Skip to main content

စိတ္တဇရောဂါဆန်းများ

ဒီစိတ်ရောဂါဆန်းအများစုဟာ ဦးနှောက်သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု တစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ရောဂါများ ဖြစ်ပါတယ်။ အများစုဟာ အလွန်ရှားပါးတဲ့ ဖြစ်စဉ်တွေသာဖြစ်ပြီး အံ့အားသင့်စရာကောင်းတာက အနည်းငယ်ဟာ ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ မြင်တွေ့နိုင်တဲ့ရောဂါတွေ ဖြစ်နေလို့ပါပဲ။

ပုံရိပ်ယောင်ခြေလက် ထင်မြင်မှားမှု (Phantom Limb Disorder)



ဒီရောဂါခံစားရတဲ့ ဝေဒနာရှင်ဟာ မရှိတော့တဲ့ ခြေ၊ လက် … စတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုကို ရှိသေးသယောင် ယုံမှားထင်မြင် ရပါတယ်။ ခြေလက်တွေသာမက တစ်ခါတလေ အူအတက်လို ကိုယ်တွင်း အင်္ဂါတွေထိတောင် အာရုံမှောက်မှားနိုင်မှုစာရင်းထဲ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု ခွဲစိတ်ဖြတ်တောက်ပြီး ကုသခံလိုက်ရတဲ့ ဝေဒနာရှင် ၅၀% ကနေ ၈၀% ဟာ ဒီရောဂါ ခံစားရလေ့ရှိတယ်ဆိုတဲ့ အတွက် သိပ်မနည်းလှတဲ့ပမာဏလို့ ဆိုရမှာပါပဲ။ ဝေဒနာရှင်ဟာ ဒီပုံရိပ်ယောင်ခြေလက်တွေကြောင့် မသက်မသာဖြစ်ခြင်း၊ နာကျင်မှုဖြစ်ခြင်း ဝေဒနာတွေကို မကြာခဏခံစားရလေ့ရှိပါတယ်။ တချို့ဝေဒနာရှင်တွေ ဟာ မိမိတို့စကားပြောနေချိန်မှာ ပုံရိပ်ယောင်လက်က ခြေဟန်လက်ဟန်ပြ လှုပ်ရှားနေသလို စိတ်ထဲမှာ ထင်မြင်နေတတ်ပါတယ်။ တချို့ကတော့ အဲဒီလက်ဟာ သူတို့ထိန်းချုပ်နေတာမဟုတ်ဘူးလို့ ခံစားရပါတယ်။ အများအားဖြင့် ဒီစိတ်ဝေဒနာကို ပုံမှာပြထားတဲ့အတိုင်း Virtual Reality ကုထုံးနဲ့ ကုသပေးပါတယ်။



ဒုက္ခိတအမှတ်အသား စံလွဲမှု (Body Integrity Identity Disorder)



ဒီ ဒုက္ခိတအမှတ်အသားစံလွဲမှု (Body Integrity Identity Disorder) ရောဂါကို (Amputee Identity Disorder) လို့လည်းခေါ်ပါတယ်။ ကျန်းမာသန်စွမ်းပြီးရောဂါကင်းနေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုကို ခွဲစိတ်ဖြတ်တောက်ချင်တဲ့ ဆန္ဒပေါ်နေတဲ့ ရောဂါဖြစ်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာဆို ဝေဒနာရှင်ဟာ သူတို့ရဲ့ ခြေတွေလက်တွေကိုတောင် အကြောင်းမဲ့ ဖြတ်တောက်ချင်နေတဲ့ စိတ်ရောဂါဆန်းတစ်မျိုးပါ။ ဒီဝေဒနာရှင် အချို့ဟာ ကိုယ့်ကိုယ်ကို နှိပ်စက်လိုတဲ့ မူမမှန်လိင်စိတ်ကိုပါ ခံစားရလေ့ရှိပါတယ်။ ခွဲစိတ်ဆရာဝန်အချို့က ဒီစိတ်ဝေဒနာသည်တွေကို သူတို့ဆန္ဒအတိုင်း လက်တွေ့ခွဲစိတ်ဖြတ်တောက် ပေးခဲ့ကြလို့… အတော်လေး အငြင်းပွားစရာကိစ္စဖြစ်ခဲ့ပေမဲ့ ဆရာဝန်အများစုကတော့ အထက်က “ပုံရိပ်ယောင်ခြေလက်ထင်မြင်မှားရောဂါ” လို Virtual Reality ကုထုံးနဲ့သာ ပြုစုကုသပေးလေ့ရှိပါတယ်။

မလိမ်ရမနေနိုင်ခြင်း (Mythomania)



မက်သိုမေးနီးယား (Mythomania) ရောဂါဆိုတာ ထင်ရှားတဲ့အကြောင်းရင်းမရှိပါဘဲ လိမ်ညာပြောတတ်တဲ့ အကျင့်ကို မချုပ်တီးနိုင်သူတွေကို ရည်ညွှန်းပါတယ်။ ဝေဒနာရှင်ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့မုသားတွေကို အမှန်လို့ပဲ ယုံကြည်နေကြတာဖြစ်ပါတယ်။ သူတို့ဟာ အချက်အလက်အမှန်တွေနဲ့ ကိုက်ညီစေမယ့် အသေးစိတ်ကျလှတဲ့ ဒဏ္ဍာရီတွေကို မိမိတို့ဘာသာ စိတ်ကူးတည်ဆောက်ထားလေ့ရှိပါတယ်။ ဒီ မလိမ်မနေနိုင်ဝေဒနာရှင်တစ်ဦးဟာ လူတွေအထင်ကြီးစေမယ်လို့ သူတို့ယုံကြည်တဲ့ အသေးစိတ်အချက်အလက်တွေကိုပါ သူတို့ရဲ့စကားထဲမှာ ဝေေ၀ဆာဆာ ထည့်သွင်း ပြောကြားလေ့ရှိတတ်ပါတယ်။ သာမန်လိမ်လည်သူနဲ့ ဒီစိတ်ဝေဒနာရှင်တွေ ကွာခြားတဲ့ အချက်ကတော့ သူတို့ဟာ အနည်းဆုံး ပြောနေတဲ့အခိုက်အတံ့မှာတော့ သူတို့ရဲ့မုသားဟာ အမှန်ပဲလို့ ရိုးရိုးသားသားယုံကြည်နေတာပဲ ဖြစ်ပါတယ်။

ဆိုမက်တိုပါရာဖရေးနီးယား (Somatoparaphrenia)



ဆိုမက်တိုပါရာဖရေးနီးယားရောဂါကတော့ တစ်စုံတစ်ခုအပေါ်ကွက်ပြီး သီးခြားအာရုံမှောက်မှားတဲ့ (Monothematic Delusion) ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခြေလက်တစ်ခုခု၊ သို့မဟုတ် ကိုယ်ခန္ဓာတစ်စိတ် တစ်ပိုင်းကို ပိုင်ရှင်အဖြစ်မှ ငြင်းဆိုတဲ့ရောဂါဖြစ်ပါတယ်။ ဥပမာအားဖြင့် ဝေဒနာရှင်ဟာ သူရဲ့ကိုယ်ပိုင် လက်မောင်းကိုပဲ ဆရာဝန်ဒါမှမဟုတ် တခြားလူနာတစ်ယောက် ကျန်ခဲ့တဲ့လက်မောင်းအဖြစ် ယုံကြည်နေခြင်း မျိုး ဖြစ်ပါတယ်။ ဒီရောဂါအတွက် ကုထုံးကတော့ (Vestibular Caloric Stimulation) ဆိုတဲ့ ရေနွေးကို အရှိန်ပြင်းပြင်းနဲ့ နားထဲပန်းထည့်တဲ့နည်းပါ။ ဒီနည်းဟာလည်း ထိရောက်မှုရှိတယ်တော့ မဆိုနိုင်ပါဘူး။ ဝေဒနာရှင်အများစုက ဒီကုထုံးကို သတိတောင်မပြုမိကြဘဲ အဲဒီအစိတ်အပိုင်းကို ခွဲစိတ်ဖြတ်တောက် ပေးဖို့ကိုသာ တောင်းဆိုကြတာများပါတယ်။ ဒါပေမဲ့ ကျန်းမာသန်စွမ်းနေတဲ့ ခြေလက်တစ်ခုခုကို ခွဲစိတ်ဖြတ်တောက်ခြင်းဟာ ဆရာဝန်ကျင့်ဝတ် (Hippocratic Oath) ကို အခြေခံကျကျ ချိုးဖောက်ရာရောက်လို့ သူတို့ရဲ့တောင်းဆိုမှုကို လိုက်လျောမှုမပေးနိုင်ပါဘူး။ အပေါ်ကပုံတွေကတော့ ဒီရောဂါခံစားရတဲ့ ဝေဒနာရှင်တစ်ယောက်ဆွဲထားတဲ့ ပုံတွေပဲဖြစ်ပါတယ်။

မွန်ချာဇင်ဆင်ဒရုန်း (Munchausen Syndrome)




မွန်ချာဇင်ဆင်ဒရုန်း ရောဂါခံစားရတဲ့လူတွေဟာ မိမိတို့ကို ဂရုဏာသက်စေဖို့ဖြစ်ဖြစ်၊ အခြားလူတွေရဲ့ ဂရုစိုက်တာ ခံချင်လို့ပဲဖြစ်ဖြစ် တကယ်မရှိတဲ့ ရောဂါ၊ အဖျား၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ခံစားချက် တစ်ခုခုကို ဖန်တီးတွေးထင်နေတတ်တဲ့ အဖြစ်မျိုးကြုံတွေ့ရပါတယ်။ ဒီရောဂါဟာ အတုအယောင်စံလွဲရောဂါ (Factitious Disorders) အမျိုးအစားဖြစ်ပြီး လူနာကိုယ်တိုင်တိုင်ဖန်တီးထားတဲ့ ရောဂါလက္ခဏာတွေ ရှိနေတတ်တဲ့ ရောဂါများစာရင်းမှာ ပါဝင်ပါတယ်။ ဆေးရုံစွဲမှုရောဂါလက္ခဏာစုလို့လည်း ခေါ်နိုင်ပါလိမ့်မယ်။ ဒါနဲ့ဆက်နွယ်နေတဲ့ ရောဂါတစ်မျိုးကတော့ “ကိုယ်စားမွန်ချာဇင်ဆင်ဒရုန်း” (Munchausen Syndrome by Proxy) လို့ခေါ်တဲ့ တခြားလူတွေကို ရောဂါတစ်မျိုးမျိုးရှိတယ်လို့ ထင်နေတတ်တဲ့ စံလွဲမှု ဖြစ်ပါတယ်။ ဒီရောဂါဟာ မိဘတွေ၊ အထူးသဖြင့် မိခင်တွေမှာဖြစ်ပေါ်လေ့ရှိတဲ့ စိတ်စံလွဲမှုတစ်မျိုးဖြစ်ပြီး သူတို့ရဲ့ ကလေးငယ်တွေမှာ တကယ်မရှိတဲ့ရောဂါလက္ခဏာတွေရှိနေသယောင် လုပ်ကြံပြောဆိုတတ်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာ ကလေးငယ်တွေကို ထိခိုက်နာကျင်အောင် လုပ်တာမျိုးရှိပြီး အသက်သေဆုံးတဲ့ထိတောင် လုပ်မိသွားတာမျိုးရှိလို့ ဒီ (MSbP) ဟာ အန္တရာယ်ရှိတဲ့ စံလွဲမှုလို့ ဆိုရမှာပါ။

◄ တေဇာ ►
Source: Bizarre Mental Disorders

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA