Skip to main content

Posts

Showing posts with the label သမိုင်း

၃၈ မျဉ်းပြိုင် (သို့မဟုတ်) ကိုရီးယားစစ်ပွဲ

(က) စစ်ပွဲ၏ အခြေခံများ စစ်ပွဲ၏ ရင်းမြစ်မှာ ၁၉၁၀ ခုနှစ်တွင် ကိုရီးယားအား ဂျပန်မှ သိမ်းပိုက်ခဲ့ခြင်းဟူသော အချက်တွင် အခြေတည်သည်။ ဂျပန်တို့ စစ်ရှုံးသောအခါ (သြဂုတ်၊ ၁၉၄၅) အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့က နိုင်ငံအား ၃၈ မျဉ်းပြိုင် (မြောက်လတ္တီကျူ ၃၈ ဒီဂရီ) အတိုင်း ဇုန်နှစ်ခု ခွဲခြမ်းရန် သဘောတူညီခဲ့ကြသည်။ ရည်ရွယ်ချက်မှာ ဂျပန်လက်နက်ချခြင်းနှင့် ဆုတ်ခွါခြင်းအား နီးနီးကပ်ကပ် စီမံခန့်ခွဲနိုင်ရန် ဖြစ်သည်။ ရုရှားသည် မြောက်ဘက်ခြမ်း (၎င်းသည် ဆိုဗီယက်ပြည်ထောင်စုနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်) နှင့် အမေရိကန်ပြည်ထောင်စုက တောင်ဘက်ခြမ်းဖြစ်သည်။ အမေရိကန်တို့နှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် ထိုသို့ အမြဲတမ်းခွဲခြားထားရန် ရည်ရွယ်ရင်းမရှိခဲ့ပေ။ ကုလသမဂ္ဂက နိုင်ငံတစ်ခုလုံးအတွက် လွတ်လပ်သော ရွေးကောက်ပွဲကျင်းပရန် ဆန္ဒရှိပြီး အမေရိကန်ကလည်း သဘောတူခဲ့သည်။ ၎င်းတို့ သိမ်းပိုက်ထားသည့် တောင်ဘက်ခြမ်းသည် စုစုပေါင်း လူဦးရေ၏ သုံးပုံနှစ်ပုံခန့် ပါဝင်နေရာ ကွန်မြူနစ်မြောက်ခြမ်းအား မဲဆန္ဒဖြင့် ဖြုတ်ချပစ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့ရာတွင် ကိုရီးယားပြန်ပေါင်းထုပ်ရေးသည် ဂျာမနီကဲ့သို့ပင် မကြာခင် စစ်အေးအားပြိုင်မှု၏ အစိတ်...