မျိုးဆက်သစ်စက်ရုပ်များ အချင်းချင်း လိမ်လည်ဖို့ သင်ယူနိုင်
စမ်းသပ်ပုံကတော့ မတူညီတဲ့အုပ်စု ဆယ်စုခွဲထားတဲ့ စက်ရုပ်အကောင် (၁၀၀၀) ပါဝင်ပါတယ်။ စက်ရုပ်တစ်ကောင်ချင်းစီမှာ အာရုံခံ (Sensor) တစ်ခု၊ အပြာရောင်မီးသီးတစ်လုံးနဲ့ ကွဲပြားတဲ့ အာရုံနှိုးဆွပစ္စည်း (Stimuli) (အာရုံနှိုးဆွပစ္စည်းဆိုတာ လူတွေမှာဆို ချို၊ ချဉ်၊ ဖန် စတဲ့ အရသာတွေလိုမျိုးပေါ့) တွေကို ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာ ထိန်းချုပ်တဲ့ ကိုယ်ပိုင် ၂၆၄ ဘိုင်နရီဘစ် ကုတ်ပါရှိ “ဗီဇစုဖွဲ့မှု” (Genome) ပါရှိပါတယ်။ ပထမမျိုးဆက် စက်ရုပ်တွေကို ကောင်းမွန်တဲ့ရင်းမြစ်တွေ ရှာတွေ့တဲ့အခါ မိမိအုပ်စုထဲက စက်ရုပ်တွေကို ကူညီနိုင်အောင် မီးလင်းအချက်ပြဖို့ ပရိုဂရမ်သွင်းထားပါတယ်။ ရင်းမြစ်ကောင်းတွေကို ရှာတွေ့ရင်ဒါမှမဟုတ် အဲဒီ အပေါ်မှာထိုင်နေရင် ဒီစက်ရုပ်ဟာ အမှတ်များများရမှာဖြစ်ပြီး အဆိပ်သင့်တဲ့ ရင်းမြစ်တွေနားမှာရောက်နေရင်တော့ အမှတ်လျှော့ခံရမှာ ဖြစ်ပါတယ်။ အဲဒီနောက် အမှတ်အများဆုံး ဗီဇစုဖွဲ့မှု (Genome) ၂၀၀ ကို ကြုံသလို “မိတ်ဖက်” (Mated) လုပ်ပေးလိုက်ပြီး မျိုးဆက်သစ်ပရိုဂရမ်တစ်ခုကို “ဗီဇပြုပြင်” (Mutated) ထုတ်လုပ်လိုက်ပါတယ်။ မျိုးဆက် ကိုးဆက်အတွင်းမှာ စက်ရုပ်တွေဟာ ရင်းမြစ်ကောင်းတွေရှာခြင်းနဲ့ တစ်ခုကိုတစ်ခု ရင်းမြစ်ကောင်းရှိတဲ့နေရာကို ညွှန်ဖို့ ကူးလူးဆက်ဆံရာမှာ အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းဆောင်လာနိုင်ကြပါတယ်။
ဒါပေမဲ့ “အပ်ကွက်” တစ်ခု ရှိနေပါတယ်။ ရင်းမြစ်ကောင်းတွေကို ပမာဏတစ်ခုအထိ ကန့်သတ်လိုက်တဲ့အခါမှာ စက်ရုပ်တိုင်း အမှတ်ရဖို့ မဖြစ်နိုင်တော့ပါဘူး။ ရှာတွေ့နိုင်တဲ့ ရင်းမြစ်ထက် စက်ရုပ်အရေအတွက်က ပိုများလာတဲ့အခါမှာ စက်ရုပ်တွေဟာ မိမိကိုယ်တိုင်သာ ရှာတွေ့ဖို့ ကြိုးစားလာကြတာကို တွေ့ရပါတော့တယ်။ မျိုးဆက် ၅၀၀ ကျော်လာတဲ့အခါ ၆၀ ရာခိုင်နှုန်းသော စက်ရုပ်တွေဟာ ရင်းမြစ်ကောင်းကို ရှာတွေ့တဲ့အချိန်မှာ မီးလင်းမလာဘဲ ကိုယ်တိုင်သာ အဲဒီရင်းမြစ်ရှိတဲ့ဆီကို ခုန်သွားတာကို တွေ့ရပါတယ်။ ဒီထက်ပိုပြောရရင် စက်ရုပ်တချို့ဟာ လိမ်လည်တဲ့စက်ရုပ်တွေ အချက်ပေးမီးကိုမြင်တဲ့အချိန်မှာ ဂရုမစိုက်တော့ အထိ တိုးတက်ပြောင်းလဲသွားကြတယ်။ မူရင်းရေးဆွဲပေးထားတဲ့ ပရိုဂရမ်နဲ့ ဆန့်ကျင်ဘက်တုန့်ပြန်မှုပဲ ဖြစ်ပါတယ်။
အခုထိတော့ ဒီတွေ့ရှိမှုဟာ စက်ရုပ်တွေအတွက် ပရိုဂရမ်အသစ်တွေဖွံ့ဖြိုးဖို့အရေးထက် သဘာဝတရားရဲ့ ဆင့်ကဲတိုးတက်လာတဲ့ အပြုအမူတွေကို ရှင်းပြတဲ့နေရာမှာသာ ပိုပြီးအသုံးဝင်ဖို့ ဖြစ်နေပါတယ်။ ဒါဟာ စက်ရုပ်တွေကို ယုံကြည်နိုင်ဖို့ရာ ခြေလှမ်းတစ်ရပ်တိုးလိုက်တာလို့ ခင်ဗျားအနေနဲ့ ထင်မြင်ခဲ့လို့ရှိရင် ခင်ဗျားအနေနဲ့ မီးပြာရဲ့ဆွဲဆောင်မှုကို ခံနေရပြီပြီး ဆိုရမလားပဲ…။
◄ တေဇာ ►
Source: Popular Science
မောင်းသူမဲ့တိုက်လေယာဉ်တွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူသတ်စက်ရုပ် တွေနဲ့ပတ်သက်လို့ လူတွေ စိုးရိမ်ပူပန်လာဟန်ရှိပါတယ်။ အခုတော့ ဒီထက် ဆိုးတဲ့ သူ့ထက်ကဲ ကလိမ်ကကျစ်၊ ဖိုးတွမ်တီးစက်ရုပ်တွေကို စိုးရိမ်ရဖို့ လိုလာပြီ ပြောရမလားပဲ။ ပြင်သစ်မှာရှိတဲ့ The Ecole Polytechnique Fédérale အသိဉာဏ်စနစ်ဓာတ်ခွဲခန်းက စမ်းသပ်မှုတစ်ခုမှာ ဖြစ်ပါတယ်။ အသုံးဝင်တဲ့ ရင်းမြစ်တွေကိုရှာဖို့နဲ့ အဆိပ်သင့်တဲ့အရာတွေကို ရှောင်ရှားဖို့ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတဲ့ စက်ရုပ်တွေဟာ ရင်းမြစ်တွေကို ရှာဖွေစုဆောင်းနေချိန်မှာ အချင်းချင်း လိမ်ညာဖို့ သင်ယူခဲ့ကြတာကို တွေ့ရပါတယ်။ (မျက်စိထဲမြင်သာအောင်ပြောရရင် အမှိုက်ပုံကြီးတစ်ပုံက အသုံးဝင်တဲ့ ပစ္စည်း၊ အသုံးမ၀င်တဲ့ပစ္စည်း ရွေးထုတ်ရာမှာ အသုံးပြုဖို့အတွက်လိုမျိုး…)
စမ်းသပ်ပုံကတော့ မတူညီတဲ့အုပ်စု ဆယ်စုခွဲထားတဲ့ စက်ရုပ်အကောင် (၁၀၀၀) ပါဝင်ပါတယ်။ စက်ရုပ်တစ်ကောင်ချင်းစီမှာ အာရုံခံ (Sensor) တစ်ခု၊ အပြာရောင်မီးသီးတစ်လုံးနဲ့ ကွဲပြားတဲ့ အာရုံနှိုးဆွပစ္စည်း (Stimuli) (အာရုံနှိုးဆွပစ္စည်းဆိုတာ လူတွေမှာဆို ချို၊ ချဉ်၊ ဖန် စတဲ့ အရသာတွေလိုမျိုးပေါ့) တွေကို ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာ ထိန်းချုပ်တဲ့ ကိုယ်ပိုင် ၂၆၄ ဘိုင်နရီဘစ် ကုတ်ပါရှိ “ဗီဇစုဖွဲ့မှု” (Genome) ပါရှိပါတယ်။ ပထမမျိုးဆက် စက်ရုပ်တွေကို ကောင်းမွန်တဲ့ရင်းမြစ်တွေ ရှာတွေ့တဲ့အခါ မိမိအုပ်စုထဲက စက်ရုပ်တွေကို ကူညီနိုင်အောင် မီးလင်းအချက်ပြဖို့ ပရိုဂရမ်သွင်းထားပါတယ်။ ရင်းမြစ်ကောင်းတွေကို ရှာတွေ့ရင်ဒါမှမဟုတ် အဲဒီ အပေါ်မှာထိုင်နေရင် ဒီစက်ရုပ်ဟာ အမှတ်များများရမှာဖြစ်ပြီး အဆိပ်သင့်တဲ့ ရင်းမြစ်တွေနားမှာရောက်နေရင်တော့ အမှတ်လျှော့ခံရမှာ ဖြစ်ပါတယ်။ အဲဒီနောက် အမှတ်အများဆုံး ဗီဇစုဖွဲ့မှု (Genome) ၂၀၀ ကို ကြုံသလို “မိတ်ဖက်” (Mated) လုပ်ပေးလိုက်ပြီး မျိုးဆက်သစ်ပရိုဂရမ်တစ်ခုကို “ဗီဇပြုပြင်” (Mutated) ထုတ်လုပ်လိုက်ပါတယ်။ မျိုးဆက် ကိုးဆက်အတွင်းမှာ စက်ရုပ်တွေဟာ ရင်းမြစ်ကောင်းတွေရှာခြင်းနဲ့ တစ်ခုကိုတစ်ခု ရင်းမြစ်ကောင်းရှိတဲ့နေရာကို ညွှန်ဖို့ ကူးလူးဆက်ဆံရာမှာ အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းဆောင်လာနိုင်ကြပါတယ်။
ဒါပေမဲ့ “အပ်ကွက်” တစ်ခု ရှိနေပါတယ်။ ရင်းမြစ်ကောင်းတွေကို ပမာဏတစ်ခုအထိ ကန့်သတ်လိုက်တဲ့အခါမှာ စက်ရုပ်တိုင်း အမှတ်ရဖို့ မဖြစ်နိုင်တော့ပါဘူး။ ရှာတွေ့နိုင်တဲ့ ရင်းမြစ်ထက် စက်ရုပ်အရေအတွက်က ပိုများလာတဲ့အခါမှာ စက်ရုပ်တွေဟာ မိမိကိုယ်တိုင်သာ ရှာတွေ့ဖို့ ကြိုးစားလာကြတာကို တွေ့ရပါတော့တယ်။ မျိုးဆက် ၅၀၀ ကျော်လာတဲ့အခါ ၆၀ ရာခိုင်နှုန်းသော စက်ရုပ်တွေဟာ ရင်းမြစ်ကောင်းကို ရှာတွေ့တဲ့အချိန်မှာ မီးလင်းမလာဘဲ ကိုယ်တိုင်သာ အဲဒီရင်းမြစ်ရှိတဲ့ဆီကို ခုန်သွားတာကို တွေ့ရပါတယ်။ ဒီထက်ပိုပြောရရင် စက်ရုပ်တချို့ဟာ လိမ်လည်တဲ့စက်ရုပ်တွေ အချက်ပေးမီးကိုမြင်တဲ့အချိန်မှာ ဂရုမစိုက်တော့ အထိ တိုးတက်ပြောင်းလဲသွားကြတယ်။ မူရင်းရေးဆွဲပေးထားတဲ့ ပရိုဂရမ်နဲ့ ဆန့်ကျင်ဘက်တုန့်ပြန်မှုပဲ ဖြစ်ပါတယ်။
အခုထိတော့ ဒီတွေ့ရှိမှုဟာ စက်ရုပ်တွေအတွက် ပရိုဂရမ်အသစ်တွေဖွံ့ဖြိုးဖို့အရေးထက် သဘာဝတရားရဲ့ ဆင့်ကဲတိုးတက်လာတဲ့ အပြုအမူတွေကို ရှင်းပြတဲ့နေရာမှာသာ ပိုပြီးအသုံးဝင်ဖို့ ဖြစ်နေပါတယ်။ ဒါဟာ စက်ရုပ်တွေကို ယုံကြည်နိုင်ဖို့ရာ ခြေလှမ်းတစ်ရပ်တိုးလိုက်တာလို့ ခင်ဗျားအနေနဲ့ ထင်မြင်ခဲ့လို့ရှိရင် ခင်ဗျားအနေနဲ့ မီးပြာရဲ့ဆွဲဆောင်မှုကို ခံနေရပြီပြီး ဆိုရမလားပဲ…။
◄ တေဇာ ►
Source: Popular Science
Comments
Post a Comment