Skip to main content

သေတယ်ဆိုတာ ဘယ်လိုပါလဲ ?

New Scientist မဂ္ဂဇင်းက နောက်ဆုံးလထုတ်မဂ္ဂဇင်းစာမျက်နှာပေါ်မှာ အရှင်လတ်လတ်မီးလောင်ခြင်းမှ ရေနစ်ခြင်း၊ ခေါင်းပြတ်ခြင်းစသည်တို့ အထိ အမျိုးမျိုးအထွေထွေသော လူတစ်ယောက်ရဲ့ အဆုံးသတ်ချိန်တွေကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးလေ့လာထားပါတယ်။ ကျွမ်းကျင်သူတွေက သူတို့ရဲ့ အထောက်အထားတွေကို ဆေးသိပ္ပံနောက်ဆုံးတွေ့ရှိချက်တွေနဲ့ ကံကောင်းထောက်မပြီး အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဖြစ်ရပ်တွေကနေ ထုတ်နုတ်ထားတာပါ။ ဘယ်လိုနည်းအမျိုးအစားနဲ့ပဲသေသေ အများအားဖြင့်တော့ ဘ၀ရဲ့နောက်ဆုံးမီးစာကို မှုတ်ထုတ်လိုက်တဲ့တရားခံဟာ (Coup de grace) ဦးနှောက်သို့ အောက်ဆီဂျင်ပေးပို့မှု ရပ်ဆိုင်းသွားခြင်းပဲ ဖြစ်ပါတယ်။ သိချင်သေးတယ်ဆိုရင်ဖြင့် အောက်မှာဖော်ပြထားတာတွေဟာ သူတို့ရဲ့ ကောက်ချက်တွေ ဖြစ်ပါတယ်။

§ § § § § § §


ရေနစ်ခြင်း

စစချင်း ရေနစ်သူဟာ အလွန်အမင်းကြောက်ရွံ့ထိတ်လန့်သွားတယ်။ ပုံမှန်အားဖြင့်တော့ စက္ကန့် (၃၀) ကနေ စက္ကန့် (၉၀) ကြားပေါ့။ အသက်ရှင်သူတွေရဲ့ပြောပြချက်အရ အဆုပ်ထဲရေ၀င်သွားတဲ့အချိန်မှာ တစ်စစီကွဲပျက်ပြီး လောင်ကျွမ်းသွားတဲ့ ခံစားမှုမျိုး ခံစားရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မကြာခင်ပဲ ငြိမ်သက်တည်ငြိမ် သွားတဲ့ ခံစားမှုမျိုး လျင်လျင်မြန်မြန် ကပ်လိုက်လာပါတယ်။ အောက်ဆီဂျင်ငတ်မွတ်မှုက အသိစိတ်ကို ပျောက်ဆုံးသွားစေပြီး နှလုံးရောဦးနှောက်ပါ ရပ်တံ့သွားတော့တယ်။
နှလုံးရပ်ခြင်း

နှလုံးကြွက်သားတွေဟာ အောက်ဆီဂျင်အတွက် အပြင်းအထန် ရုန်းကန်တဲ့အခါမှာ ဖြစ်လေ့အရှိဆုံး လက္ခဏာကတော့ ရင်ဘတ်ထဲက နာကျင်မှုဖြစ်တဲ့ “ဆွဲညှစ်ထားတဲ့”၊ ဒါမှမဟုတ် ဖိနှိပ်ထား ခံစားမှုပဲဖြစ်ပါတယ်။ ပုံမှန်နှလုံးစည်းချက် တုံ့ဆိုင်းသွားပြီး နှလုံးခုံမှုကို ရပ်တန့်သွားစေပါတယ်။ ဆယ်စက္ကန့်အတွင်းမှာ မေ့မျောသွားပြီး မိနစ်ပိုင်းအကြာမှာပဲ သေဆုံးသွားပါတယ်။




သွေးလွန်ခြင်း

ကိုယ်ခန္ဓာတွင်း သွေးယိုစီးမှုဖြစ်ရပ်ရဲ့ အဆင့်တွေကနေ လေ့လာထားတာဖြစ်ပါတယ်။ သွေးပမာဏ တစ်လီတာခွဲလောက် ဆုံးရှုံးသွားတဲ့လူတစ်ယောက်ဟာ အားနည်းခြင်း၊ ရေငတ်ခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေကို ခံစားရလေ့ရှိပါတယ်။ နှစ်လီတာလောက် ဆုံးရှုံးသွားတဲ့အချိန်မှာတော့ အဲဒီလူဟာ အိပ်ချင်မှု၊ ရှုပ်ထွေးနောက်ကျိမှုနဲ့အတူ နောက်ဆုံးမှာ သတိလစ်မေ့မျောသွားမှာ ဖြစ်ပါတယ်။


ဓာတ်လိုက်ခြင်း

အိမ်တွင်းမတော်တဆမှုတွေကြောင့် ဓာတ်လိုက်ခံရတဲ့လူဟာ နှလုံးရပ်သွားနိုင်ပြီး ဆယ်စက္ကန့်လောက်အကြာမှာ သတိမေ့တဲ့အဆင့်ကို ရောက်ရှိသွားပါတယ်။ နှလုံးနဲ့ ဦးနှောက်ဆီကို ပိုပြီး ဗို့အားပြင်းပြင်းဖြတ်မယ်ဆိုရင် ချက်ခြင်းနီးနီး သတိမေ့စေနိုင်တယ်။ ဒါပေမဲ့လည်း တရားခံတွေကို လျှပ်စစ်ကုလားထိုင်နဲ့ ကွပ်မျက်ခြင်းဟာ တကယ်တမ်းကျတော့ အသက်ရှူကြပ်မှုနဲ့ ဦးနှောက်အပူလောင်မှုကြောင့် သေရတာဖြစ်တယ်လို့ ဆိုပါတယ်။

အမြင့်မှပြုတ်ကျခြင်း

အမြင့်တစ်နေရာမှ ပြုတ်ကျပြီး အသက်မသေဘဲလွတ်မြောက်ခဲ့သူတွေရဲ့ ပြောပြချက်အရ “အချိန်နှေးကွေးသွားတဲ့ အာရုံတစ်မျိုး” ခံစားကြကြောင်း သိရှိရပါတယ်။ ဆန်ဖရန်စစ်စကိုရှိ ၂၄၆ ပေမြင့်တဲ့ ဂိုးဒန်းဂိတ်တံတားပေါ်မှခုန်ချပြီး မိမိကိုယ်ကိုယ်သတ်သေသူ အယောက် ၁၀၀ ကို လေ့လာချက်အရ အဆုတ်ကွဲကြေသွားခြင်း၊ နှလုံးပေါက်ခြင်း ဒါမှမဟုတ် ကျိုးသွားတဲ့နံရိုးတွေက ကိုယ်တွင်းအင်္ဂါတစ်ခုခုကို ထိခိုက်သွားခြင်း စသည်ဖြင့် ချက်ခြင်းသေဆုံးသွားတဲ့ ဖြစ်ရပ်တွေကို တွေ့ရပါတယ်။

ကြိုးဆွဲချခြင်း

မိမိကိုယ်ကို ကြိုးဆွဲချသတ်သေခြင်းနဲ့ မူလလက်ဟောင်း သေဒဏ်ပေးနည်းအမျိုးအစားဟာ လည်ပင်းအစ်လို့ သေရတာဖြစ်ပါတယ်။ သူက သတိလစ်ဖို့အတွက် ဆယ်စက္ကန့်လောက် အချိန်ယူရပေမဲ့ ကြိုးကွင်းဟာ ရော့ရဲရဲဖြစ်နေရင် မိနစ်ပိုင်းလောက်ထိ ခံစားရနိုင်ပါတယ်။ ကြိုးရှည်ရှည်နဲ့ ဆွဲချခြင်းဟာ လည်ပင်းရိုးကျိုးစေဖို့ ရည်ရွယ်ထားတာဖြစ်ပေမဲ့ ဒီနည်းနဲ့ကွပ်မျက်ခဲ့တဲ့ အကျဉ်းသား ၃၄ ယောက်ရဲ့ ကိုယ်ခန္ဓာတွေကို လေ့လာကြည့်တဲ့အခါ ငါးယောက်မှာ လေးယောက်က အသက်ရှူကြပ်လို့သေရတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။




မီးလောင်ခြင်း

မီးလောင်ကျွမ်းမှုဟာ ပြင်းထန်ဆိုးရွားတဲ့နာကျင်မှုကို ဖြစ်ပေါ်စေပြီး အရေပြားရဲ့ နာကျင်ခြင်းအာရုံခံမှုကိုလည်း အကြီးအကျယ် တိုးပွားစေပါတယ်။ အပေါ်ယံ နာ့ဗ်ကြောတွေဟာ ပျက်စီးသွားပြီး ခံစားမှုတချို့ ပျောက်ဆုံးသွားတယ်ဆိုပေမဲ့ ကျွမ်းကျင်သူတွေရဲ့အဆိုအရ သိပ်အများကြီးတော့ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ မီးလောင်သေဆုံးတဲ့သူအများစုဟာ အဆိပ်သင့်တဲ့ဓာတ်ငွေ့တွေရှူရှိုက်မိတာနဲ့ အသက်ရှူကြပ်ခြင်းကြောင့်သာ တကယ်တမ်းအားဖြင့် သေဆုံးရတာဖြစ်ပါတယ်။

ခေါင်းပြတ်ခြင်း

ခေါင်းဖြတ်ခြင်းဟာ မြန်ဆန်ပြီး နာကျင်မှုမရှိဘူး ဆိုကြပေမဲ့ ဇာတ်ကြောပြတ်ပြီး ခဏကြာအထိ သတိလစ်ခြင်း မရှိသေးဘူးလို့ ယုံကြည်ရပါတယ်။ ဦးနှောက်ဟာ ခုနစ်စက္ကန့် ကြာတဲ့အထိ အလုပ်လုပ် နေနိုင်ကြောင်း ကျွမ်းကျင်သူတွေက တွက်ချက်ခဲ့ကြပါတယ်။ ပြင်သစ်က ခေါင်းဖြတ်စက်နဲ့ ကွပ်မျက်မှုတွေအရ မျက်လုံးနဲ့ ပါးစပ်လှုပ်ရှားမှုတွေကို စက္ကန့် (၃၀) ကျော်တဲ့အထိ မြင်တွေ့နိုင်ကြောင်း သာဓကတွေရှိပါတယ်။

◄ တေဇာ ► သြဂုတ် (၁၅) ၂၀၀၉


Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ