Skip to main content

Posts

Showing posts from August, 2009

“အဲဒီတော့ ငါစဉ်းစားတယ်”

ကဗျာဆရာ မောင်ယုပိုင်ရဲ့ ကဗျာလေးတစ်ပုဒ် အရမ်းအရမ်းနှစ်သက်မိလို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ အဲဒီတော့ ငါစဉ်းစားတယ် ဒီအတိုင်းဆို စဉ်းစားစရာပဲ ဟိုအတိုင်းဆို စဉ်းစားစရာပဲ ဒီလို တစ်သက်လုံး ငါစဉ်းစားနေတုန်း အိမ်ထောင်ကျသူက ကျသွားပြီ၊ ဘွဲ့ဂုဏ်ထူး ရသူက ရသွားပြီ၊ စီးပွားဖြစ်သူဖြစ်၊ ရောဂါရသူရ၊ ကပ်ဆိုက်သူဆိုက်၊ သေသူသေ “ဘ၀ကိုနားလည်သွားပြီ” တဲ့ “ဘာအရေးအကြီးဆုံးလဲ သိသွားပြီ” တဲ့ “ဒီလိုမှပေါ့” တဲ့ အားလည်းအားကျစရာ စဉ်းလည်းစဉ်းစားစရာ ကဲ။ ဘာကြောင့် ဒီလိုဖြစ် ဒီလိုကြောင့် ဘာဖြစ် စဉ်းစားသူငါလည်း စဉ်းစားဆဲပေါ့ ထို့ကြောင့် ငါစဉ်းစားတယ် ငါဘာလို့စဉ်းစားနေတာလဲ ငါဘာတွေစဉ်းစားနေတာလဲ ငါစဉ်းစားတာကို ငါပြန်စဉ်းစားကြည့်တော့ ငါ့စဉ်းစားခန်းက စဉ်းစားစရာဖြစ်လာတယ် စဉ်းစားစရာကောင်းလာတယ် အဲဒီတော့ ငါစဉ်းစားတယ် ………….. ◄ မောင်ယုပိုင် ► ဇန်န၀ါရီ (၂၀၀၉) မြန်မာသစ်မဂ္ဂဇင်း

“အများအကျိုး...၊ ကုလားအကျိုး”

အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယှဉ်၊ ရှေ့ရှုနှင်လော့။ ဒီဆောင်ပုဒ်ကို ခုတလော Gtalk Status မှာ တွေ့တွေ့နေရတယ်။ တင်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပုဂ္ဂိုလ်တွေလဲ ဆိုတာတော့ ရင်းနှီးမှုမရှိလို့မသိရဘူး။ ဆောင်ပုဒ်နဲ့ပတ်သက်ပြီးလည်း ဘာမှ ပြောစရာတော့မရှိပါဘူး။ ဒါပေမဲ့ တွေးမိတဲ့အချက်တွေတော့ ရှိနေတယ်။ “အများအကျိုး” ဆိုတဲ့ စကားလုံးက အလွန်အမင်း ခမ်းနားကြီးကျယ်နေသလိုပဲ...။ You have to learn to crawl, before you learn to walk ဆိုသလိုပဲ လမ်းမလျှောက်တတ်ခင် တွားသွားအရင်သင်ဖို့တော့ ကြိုးစားသင့်တယ်။ ငါဆေးလိပ်ဖြတ်ပြီးပြီလား၊ အရက်ဖြတ်ပြီးပြီလား၊ ဒါမှမဟုတ် အိမ်အပြန်မေမေ့အတွက် မုန့်ဟင်းခါးဝယ်သွားရင်ကောင်းမလား၊ အဖေခိုင်းထားတဲ့ကိစ္စလေး လုပ်လိုက်ဦးမှပါပဲစသဖြင့်...။ ဟုတ်ပြီ... တစ်ဘက်ကပြန်ပြောပြီ။ မော်စီတုန်းလည်း ဆေးလိပ်သောက်တာပဲ။ ချာချီကြီးလည်း ၀ိုင်ကြိုက်တာပဲ...။ သူတို့ အများအကျိုး အတွက် မလုပ်ခဲ့ဘူးလား...။ အများအကျိုးအတွက်မဟုတ်ခဲ့တောင် သူတို့နိုင်ငံသူတို့လူမျိုးအတွက် အရာထင်အောင်လုပ်နိုင်ခဲ့တယ် ဆိုတာ ငြင်းမရဘူး။ ဒါတွေ မရှောင်သည့်တိုင်အောင် အများအကျိုးဆု

“မာန”

“မာန” ♥ မာနကြောင့် တို့တွေလွဲကြေးဆို.... ဒိုင်ယာနာလည်း အပျိုစင်ဖြစ်ခဲ့မှာပေါ့... ♥ မာနကြောင့် တို့တွေလွဲကြေးဆို ဂျူးလိယက်ဆီဆာရဲ့ အင်ပါယာ ခုထက်ပို ထည်ဝါခဲ့လိမ့်မယ်... ♥ မာနကြောင့် တို့တွေလွဲကြေးဆို ဟစ်တလာရဲ့သစ္စာဧကရီ စာစီစရာဘယ်ရှိခဲ့ပါ့မလဲ... ♥ မာနကြောင့် တို့တွေလွဲကြေးဆို ငါ့မှာလည်း နာကျင်မှုတွေ အဆုံးသတ်တော့မယ်မထင်ဘူး... ♥ ပညာမာန၊ ဥစ္စာမာန၊ ပစ္စည်းမဲ့မာန... ငါလည်း ငါ့မာနနဲ့ငါ... ချိုချိုသာသာ ရှင်သန်တယ်... နင်လည်း နင့်မာနနဲ့နင် ... ညင်ညင်သာသာ စီးဆင်းပေါ့... ♥ မာနကြောင့် တို့တွေလွဲကြေးသာဆိုရင်... ငိုနေကြရုံသာ... မာနရဲ့အပြစ်လား....၊ အဲဒီ “မာနပိုင်ရှင်” ရဲ့ အပြစ်လားဆိုတာ... ဒီနေရာမှာ... ငါမမေးဖြစ်လိုက်တော့ဘူး...။ ◄ တေဇာ ► သြဂုတ် (၂၆) ၂၀၀၉ သူငယ်ချင်းတစ်ယောက်ကို Comment ပေးဖို့ ကြိုးစားရင်း စပ်ဖြစ်သွားတဲ့ကဗျာပါ။

လူနှစ်ယောက်နှင့် စကားကြီး (၁၀) မျိုး

ကိုအာကာ: ကိုတေ burma -Vj ကြည့်ပြီးပလား tazar: nope ကိုအာကာ: rapid နဲ့ လင့်ခ်တွေတော့ ရှိတယ် ဆွဲမလား tazar: ဆွဲကြည့်မယ်လေ.......... ဘာများလဲမသိဘူး ကိုအာကာ: http://rapidshare.com/files/...blah blah blah.../ tazar: tkz ........ 65 years remaining တဲ့ .... စောင့်ရမှာလား ကိုအာကာ: account မရှိဘူးလား tazar: ပရိမီယမ်အခေါင်းလား... မရှိဘူး tazar: link က ဒေါင်းလို့မရဘူး အယ်ရာပြနေတယ် ထားလိုက်ပါတော့ ကျေးဇူးပဲအစ်ကို .... ။ ကိုအာကာ: ဟုတ်ပြီး လေ ကျွန်တော် convert လုပ်ပြီးရင် send လိုက်မယ် tazar: အာ... နေပါ့စေ... အားနာစရာကြီး..... (ဟန်လုပ်) ကိုအာကာ: ဟုတ်ကဲ့ ဒါဆိုလဲ ပြီးတာပါပဲလေ (ရုပ်တည်) tazar: လွယ်မှပို့လိုက်ပါ.... တကူးတကတော့ မလုပ်ပါနဲ့ (လူပေါ်လူဇော်လုပ်) ကိုအာကာ: အဲ့ဒီလောက် ကထိကထ များတဲ့ အလုပ်မျိုးဆို ကြုံရင်တော့ လုပ်ဖြစ်ပါတယ် ဒါပေမယ့် ကြုံခဲပါတယ် (ဆင်ဝှေ့ ရန်ရှောင်) tazar: ကြုံခဲပေမဲ့ ကြုံလာရင်တော့ လုပ်မှာမဟုတ်လားဟင် (ရေစီးဖောင်ဆန်) ကိုအာကာ: သြော် ကိုတေဇာ လိုအပ်ရင်တော့ လုပ်ဖြစ်မှာပါ (အိုးတန် ဆန်ခပ်) tazar: ဟိုဆော့ဝဲ၊ ဟိုသီချင်း၊ ဟိုပရိုဂရမ် အဲဒါတွေလည်း ပေးဦးနော် (ရေကူးညာတင်...) ကိုအာကာ: စိတ်ချ အစီအစဥ

ဟာလိုအကျိုးဆက်ဖြင့် မိုင်ကုန်ပြေးခြင်း

ဟာလိုအကျိုးဆက်ဖြင့် မိုင်ကုန်ပြေးခြင်း  (The Halo Effect in Overdrive) လူတို့သည် တခြားလူများအပေါ် ရှုမြင်ရာတွင် “အားလုံးကောင်း၊ အားလုံးဆိုး” ဟူ၍ လုံးလုံးလျားလျားသာ ရှုမြင်တတ်ကြောင်း ကာလအတန်ကြာ ကတည်းက သိရှိခဲ့ရသည်။ ၎င်းကို “ဟာလိုအကျိုးဆက်” ဟု ခေါ်ဆိုနိုင်ပါ လိမ့်မည်။ ဟာလိုအကျိုးဆက်တွင် ၀ိသေသလက္ခဏာရပ် တစ်ခုခု (အပြုသဘော၊ အပျက်သဘော) သည် ကျန်သည့်အရာများ အားလုံးကို ကျော်လွန်ဖုံးကွယ် ပစ်လိုက်ပြီး မိမိလိုလားရာ ဦးတည်ချက်တွင်သာ ကျွန်တော်တို့၏ အာရုံသိမှုကို ဘက်လိုက်ပစ်လိုက် တတ်ပေသည်။ ဥပမာများသည် နားဝင်မချိုလှ သော်လည်း ၎င်းကိုပင် “မိစ္ဆာဂျို” သို့မဟုတ် “ထွန်ခြစ်သက်ရောက်မှု” (Pitchfork Effect) ဟု ခေါ်ဆိုနိုင်ပေလိမ့်မည်။ ပါဝင်ကူညီပေးသူများကို ဆက်စပ်မှုမရှိသည့် အမြင်အမျိုးမျိုးမှနေ၍ အဆင့်သတ်မှတ်ပေးရန် မေးမြန်းထားချက်များအရ (Rating ပေးခြင်းကိုဆိုလိုသည်) ထိုအကျိုးဆက်ကို စာရင်းဇယားကျကျ သိရှိရပါသည်။ ဤကဲ့သို့ ကွဲပြားသောအမြင်များမှ အဆင့်သတ်မှတ်ပေးမှုများ စာရင်းတွင် မြင့်မားသော ဆက်နွယ်မှု (Correlation) သို့မဟုတ် တူညီမှု အတော်များများရှိကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် နှစ်ဆယ်ရာစုက သွန်းဒိုက် (Thorndike) ခင်းကျင်းပြသခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ

♥ ဤမျှသာ………

“မြန်မာစာရေးသားရာဝယ်...” မြန်မာစာရေးသားရာတွင် ၀ါကျတစ်ခု၏အဆုံး၌ “သည်” နှင့်ဆုံးခြင်းဟာ သင့်တော်သလား၊ “တယ်” နှင့်ဆုံးတာ ပိုကောင်းသလား ဆိုသောကိစ္စကို ကျွန်တော် ဝေခွဲမရ။ အကြမ်းဖြင့်အားဖြင့် “တယ်”ကို ပေါ့ပေါ့ပါးပါး၊ စကားပြောဟန် အရေးအသားများတွင် အသုံးများပြီး “သည်” ကို ခန့်ခန့်ထည်ထည်၊ စာသံပေသံရေးသားဟန် များတွင် သုံးသင့်သည်ဟု ဆိုရမည်လားမသိ။ ငယ်စဉ်က ကျောင်းသုံးသဒ္ဒါသင်ခန်းစာတွင်များတွင်လည်း “သည်နှင့်တယ် အသုံးပြုရာဝယ်…”၊ “တယ်နှင့်သည် အသုံးပြုနည်းအလီလီ…”၊ “တယ်, သည် အရည်ကျိုသောက်နည်း” စသည်ဖြင့် မသင်ခဲ့ရသည်မှာလည်း အားလုံးအသိပင်…။ ဒီတော့ စာစရေးရန် ကြိုးစားသောအခါ ထို တယ်/သည် ပြဿနာသည် ပထမဆုံးဆိုက်ဆိုက်မြိုက်မြိုက် ကြုံတွေ့ရသည့် ပြဿနာဟု ဆိုရလျှင် မှားမယ်မထင်။ ဆရာသမားများကလည်း စာအရေးအသားတစ်ခုမှာ ပါရှိတဲ့ ၀ါကျတွေမှာ တယ်နှင့် ဆုံးမည်ဆိုလျှင် တယ်ချည်းသက်သက်၊ သည်နှင့်ဆုံးမယ်ဆိုလျှင် သည်ချည်းသက်သက်သာ ရေးသားမှ စာချောနိုင်ပြီး တယ်နှင့်သည်တို့ကို သုံးချင်သလိုသုံးထားလျှင်….၊ ရောကြော်ဖြစ်နေရင် မသင့်တော်ကြောင်း လမ်းညွှန်ခဲ့ပေရာ အဆိုပါ သည်နှင့်တယ်ပြဿနာသည် တော်ရုံပြဿနာတစ်ရပ် မဟုတ်တော့ချေ။ ဖောက်ထွက်စဉ်းစား၊ ဇောက်ထိုးတေ

ဂယောက်ဂယက်များမှတ်စု (၂)

တော်လှချည်လားချီးကျူးလို့လည်း လက်မ,မထောင်ဘူး၊ ညံ့လှချည်လားရှုတ်ချလည်း လက်ခလယ် မထောင်ဘူး….။ ကျွန်တော် အလယ်အလတ်လမ်းစဉ်လိုက်တယ်လို့လည်း လက်သီးဆုပ်ပြီး မကြွေးကြော်ဘူး… ကဲ ...... ဘာကျန်သေးလဲ…၊ ဘာမှမကျန်ဘူး…၊ ဘာအကြံမှမရှိတဲ့ ငတုံး…။ (မှတ်ချက်။ “ငတုံး” ဟူသောနေရာတွင် အားရပါးရ အာလုတ်သံဖြင့်ထွက်၍ ဖတ်ပါ....) အသေခံ ဗုံးခွဲသူများအနေဖြင့် HIV Negative ဖြစ်ရမည်ဖြစ်ပြီး၊ အသည်းရောင်အသားဝါ (B) ပိုး၊ Tuberculosis ၊ ပွေးဝဲညှင်းရောဂါတို့ ကင်းရှင်းကြောင်း သက်သေခံနိုင်ရန် Medical Check Up လုပ်ရမည်ဟု စည်းကမ်းသတ်မှတ်ထားရန် အိုစမာဘင်လာဒင် ဘာကြောင့် မေ့လျော့ခဲ့သည်ဆိုသည်ကို စောကြောရန်လိုပေသည်ဟု သွေးကင်ဆာရောဂါဖြင့် သေအံဆဲဆဲ အစွန်းရောက်တစ်ဦးကြောင့် လူပေါင်း (၁၅၀) သေဆုံးခဲ့ရသော ဗုံးခွဲတိုက်ခိုက်မှုအပြီး သတင်းများတွင် ထုတ်ပြန်သည်။ ထိုနေ့က အိုစမာဘင်လာဒင် နှာစေးနေခဲ့ကြောင်းကိုမူ မည်သူတစ်ဦး တစ်ယောက်မှ မသိရှိလိုက်ခဲ့ကြ။ ရင့်ကျက်ခြင်းနှင့် ရင်ကြပ်ခြင်း အဆက်အစပ်ရှိမရှိ ကျွန်တော် မသိပါ။ သို့သော် ရင့်ကျက်ချင်ယောင်ဆောင်ခြင်း အလုပ်ကတော့ အတော်အသက်ရှူကြပ်သည်ဟု ခံစားရသဖြင့် ရှောင်ရှားခဲ့ပါသည်။ မူးယစ်ခြင်းနှင့် ယစ်မူးခြင်း ဘယ်သင်း

ဖိုးတွမ်တီး စက်ရုပ်များ

မျိုးဆက်သစ်စက်ရုပ်များ အချင်းချင်း လိမ်လည်ဖို့ သင်ယူနိုင် မောင်းသူမဲ့တိုက်လေယာဉ်တွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူသတ်စက်ရုပ် တွေနဲ့ပတ်သက်လို့ လူတွေ စိုးရိမ်ပူပန်လာဟန်ရှိပါတယ်။ အခုတော့ ဒီထက် ဆိုးတဲ့ သူ့ထက်ကဲ ကလိမ်ကကျစ်၊ ဖိုးတွမ်တီးစက်ရုပ်တွေကို စိုးရိမ်ရဖို့ လိုလာပြီ ပြောရမလားပဲ။ ပြင်သစ်မှာရှိတဲ့ The Ecole Polytechnique Fédérale အသိဉာဏ်စနစ်ဓာတ်ခွဲခန်းက စမ်းသပ်မှုတစ်ခုမှာ ဖြစ်ပါတယ်။ အသုံးဝင်တဲ့ ရင်းမြစ်တွေကိုရှာဖို့နဲ့ အဆိပ်သင့်တဲ့အရာတွေကို ရှောင်ရှားဖို့ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတဲ့ စက်ရုပ်တွေဟာ ရင်းမြစ်တွေကို ရှာဖွေစုဆောင်းနေချိန်မှာ အချင်းချင်း လိမ်ညာဖို့ သင်ယူခဲ့ကြတာကို တွေ့ရပါတယ်။ (မျက်စိထဲမြင်သာအောင်ပြောရရင် အမှိုက်ပုံကြီးတစ်ပုံက အသုံးဝင်တဲ့ ပစ္စည်း၊ အသုံးမ၀င်တဲ့ပစ္စည်း ရွေးထုတ်ရာမှာ အသုံးပြုဖို့အတွက်လိုမျိုး…)

“ကမူး … ၊ အဓိပ္ပာယ်မဲ့မှု သူရဲကောင်း”

မူရင်းဆောင်းပါးရှင်မှာ Book Crazy ဆိုသော Blogger တစ်ယောက်ဖြစ်ပါတယ်။ ကမူးအပေါ်ထားရှိတဲ့ သူ့အတွေးသူ့အမြင်ကို ရိုးရိုးရှင်းရှင်း ရေးသားတင်ပြထားခြင်းသာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ “အဓိပ္ပာယ်ကင်းမဲ့မှု” လို့ သုံးထားတဲ့ စကားလုံးဟာ Absurd ကို ရည်ညွှန်းပါတယ်။ Absurd ဆိုတဲ့စကားလုံးအပေါ် အဘိဓာန်အမျိုးမျိုးရဲ့အဓိပ္ပာယ်ဖွင့်ဆိုပုံတွေကို ဆောင်းပါးရဲ့အောက်ခြေမှာ ဖော်ပြပေး ထားပါတယ်။ လေ့လာကြည့်ကြဖို့ပါ။ ◄ တေဇာ ► မည်သည့်အရာကိုမျှ လွတ်မြောက်ဖို့မကြိုးစားတဲ့ ကမူးရဲ့ အတွေးအခေါ်ဟာ လိုက်ခံကျင့်သုံးဖို့ အလွယ်ကူဆုံး အတွေးအခေါ်ဖြစ်တယ်လို့ ကျွန်တော် တွေ့ခဲ့ရပါတယ်။ ဒိုတော့ယော့စကီး (Dostoevskian) စကားအရဆိုရင် “အသိပညာပိုင်းဆိုင်ရာ ရိုးသားမှုကို” (Intellectual Honesty) ကို ခွင့်ပြုတယ်ပေါ့။ ဘ၀ရဲ့ အခြေခံမေးခွန်းတွေကို စဉ်းစားပြီး ပျော်မွေ့တတ်တဲ့ လူတိုင်းဟာ “ဘ၀မှာ ငါက ဘာတွေများလာ လုပ်နေတာလဲ” “ဒါတွေအားလုံးရဲ့အဓိပ္ပာယ်နဲ့ ငါ့ရဲ့ရည်ရွယ်ချက်က ဘာလဲ” “ငါဟာ ကိုယ့်ဘောင်းဘီဇစ် ပွင့်နေတာကို မသိတဲ့လူ (XYZ) ၊ အဲလိုပဲဖြစ်သင့်တာလား” “ငါ့ကို စာရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် တွန်းပို့လိုက်တာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ဒါမှမဟုတ် ဒဿနဆရာတစ်ယောက်၊ ပ

♥ အသောက်ပျက်သော ဗရောက်ဗရက်ညနေ

ဗရောက်ဗရက်ဆိုသည်မှာ ဂယောက်ဂယက်၏ ညီဖြစ်ပါသည်။ ညီမအငယ်ဆုံးလေး ကတောက်ကဆတ် ရှိသေးသော်လည်း ယခုတလော သူမသည် အားနည်းပြီး နေထိုင်မကောင်းဖြစ်နေသဖြင့် ဘယ်သူ့ကိုမှ ကက်ကက်လန်ရန်မတွေ့နိုင်ဘဲ အိပ်ယာထဲ ဘုန်းဘုန်းလဲနေရှာသည်။ စိတ်ချမ်းသာစရာ ကောင်းပေစွ...။ သူတို့သည် ဆြာတေ၏ စိတ်သန္တာန်ဝယ်မှီတင်းနေထိုင်ကြကုန်သော ခံစားချက် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ ယခုအခါတွင် ဗရောက်ဗရက်သည် အသောက်ပျက်သည့်ညနေများကို စိတ်ဆိုးမာန်ဆိုး ရင်ဆိုင်နေရသည့်သမယဖြစ်၍ ပျောက်ချက်သားကောင်းနေသော ၀ီစကီကို အီစီကလီတမ်းတနေသံများ ဖြစ်ပါသည်။ သူတို့မှာ မရှက်အားဘဲ လက်ယားနေသော စာဆိုများဖြစ်သဖြင့် ထိုညီအစ်ကိုမောင်နှမတစ်စု၏ စာတိုပေစများအား စပ်ကြားစပ်ကြားတင် ဖြစ်ပါမည်။ ပုံ ◄ ဆြာတေ ► ဥက္ကဌ - အပြည်ပြည်ဆိုင်ရာ အသပြာမွဲသော မယကာဘဲများအသင်းကြီး ခေတ္တ- ဥရုဝေလတောတွင်းတစ်နေရာ တောင်စွယ်နေကွယ်ချိန် ဒီအချိန်ရောက်ရင် စိတ်တွေချောက်ခြားလာတယ်။ ဆေးရမယ့် ပန်းကန်ခွက်ယောက်တွေ၊ ချက်ရမယ့်ထမင်းအိုး၊ ကြက်ဥတစ်လုံးကို ရက်ရက်စက်စက် ခွပ်ခနဲဖောက်ရမယ့် စိတ်ဓာတ်ကြံ့ခိုင်မှု၊ ဒယ်အိုးဟာ သယ်ပိုးဖို့မဖြစ်နိုင် လောက်အောင်ကို လေးလံနေတယ်၊ ဆီထုပ်ကိုဖောက်ပြီး ပုလင်းထဲထည့်ရတာ... လက်တုန်တတ်

သေတယ်ဆိုတာ ဘယ်လိုပါလဲ ?

New Scientist မဂ္ဂဇင်းက နောက်ဆုံးလထုတ်မဂ္ဂဇင်းစာမျက်နှာပေါ်မှာ အရှင်လတ်လတ်မီးလောင်ခြင်းမှ ရေနစ်ခြင်း၊ ခေါင်းပြတ်ခြင်းစသည်တို့ အထိ အမျိုးမျိုးအထွေထွေသော လူတစ်ယောက်ရဲ့ အဆုံးသတ်ချိန်တွေကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးလေ့လာထားပါတယ်။ ကျွမ်းကျင်သူတွေက သူတို့ရဲ့ အထောက်အထားတွေကို ဆေးသိပ္ပံနောက်ဆုံးတွေ့ရှိချက်တွေနဲ့ ကံကောင်းထောက်မပြီး အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဖြစ်ရပ်တွေကနေ ထုတ်နုတ်ထားတာပါ။ ဘယ်လိုနည်းအမျိုးအစားနဲ့ပဲသေသေ အများအားဖြင့်တော့ ဘ၀ရဲ့နောက်ဆုံးမီးစာကို မှုတ်ထုတ်လိုက်တဲ့တရားခံဟာ (Coup de grace) ဦးနှောက်သို့ အောက်ဆီဂျင်ပေးပို့မှု ရပ်ဆိုင်းသွားခြင်းပဲ ဖြစ်ပါတယ်။ သိချင်သေးတယ်ဆိုရင်ဖြင့် အောက်မှာဖော်ပြထားတာတွေဟာ သူတို့ရဲ့ ကောက်ချက်တွေ ဖြစ်ပါတယ်။ § § § § § § §

♥ အစိမ်းရောင်လှုပ်ရှားမှု

ဟိုမို (Homosexuality) အြေ ကာင်း Research လုပ်မယ် ကြံရွယ်ပြီး အင်တာနက်ပေါ် လမ်းသလား၊ Link ပေါင်း တစ်သန်းခွဲလောက်ကို ထိုင်ဖတ်နေရာက Iran Ultimatum ဆိုတဲ့ Video Link ကလေးတစ်ခု အမှတ်မထင်တွေ့ခဲ့ရပါတယ်။ စိ တ်ဝင်စားသွားမိတာနဲ့ Video Loading လုပ်နေတာကို ခဏစောင့်နေတုန်း အောက်ကစာသားလေးကို ဖတ်ကြည့်နေမိပါတယ်။ အီရန်နိုင်ငံမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ “အစိမ်းရောင်လှုပ်ရှားမှု” (Green Movement) ဆိုတာပါ။ ၂၀၀၉ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တုန်းက ကမ္ဘာအ၀ှမ်းမှ မဲပေးခွင့်ရှိတဲ့ အီရန်ပြည်သူ (၈၅%) ဟာ မိမိတို့နှစ်သက်တဲ့ ကိုယ်စားလှယ်ကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး နောက်တစ်ရက်အကြာမှာတော့ ရလဒ်ဟာ သူတို့မဲပေးခဲ့တဲ့အဖြေ ဖြစ်မနေခဲ့ပါဘူး။ သူတို့ရဲ့မဲတွေ အခိုးခံရပြီး နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနဲ့ အတိုက်အ ခံခေါင်းဆောင် များဟာ ညတွင်းချင်းပဲ အဖမ်းခံခဲ့ရပါတယ်။ ပြည်ပမီဒီယာ သမားများနဲ့ စာနယ်ဇင်းသမားများကို နှင်လွှတ်ခဲ့ပြီး မြို့ကြီးတွေမှာ လက်နက်ကိုင်ရဲများနဲ့ လုံခြုံရေးတပ်သားတွေ နဲ့ ပြည့်သွားခဲ့ပါတယ်။ ဒီကြားထဲကပဲ အီရန်ပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်လာပြီး သူတို့ရဲ့ လွတ်လပ်မှုနဲ့ မဲဆန္ဒတွေအတ

♥ သရဲမယုံသူ

ကျွန်တော့်အတွက်တော့ သရဲဆိုတာကို မယုံဘူး။ ဒါပေမဲ့ ကြောက်တော့ကြောက်တယ်...။ ဒါ ရယ်စရာပြောတာ မဟုတ်ပါဘူး... အမှန်အတိုင်းပြောတာပါ။ ညဘက် တစ်ယောက်ထဲ သရဲဝတ္ထု၊ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေ ဖတ်ပြီး အိမ်သာထမသွားရဲတာလဲ ကျွန်တော်ပါပဲ။ ကြောက်တယ်ဆိုတာ စိတ်က ခြောက်ခြားပြီးကြောက်တာပါ။ ဘာမှမြင်ရ၊ ကြားရလို့တော့မဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက သရဲကို မယုံဘူးဆိုတဲ့အပိုင်း...။ ကျွန်တော် သရဲမယုံပါဘာညာလျှောက်ပြောနေရင်... အကြောင်းပြချက်တသီကြီးနဲ့ ဆန့်ကျင်ကြမယ့် ကန့်ကွက်ကြမယ့်သူတွေ တစ်ပုံကြီးရှိမယ်ဆိုတာ ရိပ်မိပါတယ်။ ဒီနေရာမှာ ကျွန်တော်အဓိကဆိုလိုရင်းက သရဲတစ်ကယ်ရှိမရှိဆိုတဲ့ အကြောင်းအရာကို ငြင်းခုံချင်တာ မဟုတ်ဘူး။ ငြင်းခုံခြင်း၊ ဆွေးနွေးခြင်းတွေမှာ ဘာသာစကားရဲ့ အကျိုးသက်ရောက်မှု၊ အဓိပ္ပာယ်လွှဲမှားစေနိုင်မှု (Misunderstood) ကို ထောက်ပြချင်တာပါ။ ဒီကိစ္စဟာ အခြေခံကျသလောက် အရေးလည်းကြီးတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီလိုပါ... ကျွန်တော်က သရဲမယုံဘူးလို့ပြောလိုက်ပြီ။ ကျွန်တော့် အမှန်တကယ် ဆိုလိုရင်းကဒီလိုပါ။ “ကျွန်တော်ဟာ သရဲရှိ/မရှိ မသိပါဘူး” လို့ ဆိုလိုချင်တာသာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးဘူး၊ ခြောက်သယောင်ယောင် ထင်ယောင်ထင်မ

♥ ဟိုမိုဟာ စိတ်ရောဂါလား ???

အောက်ပါသတင်းကို ဒီနေရာ ကနေ ရယူဖော်ပြထားတာဖြစ်ပါတယ်။ ဟိုမို (အထူးသဖြင့် Gay) အကြောင်း စိတ်ဝင်စားသူများ သွားရောက်လေ့လာသင့်တဲ့ ရှားရှားပါးပါး မြန်မာဆိုက်ပါ။ အိန္ဒိယနိုင်ငံမှာလည်း မကြာသေးခင်ကမှ ဟိုမိုအခွင့်အရေး ဆန္ဒပြတောင်းဆိုမှု ငြိမ်းချမ်းစွာ အောင်မြင်ပြီးဆုံးသွားခဲ့ပါတယ်။ ဒီ ဟိုမိုကိစ္စကို Research လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဟိုမိုကိစ္စကို ဘာသာရေးရှုထောင့်တစ်မျိုးထဲမှ ရှုမြင်နေရုံလောက်မျှဖြင့်တော့ လုံလောက်မှု မရှိနိုင်ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ ◄ တေဇာ ► ..................................................... ................................... “လူသားတစ်ယောက်ဟာ လူသားဖြစ်တဲ့ အချက်ကြောင့်နဲ့ဘဲ လူ့အခွင့်အရေးကို ပိုင်ဆိုင်ခံစားခွင့်ရှိတာ ဖြစ်ပါတယ် ” ................................... ..................................................... လိင်စိတ်ခံယူမှုကို စိတ်ပညာကုထုံးနဲ့ ကုသလို့ လုံးဝမရနိုင်ကြောင်းကို စိတ်ပညာရှင်များအသင်းအဖွဲ့က ထပ်မံအတည်ပြု သြဂုတ် ၇၊ ၂ဝဝ၉ သက်တံ့အယ်ဒီတာအဖွဲ့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များနဲ့ စိတ်ပညာရှင်တွေအနေနဲ့ လိင်တူချင်းချစ်တဲ့သူတွေရဲ့ လိင်စိတ်ခံယူမှုကို ပြုပြင်ကုသပြော

♥ Reading Test

စိတ်ဝင်စားစရာ Reading Test လေးပါ။ ဖတ်ကြည့်ပါ။

♥ လူနှစ်ယောက်စကားပြောခြင်း

သူငယ်ချင်းတစ်ယောက်နှင့် Gtalk တွင် အလွတ်သဘော Chat ထားခြင်းများကို ဆင်ဆာမလုပ်ဘဲ ပြန်လည် ဖော်ပြထားခြင်းဖြစ်ပါသည်။ လက်တမ်းရိုက်ထားသည်များသာဖြစ်၍ အဆီအငေါ်တည့်ချင်မှ တည့်ပါလိမ့်မည်။ Chat နေသည့်အချိန်က ဤသို့ပြန်လည်ဖော်ပြဖို့ ရည်ရွယ်ချက်မရှိခဲ့ပါ။ ဆရာကြီးအချို့၏ နာမည်များကို “ဆရာ” “ဦး” စသည်ဖြင့် တပ်မရေးခဲ့ခြင်းမှာ Chatting ၏ သဘာဝကြောင့်သာဖြစ်ပြီး၊ မလေးစားသည့်သဘော မပါဝင်ကြောင်း အသိပေးလိုပါသည်။ “ကျွန်တော်ပြောထားသောစကားများ” ဖြစ်ပါသည်။ ◄ တေဇာ ► arkar: စာတွေ ရေးကြတယ် အားလုံးပေါ့ အဲ့ဒီမှာ ဘာတွေ ရေးရင်ကောင်းမလဲ ခင်ဗျ oo.tazar: ဘလော့ဂ်ကို Topic တစ်ခုအောက်မှာ လမ်းကြောင်းတစ်ခုအောက်မှာ၊ မူတစ်ခုအောက်မှာ ရေးကြပါတယ်....၊ဒါပေမဲ့ ကျွန်တော် ကတော့ မူမရှိပါဘူး...၊ ရေးချင်တာရေးပါတယ်....၊ ပြီးတော့.. Blogger အသိုင်းအ၀ိုင်းနဲ့လည်း နီးစပ်မှု မရှိပါဘူး....၊ အကြမ်းဖျင်းအားဖြင့်... နည်းပညာပိုင်း၊ အနုပညာ ကဗျာ..၊ စာပေ...၊ စသည်ဖြင့် ရေးကြပါတယ်...၊ နိုင်ငံရေးလည်း ရေးကြပါတယ်....၊ arkar: အဲ့ဒါတွေ အားလုံးနဲ့ ကင်းအောင်ရေးမယ် ဆိုရင် :? oo.tazar: ရပါတယ်....၊ ကိုယ်ရေးအထုပ္ပတ္တိလို ရေးရင်လည်း ရပါတယ်...၊ ရတာကတော့ ဗျည်း ၃၃ လုံးန

♥ လက်ဖျားစာသီး လိုပါသလား ?

www.problemclean.ning.com တွင် တင်ခဲ့သော သရော်စာဆန်ဆန် အရေးအသားများသာဖြစ်ပါတယ်။ အပျင်းပြေ အပျော်ဖတ်ဖို့လောက်ပါ။ ◄ တေဇာ ► လက်ဖျားစာသီး၊ ခံစားချက်ပဒေသာပင်စိုက်ထူရန် ဆြာတေ၏ လူငယ်များသို့အကြံပြုချက်... မေး ► မောင်အာကာ ဆြာတေဇာခင်များ…။ ကျွန်တော်တို့ မြန်မာ့အိုင်တီလောက ဖွံ့ထွားလှပမှု Website ကြီးတွင် စာဆိုတော်တစ်ဦးတည်းမှနေ၍ ငါးစက္ကန့်စီသာခြားကာ Blog Post များ တစ်ကျိပ်ခန့်မျှ ဇယ်ဆက်သလို တတ်လာတတ်ပါသည်။ ဤသို့ လက်ဖျားစာသီး၊ ခံစားချက်ပဒေသာပင်ပေါက်နေသော ကလောင်ရှင်များကို ကျွန်တော်များ အားကျလှပါ၏။ ခံစားချက်ခြွတ်ခြုံကျပြီး၊ ကလောင်သွား ဂျီးကပ်နေသော ကိုယ့်ကိုယ်ကိုယ်လည်း အားမလိုအားမရ ဖြစ်မိပါသည်။ တစ်ခါတစ်ရံ ကုရာနတ္ထိဆေးမရှိသော ခံစားချက်ကျဆင်းမှုကူးစက်ရောဂါ (feeling immune deficiency syndrome) FIDS ရနေပြီလားဟုပင် သံသယပွားမိပါတော့သည်။ ထို့ကြောင့် ဆီလီကွန်ချောင်းရိုးတွင် တဲထိုးနေထိုင်သော ဆြာတေဇာမှ လက်ဖျားစာသီး ခံစားချက်မီးများ ဟုန်းဟုန်းထ နိုင်စေရန် Program လေးတစ်ခု ရေးဆွဲပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ခင်များ…။ ဖြေ ► ဆြာတေ အဟမ်း....။ အမေးရှိလာသည့်သကာလ အဖြေလည်း ရှိရပေတော့မည်။ အနှီမောင်အာက

♦ ဖြစ်တည်မှုဆိုင်ရာ စိတ်ကျဝေဒနာ

ဤဆောင်းပါးကို ဘာသာပြန်ရာတွင် English-English Dictionary ကိုသာ အသုံးပြုခဲ့ရသည်က တစ်ကြောင်း၊ တချို့ပညာရပ်ဆိုင်ရာစကားလုံးများမှာ မြန်မာဘာသာဖြင့်အတိအကျ မရှိသေးသည်ကတစ်ကြောင်းတို့ကြောင့် မူရင်းအင်္ဂလိပ်စာလုံးများ၏ မြန်မာပြန်အသုံးအနှုန်း လစ်ဟင်းမှုများ ရှိနိုင်ပါသည်။ ထို့ကြောင့် ချွတ်ချော်မှု၊ အဓိပ္ပာယ်မပေါက်မှုများရှိနိုင်သော်လည်း အခက်အခဲများကြားမှ ကျွန်တော် ကြိုးစား၍ ပြန်ကြည့်ခဲ့ပါသည်။ ဖြစ်တည်မှုဆိုင်ရာစိတ်ကျမှု (Existialism Depression) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း ထည့်သွင်းဖော်ပြ ပေးလိုက်ပါသည်။ ကျွန်တော်တို့မြန်မာလူမျိုးများအတွက်မူ ဗုဒ္ဓဘာသာ၏ အရိပ်အာဝါသအောက်တွင် ကြီးပြင်းခဲ့ရ၍ ပါရမီရှင် ကလေးများအနေဖြင့်လည်း ဤဖြစ်တည်မှုဆိုင်ရာစိတ်ကျမှုဖြင့် ကင်းလွတ်ခွင့်ရကောင်းရခဲ့နိုင်ပါလိမ့်မည်။ အနောက်တိုင်းလူ့အဖွဲ့အစည်းတွင်မူ ဖန်ဆင်းရှင်ဝါဒ (Creator ကို ယုံကြည်ခြင်း) ဘာသာတရားများ ခိုင်ခိုင်မာမာတည်ရှိနေသေးသော်လည်း ခေတ်သစ်လူငယ်များ၏ ဆင်ခြင်တုံတရားနှင့် အားစမ်းကိုင်နှဲ့မှုကို ကြုံတွေ့နေရပြီဖြစ်သည့်အလျောက် ဤစိတ်ကျဝေဒနာဖြစ်ပေါ်ရန် ပိုမိုနီးစပ်ပါလိမ့်မည်။ Non Believer (ဖန်ဆင်းရှင်မယုံကြည်သူ) လှုပ်ရှားမှုများလည်း လတ်တလော ကျ

♥ မြည်းနှင့် လယ်သမား

ကိုအာကာရဲ့ Blog Post နဲ့ ကျွန်တော့် Comment ဖြစ်ပါတယ်။ ဒီပို့စ်အတွက် ကိုအာကာ့ကို ကျေးဇူး တင်ပါတယ်။ Posted by: ◄ ကိုအာကာ ► တေဇာခါထုတ် ဂျယ်လေးနင်းတက် ကျွန်တော်တို့ အပြင်မှာ မမြင်ဘူးပါဘူး။ ကိုတေဇာကိုရော ဂျယ်လေးကိုရောပေါ့။ ခု သူတို့နှစ်ယောက်လုံး အမိမြေ အမေ့ရင်ခွင်နဲ့ ဝေးရာဆီမှာ ရပ်တည်နေပါတယ်။ ဘ၀တစ်ခု အတွက်ပေါ့။ သူတို့အတွက် ဖတ်မိတဲ့ဟာလေးကို ပြန်မျှချင်တာနဲ့ တေဇာခါထုတ် ဂျယ်လေးနင်းတက်ဆိုတာလေးကို................................. လယ်သမားတစ်ယောက်ရဲ့မြည်းလေးတစ်ကောင်ဟာ အကာအရံ မရှိတဲ့ လယ်ထဲက ရေတွင်းထဲ ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကိုခေါ်တယ် ။ လယ်သမားကြီးဟာ ဘာလုပ်ရ မလဲလို့တွေးတယ်။ နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။ ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်း ကလည်းမသုံးတာကြာတဲ့ ရေတွင်းဟောင်းကြီးဖို့ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး။ အဲဒီလိုတွေးပြီးတော့ သူ့သူငယ်ချင်း လယ်သမားတွေကိုသွားခေါ်လာတယ်။ တစ်ယောက် ပေါက်ပြား တစ်လက်စီ ယုလာကြတယ်။ မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။ မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်။ နောက်မကြာခင် မြည်းအော်

လမ်းဆုံး (မြင့်သန်း)

ငြိမ်းအေးခြင်း၌ မှေးစက် ငါ့ဘ၀ ကုသိုလ်ခေါ် သူငယ်ချင်း။ ငါသည် မြတ်သောအကျင့်ကိုကျင့်၍ အမှန်တရား၌ နေ၏။ (ကိုနေ၀င်း/ခိုင်ထူး “မြတ်သောအကျင့်”) လမ်းဆုံးရဲ့နောက်နားဆီမှာ အေးငြိမ်းစရာတစ်နေရာ အမြဲရှိတယ်ဆိုတာ မသိကြရှာသေးပဲကိုးလို့ တွေးနေမိတယ်...။ လမ်းဆုံးရင် ရွာတွေ့မယ်လို့ ပြောကြတယ်။ ဒီတော့၊ သူက လမ်းဆုံးအထိသွားတယ်။ ရွာက မတွေ့သေးဘူး။ လမ်းဆုံးမှာ ဘာရွာမှမရှိဘူး။ လမ်းဆုံးကိုလွန်ပြီး ကိုယ့်ဖာသာ လမ်းထွင် သွားရတယ်။ အဲဒီတော့ အိမ်စုစုတွေ့ရတယ်။ ရွာဖြစ်ချင်လည်း ဖြစ်မယ်။ လူတစ်စု သူတို့ဖာသာ နေနေကြတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ ရွေးချယ်စရာမရှိဘူး။ ရွေးချယ်စရာ မရှိဘူးဆိုတာက နေစရာမရှိဘူး၊ စားစရာမရှိဘူး။ ပိုက်ဆံမရှိလို့တော့လည်း မဟုတ်ဘူး။ ဘ၀င်မကျလို့၊ အေးအေးချမ်းချမ်းနေချင်လို့။ အေးချမ်းဖို့ဆိုတာ လမ်းဆုံးရောက်မှ။ လမ်းဆုံးရောက်မှ အေးချမ်းမှာ။ ဒီတော့သူက လမ်းတစ်ခုကို ဆုံးတဲ့အထိလျှောက်ကြည့်တယ်။ လမ်းဆုံးရင်ရွာတွေ့မယ်။ ရွာတွေ့ရင် အဲဒီမှာနေမယ်။ အဲဒီမှာ ငြိမ်းချမ်းတဲ့အရသာ ခံစားမယ်။ ဒါပေတဲ့ ပထမဆုံးပြဿနာက လမ်းဆုံးမှာ ရွာမရှိဘူး။ လမ်းကိုလွန်သွားတော့မှ ရွာလိုလိုဟာမျိုးကို တွေ့ရတယ်။ အမှန်တော့ သ

♥ အနုပညာဆိုသည်မှာ ...

• တော်ရုံသာပြော • ဘာလဲ။ ဘာလဲ။ အလန့်တကြား အနုပညာလား၊ အနုပညာဆိုတာလား။ တကယ်တော့ ဘာမှ သိပ်မဟုတ်ပါဘူး။ လိင်စိတ်၊ ကိုယ့်ဘောလုံးအသင်း နိုင်စေချင်တဲ့စိတ်၊ ထမင်းဆာခြင်း၊ အိပ်ငိုက်ခြင်း၊ ငွေတစ်ထောင်တန် ဆယ်ရွက်လောက် ကောက်ရလိုက်ခြင်း၊ ဥက္ကဌဖြစ်သွားခြင်း၊ အရက်ကောင်းကောင်း သောက်ရမည့် ဧည့်ခံပွဲဖိတ်စာရခြင်း၊ ချစ်သူတစ်ယောက် ကောင်းစားသွားခြင်း၊ မုန်းသူတစ်ယောက် ပျက်စီးသွားခြင်း၊ အစရှိသော ကိစ္စများကဲ့သို့ ဖြစ်ရိုးဖြစ်စဉ်ကလေးများ၊ ဘ၀မှာ အရေးပါသည်ဟု ထင်ထားသော အသေးအဖွဲ ကလေးတွေလိုပါပဲ၊ သိပ်အရေးကြီးသည်ဟု မထင်ပါ။ ငါ အနုပညာတစ်ခု ဖန်တီးလိုက်ပြီ၊ ငါဖန်တီးသော အနုပညာကို လောကကိုပေးအပ်လိုက်ပြီလို့ ထင်တတ်ကြသည်။ အပြစ်မတင်ပါ။ သမိုင်းမှာ လိုအပ်တာတွေထက် ပိုပြီး ရေးကြီးခွင်ကျယ်လုပ်နေတာ မဟုတ်ဘူးလား။ ပီကာဆို ပန်းချီမဆွဲခဲ့လည်း ဘာမှ ထူးထူးခြားခြားဖြစ်မှာ မဟုတ်ပါဘူး။ ဂျိမ်းစ်ဂျွိုက်စ်တို့ ကပ်ဖကာတို့ ကမျူးတို့ ၀တ္ထုမရေးခဲ့လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ အဲလရော့တို့ အက်ဇရာပေါင်းတို့ ဗရှိုးတို့ န၀ဒေးတို့ ကဗျာမရေးခဲ့လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ မြ၀တီမင်းကြီးနဲ့ ပြင်စည်မင်းသား၊ မြို့မငြိမ်းတို့၊ ကိုစောညိန်းတို့ သီချင်းတွေမစပ်ခဲ့ရင်လည်း ဘ

The A to Z of Correct English

The A to Z of Correct English blond or blonde? BLOND is used to describe men’s hair. BLOND is used to describe women’s hair. A BLONDE is a woman. Blond ဆိုတာ ဆံပင်ရွှေရောင်ရှိတာကို ပြောတာပါ။ ယောက်ျားလေးမှာရော မိန်းကလေးမှာပါ သုံးနိုင်ပါတယ်။ ရွှေရောင်ဆံပင်ရှိသောလို့ အဓိပ္ပာယ်ရတဲ့ နာမ၀ိသေသန (Adjective) ဖြစ်ပါတယ်။ Blonde ဆိုတာကတော့ ရွှေရောင်ဆံပင်ရှိတဲ့ မိန်းကလေးကို ပြောတာပါ။ ဥပမာ မာရီလင်မွန်ရိုး၊ ဘရစ်ထနေစဖီးယားတို့လိုမျိုး အမိုက်စားလေးတွေပေါ့။ ကိုရီးယားမင်းသားယောင်ယောင် ဆံပင်ရွှေရောင်ဆိုးထားတဲ့ ချာတိတ်ကောင်လေး တွေကိုတော့ Blonde လို့ သုံးနိုင်မှာ မဟုတ်ပါဘူး။ Paparazzo (singular) paparazzi (plural) Paparazzo ဆိုတာ ကျော်ကြားသူ (Celebrity) တွေနောက်က တကောက်ကောက်လိုက်ပြီး အနှောင့်အယှက် ဖြစ်လောက်အောင် ဓာတ်ပုံလိုက်ရိုက်တဲ့ လူတွေကိုပြောတာပါ။ မဂ္ဂဇင်း၊ သတင်းစာတွေဆီ အဲဒီဓာတ်ပုံတွေကို အခကြေးငွေနဲ့ ရောင်းစားတဲ့လူတွေဖြစ်ပါတယ်။ ဒိုင်ယာနာမင်းသမီး (Princess Diana) ကားမတော်တဆမှုနဲ့ သေဆုံးသွားရတာ၊ ဒီပါပရာဇီတွေကြောင့်လို့ ဆိုကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ပါပရာဇီတွေ မရှိသေးဘူးလို့ ဆိုနိုင်ပါ