ပျော်ရွှင်မှုအကြောင်း ငါကောင်းကောင်းသိခဲ့တယ်
ငယ်ငယ်တုန်းက ငါမနက်စောစောထတယ်
မျက်နှာမသစ်သေးဘဲ အိမ်အပြင်ကို တန်းထွက်တယ်
ငါစိုက်ထားတဲ့ ပန်းပင်ကလေးတွေ
ပန်းဘယ်နှစ်ပွင့်ပွင့်လဲ ရေတွက်တယ်
ဘာအရောင်ပွင့်လဲ လိုက်မှတ်တယ်
အဲဒီလို
ပျော်ရွှင်မှုအကြောင်း ငါကောင်းကောင်းသိခဲ့တယ်
ဒီတော့ မင်းမိန်းမ ဗိုက်ကြီးသွားတာကို ဂုဏ်ယူပါတယ်လို့
သူငယ်ချင်းကို ပြောမိတယ်၊ သူပြုံးတယ်။
ပန်းပင်စိုက်ရတာ ပင်ပန်းတဲ့အကြောင်းတော့
ကျွန်တော်ပြောဖို့ မေ့သွားတယ်၊ သူကပြုံးနေတာကိုး။
တေဇာ (လရောင်လမ်း)

ပန်းပွင့်လေးကိုတွေ့ရတာ ပင်ပန်းတာတွေ မေ့သွားစေတာကိုး...
ReplyDeleteပွင့်လာတော့မယ့် ပန်းကလေးအတွက် ကြိုတင်ပျော်ရွှင်ပါစေ..