“မာန”
♥ မာနကြောင့် တို့တွေလွဲကြေးဆို....
ဒိုင်ယာနာလည်း အပျိုစင်ဖြစ်ခဲ့မှာပေါ့...
♥ မာနကြောင့် တို့တွေလွဲကြေးဆို
ဂျူးလိယက်ဆီဆာရဲ့ အင်ပါယာ
ခုထက်ပို ထည်ဝါခဲ့လိမ့်မယ်...
♥ မာနကြောင့် တို့တွေလွဲကြေးဆို
ဟစ်တလာရဲ့သစ္စာဧကရီ
စာစီစရာဘယ်ရှိခဲ့ပါ့မလဲ...
♥ မာနကြောင့် တို့တွေလွဲကြေးဆို
ငါ့မှာလည်း နာကျင်မှုတွေ အဆုံးသတ်တော့မယ်မထင်ဘူး...
♥ ပညာမာန၊ ဥစ္စာမာန၊ ပစ္စည်းမဲ့မာန...
ငါလည်း ငါ့မာနနဲ့ငါ... ချိုချိုသာသာ ရှင်သန်တယ်...
နင်လည်း နင့်မာနနဲ့နင် ... ညင်ညင်သာသာ စီးဆင်းပေါ့...
♥ မာနကြောင့် တို့တွေလွဲကြေးသာဆိုရင်...
ငိုနေကြရုံသာ...
မာနရဲ့အပြစ်လား....၊ အဲဒီ “မာနပိုင်ရှင်” ရဲ့ အပြစ်လားဆိုတာ...
ဒီနေရာမှာ... ငါမမေးဖြစ်လိုက်တော့ဘူး...။
◄ တေဇာ ► သြဂုတ် (၂၆) ၂၀၀၉
သူငယ်ချင်းတစ်ယောက်ကို Comment ပေးဖို့ ကြိုးစားရင်း စပ်ဖြစ်သွားတဲ့ကဗျာပါ။

Comments
Post a Comment