Skip to main content

♥ သရဲမယုံသူ

ကျွန်တော့်အတွက်တော့ သရဲဆိုတာကို မယုံဘူး။ ဒါပေမဲ့ ကြောက်တော့ကြောက်တယ်...။ ဒါ ရယ်စရာပြောတာ မဟုတ်ပါဘူး... အမှန်အတိုင်းပြောတာပါ။ ညဘက် တစ်ယောက်ထဲ သရဲဝတ္ထု၊ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေ ဖတ်ပြီး အိမ်သာထမသွားရဲတာလဲ ကျွန်တော်ပါပဲ။ ကြောက်တယ်ဆိုတာ စိတ်က ခြောက်ခြားပြီးကြောက်တာပါ။ ဘာမှမြင်ရ၊ ကြားရလို့တော့မဟုတ်ပါဘူး။

ကျွန်တော်ပြောချင်တာက သရဲကို မယုံဘူးဆိုတဲ့အပိုင်း...။ ကျွန်တော် သရဲမယုံပါဘာညာလျှောက်ပြောနေရင်... အကြောင်းပြချက်တသီကြီးနဲ့ ဆန့်ကျင်ကြမယ့် ကန့်ကွက်ကြမယ့်သူတွေ တစ်ပုံကြီးရှိမယ်ဆိုတာ ရိပ်မိပါတယ်။ ဒီနေရာမှာ ကျွန်တော်အဓိကဆိုလိုရင်းက သရဲတစ်ကယ်ရှိမရှိဆိုတဲ့ အကြောင်းအရာကို ငြင်းခုံချင်တာ မဟုတ်ဘူး။ ငြင်းခုံခြင်း၊ ဆွေးနွေးခြင်းတွေမှာ ဘာသာစကားရဲ့ အကျိုးသက်ရောက်မှု၊ အဓိပ္ပာယ်လွှဲမှားစေနိုင်မှု (Misunderstood) ကို ထောက်ပြချင်တာပါ။ ဒီကိစ္စဟာ အခြေခံကျသလောက် အရေးလည်းကြီးတယ်လို့ ကျွန်တော် ယူဆပါတယ်။

ဒီလိုပါ... ကျွန်တော်က သရဲမယုံဘူးလို့ပြောလိုက်ပြီ။ ကျွန်တော့် အမှန်တကယ် ဆိုလိုရင်းကဒီလိုပါ။ “ကျွန်တော်ဟာ သရဲရှိ/မရှိ မသိပါဘူး” လို့ ဆိုလိုချင်တာသာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးဘူး၊ ခြောက်သယောင်ယောင် ထင်ယောင်ထင်မှားလည်း မဖြစ်ဖူးဘူး။ ဒါကြောင့် သရဲ ရှိ/မရှိကိစ္စကို ကျွန်တော်မဆုံးဖြတ်တတ်ပါဘူး။ ရှိကောင်းလဲရှိလိမ့်မယ်၊ မရှိကောင်းလဲ မရှိဘူးပေါ့။ ဒီအယူအဆကို ပဲ တစ်ကြောင်းထဲနဲ့ ကျွန်တော်သရဲမယုံဘူး ပြောလိုက်တဲ့အခါ... ဖတ်တဲ့လူတွေစိတ်မှာ ထင်သွားတာက ကျွန်တော် သရဲရှိကြောင်းလက်မခံဘူးလို့ ပြောလိုက်တဲ့ အဓိပ္ပာယ် ကောက်လိုက်ပါတယ်။ အဲဒီအခါမှာ ဆိုလိုချက်နဲ့လွဲပြီး ငြင်းခုံစရာကောင်းသော အခြေအနေတစ်ရပ် ဖြစ်လာတာပါ။ မယုံကြည်ဘူးဆိုတာ မရှိဘူးလို့ ယတိပြတ်ငြင်းလိုက်တာမဟုတ်ပါ။ ရှိကောင်းရှိနိုင်တယ် မရှိကောင်းမရှိနိုင်ဘူး... မဆုံးဖြတ်နိုင်တဲ့ အခြေအနေကို ပြောလိုက်တာပါ။ ဒါဟာ စကားလုံးတွေရဲ့လှည့်စားမှုပါ။ ဒါကို ကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်။ ငြင်းခုန်မှု အတော်များများဟာလဲ ဒီလို စကားလုံးတစ်လုံးကို အဓိပ္ပာယ်ဖွင့်ဆိုမှု မရှင်းလင်းခြင်း၊ တစ်ယောက်နဲ့ တစ်ယောက် သိမှတ်ပုံမတူညီခြင်းက စတယ်ဆိုတာ သတိထားမိပါတယ်။ (သရဲအကြောင်းဟဆိုပြီး ဖတ်မိပါတယ်... ငနဲသား လက်ချာလာရိုက်နေတယ်လို့ ရွှေစိတ်တော်မညိုကြပါနဲ့...၊ သိပြီးသားလူများ သည်းခံကြပါ။ သရဲကြီးကို ခုတုံးလုပ်လိုက်တာပါ။ သရဲအကြောင်းပြောချင်တာမဟုတ်ပါဘူး :P )

ပိုပြီးမြင်သာအောင် ဥပမာ (Metaphor) လေးတစ်ခု ပြောကြည့်ပါရစေ…။
မိုးကေကိုသည် လှပချောမောသော မော်ဒယ်လ် တစ်ယောက်ဖြစ်သည်။
ဒီအဆိုကို ထိုင်ငြင်းကြချင်ရင် တစ်သက်လုံးငြင်းလို့ပြီးမှာ မဟုတ်ပါဘူး။ အလန်းလို့ထင်တဲ့သူကထင်မယ် ၊ မဆိုးပါဘူးပြောတဲ့လူကပြောမယ်၊ ပုံမလာဘူး ငြင်းတဲ့လူကငြင်းမယ် အမျိုးမျိုးရှိနိုင်ပါတယ်။ အကြောင်းက “လှပချောမောသော” ဆိုတဲ့ နာမ၀ိသေသနကို အဓိပ္ပာယ်ဖွင့်ပုံ သိမှတ်ပုံ (Perception) ချင်း လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ကြလို့ပါ။ ဒီလောက်ပါပဲ။ ပေါက်တတ်ကရတွေလို့ ထင်ခဲ့လို့ရှိရင်လဲ ခွင့်လွှတ်ကြပါ။ မထင်ခဲ့လို့ရှိရင်လဲ ပြန်လည်ဆွေးနွေးပေးကြပါ။ ဒီလို ထင်ခဲ့လို့ရှိရင်နဲ့ မထင်ခဲ့လို့ရှိရင်ဆိုတာလဲ လူတစ်ယောက်နဲ့တစ်ယောက် အာရုံသိမှု (Perception) ချင်းမတူညီကြလို့ ကွဲသွားတာပါ။ အာ....ရပါပြီ… တော်ပါပြီ…. ပြီးပါပြီ.. :P ။

Comments

  1. အဲ့ဒါက အမှန်ဘဲ။ လူဘဝနဲ့ ထပ်တူကျယုံကြည်မှုတစ်ခုပေါ့။။

    ReplyDelete

Post a Comment

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ