Skip to main content

♥ ဤမျှသာ………

“မြန်မာစာရေးသားရာဝယ်...”

မြန်မာစာရေးသားရာတွင် ၀ါကျတစ်ခု၏အဆုံး၌ “သည်” နှင့်ဆုံးခြင်းဟာ သင့်တော်သလား၊ “တယ်” နှင့်ဆုံးတာ ပိုကောင်းသလား ဆိုသောကိစ္စကို ကျွန်တော် ဝေခွဲမရ။ အကြမ်းဖြင့်အားဖြင့် “တယ်”ကို ပေါ့ပေါ့ပါးပါး၊ စကားပြောဟန် အရေးအသားများတွင် အသုံးများပြီး “သည်” ကို ခန့်ခန့်ထည်ထည်၊ စာသံပေသံရေးသားဟန် များတွင် သုံးသင့်သည်ဟု ဆိုရမည်လားမသိ။ ငယ်စဉ်က ကျောင်းသုံးသဒ္ဒါသင်ခန်းစာတွင်များတွင်လည်း “သည်နှင့်တယ် အသုံးပြုရာဝယ်…”၊ “တယ်နှင့်သည် အသုံးပြုနည်းအလီလီ…”၊ “တယ်, သည် အရည်ကျိုသောက်နည်း” စသည်ဖြင့် မသင်ခဲ့ရသည်မှာလည်း အားလုံးအသိပင်…။ ဒီတော့ စာစရေးရန် ကြိုးစားသောအခါ ထို တယ်/သည် ပြဿနာသည် ပထမဆုံးဆိုက်ဆိုက်မြိုက်မြိုက် ကြုံတွေ့ရသည့် ပြဿနာဟု ဆိုရလျှင် မှားမယ်မထင်။ ဆရာသမားများကလည်း စာအရေးအသားတစ်ခုမှာ ပါရှိတဲ့ ၀ါကျတွေမှာ တယ်နှင့် ဆုံးမည်ဆိုလျှင် တယ်ချည်းသက်သက်၊ သည်နှင့်ဆုံးမယ်ဆိုလျှင် သည်ချည်းသက်သက်သာ ရေးသားမှ စာချောနိုင်ပြီး တယ်နှင့်သည်တို့ကို သုံးချင်သလိုသုံးထားလျှင်….၊ ရောကြော်ဖြစ်နေရင် မသင့်တော်ကြောင်း လမ်းညွှန်ခဲ့ပေရာ အဆိုပါ သည်နှင့်တယ်ပြဿနာသည် တော်ရုံပြဿနာတစ်ရပ် မဟုတ်တော့ချေ။ ဖောက်ထွက်စဉ်းစား၊ ဇောက်ထိုးတွေးခေါ်၊ ကန့်လန့်ဖြတ်ရှုမြင်၊ အလျားလိုက်ဆင်ခြင်တတ်ပါသည်ဆိုသော မည်သည့်ပညာရှင်ကမှလည်း ထို တယ်နှင့်သည် ပြဿနာကို ဖြေရှင်းနိုင်ရန် မကြိုးစားကြ။ ထိုမျှလောက် ဒုက္ခပေးနေသော ဤ “သည်၊ တယ်” ပြဿနာရပ်ကြီး အဆုံးသတ်သွားစေရန် နှစ်လုံးစလုံးကို ကတုံးတုံးပြီး မြေမြှုပ်ပစ်လိုက်လျှင် မည်သို့ဖြစ်လာမည်နည်းဆိုသော မေးခွန်းကိုမူ အိုင်ဒီယာအောက်လှသော ကျွန်တော် မေးခွန်းမထုတ်ခဲ့မိ။ မည်သူမျှလည်း ထုတ်ခဲ့မိဟန် မတူသေး…။ ထို့ကြောင့် စာရေးရန်အကြံအစည်ကြီးကိုသာ ဖျောက်ဖျက်လိုက်ရပေတော့တကား…။
♥ ဤမျှသာ………

“အဝေဖန်ခံနိုင်သော သတ္တိ”

အဝေဖန်ခံနိုင်ရမယ်လို့ ဆရာကြီးရေးထားခဲ့တဲ့အချက်ကို ကျွန်တော်တော့သဘောမကျဘူးလို့ ပြောလိုက်တော့ ဆရာကြီး ရှူးရှူးရှားရှားဖြစ်သွားတယ်။ ဝေဖန်တာမှမခံနိုင်ရင် မင်း စာလည်းမရေးနဲ့၊ သီချင်းလည်းမဆိုနဲ့ .. အို အနုပညာအလုပ်...၊ ကုန်ကုန်ပြောရရင် ထမင်းတောင်မစားတော့နဲ့..။ မင်း ထမင်းစားရင်… ပလပ်ပလပ် မြည်ပုံနဲ့ လူတွေ ဝေဖန်ကြမှာပဲ…နားလည်လား….လို့ ဒေါသတကြီး တုန့်ပြန်တယ်။ ပြီးတော့ သူဆက်ပြောတာက…. မင်းလိုမလောက်လေးမလောက်စားနဲ့ ငါရေးတာကို သဘောမကျရအောင်… မင်းက ဘယ်လောက်များ တော်နေလို့လဲ…၊ ဘာတွေများ ရေးပြီးခဲ့လို့လဲ…၊ စနစ်တကျ ဝေဖန်ဆန်းစစ်နိုင်တဲ့ အသိပညာကြီး ပြည်သူလူထုထဲ ပျံ့နှံ့အောင် ငါကြိုးစားနေတာ… ဝေဖန်ရေးရဲ့အရေးကြီးပုံကို မင်းနားမလည်တာ ငါတော့ သနားလှတယ်… ၊ အေးလေ ဘယ်နားလည်မှာလဲ… မင်းကအတွေးအခေါ်တွေဘေးချော်…၊ အတွေးအမြင်တွေ ဘေးစင်နေတဲ့ကောင်ကိုး…။ နောက်တစ်ခါ ငါ့ကို တောင်ပြောမြောက်ပြော ပြောရင် နှုတ်သီးဖြတ်ရိုက်ခံရမယ်ဟု ပိုးစိုးပက်စက် ဆုံးမပါတယ်။ ဟုတ်ကဲ့….. ကျွန်တော်အမြင်မှန်ရပါပြီဆရာကြီးခင်ဗျား………..။
♥ ဤမျှသာ………


....................................................................................................
................................................

“ကျွန်ုပ်တွေ့ရှိခဲ့သော Critical Thinking သီအိုရီအား ဝေဖန်ရှုတ်ချခြင်းများ မပြုရ”

◄ ဆြာတေ ►

....................................................................................................
................................................

Comments

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ