Skip to main content

Posts

Showing posts with the label ဇောက်ထိုးအမြင်

◘ ကိုယ်ဝန်ဖျက်ချမှု…..၊ ဥပဒေနဲ့ ပြစ်ဒဏ် … ◘

ကိုယ်ဝန်ဖျက်ချမှုဆန့်ကျင်သူများကို မေးခွန်းရိုးရိုးလေးတစ်ခွန်းတည်းနဲ့ ပြန်ဖြေစရာရှာမရဖြစ်သွားအောင် သင်လုပ်နိုင်ပါသလား ??? ဒီလိုလေးပဲမေးလိုက်ပါ…။ “ကိုယ်ဝန်ဖျက်ချမှုဟာ တရားဥပဒေနဲ့ မလွတ်ကင်းဘူးဆိုရင်၊ တရားမ၀င်ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေကို ဘာလုပ်သင့်ပါသလဲ” ဒွိဟဖြစ်နေတဲ့ နားလည်လက်ခံထားမှုတစ်ခု သူတို့မျက်နှာမှာ ပေါ်လာတာကို စောင့်ကြည့်ကြည့်ပါ။ သူတို့က ကိုယ်ဝန်ဖျက်ချမှုဟာ “လူသတ်မှု” ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ လူသတ်သမားတွေဟာ ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ခံကြရတာပဲ။ ဒီလိုဆိုရင် တရားမ၀င်ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေဟာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ခံကြရမှာပေါ့။ လူသတ်မှုအတွက်ထိုက်တန်တဲ့ ပြစ်ဒဏ်တွေဖြစ်တဲ့ ထောင်ဒဏ်တစ်သက်၊ သေဒဏ် စတာတွေပေါ့။ ဒါဟာ ယုတ္တိရှိတဲ့ ကောက်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကောက်ချက်ကို သူတို့က လက်မခံနိုင်ကြပါဘူး။ ဒီလိုပြစ်ဒဏ်မျိုးဟာ ပြင်းထန်လွန်းပြီး သင့်တင့်လျောက်ပတ်မှုမရှိဘူးလို့ သူတို့ သိကြတယ်။ ဒါဟာ တကယ်တော့ ကိုယ်ဝန်ဖျက်ချမှုဟာ လူသတ်မှုမဟုတ်ဘူးလို့ အဓိပ္ပာယ်သက်ရောက်နေပါတယ်။ ကိုယ်ဝန်ဖျက်ချမှုဆန့်ကျင်သူများအား အဆိုပါမေးခွန်းကိုမေးထားတဲ့ ဗီဒီယိုကို ဒီမှာကြည့်ရှုနိုင်ပါတယ်။ http://www.youtube.com/watch?...

ကမ္ဘာကြီး ပူနွေးလာသတဲ့လား

တုံးတယ်လို့ပြောရင်လဲ ခံရမှာပဲ။ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတဲ့ကိစ္စကို (ကျွန်တော့်အမြင်သက်သက်အရ ရေးရရင်) ခေါင်းထဲထည့်စဉ်းစားသင့်တဲ့ကိစ္စလို့ မထင်ဘူး။ အနောက်တိုင်းလူ့အဖွဲ့အစည်းထဲမှာ အလုပ်မရှိ ကြောင်ရေချိုးဖို့လုပ်နေတဲ့လူတွေ၊ နိုင်ငံရေးအခြေခံနဲ့ တစ်စိတ်ကို တစ်အိတ်လုပ်ဖို့ကြိုးစားနေတဲ့ နိုင်ငံရေးသမားတွေ၊ လူ့ပတ်ဝန်းကျင်ကြီးကို ကယ်တက်မယ်လို့ ကြေငြာပြီး သဘောဝတရားကြီးကို ထိန်းသိမ်းကြပါ၊ စောင့်ရှောက်ကြပါလို့ ကြွေးကြော်ရင်း၊ မိုဘိုင်းလ်ဖုန်း၊ အင်တာနက် စတာတွေမရှိရင် မနေတတ်တဲ့ တံလျှပ်လိုပညာတတ်တွေ၊ အဲဒီလူတွေက စနစ်တကျလှုံ့ဆော်ထားတဲ့ လုပ်ရှားမှုတစ်ခုပဲလို့ မြင်တယ်။ ဒီနေရာမှာ နိုင်ငံရေးအခြေခံနဲ့ မဟာဗျူဟာအမြင်အဖြစ် သုံးစွဲဖို့ စနစ်တကျလုပ်ဆောင်ထားပုံမျိုးကို ပုံပေါ်အောင် ကွက်တိဖော်ပြဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ ရေးတေးတေးမြင်အောင် Greenpeace ရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုသာ ပြန်ပြီး ဆင်ခြင်ကြည့်ကြပါ။ ပညာရှင်တစ်ဦးပြောသလို Global Warming is a political, rather than an scientific creation. ဆိုသလို ဖြစ်နေတယ်။ ကျွန်တော်က သိပ္ပံပညာရှင်လည်း မဟုတ်ဘူး။ ဒီတော့ သိပ္ပံပညာရှင်များက ဆဲရင်လည်း ခံရမှာပဲ။ လမ်းပေါ်က လူတစ်ယောက်အ...