Skip to main content

Posts

Showing posts from March, 2014

မက္ကဆီကို ကမ်းခြေတစ်နေရာတွင် ပျောက်ဆုံးသွားသော ဘာသာစကား

"ဟေ့ရောင် ရစ်ချက်ပါကာ ကုလားလေးကို လှည့်ကြည့်လိုက်လေကွာ ဘာလို့ အဲဒီတောအုပ်ကြီးကိုပဲ စိုက်ကြည့်နေရတာလဲ မင်း ပြန်လာခဲ့၊ အခု ခဏလောက် ပြန်လာခဲ့ ဒယီးဒယိုင် ဖြစ်နေလည်း ပြန်လာခဲ့၊ မရဘူး ပြန်လာခဲ့ ကုလားလေးရဲ့ မျက်နှာကို မင်းလျှာကြမ်းကြမ်းကြီးနဲ့ လျှက်ခဲ့ နားလည်မှုတစ်ခု ထားခဲ့လေကွာ ဘာလဲ မင်းက မင်းရေနစ်တုန်းက ဘယ်သူ ကယ်ခဲ့တာလဲ မင်းရေဆာတုန်းက ဘယ်သူ အသက်ဆက်ပေးခဲ့လဲ၊ သူပဲလေ သားရေချည်းပဲ ကျန်ပြီး သေမလိုဖြစ်ခဲ့တဲ့ကောင်က အခုမှ လတ်လတ်ဆတ်ဆတ် ငါးကြီးလည်း စားခဲ့ရရဲ့သားနဲ့ ဟိုမှာ ကုလားလေး အခု အားနည်းနေရှာပြီ လာကယ်သူ မရှိရင် ခဏနေ သူသေပြီ သွား အခု မင်း သူ့မျက်နှာကို လျှာနဲ့ သွားလျှက်စမ်း မင်း နှုတ်ခမ်းမွှေးကြမ်းကြမ်းကြီးနဲ့ ပွတ်သပ်ချော့မြှူစမ်း မင်းလမ်း မင်းမသွားခင် နားလည်မှု တစ်ခုခု ထားခဲ့စမ်း ဘာလဲကွ၊ မင်းက သူက မင်းကို သူ့ သူငယ်ချင်းကြီးလို့ ထင်နေတာ သူက မင်းကို ခင်နေတာ၊ သံယောဇဉ်ရှိတာ ပင်လယ်ပြင်အကျယ်ကြီးကို ဖြတ်ပြီး နီးသွားတာ သူ မင်းကို ကျွန်းပေါ်မှာ ချန်မထားခဲ့ဘူးလေကွာ ဘာလဲ သူက မင်းကို ဖမ်းထားမယ် ထင်လို့လား တိရစ္ဆာန်ရုံထဲ ထားမယ် ထင်လို့လား ဘာမှ မသိတဲ့ ရစ်ချက်ပါကာ သူက မင်း၊ သားရဲကြီ

ဧည့်သည် သရုပ်ဆောင်

နင်နဲ့အတူ အိပ်နေသလိုဖြစ်အောင် ဒီ အိပ်ယာရဲ့ တစ်ဖက်ခြမ်းမှာပဲ ငါအိပ်တယ်၊ ငါ အတော်လေး မြန်ခဲ့ရင် ငါဟာ ဘေးနားက ငါ့ခန္ဓာကိုယ်ရဲ့ အနွေးဓာတ်၊ ငါ့ကိုယ်ငါ ထိတွေ့ရိုက်ခတ်ပေါ့၊ ငါ့ကိုယ်ပိုင် အရိုးတွေထဲက အပြာရောင်ကို သစ္စာဖောက်၊ ငါ့ကိုယ်ပိုင် နားရွက်ထဲ ၀င်သက်ရှိုက် နင် ငါ့ကို ထားသွားခဲ့၊ ဒီနေရာမှာ လဲလျောင်းရင်း ငါ့ကိုယ်ငါနဲ့ ရှိနေရဖို့ပဲ ငါလည်း နင့်ကို စွန့်ခွာခဲ့၊ တစ်ယောက်က မေးတတ်တယ် နင့်ခန္ဓာကိုယ်ဟာ ငါ့ဟာနဲ့ လဲဖို့ တန်ရဲ့လားတဲ့ ငါ့ ညစ်ညမ်းမှုကလည်း အမြဲတမ်း မာနနဲ့၊ နင်ရော အိပ်ယာကို နွေးနေအောင် ကိုယ့်ကိုယ်ကိုယ်နဲ့ အတူ အိပ်တတ်တဲ့ ယောက်ျားတစ်ယောက်ကို အလိုရှိပါ့မလား၊ နင့်ကို ငါက မိုးခေါင်အပြီး ရေကြီးချင်နေတဲ့ ကမ္ဘာလို လိုတာ။ တေဇာ (လရောင်လမ်း) Image: http://www.fantom-xp.com Multiple Man: Guest-starring me & you by Gary Jackson ကို ဆီလျော်သလို။

Crawling

ရထားလမ်းဟာ ရုတ်တရက် ကြိုးလှေကားကြီး ဖြစ်သွားတယ် ကျွန်တော် ချော်လဲသွားတာ ဖြစ်နိုင်သလို ကမ္ဘာကြီးရဲ့ လှိမ့်လည်မှုလည်း ဖြစ်နေနိုင်ပါတယ် ပိုမိုခက်ခဲသော နည်းနဲ့ပဲ မြေဆွဲအားကို ဆက်လက်ခုခံတယ် တေဇာ (လရောင်လမ်း) မတ်လ ၂၀၁၄

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု [မြင့်သန်း]

A man will be imprisoned in a room with a door that's unlocked and opens inwards; as long as it does not occur to him to pull rather than to push it. ~Ludwig Wittgenstein တတိယနေ့၌ ကျွန်တော်တို့ ပြုံးတတ်လာကြပါသည်။ သို့ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ စိတ်ထဲကမပါပေတဲ့ စိတ်ထဲကပါသလို ပြုံးရမယ်ဟူသော အပိုင်းဖြစ်သည်။ သင်တန်းဆရာကမူ အတော်ပင် စိတ်ပျက်နေပုံရသည်။ ဒီအပိုင်းမှာတင် တစ်နေကြပြီထင်တယ်၊ ဆရာတို့ ကြည့်လုပ်ကြပါဦးဟု ဆိုသည်။ ကျွန်တော်တို့သည် တည်ကြည်ခြင်း၏ ပရ၀ုဏ်အတွင်း၌ နှစ်ကာလအတော်ကြာအောင် လှည့်ပတ်သွားလာနေထိုင်ခဲ့သည်ဖြစ်ရာ ပြုံးခြင်းများမှာ လုံးလုံးချည်း ပပျောက်သွားခဲ့သည်မဟုတ်။ ရုပ်ကိုသိသော်လည်း နာမည်ဖမ်းရသည့်သူနှင့် တူနေခြင်းသာ ဖြစ်ပါသည်။ အရှေ့ဘက်နားဆီက လူတစ်ယောက်ကမူ အားလုံးပျော်စရာကောင်းတာတွေဖြစ်လာရင် ကျွန်တော်တို့ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ပြုံးတတ်လာကြမှာပါဗျာဟု ဆိုသည်။ သင်တန်းဆရာကမူ လက်ပိုက်ရင်း ကျွန်တော်တို့အားလုံးကို ကြည့်နေသည်။ ကျွန်တော်တို့ကို မြင်ပုံမရ။ သူ့မျက်စိရှေ့တွင် ရှိရှိသမျှတို့ ပျောက်ကွယ်နေပုံရသည်။ သို့ရာတွင် မျှော်လင့်ချက်များစွာမှာ သူ့မျက်နှာပေါ်တ

Alienation

ကွန်ဒိုထဲက ထွက်လို့ လမ်းမပေါ် စလျှောက်လိုက်ချင်းချင်းပဲ ရင်ထဲ ဟာခနဲဖြစ်သွားတယ်။ ဘာလို့ ငါက တစ်ယောက်တည်းဖြစ်နေရတာလဲဆိုတဲ့ အတွေးမှာ ကာလအတန်ကြာ တိမ်မြှုပ်နေတဲ့ ရင်ထဲက အထီးကျန်မှုဟာ ဘယ်ဆီကမှန်းမသိ ရုတ်တရက်ဆိုသလို ပြန်ပေါ်လာတယ်။ ရထားလမ်းပေါ်မှာ တွေဝေမိန်းမော ထိုင်နေမိတဲ့လူတစ်ယောက် တဖြည်းဖြည်းနီးကပ်ကျယ်လောင်လာတဲ့ ရထားခုတ်သံကို ရုတ်တရက် သတိပြုမိလိုက်သလိုမျိုး၊ အသည်းငယ်ချင်စရာ ထိတ်လန့်မှုမျိုးပေါ့။ ခုန အပေါ်ထပ်ဝရန်တာမြင့်မြင့်ကနေ ဒီလမ်းပေါ်မှာ သွားလာနေတဲ့ လူတွေကို ငါ ငုံ့ကြည့်နေသလို အခုငါ့ကို ငုံ့ကြည့်နေသူ တစ်ယောက်ယောက်ရှိမလား။ မရှိဖို့ များတယ်လို့ တွေးမိလိုက်တော့ ပိုပြီးတုန်လှုပ်သွားတယ်။ ကိုယ့်ခြေလှမ်းတွေကို ကိုယ်ပြန်ကြည့်နေတုန်းပဲ အခုလို လမ်းလျှောက်လေ့ရှိတဲ့ လူတစ်ယောက်ကို သတိရလာတယ်။ သူ အခုဘယ်မှာလဲ သူလည်း အခုချိန် ငါ့လို တစ်ယောက်တည်း လမ်းလျှောက်နေမလား။ လျှောက်နေတယ်ဆိုရင် သူလည်း အထီးကျန်နေမလား၊ ဒါမှမဟုတ် ဘာတွေကို တွေးနေမလဲ။ ဒီလိုနဲ့ ဖုန်းခေါ်ပြီး အကြောင်းအရင်းကို အရေးတကြီး ရှင်းပြလိုက်မိတယ်။ သူက ပြန်ပြောတယ်။ ကျွန်တော် အခု လမ်းတော့လျှောက်မနေဘူး၊ တစ်ယောက်တည်းတော့ တစ်ယောက်တည်းပဲတဲ့။ ဈေးဝယ်စင်တာကြီး