Skip to main content

Posts

Showing posts from July, 2012

အရည်တည်

လူတွေကို မမြင်ချင်ယောင်ဆောင်ရတာ ပိုခက်လာတယ် ငါ့ဘ၀ရဲ့ ပထမဆုံးမျက်မှန်။ ******************************* ကိုတေဇာအောင် ဖတ်ဖို့- မိုးက အဆက်မပြတ်ရွာတယ်။ ခက်တော့ခက်တယ်၊ ကျွန်တော့ထီးကလည်း ကိုင်းတစ်ချောင်းကျိုးသွားတယ်။ ဒီတော့လည်း ဆောင်းရတာ စိတ်မှာ သိပ်သက်တောင့်သက်သာ မရှိတော့ဘူး။ ထီးရွက်က ခုံးခုံးဝိုင်းဝိုင်းလေးဖြစ်ရမယ့်အစား တစ်ခြမ်းမှာ ပိန်ကျုံ့သွားတယ်။ အရိုးငေါငေါကြီး ထွက်နေတယ်။ မိုးလုံတဲ့ပမာဏချင်းတော့ မကွာလှပါဘူး။ ဒါပေမဲ့ လူကြားထဲ ထီးအကျိုးလေးဆောင်းသွားရတာ ကသိကအောက်နိုင်တယ်လို့ ခံစားရတယ်။ တကယ်တော့ လူတွေကို ဂရုမစိုက်တာက အယူအဆရေးရာပဲ အဆင်ပြေတယ်။ အပြုအမူရေးရာတွေမှာ အဆင်မပြေဘူး။ ကိုယ်ကလည်း သွားဖြဲပြရတဲ့ယဉ်ကျေးမှုထဲမှာ ရောက်နေတာကိုး။ ဒါနဲ့ပဲ ညဖက်ကလွဲလို့၊ အပြင်သိပ်မထွက်ဖြစ်ဘူး။ ဘာမှမတတ်နိုင်ဘူး၊ စာဖတ်ဖို့ပဲ တတ်နိုင်တယ်။ တချက်တချက်ကျရင် မိယောကို ကလိလှမ်းထိုးတယ်။ ဒီကောင်လည်း အပြင်သိပ်မထွက်နိုင်ဘူး။ သူ့ကို ရန်လာလာစတတ်တဲ့ ကြောင်ကြီးတွေရှိနေတော့ လူနားပဲကပ်နေရတာ များတယ်။ ဖတ်နေရင်းနဲ့ စာအုပ်ထဲမှာ စိတ်ဝင်စားမိတဲ့ စာသားလေးတစ်ခု သွားတွေ့တယ်။ `မိသားစုဆိုတာက အရည်တည်လေးရှိတဲ့ ခံတပ်´[*] တဲ့။ ခက်တေ

ပန်းပင်

ပျော်ရွှင်မှုအကြောင်း ငါကောင်းကောင်းသိခဲ့တယ် ငယ်ငယ်တုန်းက ငါမနက်စောစောထတယ် မျက်နှာမသစ်သေးဘဲ အိမ်အပြင်ကို တန်းထွက်တယ် ငါစိုက်ထားတဲ့ ပန်းပင်ကလေးတွေ ပန်းဘယ်နှစ်ပွင့်ပွင့်လဲ ရေတွက်တယ် ဘာအရောင်ပွင့်လဲ လိုက်မှတ်တယ် အဲဒီလို ပျော်ရွှင်မှုအကြောင်း ငါကောင်းကောင်းသိခဲ့တယ် ဒီတော့ မင်းမိန်းမ ဗိုက်ကြီးသွားတာကို ဂုဏ်ယူပါတယ်လို့ သူငယ်ချင်းကို ပြောမိတယ်၊ သူပြုံးတယ်။ ပန်းပင်စိုက်ရတာ ပင်ပန်းတဲ့အကြောင်းတော့ ကျွန်တော်ပြောဖို့ မေ့သွားတယ်၊ သူကပြုံးနေတာကိုး။ တေဇာ (လရောင်လမ်း)

အသစ်တဖန်

မငြိမ်သက်မှုတွေနဲ့ အုပ်ချုပ်ပုံညံ့ဖျင်းမှုတွေကြောင့် `ဟာရတ်´ ပြည်နယ်ရဲ့ ကန္တာရတောင်တန်းများပေါ်က မြို့တော်လူထုဟာ ရာစုနှစ်ပေါင်းများစွာကြာအောင် နိမ့်ပါးပျက်စီးခဲ့ရပါတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို မဖယ်ရှားနိုင်ရုံသာမက မောက်မာထောင်လွှားတဲ့ ကိုယ်ကျိုးကြည့် ဘုရင်အဆက်ဆက်ရဲ့ ဒဏ်ကိုလည်း သည်းမခံနိုင်အောင် ဖြစ်ကြရတယ်။ ဒီတော့လည်း `ဂျာဂါ´ ဆိုတဲ့လူကို သူတို့က ပညာရှိပုရောဟိတ်အဖြစ် တင်မြောက်ခဲ့ကြတယ်။ သူ့ကိုတော့ ဒီနယ်မြေမှာ ပညာအရှိဆုံးရယ်လို့ လူတွေက သိကြတယ်။ ဘုရင်တစ်ပါးကို လေးနှစ်တစ်ကြိမ်တင်မြှောက်သင့်တယ်လို့ ဂျာဂါက ဆုံးဖြတ်တယ်။ အဲဒီဘုရင်ဟာ အကြွင်းမဲ့အာဏာရှိရမယ်။ အခွန်အကောက်တွေကို တိုးမြှင့်နိုင်မယ်။ အဆုံးစွန် အာဏာတည်ရမယ်။ ညစဉ် သူသဘောကျတဲ့ မိန်းကလေးတစ်ဦးကို သူ့ ဖဲမွေ့ယာပေါ်ခေါ်သွားဖို့ ရွေးချယ်ခွင့်ရှိမယ်။ စိတ်ကြိုက် စားသောက်ခွင့်ရှိမယ်။ အကောင်းဆုံး အ၀တ်အစားတွေဝတ်ပြီး အကောင်းဆုံးမြင်းကို စီးခွင့်ရှိမယ်။ အတိုချုပ်ပြောရရင် သူပေးတဲ့အမိန့်ဟူသမျှကို ဘယ်လောက်ပဲ အဓိပ္ပာယ်မဲ့ပါစေ နာခံရမယ်။ ယုတ္တိနဲ့ တရားမျှတမှုမရှိဘူးလို့ ဘယ်သူကမှ မေးခွန်းမထုတ်ရဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိနေသေးတယ်။ သူ့ရဲ့ဘုရင်သက်တမ်းလေးနှစ် ပြီး