တစ်ချို့ဆိုရင် ကွန်ပြူတာပညာမှာ အခြေခံလောက် အဆင့်သာရှိပေမဲ့ Program/Website စသည်ဖြင့် အစွမ်းထက်တဲ့ Hacking Tools တစ်ခုခုကို ကိုင်ထားပြီး သူများတွေကို ဒုက္ခလိုက်ပေးနေတယ်ဆိုတဲ့ပုံစံမျိုး ကြားသိရပါတယ်။ (ကြားသိရတယ်ဆိုတာ ကိုယ်တွေ့ကြုံ ဖူးတာမဟုတ်ကြောင်း သတိပြုစေလိုပါတယ်) ဒါနဲ့ မကြာသေးခင်ကမှ ကျွန်တော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စူးစမ်းရှာဖွေကြည့်မိပါတယ်။

ပထမဆုံးအနေနဲ့ UTube မှာတင်ထားတဲ့ How to Video တွေပါပဲ...။ Program တစ်ခုခုနဲ့မဟုတ်ပဲ Google Password Sever ကို အီးမေးလ်လှမ်းပို့ခိုင်းတာလို အရိုးရှင်းဆုံး Trick လေး သုံးပြီး Hack တာတွေမှအစ Webmail Hack, Gmail Password Recovery လိုမျိုး Program တွေသုံးတာအဆုံး အများကြီးရှိပါတယ်။ ကျွန်တော် သတိပေးချင်တာက အီးမေးလ်ပို့ခိုင်းတဲ့ Tricks တွေဟာ ကိုယ့်ရဲ့ကိုယ်ပိုင် Gmail Password ကိုပါ ထည့်ပေးလိုက်ရတာမို့ လုံးဝမလုပ်မိစေဖို့ပါပဲ။ အဆင့် (၄) ဆင့် (၅) ဆင့်စသည်ဖြင့် ယုတ္တိတန်အောင် ပေးထားပါလိမ့်မယ်။ ဒါပေမဲ့ ဒါတွေဟာ ပညာပေးတာ၊ နောက်ပြောင်တာ၊ ကိုယ့် Password ကို ဟက်တာ တွေထက်မပိုပါဘူး။ ဒါကြောင့် ဒီနည်းတွေကို လုံးဝမစမ်းမိစေဖို့ သူငယ်ချင်းများကို စေတနာရင်းနဲ့ သတိပေးလိုက်ပါတယ်။ (သတိပေးလေ စမ်းချင်လေ...ဖြစ်နေတဲ့... လက်ယားနေတဲ့ဘော်ဒါတွေကိုတော့ ဂျီမေးလ်အကောင်အသစ်တစ်ခုဖွင့်ပြီး စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်.... :P )

နောက်တစ်ခုကတော့ Program တစ်ခုခုသုံးပြီး Hack တဲ့နည်းပါ။ Password Searching Program တွေ၊ Password Searching Websites Services တွေ အင်တာနက်ပေါ်မှာ ရိုက်သတ်လို့မကုန်အောင် ပေါများလှပါတယ်။ ဒါပေမဲ့ အများစုကတော့ Free of Charges မဟုတ်ဘဲ ပိုက်ဆံတောင်းပါလိမ့်မယ်။ (ကြွားရရင်) ကျွန်တော့်မှာ ပိုက်ဆံတစ်ပြားမှမရှိတဲ့အတွက် အဲဒါတွေကိုတော့ မစမ်းကြည့်ဖူးပါဘူး။ အလကားရတဲ့ Program တွေလည်း ရှိပါတယ်။ အတော်ခက်ခက်ခဲခဲကို Download လုပ်ရ တတ်ပါတယ်။ Webmail hack ver2.3/2.4/4 စသည်ဖြင့်...။ လုံးဝ (လုံးဝ) မစမ်းကြည့်ပါနဲ့လို့ အကြံပေးပါတယ်။ မိမိ ကွန်ပြူတာရဲ့ (Stability) ကို ထိခိုက်စေနိုင်ပါတယ်။ အလုပ်ဖြစ်လားဆိုတော့လည်း မဖြစ်ပါဘူး။ Webmail Hack

Program ဆိုရင် Gtalk/Yahoo စတာတွေအပြင် Version အလိုက် AOL/Hotmail အထိ Web Based Mail တော်တော်များများကို ဟက်နိုင်တယ်ဆိုပြီး ပေးထားပါတယ်။ (UTube Video များလည်း ရှိပါတယ်)။ ကျွန်တော်စမ်းသပ်ကြည့်သလောက် သူက ခပ်တည်တည်နဲ့ Password Searching ဆိုပြီးပေါ်နေပြီး အကြိမ်တိုင်းမှာ dolphin9 ဆိုတဲ့ ပေါက်ကရ password ကိုပဲ ပေးပါတယ်။ တခြား program တချို့တလေရှိသေးပေမဲ့ ထိုနည်း၎င်း အသုံးမတည့်တာတွေချည်းပါပ.ဲ ..။

ဒါတွေက ကျွန်တော့်အတွေ့ကြုံပိစိကွေးလေးကို ပြန်လည်ဝေမျှတာပါ။ ကိုဝက်ခေါက်လေး (၀ီစကီနဲ့သာဆို ရှယ်ပဲ..ဟိ) ဆွေးနွေးထားတဲ့ ဆိုလိုရင်းကို ပြန်ကောက်ရရင်၊ မြန်မာငွေ ၅၀၀၀၀ နဲ့၊ အချိန်နှစ်ရက်ပေးရင် password ရှာနိုင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့တော့ ကျွန်တော် မငြင်းရဲပါဘူး။ ဒါပေမဲ့ သတိပြုမိဖို့တစ်ချက်က အဲဒီငါးသောင်းကို အရင်မပေးလိုက်မိစေဖို့တော့ လိုပါလိမ့်မယ်။ Website တွေထဲမှာလည်း ဒီလိုမျိုး Services တွေ ရှိပါတယ်။ Fee အနေနဲ့ $15/20/30/60 စသည်ဖြင့်....။ မြန်မာငွေ ၅၀၀၀၀ ဟာ အနည်းဆုံး $15 နဲ့ချိန်ထိုးကြည့်ရင် အတော်များနေတဲ့ ငွေကြေးပမာဏလို့ထင်ပါတယ်။ အရေးအကြီးဆုံးအချက်အနေနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ “ကိုယ်ရေးကိုယ်တာ” (privacy) ကို လေးစားမှုပေးဖို့ ဆိုတာ လူမှုရေးကျင့်ဝတ်တစ်ရပ်ဖြစ်ပါတယ်။

မြန်မာပြည်မှာ အဲဒီဆားဗစ်ကိုပေးနေတဲ့ လူများဟာ Google ကိုတောင် Hack နိုင်တဲ့ အင်မတိမတန် တော်တဲ့သူကောင်းသားများဖြစ်လို့ မြန်မာတစ်ယောက်အနေနဲ့ ကျွန်တော် ဂုဏ်ယူမိပါတယ် (တကယ်ပါ… အဟုတ်ပါ)။ ဒါပေမဲ့ ဆရာသမားများ ဘာကြောင့် ခိုးကူးခွေတားဆီးနိုင်တဲ့ Program တစ်ခုခုများ မရေးကြဘဲ.... အဆိုတော်ကြီး/ငယ်/ပေါက်စနတွေ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတာကို လက်ပိုက်ကြည့်နေကြသလဲ ကျွန်တော် နားမလည်နိုင်ပါဘူး။ ဒါမှမဟုတ် မခိုးရမနေနိုင်တဲ့ စောရနက္ခတ် (Kleptomania) စိတ်ရောဂါဟာ ကျွန်တော်တို့ မြန်မာတွေမှာ အဖြစ်များသလား တွေးနေမိပါတယ်။ ပြန်လှန်ဆွေးနွေးခြင်းများကို ကြိုဆိုပါတယ်….။

◘ တေဇာ ◘

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ