Skip to main content

♥ အနုပညာဆိုသည်မှာ ...

• တော်ရုံသာပြော •

ဘာလဲ။ ဘာလဲ။ အလန့်တကြား အနုပညာလား၊ အနုပညာဆိုတာလား။ တကယ်တော့ ဘာမှ သိပ်မဟုတ်ပါဘူး။ လိင်စိတ်၊ ကိုယ့်ဘောလုံးအသင်း နိုင်စေချင်တဲ့စိတ်၊ ထမင်းဆာခြင်း၊ အိပ်ငိုက်ခြင်း၊ ငွေတစ်ထောင်တန် ဆယ်ရွက်လောက် ကောက်ရလိုက်ခြင်း၊ ဥက္ကဌဖြစ်သွားခြင်း၊ အရက်ကောင်းကောင်း သောက်ရမည့် ဧည့်ခံပွဲဖိတ်စာရခြင်း၊ ချစ်သူတစ်ယောက် ကောင်းစားသွားခြင်း၊ မုန်းသူတစ်ယောက် ပျက်စီးသွားခြင်း၊ အစရှိသော ကိစ္စများကဲ့သို့ ဖြစ်ရိုးဖြစ်စဉ်ကလေးများ၊ ဘ၀မှာ အရေးပါသည်ဟု ထင်ထားသော အသေးအဖွဲ ကလေးတွေလိုပါပဲ၊ သိပ်အရေးကြီးသည်ဟု မထင်ပါ။ ငါ အနုပညာတစ်ခု ဖန်တီးလိုက်ပြီ၊ ငါဖန်တီးသော အနုပညာကို လောကကိုပေးအပ်လိုက်ပြီလို့ ထင်တတ်ကြသည်။ အပြစ်မတင်ပါ။ သမိုင်းမှာ လိုအပ်တာတွေထက် ပိုပြီး ရေးကြီးခွင်ကျယ်လုပ်နေတာ မဟုတ်ဘူးလား။ ပီကာဆို ပန်းချီမဆွဲခဲ့လည်း ဘာမှ ထူးထူးခြားခြားဖြစ်မှာ မဟုတ်ပါဘူး။ ဂျိမ်းစ်ဂျွိုက်စ်တို့ ကပ်ဖကာတို့ ကမျူးတို့ ၀တ္ထုမရေးခဲ့လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ အဲလရော့တို့ အက်ဇရာပေါင်းတို့ ဗရှိုးတို့ န၀ဒေးတို့ ကဗျာမရေးခဲ့လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ မြ၀တီမင်းကြီးနဲ့ ပြင်စည်မင်းသား၊ မြို့မငြိမ်းတို့၊ ကိုစောညိန်းတို့ သီချင်းတွေမစပ်ခဲ့ရင်လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ အနုပညာဆိုတာတွေအားလုံး အစထဲက မရှိခဲ့ရင် (စကားပမာ ပြောတာပါ) ဘာဖြစ်မလဲ။ အနုပညာမရှိတဲ့ လောကကြီးပဲ ဖြစ်မှာပေါ့။ သိပ်ပြီးတော့ ဘာမှမဟုတ်ပါဘူး။ တစ်ယောက်ယောက်က စိတ်ကူးပေါက်လို့ ထလုပ်လိုက်တာ ကြုံကြိုက်တိုက်ဆိုင် ကာရံသင့်ပြီး တစ်ခုခုဖြစ်သွားတာပဲ။ အဲဒါကို အဲဒီအခိုက်အတန့်မှာ တစ်ယောက်ယောက် သဘောကျနှစ်ခြိုက်ပြီး ကျေနပ်သွားတယ်။ အဲဒါကို အနုပညာပဲလို့ ပြောလိုက်တော့ လူတွေကလည်း အဲဒါအနုပညာပဲလို့ လိုက်ပြောကြတယ်။ ဒါပါပဲ။ လိုအပ်နေချိန်မှာ လိုအပ်သောလူတစ်ယောက်နဲ့ အတူအိပ်လိုက်ရတာမျိုး။ ချွေးတွေသံတွေနဲ့ အလွန်ပင်ပန်းနွမ်းနွယ်နေခိုက် ရေတ၀ချိုးလိုက်ရတာမျိုး၊ အရက်ကောင်းတစ်ခွက်ကို တစ်ရှိန်ထိုးမော့ပြီး ပါးစပ်ထဲက ခါးသက်စေးပျစ်သော တံတွေးကို ပျစ်ခနဲထွေးလိုက်ရတာမျိုး၊ သိပ်ဆာနေတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ဟင်းနဲ့ ထမင်းတ၀စားလိုက်ရတာမျိုး လိုပါပဲ။ ပိုချင်ရင် ဒါထက် နည်းနည်းပဲပိုမယ်။ သမိုင်းမှာ လူတွေဟာ လိုတာထက်ပိုပြီး ရေးကြီးခွင်ကျယ် ပုံကြီးချဲ့တတ်ကြလို့ အနုပညာဆိုတာလည်း တကယ်ရှိတဲ့နေရာထက် ပိုမြင့်တယ်လို့ ထင်နေရတာပါပဲ။ အနုပညာဆိုတာ လူ့အလုပ်တစ်မျိုးကို ပုံကြီးချဲ့ပြောကြတာလို့ ပြောရမှာပါပဲ။ အဲဒီအနုပညာရှိလို့ လောကကြီးနေပျော်တယ်ဆိုတာကို မငြင်းလိုပါဘူး။ လူအားလုံး ခံစားနိုင်ရင်ပေါ့လေ။ ဒါပေမဲ့… သူ့ထက်အရေးကြီးတဲ့အလုပ်တွေ ရှိနေတယ်ဆိုတာတော့ သတိပြုမိကြဖို့ ကောင်းပါတယ်။

◘ ဇော်ဇော်အောင် ◘
ဆရာဇော်ဇော်အောင်ရဲ့ အက်ဆေးထဲမှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။

Comments

  1. ပြော..ပြော...ပြော..သူချည်းပဲ ပြော.....:)

    ReplyDelete

Post a Comment

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ