မူရင်းဆောင်းပါးရှင်မှာ Book Crazy ဆိုသော Blogger တစ်ယောက်ဖြစ်ပါတယ်။ ကမူးအပေါ်ထားရှိတဲ့ သူ့အတွေးသူ့အမြင်ကို ရိုးရိုးရှင်းရှင်း ရေးသားတင်ပြထားခြင်းသာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ “အဓိပ္ပာယ်ကင်းမဲ့မှု” လို့ သုံးထားတဲ့ စကားလုံးဟာ Absurd ကို ရည်ညွှန်းပါတယ်။ Absurd ဆိုတဲ့စကားလုံးအပေါ် အဘိဓာန်အမျိုးမျိုးရဲ့အဓိပ္ပာယ်ဖွင့်ဆိုပုံတွေကို ဆောင်းပါးရဲ့အောက်ခြေမှာ ဖော်ပြပေး ထားပါတယ်။ လေ့လာကြည့်ကြဖို့ပါ။ ◄ တေဇာ ►
မည်သည့်အရာကိုမျှ လွတ်မြောက်ဖို့မကြိုးစားတဲ့ ကမူးရဲ့ အတွေးအခေါ်ဟာ လိုက်ခံကျင့်သုံးဖို့ အလွယ်ကူဆုံး အတွေးအခေါ်ဖြစ်တယ်လို့ ကျွန်တော် တွေ့ခဲ့ရပါတယ်။ ဒိုတော့ယော့စကီး (Dostoevskian) စကားအရဆိုရင် “အသိပညာပိုင်းဆိုင်ရာ ရိုးသားမှုကို” (Intellectual Honesty) ကို ခွင့်ပြုတယ်ပေါ့။ ဘ၀ရဲ့ အခြေခံမေးခွန်းတွေကို စဉ်းစားပြီး ပျော်မွေ့တတ်တဲ့ လူတိုင်းဟာ “ဘ၀မှာ ငါက ဘာတွေများလာ လုပ်နေတာလဲ” “ဒါတွေအားလုံးရဲ့အဓိပ္ပာယ်နဲ့ ငါ့ရဲ့ရည်ရွယ်ချက်က ဘာလဲ” “ငါဟာ ကိုယ့်ဘောင်းဘီဇစ် ပွင့်နေတာကို မသိတဲ့လူ (XYZ) ၊ အဲလိုပဲဖြစ်သင့်တာလား” “ငါ့ကို စာရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် တွန်းပို့လိုက်တာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ဒါမှမဟုတ် ဒဿနဆရာတစ်ယောက်၊ ပရော်ဖက်ဆာ တစ်ယောက်… ဘာညာသာရကာပေါ့…” ဘ၀ရဲ့အမှတ်တစ်ခုမှာ တခြားသူများလိုပဲ ကျွန်တော်လည်း တူညီတဲ့ အကြပ်အတည်းတစ်ခုကို ကြုံတွေ့ရဖူးပါတယ်။ အဲဒီအကြပ်အတည်းကနေ ရှေ့ဆက်ရမယ့်ရိက္ခာလေး ကျန်အောင် ချန်ထားနိုင်ခဲ့တယ် (Salvaged) လို့တော့ ထင်ပါတယ်။ ဒီလိုအကြပ်အတည်းကို ကျော်လွန်ဖို့ ဖြစ်တည်မှုဝါဒကို နားလည်ခြင်းနဲ့ အချိန် လိုအပ်ပါတယ်။ ကမူးဟာ ကျွန်တော်ဖတ်ဖူးသမျှ စာရေးဆရာများထဲမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ ဆစ်စဖက်စ် ဒဏ္ဍာရီ (The Myth of Sisyphus) ဟာ ကမ္ဘာကြီးကို သူ့အရှိ အတိုင်း ကြည့်မြင်ဖို့နဲ့ ကိုယ့်လှေကိုယ်ထိုး ခံစားချက် (Inhibition) ၊ ကြိုတင်တွက်ဆမှု (Speculation) နဲ့ အာရုံမှားမှုတွေကို လွှတ်ပေးလိုက်ဖို့ဆိုတဲ့ အရေးကြီးတဲ့ နားလည်မှုတွေကို ပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်အတွင်း ကမူးကိုမကြာခဏဆိုသလို ကျွန်တော်ဖတ်ဖြစ်ခဲ့ပြီး ကမူးဟာ စာရေးဆရာကောင်း တစ်ယောက်ဖြစ်ပေမဲ့ ကြီးကျယ်တဲ့ ဒဿနဆရာကြီးတစ်ယောက်ရယ်လို့တော့ မဟုတ်မှန်း သိရှိခဲ့ရတယ်။ ဆတ် (Sartre) ဟာ ကမူးထက်ပိုတော်တဲ့ ဒဿနဆရာလို့ နှိုင်းယှဉ်ချက်တွေကို ဆန်ကျင့်တဲ့လူထက် သဘောတူတဲ့ လူတွေ ပိုများတယ်ဆိုတာကို အကြိမ်အတော်များများ ဖတ်ခဲ့ရပါတယ်။ အတွေးအခေါ် ပညာရှင်တွေကို ဒီလို နှိုင်းယှဉ်သုံးသပ်ခြင်းဟာ ဆီလျော်မှုမရှိသလို တုံးရာလည်းကျတယ်လို့ ထင်တဲ့အတွက် ဒါကို ချေပချင်တဲ့ ရည်ရွယ်ချက် ကျွန်တော့်မှာ မရှိပါဘူး။ တွေးခေါ်ရှင်တွေအတွက် ရနိုင်တဲ့ဆုလာဒ်အားလုံးဟာ သူတို့ချပြခဲ့တဲ့ အတွေးအခေါ်တွေကို ကျွန်တော်တို့ဘက်က (အချိန်ပေး) စူးစိုက်လေ့လာမှု တချို့တလေမျှသာပါ။ ဒါကြောင့် ကျွန်တော် ဒီပို့စ်ကိုရေးရတာဟာ ကမူးရဲ့အတွေးအခေါ်အပေါ် ကျွန်တော်နားလည်တာကို မိတ်ဆက်အနေနဲ့ ထုတ်ပြဖို့လောက်ပါ။ ဘာလို့လဲဆိုတော့ နားလည်မှုဆီသို့ ခုံပျံကျော်လွှားခြင်းများမလိုအပ်တဲ့အတွက် ကမူးရဲ့ အတွေးအခေါ်ဟာ စိတ်ပါဝင်စားသူ ရှားပါးနေတာ ကျွန်တော်တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။

.........................................................
သရုပ်ဆောင် (လူ) နဲ့ သူ့ရဲ့ဇာတ်ခုံ (ကမ္ဘာ) အကြားမှာ အဆက်မပြတ်တည်နေတဲ့ တင်းအား
(Tension) နဲ့ ခွာပြဲမှု (Divorce) ဟာ အဓိပ္ပာယ်ကင်းမဲ့မှု (The Absurd) ဖြစ်တယ်လို့ ဆိုပါတယ်။

ကမူးကို အဓိပ္ပာယ်မဲ့မှု (The Absurd) သီအိုရီ ချပြသူအဖြစ် သိကြပါတယ်။ ဖြစ်တည်မှုဝါဒမှာ အဓိပ္ပာယ်ကင်းမဲ့မှု ဆိုတဲ့အကြောင်းအရာဟာ အကြိမ်ကြိမ်ပါဝင်ပြီးသားဖြစ်ပေမဲ့ ကမူးရဲ့ အဆိုကတော့ အားလုံးနဲ့ ခြားနားနေ ပါတယ်။ ဆစ်စဖက်စ် ဒဏ္ဍာရီမှာ ရည်ရွယ်ချက်တွေအတွက် အရှိတရားရဲ့ ကန့်သတ်ချက်အဖြစ်သာ ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကို လက်ခံခဲ့မယ်ဆိုရင် ဒီဘ၀ဟာ ဒုက္ခတွေနဲ့ထိုက်တန်မှုရှိမရှိဆိုတာကို ကမူးက စူးစမ်းဝင်ရောက်ကြည့်ပြီး ဖော်ကျူးထားပါတယ်။ လူတွေဟာ အရာနှစ်ခုကို အသေအချာသိတယ်လို့ သူကပြောပါတယ်။ ပထမအချက်က… လူရဲ့ အစီအစဉ်ကျမှု၊ ယုတ္တိရှိမှုနဲ့၊ ပျော်ရွှင်မှုတွေကို လိုချင်တဲ့ “ဆန္ဒ” ဖြစ်ပြီး ဒုတိယက ကမ္ဘာကြီးဟာ ကြုံရာကျပန်းဖြစ်ပျက်နေတာ၊ ယုတ္တိမကျတာနဲ့ ကွဲပြားမှုမရှိတာဆိုတဲ့ အချက်နှစ်ချက်ပါပဲ။ အဲဒီ သရုပ်ဆောင် (လူ) နဲ့ သူ့ရဲ့ဇာတ်ခုံ (ကမ္ဘာ) အကြားမှာ အဆက်မပြတ်တည်နေတဲ့ တင်းအား (Tension) နဲ့ ခွာပြဲမှု (Divorce) ဟာ အဓိပ္ပာယ်ကင်းမဲ့မှု (The Absurd) ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာကြီးရဲ့ ကျိုးကြောင်းဆီလျော်မှုမရှိခြင်း (Irrationality) ဟာ “အဓိပ္ပာယ်ကင်းမဲ့မှု” မဟုတ်ဘူးလို့သိဖို့ရာ လည်း အရေးကြီးပါတယ်။ “အဓိပ္ပာယ်ကင်းမဲ့မှု” မှာ လူသားကိုယ်တိုင်ရဲ့ ကျိုးကြောင်းဆီလျော်မှုလည်း ပါဝင်နေပြီးသားဖြစ်ပါတယ်။ ထာဝရဒွန်တွဲတည်ရှိနေတဲ့ ငြင်းဆန်လို့မရနိုင်တဲ့ အရှိတရားနှစ်ခုကသာ “အဓိပ္ပာယ်ကင်းမဲ့မှု” ကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။
ကမူးက ဒီ “အဓိပ္ပာယ်ကင်းမဲ့မှု” ကို ထိန်းသိမ်းထားဖို့လည်း အရေးကြီးကြောင်း နိဂုံးချုပ်ထားပါတယ်။ ဒီလို ထိန်းသိမ်းနိုင်ဖို့ရာ “အဓိပ္ပာယ်ကင်းမဲ့မှု” ကြောင့် ကိုယ့်ရဲ့ ပါဝင်ဆောင်ရွက်မှုတွေ ပဲ့ပါမသွားအောင် လူသားရဲ့ ကျိုးကြောင်းကျနမှု၊ အစီအစဉ်ကျမှုနဲ့ ပျော်ရွှင်မှုတွေကို အလိုရှိတဲ့ “ဆန္ဒ” တွေကိုတော့ ချန်ထားနိုင်ဖို့လိုပါတယ်။ (ဆိုလိုတာက လောကကြီးအဓိပ္ပာယ်ကင်းမဲ့တာကြောင့် ငါဘာမှမလုပ်တော့ဘူး။ ဘာလုပ်လုပ်မထူးဘူးဆိုပြီး သဘောထားလို့မဖြစ်မှန်းပြောချင်တာပါ။ ♀ဘာသာပြန်သူ♀) ဒါဟာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ဆိုတာ ရွှေပြည်တော်မျှော်တိုင်းဝေးဆိုသလို မဖြစ်နိုင်တဲ့အရာပါ။ နာမည်ကျော် “လူစိမ်း” (The Stranger) ဆိုတဲ့ဝတ္ထုအဆုံးမှာ ကမူးရေးခဲ့တဲ့စာသားတွေရဲ့ ဆိုလိုရင်းအမှန်ကို နားလည်ဖို့ဆိုရင် အထက်ပါသဘောတရားကို နားလည်မှဖြစ်ပါလိမ့်မယ်..။
ကြီးမားတဲ့ဒေါသအဟုန်နဲ့ ကျွန်တော့်ကို သင့်စင်လိုက်သလို… မျှော်လင့်ချက်တွေကင်းပသွားတယ်… ကြယ်လေးတွေစိန်စီထားတဲ့ ကောင်းကင်မှောင်မှောင်ကို ခေါင်းမော့စူးစိုက်ကြည့်ရင်း…. ပထမဆုံးအကြိမ် အဖြစ်… ပထမဆုံး… စကြ၀ဠာကြီးရဲ့ ကြင်နာကောင်းမြတ်တဲ့ ခြားနားမှုမဲ့ခြင်းဆီသို့ ကျွန်တော့်နှလုံးသားကို ဖြန့်ခင်းလိုက်ပါတယ်.... ။
ကမ္ဘာကြီးရဲ့ ခြားနားမှုမဲ့ခြင်း (Indifference) ဆိုတာ တကယ်တော့ လူသားကို လွတ်မြောက်မှုပေးတဲ့ ကြင်နာကောင်းမြတ်မှု ဖြစ်ပါတယ်။ မသိနိုင်တဲ့ စွမ်းအားတစ်ခုခုက ကြိုတင်သတ်မှတ်ပြဌာန်းထားပြီးသား မရှိတဲ့ ကံကြမ္မာနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်သွားဖို့ရာ ဘယ်လို လွတ်လပ်မှုမျိုးများ တည်ရှိနေပါသလဲ…။ အဲဒါကတော့ “အဓိပ္ပာယ်ကင်းမဲ့မှု” ၏ အရှိတရားကို သိစိတ်သာဖြစ်ပါတယ်။ အဲဒီသိစိတ်ကပဲ ကံကြမ္မာဆိုတဲ့အရာကို မထီမဲ့မြင်ပြုနိုင်ဖို့ရာ နားလည်သဘောပေါက်မှုအားလုံးကို လူသားကိုပေးပါလိမ့်မယ်။

◄ တေဇာ ►
Ref: Albert Camus: the Absurd Hero by: Book Crazy
THE ABSURD ၏ အဓိပ္ပာယ်ဖွင့်ဆိုပုံ အမျိုးမျိုး
MACMILLAN DICTOINARY
Absurd: adj.
• 1
completely stupid, unreasonable, or impossible to believe
2
talking or behaving in a silly or extreme way
3
deliberately emphasizing what is silly or stupid about people and society
CAMBRIDGE DICTIONARY
absurd (adjective)
ridiculous or unreasonable; foolish in an amusing way:
the absurd
things that happen that are ridiculous or unreasonable:
WEBSTERS DICTONARY
Absurd
Adjective
1. Inconsistent with reason or logic or common sense; "the absurd predicament of seeming to argue that virtue is highly desirable but intensely unpleasant"- Walter Lippman.
2. Completely devoid of wisdom or good sense; "the absurd excuse that the dog ate his homework"; "ask a nonsensical question and get a nonsensical answer"; "a contribution so small as to be laughable"; "it is ludicrous to call a cottage a mansion"; "a preposterous attempt to turn back the pages of history"; "her conceited assumption of universal interest in her rather dull children was ridiculous".
OXFORD DICTIONARY
absurd
• adjective completely unreasonable, illogical, or inappropriate.
Comments
Post a Comment