အခြေအနေက
လူကို ပလက်ဖောင်းပေါ် ရွှေ့ထားတယ်
ဘာဖြစ်လဲ
ငရဲဆိုလည်း အရသာအသစ်
နိဗာန်ဆိုလည်း အတွေ့အကြုံအသစ်ပေါ့။
ပန့်ခ်ရော့ခ်တေးကို လေချွန်လို့
နတ္ထိဝါဒီစာတန်းနဲ့ သွေးအေးမိတယ်။
လူ့ဘ၀ဆိုတာ
လေယာဉ်ပေါ်ကကြည့်တော့ ကမ္ဘာမြေပြင်
ကမ္ဘာမြေပြင်ပေါ်ကကြည့်တော့ နတ်ဘုံနတ်နန်း
ကိုယ့် အဓိပ္ပာယ်က
မူရင်းအတိုင်းပဲ။
တခြားလူတွေ အမြင်လား
လျှာဖျားလေးနဲ့ လျက်တာလောက်တော့ ရယ်တာပေါ့
လူပြိန်းဦးနှောက်နဲ့ပြောတာလောက်တော့ ရယ်တာပေါ့။
ပါဝါမျက်မှန်ချင်းမတူလို့
လောကအမြင်ချင်း မတူတာ
အမှန်က
မှုန်ဝါးဝါးငနဲတွေချည်းပါပဲ။
အနုပညာကို
ပိုက်ဆံအိတ်ထဲက နှိုက်ယူလို့မရသလို
ဉာဏ်ပညာဆိုတာ
ကျမ်းစာအုပ်ထဲက ထွက်လာတာမှမဟုတ်ဘဲ။
ရယ်ဒီမိတ် အကျီဝတ်လို့
ဝံပလွေနံ့ထွက်နေတဲ့ အရေပြားတွေကြား
ကိုယ်က
ဂျင်းန်ပင် အဟောင်းနဲ့ဆိုပေမဲ့
လူကြီးလူကောင်းစိတ်မွေးသူ။
ဘယ်လို တံဆိပ်နဲ့ဖြစ်ဖြစ်
ကိုယ့်သွေးသားက ကြွပ်ဆတ်တယ်
ကိုယ့်အရိုးက ရင့်တယ်။
အခုလည်း
ပလက်ဖောင်းပေါ် ဆောင့်ကြောင့်ထိုင်လို့
လူ့လောကကို ရယ်သွမ်းသွေးနေပုံ
မိန်းမဆန်ဆန်
စကားလုံးတွေနဲ့ ပစ်ပေါက်ချင်စိတ် မဖြစ်မိဘူးလား။
အောင်ရင်ငြိမ်း
အစ်ကိုတစ်ယောက်က တောင်းဆိုပါတယ်။ စည်းပြင်ကလူစာအုပ်ကလေး ဖတ်ချင်ပါတယ်တဲ့။ တင်ပေးပါတဲ့။ ဒါပေမဲ့ အဲဒီစာအုပ်တစ်အုပ်လုံးကို ရိုက်တင်ဖို့ရာ ကျွန်တော့်အတွက် အခြေအနေမပေးလို့ ခွင့်လွှတ်စေချင်ပါတယ်။ အခုတော့ အခြေအနေပေးတဲ့ စည်းပြင်ကကဗျာလေးပဲ တင်ပေးလိုက်ပါတယ်။ အကြိုက်ဆုံးစာသားတွေကတော့...
ငရဲဆိုလည်း အရသာအသစ်
နိဗာန်ဆိုလည်း အတွေ့အကြုံအသစ်ပေါ့။
လေယာဉ်ပေါ်ကကြည့်တော့ ကမ္ဘာမြေပြင်
ကမ္ဘာမြေပြင်ပေါ်ကကြည့်တော့ နတ်ဘုံနတ်နန်း
ကိုယ့် အဓိပ္ပာယ်က
မူရင်းအတိုင်းပဲ။
ဘယ်လို တံဆိပ်နဲ့ဖြစ်ဖြစ်
ကိုယ့်သွေးသားက ကြွပ်ဆတ်တယ်
ကိုယ့်အရိုးက ရင့်တယ်။
အခုလည်း
ပလက်ဖောင်းပေါ် ဆောင့်ကြောင့်ထိုင်လို့
လူ့လောကကို ရယ်သွမ်းသွေးနေပုံ
လူကို ပလက်ဖောင်းပေါ် ရွှေ့ထားတယ်
ဘာဖြစ်လဲ
ငရဲဆိုလည်း အရသာအသစ်
နိဗာန်ဆိုလည်း အတွေ့အကြုံအသစ်ပေါ့။
ပန့်ခ်ရော့ခ်တေးကို လေချွန်လို့
နတ္ထိဝါဒီစာတန်းနဲ့ သွေးအေးမိတယ်။
လူ့ဘ၀ဆိုတာ
လေယာဉ်ပေါ်ကကြည့်တော့ ကမ္ဘာမြေပြင်
ကမ္ဘာမြေပြင်ပေါ်ကကြည့်တော့ နတ်ဘုံနတ်နန်း
ကိုယ့် အဓိပ္ပာယ်က
မူရင်းအတိုင်းပဲ။
တခြားလူတွေ အမြင်လား
လျှာဖျားလေးနဲ့ လျက်တာလောက်တော့ ရယ်တာပေါ့
လူပြိန်းဦးနှောက်နဲ့ပြောတာလောက်တော့ ရယ်တာပေါ့။
ပါဝါမျက်မှန်ချင်းမတူလို့
လောကအမြင်ချင်း မတူတာ
အမှန်က
မှုန်ဝါးဝါးငနဲတွေချည်းပါပဲ။
အနုပညာကို
ပိုက်ဆံအိတ်ထဲက နှိုက်ယူလို့မရသလို
ဉာဏ်ပညာဆိုတာ
ကျမ်းစာအုပ်ထဲက ထွက်လာတာမှမဟုတ်ဘဲ။
ရယ်ဒီမိတ် အကျီဝတ်လို့
ဝံပလွေနံ့ထွက်နေတဲ့ အရေပြားတွေကြား
ကိုယ်က
ဂျင်းန်ပင် အဟောင်းနဲ့ဆိုပေမဲ့
လူကြီးလူကောင်းစိတ်မွေးသူ။
ဘယ်လို တံဆိပ်နဲ့ဖြစ်ဖြစ်
ကိုယ့်သွေးသားက ကြွပ်ဆတ်တယ်
ကိုယ့်အရိုးက ရင့်တယ်။
အခုလည်း
ပလက်ဖောင်းပေါ် ဆောင့်ကြောင့်ထိုင်လို့
လူ့လောကကို ရယ်သွမ်းသွေးနေပုံ
မိန်းမဆန်ဆန်
စကားလုံးတွေနဲ့ ပစ်ပေါက်ချင်စိတ် မဖြစ်မိဘူးလား။
အောင်ရင်ငြိမ်း
အစ်ကိုတစ်ယောက်က တောင်းဆိုပါတယ်။ စည်းပြင်ကလူစာအုပ်ကလေး ဖတ်ချင်ပါတယ်တဲ့။ တင်ပေးပါတဲ့။ ဒါပေမဲ့ အဲဒီစာအုပ်တစ်အုပ်လုံးကို ရိုက်တင်ဖို့ရာ ကျွန်တော့်အတွက် အခြေအနေမပေးလို့ ခွင့်လွှတ်စေချင်ပါတယ်။ အခုတော့ အခြေအနေပေးတဲ့ စည်းပြင်ကကဗျာလေးပဲ တင်ပေးလိုက်ပါတယ်။ အကြိုက်ဆုံးစာသားတွေကတော့...
ငရဲဆိုလည်း အရသာအသစ်
နိဗာန်ဆိုလည်း အတွေ့အကြုံအသစ်ပေါ့။
လေယာဉ်ပေါ်ကကြည့်တော့ ကမ္ဘာမြေပြင်
ကမ္ဘာမြေပြင်ပေါ်ကကြည့်တော့ နတ်ဘုံနတ်နန်း
ကိုယ့် အဓိပ္ပာယ်က
မူရင်းအတိုင်းပဲ။
ဘယ်လို တံဆိပ်နဲ့ဖြစ်ဖြစ်
ကိုယ့်သွေးသားက ကြွပ်ဆတ်တယ်
ကိုယ့်အရိုးက ရင့်တယ်။
အခုလည်း
ပလက်ဖောင်းပေါ် ဆောင့်ကြောင့်ထိုင်လို့
လူ့လောကကို ရယ်သွမ်းသွေးနေပုံ
Comments
Post a Comment