Skip to main content

♥ ဟိုမိုဟာ စိတ်ရောဂါလား ???

အောက်ပါသတင်းကို ဒီနေရာ ကနေ ရယူဖော်ပြထားတာဖြစ်ပါတယ်။ ဟိုမို (အထူးသဖြင့် Gay) အကြောင်း စိတ်ဝင်စားသူများ သွားရောက်လေ့လာသင့်တဲ့ ရှားရှားပါးပါး မြန်မာဆိုက်ပါ။ အိန္ဒိယနိုင်ငံမှာလည်း မကြာသေးခင်ကမှ ဟိုမိုအခွင့်အရေး ဆန္ဒပြတောင်းဆိုမှု ငြိမ်းချမ်းစွာ အောင်မြင်ပြီးဆုံးသွားခဲ့ပါတယ်။
ဒီ ဟိုမိုကိစ္စကို Research လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဟိုမိုကိစ္စကို ဘာသာရေးရှုထောင့်တစ်မျိုးထဲမှ ရှုမြင်နေရုံလောက်မျှဖြင့်တော့ လုံလောက်မှု မရှိနိုင်ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ ◄ တေဇာ ►


.....................................................
...................................

“လူသားတစ်ယောက်ဟာ လူသားဖြစ်တဲ့ အချက်ကြောင့်နဲ့ဘဲ လူ့အခွင့်အရေးကို

ပိုင်ဆိုင်ခံစားခွင့်ရှိတာ ဖြစ်ပါတယ်


...................................
.....................................................





လိင်စိတ်ခံယူမှုကို စိတ်ပညာကုထုံးနဲ့ ကုသလို့ လုံးဝမရနိုင်ကြောင်းကို စိတ်ပညာရှင်များအသင်းအဖွဲ့က ထပ်မံအတည်ပြု
သြဂုတ် ၇၊ ၂ဝဝ၉
သက်တံ့အယ်ဒီတာအဖွဲ့

စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များနဲ့ စိတ်ပညာရှင်တွေအနေနဲ့ လိင်တူချင်းချစ်တဲ့သူတွေရဲ့ လိင်စိတ်ခံယူမှုကို ပြုပြင်ကုသပြောင်းလဲလို့ ရတယ်ဆိုပြီး ပြောဆိုနေတာတွေကို ရပ်တန်းကရပ်ဖို့အတွက် စိတ်ပိုင်း ဆိုင်ရာကျွမ်းကျင်သူများနဲ့ဖွဲ့စည်းထားတဲ့ ကမ္ဘာ့အကြီးမားဆုံး အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ အမေရိကန်စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ အဖွဲ့က သြဂုတ်လ ၅ရက်နေ့ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဆိုပါစိတ်ပညာရှင်များအဖွဲ့ဟာ စိတ်ပညာရှင်အဖွဲ့ဝင်ပေါင်း တစ်သိန်း ငါးသောင်းကျော်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်စီဒီမြို့မှာ အခြေစိုက်တာ ဖြစ်ပါတယ်။ နှစ်ပတ်လည် အစည်းအဝေးကို တနှစ်တခါကျင်းပတာဖြစ်ပြီး ဒီနှစ်အစည်းအဝေးကို ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာကျင်းပနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ ချမှတ်လိုက်တဲ့ လိင်စိတ်ခံယူမှုကွဲပြားခြင်းကြောင့် ထိခိုက်နာကျင်နေမှုများကို ပြုပြင်ပြောင်းလဲရန်အတွက် သင့်တော်သည့်ယာယီအထူတုံ့ပြန်မှု ဆုံးဖြတ်ချက်အမှတ်လို့ခေါ်တဲ့ ဆုံးဖြတ်ချက်ထဲမှာဆိုရင် “ မိဘ၊ အုပ်ထိန်းသူ၊ လူငယ်လူရွယ်တွေအနေနဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေကို စိတ်ဝေဒနာရှင်တွေလိုသတ်မှတ်ပြီး သူတို့ရဲ့ လိင်စိတ်ခံယူမှုကို ပြုပြင်ပြောင်းလဲဖို့ ဆေးကုသနည်းတွေ၊ စိတ်ပိုင်းဆိုင်ရာကုထုံးတွေကို လိုက်လံရှာဖွေနေတာမျိုး ထပ်မံမပြုလုပ်ကြရန်နှင့် အဲဒီလိုကုသနည်းတွေကို လိုက်ရှာနေတာထက်စာရင် အဲဒီလို လိင်စိတ်ကွဲပြားနေတဲ့သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးတိုးတက် လာအောင် လူမှုအသိုင်းအဝိုင်းကနေဘယ်လိုထောက်ပံ့ကူညီနိုင်မလဲ၊ စာသင်ကျောင်းတွေကရော အထောက် အကူပြုစေမဲ့ ဘယ်လိုမျိုးအသိပညာပေးမှုတွေကို လုပ်ဆောင်ပေးနိုင်မလဲ၊ စိတ်ပညာရှင်တွေကလည်း စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လို ပံ့ပိုးပေးမလဲဆိုတဲ့ နည်းလမ်းတွေကိုသာ ရှာဖွေသင့်တယ်” လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“လိင်စိတ်ခံယူမှုကို စိတ်ပိုင်းဆိုင်ရာကုထုံးနဲ့ ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုပြီး လိုက်လံဆော်သြနေတာတွေ၊ လိုက်လံသက်သေခံနေတာတွေနဲ့ဆန့်ကျင်ဖက်ဆိုသလို တချိန်ထဲမှာပဲ တကယ်ပြောင်းလဲလို့ရပါတယ် ဆိုတာကို ခိုင်ခိုင်လုံလုံ သက်သေအထောက်အထား ပြနိုင်တဲ့ အချက်တွေကလည်း အင်မတန်မှကို နည်းပါးနေပါပြီ၊ ပြီးတော့ တချို့သောသူတွေရဲ့ သုတေသနပြုလေ့လာချက်တွေအရ လိင်တူချစ်သူတချို့ရဲ့ လိင်စိတ်ကို တကယ်ပြောင်းလဲ နိုင်ခဲ့တယ်ဆိုပြီးပြောကြတယ်၊ ယေဘူယျအချိန်အတိုင်းအတာ တခုအနေနဲ့ အဲဒါကို လက်ခံနိုင်ပေမယ့် ခုနကပြောင်းထားတဲ့ လိင်စိတ်ဟာ အချိန်ဘယ်လောက်ကြာအောင် ပြောင်းထားနိုင်မလဲ၊ အောင့်ထားနိုင်သလဲဆိုတာတွေက မေးစရာမေးခွန်းတွေဖြစ်လာသလို၊ အဲဒီလိုပြောင်းလဲထားတဲ့သူရဲ့ စိတ်ကျန်းမာရေးအခြေအနေကရော ဘယ်လိုအခြေအနေမှာရှိနေလဲဆိုတာတွေက ထည့်တွက်စဉ်းစားဖို့ လိုလာသလို၊ ခုနကပြောတဲ့ ပြောင်းလို့ရတယ် ဆိုတဲ့အချက်ကလည်း မိမိကိုယ်ကို မိမိ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတွေအဖြစ်နဲ့ နေထိုင်နေပြီဖြစ်တဲ့သူတွေအတွက်ဆိုရင် နားမလည်နိုင်စရာအချက်လို ဖြစ်နေ ပြန်ပါတယ်” လို့ စိတ်ပညာရှင်များအဖွဲ့ရဲ့ ဥက္ကဌဲJudith M. Glassgold ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အချို့စိတ်ပညာရှင်တွေရဲ့ သုတေသနရှာဖွေတွေ့ရှိချက်တွေမှာတော့ အဲဒီလိုလိင်စိတ်ခံယူမှုကို အတင်းအဓမ္မ ပြောင်းလဲ ခိုင်းခြင်းဟာ ကံယံကံရှင်ရဲ့ စိတ်ကိုပိုမိုထိခိုက်နာကျင်စေသလို စိတ်ဓါတ်ကျဆင်းမှုရောဂါနဲ့ နောက်ဆုံးမိမိကိုယ်ကို မိမိအဆုံးစီရင်သွားတာမျိုးတွေကိုပါ ဖြစ်စေနိုင်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကိုးကားချက်၊
http://fridae.com/newsfeatures/2009/

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ