Skip to main content

Posts

Showing posts from February, 2015

"မစ္စတာဇက်၏ ရင်သပ်ရှုမောဖွယ် ဘ၀ဇာတ်လမ်း" (၂)

ဒီလိုနဲ့ ခဏအကြာမှာ ဂျော့လည်း တကယ်အိပ်ပျော်သွားတယ်။ အပူချိန်မြင့်နေတဲ့အခန်းထဲ ခေါင်းကို အနေအထားမမှန်မကန်နဲ့ အိပ်နေရင်း ဂျော့တစ်ယောက် ဂလော်ရီယာအကြောင်းကို အိပ်မက်မက်နေတယ်။ ပြန်နိုးလာတော့ ဆေးရုံအခန်းဟာလည်း သူ့အိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတယ်။ ဘယ်ဟာ အစစ်အမှန်လဲ၊ ဘယ်ဟာ အိပ်မက်လည်း ခွဲခြားဖို့ကြိုးစားရင်း သူ့ဘေးနားက စားပွဲခုံပေါ်က ပစ္စည်းတွေကို ဂျော့စစ်ဆေးကြည့်မိတယ်။ အဲဒီပစ္စည်းတွေထဲမှာ ဂလော်ရီယာ သူ့အတွက်ယူလာတဲ့ ပန်းပင်နဲ့ မဂ္ဂဇင်းလည်းပါတယ်။ မဂ္ဂဇင်းရဲ့ အဖုံးကတော့ ဂျော့မက်နေတဲ့အိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခု သိပ်ကိုဖြစ်နိုင်တယ်။ ဒါနဲ့ သူလည်း ဘေးကို ပစ်ထားလိုက်တယ်။ တကယ် စစ်မှန်တာတစ်ခုကို ဖတ်နိုင်ဖို့အတွက် ပန်းပင်ရဲ့ ပင်စည်မှာ တွဲချည်ထားတဲ့ စာရွက်လေးကို ဖတ်လိုက်တယ်။ စာသားကတော့ အတော်လေးစစ်မှန်ပါတယ်။ ပန်းပင်ရဲ့ ရုက္ခဗေနာမည်ကို ရေးထားတယ်။ ဒါပေမဲ့ အဲဒီစာသားလည်း ပြီးရော နောက်စာသားတွေက ရုတ်တရက် ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်တယ်။ "သတိ။ မှတ်ပုံတင်ထားပြီး အပင်မျိုးစိတ်ဖြစ်သည်။ လိင်မဲ့မျိုးပွားခြင်းကို ဥပဒေအရ တင်းကြပ်စွာတားမြစ်ထားသည်" လို့ ရေးထားတယ်။ *****

"မစ္စတာဇက်၏ ရင်သပ်ရှုမောဖွယ် ဘ၀ဇာတ်လမ်း" (၁)

ဂျော့က ဓမ္မဆရာရဲ့သား၊ ပြီးတော့ ဓမ္မဆရာရဲ့ မြေးဆိုလည်းဟုတ်တယ်။ ကိုရီးယားစစ်ပွဲကို ရောက်ခဲ့တယ်။ စစ်ကြီးပြီးတော့ သူလည်း ဓမ္မဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက အပေါက်ကျဉ်းဆိုတာ မကြုံဖူးသေးတဲ့ လူငယ်လေး။ ဒုက္ခရောက်နေသူတွေကို ကူညီချင်တယ်။ ဒီတော့ ရှီကားဂိုးတက္ကသိုလ်ကို တက်တယ်။ ဘာသာရေးတင်မကဘူး၊ လူမှုသိပ္ပံ၊ စိတ်ပညာ၊ ပြီးတော့ မနုဿဗေဒကိုတောင် သင်ယူခဲ့သေးတယ်။ တစ်နှစ်ပတ်လုံး ကျောင်းတက်လာအပြီး နွေရာသီတန်းခွဲအရောက်မှာ "မှုခင်းရေးရာ" ဘာသာရပ်အတွက် အတန်းတစ်ခုရှိနေတာ တွေ့ရတယ်။ ရာဇ၀တ်သားတွေအကြောင်း ဂျော့က ဘာဆိုဘာမှမသိဘူး။ ဒီတော့လည်း သင်တန်းကိုတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ "စိန့်ပရဲယားဂရပ်ဇ်" ဆိုတဲ့ နာမည်နဲ့ အကျဉ်းသူတစ်ယောက်ကို တွေ့ဆုံမေးမြန်းဖို့ နယ်မြေအကျဉ်းထောင်တစ်ခုဆီ သူ့ကို လွှတ်လိုက်ကြတယ်။ အကျဉ်းသူဆိုတာက၊ ကြေးစားလူသတ်သမားနဲ့ သူခိုးလို့ ပြောနေကြတဲ့ "ဘားနပ်ဂရပ်ဇ်" ဆိုသူရဲ့ မိန်းမပဲ။ ဂွကျတာက သူ့အကြောင်း ဘယ်လိုမှ သက်သေမပြနိုင်တာနဲ့ ဂရပ်ဇ်က အဖမ်းမခံရပဲ အပြင်မှာပဲ လတ်လျားလတ်လျား ဖြစ်နေတယ်။ သူ့မိန်းမကတော့ ခိုးရာပါပစ္စည်း လက်ခံမှုနဲ့ ထောင်ထဲရောက်နေလေရဲ့။ ဂရပ်ဇ်ခိုးထားတာတွေဆိုတာ