Skip to main content

Posts

Showing posts from May, 2009

♥ ရှေ့ဆုံးတန်း အလယ်ခုံကလူနှစ်ယောက်

(တစ်) သမီးရေ…။ ဖေဖေမကြာမကြာဆိုသလို သတိရနေမိတဲ့ လူတွေဖြစ်ရပ်တွေ အများကြီးထဲမှာ အဆိုတော်ထူးအိမ်သင် တစ်ယောက်လည်းပါတယ်ဆိုရင် သမီးတစ်ယောက် အံ့များ အံ့သြနေမလားပဲ။ အခုဆို ၁၄-၈-၂၀၀၄ တုန်းက ဆုံးခဲ့တဲ့အဆိုတော်ထူးအိမ်သင် မရှိတော့တာ ၁ နှစ်ကျော်ခဲ့ပြီ။ သူ့ဂီတကိုချစ်တဲ့အကြောင်း သူ့အနုပညာကို မြတ်နိုးတဲ့ အကြောင်း သူသူငါငါပြောနေကြ ရေးနေကြ တာတွေကတော့ တွက်ရေလို့မဆုံးနိုင် အောင်ပါပဲလေ။ သည်အထဲမှာ ဖေဖေသူ့ကို သတိရနေမိပုံကကျတော့ တစ်မျိုးတစ်ဘာသာများ ဖြစ်လေရော့သလား မပြောတတ်တော့ပါဘူး၊ သမီးရယ်။ လောကအပေါ်မှာ စိတ်ကိုထားသိုတဲ့ဟန်ပန် သူ့ရဲ့ဘ၀ဟန်ချက်… ဒါတွေကို ဖေဖေက သတိရနေမိတာပါ။ (နှစ်) အဆိုတော်ထူးအိမ်သင်ကို ဖေဖေမရင်းနှီးလှပါဘူး။ ၁၉၈၀ အလွန် နှစ်တွေထဲမှာ ကဗျာဆရာအောင်ဝေး မဟာဝိဇာတက်ဖို့ ရန်ကုန်တက္ကသိုလ်ထဲကို ရောက်အလာမှာ မကြာခဏဆိုသလို သူနေတဲ့အဆောင်ကို ဖေဖေရောက်သွားဖြစ်တယ်။ ဂျပ်ဆင်ရိပ်သာ ဘေးက နှစ်ထပ်အိမ်ကလေးတစ်အိမ်ရဲ့ အောက်ထပ်ကိုလေ။ မောင်သုန်ရယ် နေမျိုးဇော်ရယ် ကိုအောင်ဝေးရယ် ထူးအိမ်သင်ရယ်စုပြီး ရန်ကုန်ကို ကြံ့ကြံ့ခံဖို့၊ ပြီးတော့ သိမ်းပိုက်ဖို့ရောက်နေကြတဲ့ အိမ်ကလေးပေါ့။ အဲသည့်မှာ ထူးအိမ်သင်ကို ပထမဆုံး ဖေဖေသိခဲ့ဖူးတာပါ။ နောက်

ဝေစု

လမ်းထောင့်မှာ ရပ်နေရှာတယ် သစ်ပင်နဲ့သစ်ရိပ်မှာ သူမဟာ ရောနှောလို့။ ပျံလွှားငှက်တွေ ကောင်းကင်ပေါ်လူးလာ ချစ်ခြင်းမေတ္တာနဲ့ နည်းပါးတဲ့မျှော်လင့်ချက်များ မထုံတက်တေး မြင်တွေ့လေခဲ့ မိုးချုပ်တော့မယ်…တဲ့။ အမျိုးသမီးရေ ငါ့အမျိုးသမီးရေ လောကကြီးက ဇာတ်လမ်းဇာတ်ကွက်ကြွယ်ဝလှတယ် ငါတို့က စီးဆင်းကြရမြဲပဲကွယ်။ အားလုံးပဲ ပျော်ရွှင်မှုရပါစေ မနာလိုမရှိပါဘူး ဖန်လာပုံက အမှားကမ်းတစ်ဖက်စီ ငါတို့နှစ်ယောက်သား ဒီတစ်ချီလည်း တင်းထားကြဦးစို့။ ။ အောင်ချိမ့်

သားကောင်

ချောင်ပိတ်မိနေတဲ့ သားကောင်လို့ ကိုယ့်ကိုယ်ကိုယ် သတိပြုမိစဉ်မှာ ခြောက်ခြားတုန်လှုပ်မှုက သူ့ကိုယ် တစ်ဆစ်ဆစ်နှိပ်စက်လာတယ်...။ အသက်ရှူသံပြင်းပြင်း ဒဏ်ရာအဆင်းအခြစ်ဗရပွနဲ့…။ စူးနစ်သော အဆိပ်လူးမြား သွေးဆာတောခွေးများရဲ့ ခြေသံ ပရိဒေ၀တောမီး ရှောင်ကွင်းပြီး ခြေကုန်ထုတ်ပြေးလိုပြေးရ ၀ါရင့်မုဆိုးတို့လက်မှ ပညာသားပါပါ ကိုယ်လွတ်ရုန်းလိုရုန်းရ…။ မရှုမလှ အကြိမ်ကြိမ်လဲကျခဲ့ပေါ့ သူမွေးဖွားခဲ့ရာ ဟောဒီတောနက်ထဲမှာပဲ…။ သူ့နှလုံးသွေး ရပ်တန့်ချိန်အား စိတ်အားထက်သန်စွာစောင့်ကြည့်နေတဲ့ အပင်ကိုင်းဖျားက လဒသုံးကောင်က သူ့ကို မခံချင်စိတ်ကြီးစွာ နာကျည်းစိတ်ကြီးစွာ အင်အားပြည့်ဝလာစေခဲ့ တဖန်ပြန်လည် ရှင်သန်လာစေခဲ့…။ ဒါနဲ့… နောက်ဆုံး ခွန်အားတစ်စက်လက်ကျန်ထိ နောက်ဆုံး ထွက်သက်ထိ သူ ဆက်လက်ပြေးလွှားနေခဲ့မိဆဲပေါ့ အန္တရာယ်အပေါင်းကင်းရှင်းရာ သူ့ဌာနေကျောက်ဂူဆီ…။ ဒါပေမဲ့ သူဟာ သိုးကလေးဒရယ်ကလေးတစ်ကောင်မဟုတ် အင်ဒီယန်းမုဆိုးသားအဖလက်မှ အသက်လုပြေးခဲ့ရတဲ့ ဘီချူးဆိုသော ကျားသစ်မလေးသာဖြစ်တယ်…။ မတ်စောက်စောက်ကျောက်ဆောင်ဆီ ကုပ်တွယ်တက်နေတဲ့ သူ့ ရွှေဝါရောင်အကွက်ရဲ့ အလှတရားနဲ့ အားမာန်အား ဂုဏ်ယူဝင့်ကြွားစွာ… ညနေခင်းနေရောင်ခြည်အောက်မှာ လှစ်ပြလို့ အင်ဒီယန်းတို

မရှိ

When it’s my moment in the sun Oh, how beautiful I’ll be But in a normal sort of way Like I am you and you are me Clem Snide, “Moment in the Sun” သူ့အဖေ ဆုံးသွားသည်။ အဖေ့ကို သူအားကိုးသည်။ အဖေသည် သူ၏ ရေသောက်မြစ်ကြီး တစ်ခု ဖြစ်သည်။ သူ၏အရင်းနှီးဆုံး သွေးသားတော်စပ်သူမှာ သူ့အဖေဖြစ်သည်။ ပြည်သူပိုင်များ သိမ်းပြီးနောက် ရက်ပိုင်းအတွင်း သူ့အဖေ ဆုံးသွားခြင်း ဖြစ်သည်။ စက်ရုံ၊ အိမ်ယာစသည်များ အားလုံး သိမ်းသွားသဖြင့် သူ့တွင် နေစရာမရှိ။ သူ့အဖေကို ညီတစ်ယောက်လို သဘောထားသော လူကြီးက ငါတို့နဲ့လာနေဟု ခေါ်သည်။ နေစရာမရှိတော့သဖြင့် သူသွား၍ နေလိုက်သည်။ ထိုအခါတွင် ထိုလူကြီး၏သားနှင့် သူတွေ့ရသိရတော့သည်။ သူသာ ယနေ့တိုင်ရှိနေသေး၍ ပြန်လည်စဉ်းစားကြည့်မည်ဆိုသော်၊ ထိုသို့တွေ့ခဲ့ သိခဲ့ရခြင်းသည် သူ၏ ပထမဆုံးနှင့် နောက်ဆုံးအမှားတစ်ခုသာ ဖြစ်သည်ဟု တွေးကောင်းတွေးမည် ထင်သည်။

ကိုယ့်ပေါ့ဆမှုကြောင့် ငါးတစ်ကောင်

ငါးသေတ္တာဘူးကို ဖွင့်ရင်း ငါးဟာ ဘယ်တုန်းက သေတ္တာထဲရောက်နေတာလဲ မစဉ်းစားနဲ့ စားသာစားလိုက် စားပြီးရင် အဲဒီငါးသေတ္တာဘူးခွံဟာ ဆေးလိပ်ပြာခွက် ဒါမှမဟုတ် တခြားတစ်ခုခုလည်း ဖြစ်သွားနိုင်တာပေါ့ ဒါပေမဲ့ ငါးကိုစားလိုက်တာဟာ ဆေးလိပ်ပြာခွက်မရှိလို့ စားလိုက်တာမျိုးတော့ မဖြစ်စေနဲ့ပေါ့ ဆေးလိပ်ပြာခွက်လေးကြောင့် ငါးတစ်ကောင်အသတ်ခံလိုက်ရတယ်ဆို ဘယ်ကောင်းမလဲ ငါးတစ်ကောင်ကို စားလိုက်တာဟာ `ဗိုက်ဆာလို့စားလိုက်တာပါခင်ဗျာ´ ဒါမှမဟုတ် ငါးတစ်ကောင်ကိုစားလိုက်တာဟာ ငါးတစ်ကောင်ကိုစားလိုက်တာကလွဲလို့ အကြောင်းပြစရာမရှိ ငါးတစ်ကောင်လုံးအသုံးချနည်းလည်း ပုံနှိပ်ထုတ်ဝေနေစရာ အကြောင်းမရှိ ငါးတစ်ကောင်ကိုစားပြီးရင် ငါးတစ်ကောင်သေရကျိုး နပ်မနပ်တော့မသိ ကိုယ်ဗိုက်ပြည့်သွားဖို့ပဲ ဆိုပြန်ရင်လည်း ရက်စက်ရာရောက်ဦးမယ် ဒါမှမဟုတ် `ငါးတွေမှာ အသက်တစ်ချောင်းကလွဲလို့ ဆုံးရှုံးစရာဘာမှမရှိ´ `ကမ္ဘာ့ငါးများ သွေးစည်းညီညွတ်ကြ´စသည်ဖြင့် ဒါမျိုးတွေဖြစ်ကုန်ရင်လည်း ဘယ်ကောင်းမလဲ ဆိုတော့ ငါးကိုဂရုစိုက်ပြီးစားပါ ငါးကို အရိုးထွင်ပြီးစားပါ ငါးကို မေတ္တာပို့ပြီးစားပါ ကိုယ့်ပေါ့ဆမှုကြောင့် ငါးတစ်ကောင်အရှင်လတ်လတ် ကိုယ့်ဗိုက်ထဲရောက်သွားမယ်ဆိုရင်တော့ ဘယ်ကောင်းမလဲ ကိုယ့်ပေါ့ဆမ

ပန်း

ပန်းတွေအပေါ်မှာ ကျွန်တော် မသာယာတတ်ဘူး။ မသာယာမိဘူး။ တချို့ပန်းများဆို မုန်းတောင်မုန်းသေးတယ်။ ပိတောက်ပန်းလိုဟာမျိုး၊ တစ်နှစ်မှာတစ်ရက်လောက်ပဲ ပွင့်တယ်။ လူတွေက တစ်နှစ်လုံး ရွက်စိမ်းတဝေေ၀နဲ့နေတဲ့ ပိတောက်အပင်ကြီးတွေကို အသိအမှတ်မပြုကြဘူး။ တစ်ရက်လောက်ပွင့်တဲ့ ပန်းတွေကိုပဲ အသိအမှတ်ပြုတတ်ကြတယ်။ အပင်တွေ၊ အရွက်တွေက ဘယ်လောက် ရင်နာလိုက်ကြမလဲ။ အသိအမှတ်ပြုခြင်း မခံရတာလည်း ရင်နာစရာပဲ မဟုတ်ဘူးလား။ ဒီကြားထဲ ပိတောက်ပန်းအနံ့က ညှီစို့စို့ စိမ်းရွှေရွှေရယ်။ ရင်ခွဲတိုက်ထဲမှာ နံတဲ့အနံ့မျိုး နံတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် သူကပြောလေ့ရှိတယ်။ နင့်မှာ ပန်းမုန်းတီးတဲ့ရောဂါ ရှိလိမ့်မယ်ထင်တယ်တဲ့။ မုန်းတီးတာဟာ ရောဂါဆိုရင် ငါ့ကိုယ်ထဲမှာ ရောဂါတော်တော်များနေပြီလို့ ကျွန်တော်က ပြန်ပြောခဲ့ဖူးတယ်။ သူက ချစ်တယ်ဆိုတာကိုကော နင်က မုန်းတီးစရာတစ်ခုလို့ မြင်သလားလို့ မေးတုန်းက ချစ်တာဟာ မုန်းစရာဟုတ်မဟုတ်တော့ ငါမပြောတတ်ဘူး။ အချစ်ခံရမှာတော့ ငါမမုန်းမိဘူး။ ဒါပေမဲ့ `ချစ်တယ်´ဆိုတဲ့ စကားလုံးကို ငါမကြိုက်ဘူး။ ချစ်ခြင်းဆိုတာ စကားလုံးထဲမှာ တည်နေတာမဟုတ်ဘူးလို့ ကျွန်တော်က ဖြေခဲ့တယ်။ သူက ရယ်ရင်း နင့်အတွက် တရားသေလောကကြီးတစ်ခု နင့်ဘာသာ တည်ဆောက

တို့မိသားစု

အမှောင်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဖေဖေ့ကိုသတိရခြင်းအားဖြင့် စကားလက်ဆုံဖွဲ့ဖြစ် တ၍မဆုံးနိုင်သော တမ်းတမှုများ ဆပ်ရန်ရှိသော ကျေးဇူးများကျန်ရစ်။ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ပန်ဆင်ခဲ့သော တို့မေမေ တို့မောင်နှမသုံးယောက် တရားနဲ့ဖြေလည်း အချစ်ကြောင့် ဖြေဆည်ရာမရ ရည်စူး၍ မျက်ရည်တွေတွေကျ။ ကြည်ဇော်အေး ရိုးရိုးလေးလွမ်းနေတဲ့ ကဗျာလေးပါပဲ။ တိုက်ဆိုင်မှုကြောင့်လည်းဖြစ်မယ် ကဗျာဟာ ကျွန်တော့်ကို ထိခိုက်စေတယ်။ ဆပ်ရန်ရှိသောကျေးဇူးများကတော့ ကျန်ရစ်မသွားသေးဘူးထင်ပါတယ်။ အချိန်ရှိသေးတာပဲ။ ဟုတ်တယ် အချိန်မီသတိပြုမိဖို့တော့ လိုလိမ့်မယ်…။

လေကိုသာ အမွေဆက်ခံခွင့်ရရှိသူ

He who brings trouble on his family will inherit only wind. Proverbs 11:29 သိန်းကျော် သေပြီလို့ ပန်းမောင်က လာပြီး ပြောတယ်။ ဒီတော့ ငါက ဘာလုပ်ရမှာလဲဆိုတော့ ဒီကောင့်မှာ ငိုမယ့်လူလည်းမရှိဘူး။ အသုဘ ချပေးမယ့်သူလည်း မရှိဘူးလို့ပြောပြီး ဘာမှဆက်မပြောဘူး။ ကျွန်တော်က သူဘာဆက်ပြောဦးမလဲလို့ စောင့်နေတယ်။ စိတ်မချမ်းမသာ ဖြစ်နေပုံရတဲ့အကြားက သူ့ဝသီအတိုင်း ပေါက်တတ်ကရလေး ပါလာတယ်။ ခုမှတော့ကွာ သင်္ချိုင်းဆီလည်း သူ့ဘာသာထပြီး မလျှောက်နိုင်တော့ဘူးလို့ ပြောတယ်။ ပြီးသော သူ့ဘာသာပြုံးတယ်။ ဟိုကောင်တွေကော ပြောပြီးပြီလားဆိုတော့ ပြီးပြီ၊ အတော်ကြာ ဒီကိုလာကြလိမ့်မယ်လို့ ပြောတယ်။ ဒီလာလို့ ဘာလုပ်ရမှာလဲ။ ငါသေတာမှမဟုတ်ဘဲလို့ပြောတော့ ပန်းမောင်က ဒီကနေသွားကြမယ်လေကွာတဲ့။ ပန်းမောင်က အဲဒီလိုမျိုးကောင်။ သိန်းကျော်ကိုလည်း သူက အစောင့်ရှောက်ဆုံး။ သိန်းကျော်နဲ့ကျွန်တော်နဲ့က မတွေ့ဖြစ်ဆုံး။ တစ်ခါက သူနဲ့တွေ့ဖြစ်တော့ စကားပြောကြဆိုကြရင်း သူ့လုပ်ပေါက်တွေကိုမကြိုက်လို့ မင်း ဒီအချိုးအတိုင်းသာဆိုရင် သေရင် မင်းမသာကို ဘယ်သူမှလာမှာမဟုတ်ဘူးလို့ ကျွန်တော်က ပြောထည့်လိုက်ဖူးတယ်။ အဲဒီတုန်းက သူက မျက်နှာငယ်လေးနဲ့ မင်းတော့လာမှာမဟုတ်လားလို့ မေးတယ်။ စိတ်ဆို

အလ်ဘတ်ကမူး ၏ အနက်လွဲ

အမှာ - ဤအရေးအသားမှာ အလ်ဘတ်ကမူး၏ မှားတဲ့ဘက်နဲ့ မှန်တဲ့ဘက် (L'Envers et L'Endroit) အရေးအသားမှ ထုတ်နုတ်၍ ပြန်လည် တင်ပြထားခြင်းသာ ဖြစ်သည်။ ၁၉၃၅-၃၆ ခုနှစ်၊ ကမူး အသက် နှစ်ဆယ့်နှစ်နှစ်သား အရွယ်က ရေးသားခဲ့သော အရေးအသားများမှ ဖြစ်ပါသည်။ ၀တ္ထု မဟုတ်သော အရေးအသား ဖြစ်သည်။ ကမူးသည် လူတို့၏ သဘောကို လေ့လာသူ၊ ခံစားကြည့်တတ်သူမျိုး ဖြစ်သည်။ မှားတဲ့ဘက်နဲ့ မှန်တဲ့ဘက် အတွက် ရေးသားသော သူ၏ အမှာစာတွင် ကမူးက ဤသို့ဆိုခဲ့သည်။ ဒီစာအုပ်ကလေးဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး စာအုပ်ပဲလို့ ဘရိုင်ရင်ပရိန်းက အမြဲပြောလေ့ရှိတယ်။ သူ မှားတယ်။ သူမှားတယ်လို့ ပြောရတာက မှန်တာကို သူ ပြောတာမဟုတ်ဘူးလို့ ဆိုချင်တာ မဟုတ်ဘူး။ အနုပညာသည်တိုင်းလို လက်မခံနိုင်တဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါက အနုပညာသည်တွေကို လူတွေက သူဘယ်သူလဲ ဆိုတာထက် သူဟာ ဘယ်သူဖြစ်ခဲ့တယ် ဆိုတာကို ပြောဖို့ အားသန်နေကြတာပဲ။ သူမှားတယ်လို့ ဆိုတာက အသက်နှစ်ဆယ့်နှစ်နှစ်သား အရွယ်မှာ ကျွန်တော့်အနေနဲ့ တော်ကောင်း တော်မယ်။ ဒါပေတဲ့ စာကို ဘယ်လိုရေးရတယ်ဆိုတာ ဘာမှကို မသိသေးတာပဲ။ ပရိန်း ဘာကိုပြောချင်တယ် ဆိုတာတော့ ကျွန်တော် သဘောပေါက်ပါတယ်။ ကျွန်တော် ရေးခဲ့သမျှအထဲမှာ ဒီအထဲမှာ ရေးခဲ့တာတွေဟာ စွဲစွ

ဖဲထုပ်တစ်ထုပ်ထဲမှာ

ဖဲထုပ်တစ်ထုပ်ထဲမှာ ဖဲချပ် ဘယ်လောက် ဂျိုကာ ဘယ်လောက် ဖဲထုပ်တစ်ထုပ်ထဲမှာ ပျော်ရွှင်ခြင်း ဘယ်လောက် ၀မ်းနည်းခြင်း ဘယ်လောက် ဖဲထုပ်တစ်ထုပ်ထဲမှာ ကံကောင်းခြင်း ဘယ်လောက် ကံဆိုးခြင်း ဘယ်လောက် ဖဲထုပ်တစ်ထုပ်ထဲမှာ အနိုင်ဘယ်လောက် အရှုံးဘယ်လောက် ဖဲထုပ်တစ်ထုပ်ထဲမှာ အကုသိုလ်ဘယ်လောက် ငရဲဘယ်လောက် အချိုးဘယ်လိုပြောင်းပြောင်း အိမ်ဘယ်လိုပြောင်းပြောင်း သေဖဲဟာ သေမြဲ ကံကြမ္မာကို ပြုပြင်စီရင်ဖို့ရာ ကုလားဖန်ထိုးသောလက်များ လိမ္မာပါ။ ညီမင်းညို ကဗျာဟာ ရိုးရိုးလေးနဲ့လှနေတယ်။ ရှုပ်ရှုပ်ထွေးထွေးဘာမှမပါဘဲ အလွယ်တကူနားလည်နိုင်တယ်။ အချိုးဘယ်လိုပြောင်းပြောင်း သေဖဲဟာ သေမြဲလို့ဆိုထားတဲ့အတွက် ကံကြမ္မာက ပြဌာန်းစီရင်ပြီးသောဘ၀တွေကို ကြိုးစားပြောင်းလဲဖို့ရာ မဖြစ်နိုင်တော့ဘူးလား စဉ်းစားမိလိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကဗျာဆရာဟာ ပြောင်းလဲနိုင်ကြောင်းသွယ်ဝိုက်သောနည်းအားဖြင့် ၀န်ခံထားပါတယ်။ လိမ်လိမ်မာမာ ကုလားဖန်ထိုးရပါမယ်တဲ့ဗျာ။ ကဲ ကျွန်တော်တို့ လိမ္မာပါးနပ်စွာ ကုလားဖန်ထိုးပြီး သမားရိုးကျကံကြမ္မာကို ပြောင်းလဲပစ်ကြပါစို့လား....။

အမှိုက်မြစ်

စိမ်းလန်းခြင်းသရဖူနဲ့ အရှင်သခင်ရေစီးကြောင်းများရဲ့နေရာ ပတ်ကြားအက်နဲ့ အမှိုက်သရိုက်များ အပြည့်အနှက်သောင်ထွန်းလာကြ။ ပလတ်စတစ်ဗူးခွံ၊ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးဆေးထိုးအပ်၊ မိကျောင်းအရိုးစုနဲ့ ရာဘာဖိနပ်အစုတ်အပြတ်များ၊ ခြောက်သွေ့ခြင်းမြစ်ထဲ တသွင်သွင်စီးဝင်ကြ။ နေကတော့ ထွက်နေကျအတိုင်းထွက်နေတာပဲ ရာစုများစွာထက် ပိုပူနေရဲ့ လကလည်း သာနေကျအတိုင်း အသာမပျက် ဒါပေမဲ့ မရွှန်းစို မအေးမြနိုင်ခဲ့ပါ။ ဒီနေရာမှာ တစ်ခါက ပန်းပွင့်သက္ကရာဇ်နဲ့ သန်မာသောမြစ်တစ်စင်းရှိခဲ့ကြောင်း၊ အဲဒီမြစ်ဟာ အသေအချာရွှေထီးဆောင်းခဲ့ကြောင်း၊ ပင်လယ်ဆီကို စိတ်ကူးယာဉ်မဆန်တဲ့ချစ်ခြင်းမေတ္တာတွေ အရောက်ပို့ပေးနိုင်ခဲ့ကြောင်း ဒီနေ့မှာ သာမန်အရူးတစ်ယောက်ကိုတောင်မှ ဖြောင်းဖြယုံကြည်ခိုင်းလို့ မရတော့ဘူး။ နိုင်မွန်အောင်သွင် ဒီကဗျာမှာ စာသားများနောက်ကွယ်မှ ကဗျာဆရာဖွက်ထားသော အဓိပာယ်တစ်ခုရှိနေတယ်လို့ ယူဆပါတယ်။ စာဖတ်သူများအနေနဲ့ အဲဒီအနက်အဓိပာယ်ကို မလွတ်တမ်း ဖမ်းဆုပ်သင့်ကြောင်း အကြံပေးချင်ပါတယ်။

ညစ်ပေသွားကြသူများ

မဲမှောင်နေသော တိမ်တောင်တိမ်လိပ်များ ထာဝရပိတ်ဖုံးထားသည့် ၀က်(စ)ကာဂြိုဟ်၏ ကောင်းကင်ပြင်မှ ထစ်ချုံးသံသဲ့သဲ့ကြားရသည်။ လမ်းလျှောက်နေရာမှ ဂျွန်ဂါ့(သ်) ရုတ်တရက် ရပ်တန့်လိုက်၏။ သူ၏ ဘွတ်ဖိနပ်နှစ်ဘက် ရွှံ့ဗွက်ထဲ တဖြည်းဖြည်းမြုပ်ဝင်သွားသည်ကို ဂရုမစိုက်အား၊ နားတစ်ဖက်ကို လက်နှင့်ကာပြီး ပို၍ ကျယ်လာသောအသံကို နားစွင့်လိုက်သည်။ `အဲဒါ ခင်ဗျားရဲ့ အာကာသယာဉ်အသံနဲ့ သိပ်တူတယ်´ ဟု ယုတ္တိကျကျစဉ်းစားတွေးခေါ်မှု၌ အလွန်ဝါသနာထုံလှသော ဂြိုဟ်သား `အစ်တင်´ တွေးတွေးဆဆပြောသည်။ `ဒါပေမဲ့ ခင်ဗျားရဲ့ယာဉ်က မြေကြီးပေါ်မှာရပ်ထားတယ်။ ယာဉ်ကိုမောင်းတတ်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကလည်း ကျုပ်ရှေ့မှာ။ ကျုပ်တို့ ဂြိုဟ်သားတွေကလည်း သူများယာဉ်ပေါ်တက်ပြီး လက်ကမြင်းတတ်သူတွေမဟုတ်ဘူး။ ဒီတော့ကာ…´ `တခြား အာကာသယာဉ်တစ်စီး ရောက်လာတာပဲဖြစ်ရမယ်´ ခေါင်းထဲတွင် အတွေးများစွာဝင်ရောက်နေသော ဂျွန်ဂါ့(သ်)က ဂြိုဟ်သား၏စကားကို စိတ်မရှည်စွာ ဖြတ်ပြောလိုက်သည်။ အသစ်ရောက်လာသော အာကာသယာဉ်သည် ရွှံ့ညွှန်နှင့် ဗွက်အိုင်တို့အလွန်ပေါများသော ဤဂြိုဟ်ပေါ်တွင် ဆင်းသက်ရန် မြေမာမာကို ထောက်လှမ်းရှာဖွေလိမ့်မည်။ ထို့နောက် မိမိယာဉ်နှင့် မနီးမဝေးနေရာတွင် ဆင်းသက်ပေလိမ့်မည်။ `ခင်ဗျား အရင်သွာ

အကျည်းတန် ဘဲကလေး

ဘဲအုပ်ထဲရောက်နေရာက ရုပ်ဆိုးတဲ့ဘဲကလေးအဖြစ်သတ်မှတ်ခံရတဲ့ ဘဲငန်းကလေးအကြောင်းရေးထားတဲ့ ပုံပြင်ဆရာ အန်ဒါဆင်ရဲ့ The Ugly Duckling ပုံပြင်ကို ပုံနှိပ်ထုတ်ဝေပြီးတဲ့နောက် ဘဲအုပ်တွေထဲမှာ ပြဿနာတက်လာပါတယ်။ အသက်ကြီးကြီးဘဲထီးကြီးကပြောတယ်။ ကျုပ်ဟာ ငန်းတစ်ကောင်ပါလို့ အမြဲပြောခဲ့သားပဲ။ ဒါပေမဲ့ ကျုပ်ကို လျစ်လျူရှုထားတယ်လေ။ အထင်အမြင်သေးပြီး နားလည်မှုလွဲခဲ့ကြတယ်လေ။ ဒီလိုနဲ့ ကျုပ်ရဲ့ငယ်ဘ၀လည်း အချည်းအနှီးကုန်ဆုံးခဲ့ရတယ်။ ကျုပ်ရဲ့ငယ်ဘ၀ကို ပြန်ပေးစမ်း။ ကျုပ်ရဲ့ ငန်းမွှေးနဲ့ငန်းတောင်တွေကို ပြန်ပေးစမ်း။ ကျုပ်ရဲ့ ငန်းဆန်တဲ့မြင့်မြတ်မှုနဲ့ ဂုဏ်သိက္ခာကို ပြန်ပေးစမ်း။ ဒါတွေအားလုံးဟာ လယ်သမားကြီးရဲ့ အမြော်အမြင်နည်းမှုကြောင့်ဖြစ်ရတာပဲ။ နောက်ထပ် ဘဲထီးတစ်ကောင်က၀င်ပြောတယ်။ ကြက်ဆင်တွေက အရည်အချင်းရှိသူ မှန်သမျှကို သ၀န်တိုတတ်တာချည်းပဲ။ အဲဒီကြက်ဆင်တွေကြောင့် ကျုပ်တို့ အစာရေစာမ၀လင်တာ။ ပြီးတော့ စိတ်ဓာတ်လည်းကျရတယ်။ ပြီးတော့ ဘဲလို့ အခေါ်ခံနေရတာ။ ဘဲရဲ့ အဓိပ္ပာယ်ကဘာလဲသိလား။ တရုတ်တွေက ဘဲတွေရဲ့ အဓိကစရိုက်က ညံ့ဖျင်းအသုံးမကျမှုလို့ပြောကြတယ်။ ကျုပ်တို့ တကယ်ပဲ ညံ့သလား။ တစ်နဲ့နှစ်ပေါင်းရင် ဘယ်လောက်ရတယ်ဆိုတာ ကျုပ် သိချင်မှသိမယ်။ ဒါ ကျုပ်ရဲ့အမှားလ

ကောင်းခြင်းဆိုးခြင်းစံနှုန်းများ

စိတ်ပညာရှင်များအသင်း (Forum) ထဲက အမေးအဖြေလေးတစ်ခုပါ။ မေးသူမှာ ကိုနေစေးဖြစ်ပြီး၊ တေဇာမှ ကပေါက်တိကပေါက်ချာဖြေဆိုထားပါတယ်။ (မေးခွန်း) မေးခွန်းလေးမေးမယ်နော် ဘာမှမခက်ခဲပါဘူး စဥ်းစားစရာလည်းမလိုဘူး ဒါပေမယ့် ကိုယ်ပိုင်idea နဲ့ဖြေရမယ် ချစ်သူ၂ယောက်ရှိတယ် သူတို့နှစ်ယေက် က အရမ်းချစ်ကြတယ် ဒါပေမယ့် သူတို့ က မြစ်ရဲ့ တစ်ဖက်ကမ်းဆီကိုရောက်နေတယ် ဆိုလိုဒါ က ကောင်မလေးက အရှေ့ဘက်ကမ်း ကောင်လေးက အနောက်ကမ်းမှာ ကောင်မလေးက သူ့ချစ်သူကိုအရမ်းချစ်တဲ့အခါကျတော့ ကောင်လေးဆီကိုအရမ်းသွားချင်တယ် မြစ်ကခြားနေတော့သွားလို့မရဘူး မြစ်ကိုကူးဖို့က လှေတစ်စီးပဲရှိတယ် အဲဒီအခါမှာကောင်မလေးက ပိုက်ဆံမရှိဘူး လှေသမားကလည်း ငွေကိုအဆမတန်တောင်းတယ်( ဥပမာ- 100လောက်ပဲတန်တာကို 10000လောက်ပေါ့) လှေကတစ်စင်းပဲရှိတာလေ ကောင်မလေးက သူ့ချစ်သူဆီသွားလည်းသါားချင် ပိုက်ဆံ ကမရှိတော့သွားလို့မရ အခက်တွေ့နေတာပေါ့ အဲဒီအချိန်မှာ လူတစ်ယောက်က ရောက်လာပြီး သူကိုကူညီမယ် ကောင်မလေးလိုနေတဲ့ငွေကိုသူပေးမယ် ဒါပေမယ့် ဒီတစ်ညတော့သူနဲ့အတူတူအိပ်ရမယ်တဲ့လေ ကောင်မလေးက လည်း ဘယ်လိုလုပ်ရမယ်မှန်းမသ်ဘူး ဒါပေမယ့်သူ့ချစ်သူဆီကို သွားရမှာဆိုတော့မတတ်နိုင်ဘူးဆိုပြီး သဘောတူလက်ခံလိုက်တယ် အဲဒီလိုနဲ့

ဓာတ်တိုင်မှာကပ်ထားတဲ့ ကြောင်ပျောက်ကြော်ငြာ

ငါ့ကလောင်နာမည်ဟာ ငါ့ဇာတ်ကောင် ငါ့ကဗျာထဲမှာ ငါ့ဘ၀ဟာ နေရာအနှံ့အပြား သေးသေးတင်လေးတစ်လုံးအစမှာ ငါ့ဘ၀ကို တွေ့ရမယ် ငါ့ဇာတ်ကောင်ကထမ်းပေးတယ် ဒါပေမဲ့ ငါဟာထူးခြား ၀ါကျတစ်ကြောင်းကို တည်ဆောက်နေတာ မဟုတ်ပါလား အများသူငါလိုပါပဲ အရာရာနဲ့ကင်းကွာခြင်းဟာ ငါ့ကိုအင်အားတစ်ခုပေးလာတယ် ငါ့ဇာတ်ကောင်ဟာလည်း သူ့ဟာကွက်နဲ့ ငါ့ကိုပြန်ပြီးတိုင်းထွာတယ် တိကျသေချာတဲ့ အဆိုအမိန့်တွေပါပဲလားလို့ ပြောရလောက်အောင် ဘ၀တွေ ဒီထဲမှာ ငါ့ကြောင်လေး တွေ့မိသလား ”တကယ့်ဘ၀အတွေ့အကြုံ” ပေါ်မှာ သီအိုရီအစင်းတွေနဲ့ ”ကဗျာရေ၊ ကဗျာ၊ ကဗျာ” လို့ ခေါ်လိုက်ရင် သူရောက်လာမလား စကားလုံးနဲ့ပေါက်လည်း နာတတ်ကြတယ်မဟုတ်လား ငါ့ဘ၀ရဲ့ အဓိပ္ပာယ်ထဲမှာ မပါရှိတာဟာလည်း ငါ့အစိတ်အပိုင်း အဲဒါ သူ့မှာရှိတယ်လို့ ငါ့ဇာတ်ကောင်က ပြောလာတယ် ငါ့ဇာတ်ကောင်က ပြောလာတယ် သူ့မှာ သူထွင်ထားတဲ့ အခြားဇာတ်ကောင်တွေ ရှိသေးသတဲ့ ဇာတ်ကောင်တစ်ကောင်ဟာ (အလိုလေး) ငါပဲတဲ့ ငါဟာ သူ့ဇာတ်ကောင်တစ်ကောင်မွေးထားတဲ့ ကြောင်လေးတဲ့ သူ့အရှိတရားအစွန်းအစပ်မှာ ငါ့ကို ဘေးမဲ့ပေးထားတာတဲ့ အသိတရားရဲ့ အရွယ်အစားအတိုင်းအတာ ရှိကြရတဲ့ အရှိတရားတွေထဲမှာ ပြန်ပြောပြတတ်သမျှ ပုံတွေဟာ … သူ့အသိတရားထက် ကြီးထွားသွားတဲ့ အရှိတရားကြီးထဲမှာ သူ နေ

လရောင်ရဲ့အရိပ်မှာထိုင်ပြီး တွေးခေါ်နေတဲ့ကဗျာ

လူတွေက ကိုယ့်အစုအဝေးနဲ့ကိုယ် စုပြုံပြီးထိုင်နေကြတယ် ညမှာ လရဲ့ ငြိမ်းချမ်းခြင်းသီချင်းနဲ့ ကိုယ့်အတွေးအခေါ်ကို ကိုယ်စီအသံသွင်းကြ တစ်ယောက်ရဲ့ တပူတပြင်းကို တစ်ဦးက မကယ်နိုင်ကြ ဘာဆိုဘာမှ ပြန်မရခဲ့ကြသူတွေချည်းပါပဲ မာသာထရီဇာရေ ... မေရီအင်တွိုင်းနက်ရေ ... ပေါ်လီယာနာရေ ... ဒေစီရေ ... ငါ့ဝက်ဝံဖြူမလေးရေ ... ပျက်စီခြင်းဘယ်နှစ်ပါး ရှိခဲ့သလဲ... ဖြေကြည့်စမ်းဦးတော့ကွယ်... ဖတ်စရာတွေသာ ကုန်ကုန်သွားတယ် အသိဉာဏ်က တစ်စက်ကလေးမှ အညှောင့်မပြူခဲ့ဘူး ကိုယ့်အဖြစ်မှန်ကိုယ် ဘာနဲ့တူးဆွရမလဲကွယ် တစ်ဦးရဲ့ကိုယ်ရေးကိုယ်တာအတွက် တစ်ဦးက အာသာမဖြေနိုင် ချော်လဲတိုင်းရောထိုင်နေရတဲ့ ဘ၀မှာ ပစ်ခဲ့သမျှ ကွန်ချက်တိုင်းဟာ ငါးတွေရှိရာနဲ့ လွဲချော်လို့။ ရာမိုးဇင် (ကျောင်းကုန်း)

အိပ်မက်ထဲ၌ စာမေးပွဲဖြေခြင်း

သမိုင်းဦးဘုံမြေခေတ်မှသည် အင်ဂျလီနာဂျိုလီအထိ မျှော်လင့်ခြင်းနဲ့ မီးညှိကြသတဲ့။ တကယ်ပါ ကျွန်တော်တို့ကတော့ဖြင့် တစ်ယောက်ဆီကတစ်ယောက် ဘာကိုမှ မမျှော်လင့်မိခဲ့ကြ။ မတူညီတဲ့ လမ်းညွှန်မြေပုံတွေပေါ် မတူညီတဲ့ ရတနာသိုက်တွေရှာဖွေရင်း ကျွန်တော်တို့ ကြယ်ကလေးတွေဖြစ်သွားကြတယ်။ ဟင်းလင်းပြင်ထဲ လမ်းပျောက်နေတဲ့အခါ ကမ္ဘာမြေဟာ ပုန်းခိုစရာတစ်နေရာကိုပင် မပေးနိုင်လောက်အောင်သေးငယ်ပြီး ဓာတ်ဆီလိုအရောင်ထွက်နေတဲ့ ဘောလုံးတစ်လုံးနဲ့ တူရဲ့။ ကျွန်တော်တို့နှစ်ယောက်ကတော့ ဒီကစားပွဲမှာ မတူညီတဲ့အသင်းနှစ်သင်းက အညံ့ဆုံးဂိုးသမားတွေဖြစ်ခဲ့ပြီ။ မောင်ရှင်စော အကြိုက်ဆုံးစကားလုံးများ မတူညီတဲ့ လမ်းညွှန်မြေပုံတွေပေါ် မတူညီတဲ့ ရတနာသိုက်တွေရှာဖွေရင်း ကျွန်တော်တို့ ကြယ်ကလေးတွေဖြစ်သွားကြတယ်။ ကမ္ဘာမြေဟာ ပုန်းခိုစရာတစ်နေရာကိုပင် မပေးနိုင်လောက်အောင်သေးငယ်ပြီး ဓာတ်ဆီလိုအရောင်ထွက်နေတဲ့ ဘောလုံးတစ်လုံးနဲ့ တူရဲ့။

ဟုတ်ကဲ့

လက်ဖက်ရည်နှစ်ခွက်မြောက် စကားလုံးနည်းနည်းပါးပါး ကျွန်တော့်ကိုလာစင်တယ်။ တွေးလို့ခေါ်လို့ကောင်းတဲ့ ကမ္ဘာကြီးထဲ ကျန်းမာရေးက ဈေးကြီးသလို အနုပညာက ဈေးမကြီးသင့်ဘူးလား။ မရိုးမသားပြောကြကြေးဆိုရင် ခင်ဗျားလည်းလူ ကျွန်တော်လည်းလူ မယဉ်ကျေးတဲ့ခေတ်ကြီးထံ ခင်ဗျားကိုတွန်းပို့မလို့ပါ။ ၂၀ ရာစုမှာ ကြီးပြင်း ၂၁ ရာစုမှာ အိုမင်းစပြုနေတဲ့ ကျွန်တော့်မှာ အနုပညာကိုဘာထင်သလဲဆိုတဲ့ ဒိုင်ယာလော့ခ်နဲ့ မေးခွန်း၊ ရာသီဥတု ကမ္ဘာကြီးလည်နေသလို လည်နေတဲ့ ဉာဏ်ပညာ တစ်ခါတစ်ရံဆိုတာ လိမ်လည်လှည့်ဖြားသူတွေအတွက်။ မပေါ့ဆနဲ့ မမေ့လျော့ကြနဲ့ ကဗျာဖတ်သူတွေဟာ ကဗျာရေးသူတွေလို ကမ္ဘာကို ခန့်မှန်းတတ်နေပြီဆိုတာ မပေါ့ဆနဲ့ မမေ့လျော့ကြနဲ့။ ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့။ ပြေမြင့် အကြိုက်ဆုံးစာသားများ တွေးလို့ခေါ်လို့ကောင်းတဲ့ ကမ္ဘာကြီးထဲ ကျန်းမာရေးက ဈေးကြီးသလို အနုပညာက ဈေးမကြီးသင့်ဘူးလား။ အနုပညာကိုဘာထင်သလဲဆိုတဲ့ ဒိုင်ယာလော့ခ်နဲ့ မေးခွန်း၊ ရာသီဥတု ကမ္ဘာကြီးလည်နေသလို လည်နေတဲ့ ဉာဏ်ပညာ တစ်ခါတစ်ရံဆိုတာ လိမ်လည်လှည့်ဖြားသူတွေအတွက်။ ကဗျာဖတ်သူတွေဟာ ကဗျာရေးသူတွေလို ကမ္ဘာကို ခန့်မှန်းတတ်နေပြီဆိုတာ မပေါ့ဆနဲ့ မမေ့လျော့ကြနဲ့။

စည်းပြင်က လူ

အခြေအနေက လူကို ပလက်ဖောင်းပေါ် ရွှေ့ထားတယ် ဘာဖြစ်လဲ ငရဲဆိုလည်း အရသာအသစ် နိဗာန်ဆိုလည်း အတွေ့အကြုံအသစ်ပေါ့။ ပန့်ခ်ရော့ခ်တေးကို လေချွန်လို့ နတ္ထိဝါဒီစာတန်းနဲ့ သွေးအေးမိတယ်။ လူ့ဘ၀ဆိုတာ လေယာဉ်ပေါ်ကကြည့်တော့ ကမ္ဘာမြေပြင် ကမ္ဘာမြေပြင်ပေါ်ကကြည့်တော့ နတ်ဘုံနတ်နန်း ကိုယ့် အဓိပ္ပာယ်က မူရင်းအတိုင်းပဲ။ တခြားလူတွေ အမြင်လား လျှာဖျားလေးနဲ့ လျက်တာလောက်တော့ ရယ်တာပေါ့ လူပြိန်းဦးနှောက်နဲ့ပြောတာလောက်တော့ ရယ်တာပေါ့။ ပါဝါမျက်မှန်ချင်းမတူလို့ လောကအမြင်ချင်း မတူတာ အမှန်က မှုန်ဝါးဝါးငနဲတွေချည်းပါပဲ။ အနုပညာကို ပိုက်ဆံအိတ်ထဲက နှိုက်ယူလို့မရသလို ဉာဏ်ပညာဆိုတာ ကျမ်းစာအုပ်ထဲက ထွက်လာတာမှမဟုတ်ဘဲ။ ရယ်ဒီမိတ် အကျီဝတ်လို့ ၀ံပလွေနံ့ထွက်နေတဲ့ အရေပြားတွေကြား ကိုယ်က ဂျင်းန်ပင် အဟောင်းနဲ့ဆိုပေမဲ့ လူကြီးလူကောင်းစိတ်မွေးသူ။ ဘယ်လို တံဆိပ်နဲ့ဖြစ်ဖြစ် ကိုယ့်သွေးသားက ကြွပ်ဆတ်တယ် ကိုယ့်အရိုးက ရင့်တယ်။ အခုလည်း ပလက်ဖောင်းပေါ် ဆောင့်ကြောင့်ထိုင်လို့ လူ့လောကကို ရယ်သွမ်းသွေးနေပုံ မိန်းမဆန်ဆန် စကားလုံးတွေနဲ့ ပစ်ပေါက်ချင်စိတ် မဖြစ်မိဘူးလား။ အောင်ရင်ငြိမ်း အစ်ကိုတစ်ယောက်က တောင်းဆိုပါတယ်။ စည်းပြင်ကလူစာအုပ်ကလေး ဖတ်ချင်ပါတယ်တဲ့။ တင်ပေးပါတဲ့။ ဒါပေမဲ့ အဲဒီစာ

နံရံ

သူကတော့ ပြောခဲ့တယ် လူဟာ အဟောင်းပဲ ခိုင်မြဲလေးလံပြီး ဆိုင်းဘုတ်ဆံမှုကို ပြန်ကြောက်နေရပုံမျိုးနဲ့ ထိုင်ခဲ့တယ်။ တစ်ခါတစ်လေ အပြုံးမပျက် လက်နဲ့ရေရွတ်တယ် မျက်လုံးနဲ့ ဆဲရေးတယ်။ တစ်ဖက်မှာတော့ ရည်ရွယ်ချက်ကို ကျော်မှီနေတဲ့ ကွင်းပြင်တွေ လူသိအောင် လွတ်ကျနေတဲ့ ဆွေးမြေ့မှုတွေနဲ့ မှောက်ကျလို့။ အိုဇုန်းလွှာကြီးက ပေါက်ရုံပဲပေါက်နေလို့ ကံကောင်းတယ်။ ရှေ့မှာ ဓာတ်ကြိုး သစ်ကိုင်းနဲ့ ရေစိုအ၀တ်များ။ ချိန်ထားပေမဲ့ သူနဲ့ကျွန်တော် ထပ်မတွေ့ဖြစ်ကြဘူး။ ၀င်းလွင်

ခေါ်သံတစ်ပုဒ်

အိမ်က ရှာပုံတော်ဖွင့်နေတယ် ငါဟာ ဇာတ်မြုပ်နေတဲ့ တိတ်ဆိတ်ခြင်းရဲ့ ကျေးကျွန်တစ်ဦးပဲလား။ ငါဟာ မှန်တစ်ချပ်ကိုဝှေ့ယမ်းပြနေတဲ့ အလံဖြူပဲလား။ ဒီနေ့ ဒီအချိန် ငါ့ကိုယ်ငါ ဆီလျော်အောင် ဖတ်ရှုနေရ ငါ့ကိုယ်ငါ မြေကြီးလက်ခတ်မလွဲအောင် နားဆင်နေရ အိမ်က ရှာပုံတော်ဖွင့်နေတယ်။ ထက်တည်မြင့်

ဖိုမသဘာဝဆိုင်ရာ ပညတ်ချက်များ

ရှေးဦးလူသားများ စိတ်ကြိုက်ပညတ်သောအရာသည် မိန်းမဖြစ်သည်။ မြောက်မြားလှစွာသော အယူသီးမှုများက မိန်းမကို မကြာခဏဆိုသလိုပင် မထိရမကိုင်ရ၊ အန္တရာယ်၊ သို့မဟုတ် မသန့်ရှင်းဟု သတ်မှတ်လေ့ရှိသည်။ ကမ္ဘာကျော် ဒဏ္ဍာရီများကို ဖန်တီးထုတ်လုပ်သူများသည် အောင်မြင်မှုမရသော လင်ယောက်ျားများဖြစ်ရာ သူတို့အားလုံးက မိန်းမသည် မကောင်းမှု အားလုံး၏အရင်းအမြစ်ဖြစ်သည်ဆိုသောအချက်ကို ၀ိုင်းပြီးသဘောတူကြသည်။ ဤအမြင်သည် ဂျူးနှင့် ခရစ်ယန်အစဉ်အလာများအတွက်သာမကဘဲ ရာဂဏန်းရှိသော တိတ္ထိ (Pagan) တို့၏ ဒဏ္ဍာရီများအတွက်လည်း အလေးအနက်ထားသည့်အမြင်ဖြစ်သည်။ ရှေးဦးလူသားများ၏ ပညတ်ချက်များအနက် အတင်းကျပ်ဆုံးသည် ဓမ္မတာလာနေသောမိန်းမများအပေါ် ချမှတ်သောပညတ်ချက်ဖြစ်သည်။ အဆိုပါမိန်းမများကို ထိုကာလအတွင်း ထိမိကိုင်မိသော မည်သည့်လင်ယောက်ျားနှင့် မည်သည့်အရာဝတ္ထုမဆို ကောင်းမှုကုသိုလ်နှင့် အသုံးဝင်မှုအားလုံး ဆုံးရှုံးသည်။ ဗြိတိသျှဂီယန်းနာ (British Guiana) မှ မာကူဆီ (Macusi) လူမျိုးများက ရေကိုအဆိပ်သင့်မည်စိုး၍ အဆိုပါမိန်းမများကို ရေချိုးခွင့်ပင် မပြုပေ။ ထို့အပြင် ထိုကာလအတွင်းမှမိန်းမများကို တောအုပ်အတွင်း သွားခွင့်မပြုဘဲ ပိတ်ပင်ထားရာ အညှို့ခံရသော (Enamored) မြွေက ထိုမိန်းမကို

ဘာသာရေးနှင့်အစိုးရ

ကိုယ်ကျင့်တရားကို ဘာသာရေးက အဓိကအထောက်အကူပြုသော နည်းလမ်းနှစ်ခုသည် ဒဏ္ဍာရီနှင့် ပညတ်ချက်ဖြစ်သည်။ ဒဏ္ဍာရီက သဘာဝလွန်ယုံကြည်မှုကိုဖန်တီးသည်။ လူမှုရေးအရ (သို့မဟုတ် နတ်ဆရာများက) လက်ခံနိုင်သော လူ့အပြုအမူအပြောအဆို အနေအထိုင်ပုံစံအမျိုးမျိုးသည် ယင်းသဘာဝလွန်ယုံကြည်မှုမှတစ်ဆင့် အထက်မိုးကောင်းကင်၏ ခွင့်ပြုချက်ကို ရယူသည်။ အရှင်သခင်များနှင့် မျိုးနွယ်စုများက လူသားများအပေါ်ချမှတ်ထားသော အထိန်းအကွပ်အချုပ်အချယ်များနှင့် လိုက်လျော်ညီထွေနေတတ်စေရန် အထက်မိုးကောင်းကင်က မျှော်လင့်ချက်နှင့် ထိတ်လန့်တုန်လှုပ်မှုများအားဖြင့် လူသားများအား စေ့ဆော်ပေးသည်။ လူသားသည် သဘာဝအားဖြင့် ကျိုးနွံသူ၊ သိမ်မွေ့သူ သို့မဟုတ် ဖိုမသဘာဝတွင်သိက္ခာရှိသူမဟုတ်ပေ။ အဆုံးတစ်နေ့တွင် လူသားတွင် အဆိုးအကောင်းခွဲခြားတတ်သော အသိစိတ်ဖြစ်ပေါ်အောင် အတင်းအကျပ်လုပ်ခဲ့သော ဤရှေးကျသည့်စေ့ဆော်မှုပြီးလျှင် ဒုတိယအားအကောင်းဆုံးအရာသည် နတ်ဘုရားများကိုကြောက်သည့် အကြောက်တရားဖြစ်သည်။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဓလေ့နှင့် အိမ်ထောင်ပြုသည့်ဓလေ့များသည် အတိုင်းအတာတစ်ခုအထိ ဘာသာရေးခွင့်ပြုချက်ပေါ် တည်မီရာ ဘာသာရေးယုံကြည်မှုမရှိခဲ့သည့်ခေတ်များတွင်ရှိခဲ့သော ယင်းဓလေ့၏ တက်ကြွသောအားမာန် (Vigor) များ

ဘာသာရေးစတင်ဖြစ်ပေါ်ရာ အရင်းအမြစ်များ

ကြောက်ရွံ့မှု လူခရီးရှပ်စ် (Lucretius) က ကြောက်ရွံ့မှုသည် နတ်ဘုရားများ၏ ပထမဆုံး မိခင်ဖြစ်သည်ဟု ဆိုခဲ့သည်။ အကြောက်တကာတွင် အကြောက်ဆုံးကား သေရမှာကြောက်ခြင်းဖြစ်သည်။ ရှေးဦးလူသား၏ဘ၀ကို ဘေးအန္တရာယ်ပေါင်း ထောင်ပေါင်းများစွာက ပတ်ချာဝိုင်း (Beset) နေရာ အရွယ်လွန်ပြီး အမှည့်ကြွေကြွေခြင်း (Natural Decay) မျိုး ရှားသည်။ ဇရာမတိုင်မီ စောစီးစွာကပင် ရက်စက်ကြမ်းကြုတ်မှု သို့မဟုတ် ဆန်းပြားသည့်ရောဂါတစ်ခုခုက လူသားအများစုကို ဇီဝိန်ခြွေပြီးဖြစ်သည်။ သို့ဖြစ်ရာ ရှေးဦးလူသားက သေခြင်းတရားသည် သဘာဝတရားပဲဆိုသည်ကို မယုံကြည်ပေ။ သူက သေခြင်းတရားသည် သဘာဝလွန်စွမ်းအားစု တစ်ခုခု၏လက်ချက်ဟု ခံယူသည်။ နယူးဗြိတိန်မှ ဒေသခံများ၏ ဒဏ္ဍာရီအရ လူသားများထံ သေခြင်းတရားရောက်လာမှုသည် နတ်များ၏ မှားယွင်းမှုကြောင့် ဖြစ်သည်။ နတ်ကောင်းကမ်ဗီနာနာ (Kambinana) က သူ့ညီ နတ်ဆိုး ကော်ဗူဗာ (Korvouva) ကို လူသားတွေဆီမင်းဆင်းသွားပြီး သူတို့ အရေခွံတွေလဲကြလို့ သွားပြောချေ။ ဒါမှသာ သေခြင်းတရားကို သူတို့ ရှောင်လွှဲနိုင်မယ်။ ဒါပေမဲ့ မြွေတွေကိုတော့ သေရမှာပဲလို့ပြောခဲ့ ဟု ခိုင်းလိုက်သည်။ သို့ရာတွင် ကော်ဗူဗာက ပြောရမည့်သတင်းစားချင်းရောထွေးသွားသည်။ သူက မသေဆေး၏လျှို့ဝှက်ချက

တစ်ပတ်အတွင်းကဗျာ

ကြာသပတေးနေ့ အိုးမဲ့အိမ်မဲ့ လိုချင်တပ်မက်မှုများ တစ်ဖက်စောင်းနင်း အသက်မွေးဝမ်းကျောင်းသင်ခန်းစာမှာ ကိုယ်ချင်းစာတတ်တဲ့ စီမံချက်များရေးဆွဲလို့ တစ်ယောက်ကတစ်ယောက်ကို နှစ်သိမ့်သက်တမ်းတိုးခဲ့ကြ။ သောကြာနေ့ ရေလာချိုးတာလားလို့ မြစ်က မေးခွန်းထုတ်တော့ ငါးလာမျှားတာပါလို့ ငါးမျှားချိတ်ကို ကိုင်မြှောက်ပြလိုက်မိတယ် မင်းကိုယ်တိုင်က မိနေတဲ့ ငါးတစ်ကောင်လေတဲ့ ခင်ဗျားကတော့ နစ်နေတဲ့ မြစ်တစ်စင်းလို့ ချက်ချင်းပြန်ပြောမိတယ် ပြန်စဉ်းစားကြည့်မိတော့ ပြုံးရသေးတယ်မဟုတ်လား။ စနေနေ့ ရယ်စရာတော့ ကောင်းသား...။ စိတ်ဆိုတာ ရေပေါ်မှာ အရုပ်ရေးသလိုပဲ စွဲစွဲလမ်းလမ်းရှိလာပြီဆိုရင်တော့ ကျောက်ဆောင်ပေါ်မှာ ပန်းတွေပွင့်ပြီပေါ့ နှစ်ခါပြန်ငေး နှစ်ခေါက်ပြန်နားထောင်ရတယ် အရောင်တွေ ကျွတ်ကုန်တဲ့ တေးသွားပါ စေ့စပ်အဖြေရှာတဲ့ နည်းပညာအတွက် ဒီဂျေတစ်ယောက်လိုချင်တယ် ဖြစ်သမျှအကြောင်း အကောင်းပဲကိုယ့်လူ ကိုယ်ကတော့ လျှော်ကြေးမယူပါဘူး ကဗျာကို မှားပြီးဖတ်မိရာက ဖတ်ပြီးမမှားသေးဘူး ပြေးပုန်းစရာ နေရာတွေ့ ခဲ့ပြီ။ ဆရာမောင်နီဦးရဲ့ တစ်ပတ်အတွင်းကဗျာမှ နေ့သုံးနေ့ကို ဖော်ပြလိုက်ပါတယ်။