လူတွေက ကိုယ့်အစုအဝေးနဲ့ကိုယ် စုပြုံပြီးထိုင်နေကြတယ်
ညမှာ လရဲ့ ငြိမ်းချမ်းခြင်းသီချင်းနဲ့
ကိုယ့်အတွေးအခေါ်ကို ကိုယ်စီအသံသွင်းကြ
တစ်ယောက်ရဲ့ တပူတပြင်းကို တစ်ဦးက မကယ်နိုင်ကြ
ဘာဆိုဘာမှ ပြန်မရခဲ့ကြသူတွေချည်းပါပဲ
မာသာထရီဇာရေ ...
မေရီအင်တွိုင်းနက်ရေ ...
ပေါ်လီယာနာရေ ...
ဒေစီရေ ... ငါ့ဝက်ဝံဖြူမလေးရေ ...
ပျက်စီခြင်းဘယ်နှစ်ပါး ရှိခဲ့သလဲ...
ဖြေကြည့်စမ်းဦးတော့ကွယ်...
ဖတ်စရာတွေသာ ကုန်ကုန်သွားတယ်
အသိဉာဏ်က တစ်စက်ကလေးမှ အညှောင့်မပြူခဲ့ဘူး
ကိုယ့်အဖြစ်မှန်ကိုယ် ဘာနဲ့တူးဆွရမလဲကွယ်
တစ်ဦးရဲ့ကိုယ်ရေးကိုယ်တာအတွက် တစ်ဦးက
အာသာမဖြေနိုင်
ချော်လဲတိုင်းရောထိုင်နေရတဲ့ ဘ၀မှာ
ပစ်ခဲ့သမျှ ကွန်ချက်တိုင်းဟာ ငါးတွေရှိရာနဲ့ လွဲချော်လို့။
ရာမိုးဇင် (ကျောင်းကုန်း)
ညမှာ လရဲ့ ငြိမ်းချမ်းခြင်းသီချင်းနဲ့
ကိုယ့်အတွေးအခေါ်ကို ကိုယ်စီအသံသွင်းကြ
တစ်ယောက်ရဲ့ တပူတပြင်းကို တစ်ဦးက မကယ်နိုင်ကြ
ဘာဆိုဘာမှ ပြန်မရခဲ့ကြသူတွေချည်းပါပဲ
မာသာထရီဇာရေ ...
မေရီအင်တွိုင်းနက်ရေ ...
ပေါ်လီယာနာရေ ...
ဒေစီရေ ... ငါ့ဝက်ဝံဖြူမလေးရေ ...
ပျက်စီခြင်းဘယ်နှစ်ပါး ရှိခဲ့သလဲ...
ဖြေကြည့်စမ်းဦးတော့ကွယ်...
ဖတ်စရာတွေသာ ကုန်ကုန်သွားတယ်
အသိဉာဏ်က တစ်စက်ကလေးမှ အညှောင့်မပြူခဲ့ဘူး
ကိုယ့်အဖြစ်မှန်ကိုယ် ဘာနဲ့တူးဆွရမလဲကွယ်
တစ်ဦးရဲ့ကိုယ်ရေးကိုယ်တာအတွက် တစ်ဦးက
အာသာမဖြေနိုင်
ချော်လဲတိုင်းရောထိုင်နေရတဲ့ ဘ၀မှာ
ပစ်ခဲ့သမျှ ကွန်ချက်တိုင်းဟာ ငါးတွေရှိရာနဲ့ လွဲချော်လို့။
ရာမိုးဇင် (ကျောင်းကုန်း)
Comments
Post a Comment