Skip to main content

Posts

Showing posts from January, 2011

ပန်းတွေလည်း စည်းကမ်းရှိစွာ ပွင့်ရရှာ

ပန်းတွေကို ဘယ်လိုတော့ မပွင့်သင့်ဘူး ဘယ်လိုတော့ ပွင့်ရမယ်လို့ ခင်ဗျား ငြင်းရဲလား ဗှင်ဂိုးသူ့ပန်းသူ ဘာအရောင် ခြယ်ခြယ်ပေါ့ သူ့အပူစစ်စစ်ပဲ ပလတ်စတစ်ပန်းပွင့်ပေါ် လိပ်ပြာနားတယ်ဆိုရင်တောင် သူ့ရဲ့ လှည့်ဖျားနိုင်မှုကို ကျွန်တော်ဆို ချီးကျူးမယ် တချို့သော ပန်းများဟာ ၀တ်ရည်မရှိလို့ လိပ်ပြာတွေကို ပညာပေးဖို့လိုမယ် ဆိုပဲ ရုက္ခဗေဒပါရဂူက ပွင့်နည်းမမှန်လို့ ဝေဖန်နေပုံများ ပန်းပွင့်တွေခမျာလည်း ခြေလှမ်းမှားလိုမှား ကဗျာဆိုတာလည်း ဒီလိုပဲလို့ ကျွန်တော်မပိတ်တော့ဘူး၊ ဖြစ်တယ်မဟုတ်လား။ တေဇာ (လရောင်လမ်း) Theme: Criticism Prose

တန်ပြန်သံသရာ

အလူမီနီယံလိုမျိုး အကန့်အသတ်မရှိ တန်ပြန်သံသရာ လည်နိုင်တယ် ဒီလိုစိတ်ကလေးနဲ့ပဲ ခင်ဗျားကို ချစ်ခဲ့တာ။ (အတိုးဆုံးကဗျာ) ပုံသဏ္ဌာန်ကို ကြည့်ပြီး ဆုံးဖြတ်ရင် မှားတတ်တယ် ဆိုတာကိုတော့ အားလုံးသိခဲ့ကြတာပဲ။ သိသိကြီးနဲ့ ပုံသဏ္ဌာန်ကို ကြည့်ပြီးပဲ အများအားဖြင့် ဆုံးဖြတ်တတ်ကြတယ် ဆိုတာကိုလည်း ကျွန်တော် သိခဲ့ပါတယ်။ မျက်လုံးနဲ့ ကြည့်တယ်ဆိုမှတော့ ပုံသဏ္ဌာန်ကိုပဲ မြင်နိုင်မယ်။ အနှစ်သာရကို မမြင်ကြရဘူး။ အနီရဲရဲ ပန်းသီးဟာ ချိုမယ့်ပုံရပါရဲ့၊ ဒါပေမဲ့ သေချာတာမျိုးတော့ မဟုတ်ဘူး။ အရသာနဲ့ အနှစ်သာရဆိုတာက အသိထဲမှာပဲ ရှိတယ်။ ပြီးတော့ ဓါတ်ခွဲခန်း ရလဒ်တွေမှာ ရှိချင်ရှိမယ်။ ဒါကို သိပေမဲ့လည်း ကိုက်ကြည့်ခွင့် မရှိတဲ့ ပန်းသီးတွေကို ကျွန်တော်တို့ အမြင်နဲ့ပဲ ဆုံးဖြတ်ကြရတာ မဟုတ်လား။ အခုကိစ္စမှာက ပန်းသီးတစ်လုံးအကြောင်း မဟုတ်ဘူး။ အရောင်နဲ့ မဆိုင်ဘူး။ ပန်းသီးပုံစံဖြစ်နေတဲ့ အလူမီနီယံစ တစ်ခု အကြောင်းပဲ။

အမှန်လွန် စိတ္တဇ ယုတ္တိများ

အကြမ်းဖက်မှု ဇောင်းပေးသော ဗွီဒီယိုဂိမ်းများသည် ကလေးငယ်များအား သွေးအေးလူသတ်နည်း သင်တန်းပေးခြင်း ဖြစ်သည်။ ၀မ်းတွင်းဂေးဖြစ်ကြောင်း ၀န်ခံသဖြင့် ပရိသတ်များ၏ ဝေဖန်မှု ခံနေရသော ပ၀ါတိုရီကန် အဆိုတော် ရစ်ကီမာတင်အား ဒရူးဘယ်ရီမိုးက ယောက်ျားပီသသော ၀န်ခံမှုဖြစ်သည်ဟု ထောက်ခံချီးကျူး။ တရုတ်ယွမ်ငွေသည် လာမည့် (၁၀) နှစ်အတွင်း အမေရိကန်ဒေါ်လာထက် ပိုမိုအရွယ်အစား ကြီးမားလာမည်ဟု ယွမ်ငွေထက်မှ ဥက္ကဋ္ဌကြီးမော်ကိုယ်တိုင်က မြွက်ကြွား လိုက်သည်။ ကွန်ဒွန်သုံးစွဲခြင်းကြောင့် အာရုံခံစားမှု မလျော့ပါးနိုင်ကြောင်း အပျိုစင်များကော်မတီမှ တရားဝင်အတည်ပြု။ မာကျူရီပမာဏ မြင့်မားလာခြင်းကြောင့် ငှက်များတွင် အဖိုအချင်းချင်း တစ်ကိုင်းတည်းနားမှု တိုးပွားလာ။ `လှိုင်းမူးလျှင် မိုးကုပ်စက်ဝိုင်းကိုကြည့်ပါ´ နှင့် `အဝေးပြေးကားပေါ်တွင် အချိန်မမေးပါနှင့်´ ဆိုရိုးနှစ်ရပ်၏ အဆက်အစပ်အား အပြုအမူသိပ္ပံနှင့် စိတ်နေစိတ်ထားဝိဇ္ဇာ ပညာရှင်များ တွဲဖက်လေ့လာမည်။ လက်ရွေးစင်အသင်းအား နည်းပြမည့် ဆားဗီးယားလူမျိုး အဘိုးအိုဖြင့် မြန်မာဘောလုံးအသင်းအား သွေးသစ်လောင်း။ မဟာသောတာပန်သင်တန်း တက်မည့်သူများ ဆူဠသောတာပန်သင်တန်း အရင်တက်ရောက်ရန် လိုအပ်။ အင်းဆက်ပိုးမွှားများတွင

အပြစ်ဆေးခြင်း (Redemption)

ယနေ့အချိန်ထိ ရှက်ရွံ့စိတ် ခံစားနေရမည့် အရာတစ်ခုကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က ကျွန်တော် လုပ်ခဲ့မိသည်။ လူတစ်ယောက်အား ကတိစကားတစ်ခု ဖျက်မိခဲ့ခြင်းဖြစ်ပြီး ယင်းက သူမကို အကြီးအကျယ် ထိခိုက်နာကျင်စေခဲ့သည်။ အစကတည်းက အဆိုပါကတိအား ပေးရန် မရည်ရွယ်ခဲ့ဟု မိမိကိုယ်ကိုယ် ဆင်ခြေကန်သော်လည်း ဖိအားတစ်ခုအဖြစ် တည်ရှိနေခဲ့ပါသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှ လူအများအပြားက အကြောင်းပြချက်ကိုယ်စီဖြင့် ဖျက်သင့်သောကတိသာ ဖြစ်သည်ဟု ကျွန်တော့်ကို ဖြောင်းဖြကာ ဖြေသာသော စကားလုံးအမျိုးမျိုးသုံးစွဲ၍ ထိုအခြေအနေအား လက်သင့်ခံနိုင်ဖွယ်ဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြပါသည်။ သို့သော် တကယ်တမ်းတွင် ထိုကိစ္စအတွက် ကျွန်တော်မပျော်နိုင်ခဲ့။ ကတိသည် ကတိသာဖြစ်ပြီး ကိုယ့်အတွက်ကိုယ်ကြည့်ပြီး ဖျက်သိမ်းခဲ့ခြင်းမှာ မည်သို့မျှ ဆီလျှော်မှုမရှိဟုသော အသိမှ ကျွန်တော် မလွတ်မြောက်နိုင်ခဲ့။

စတုတ္ထအနားတစ်ဖက် မလိုအပ်သည့် တြိဂံများအကြောင်း

မြင့်သန်း ထွန်းမောင်နဲ့ကျွန်တော် ဒီနားမှာ ဆုံလေ့ရှိတယ်။ ဒီအချိန်လောက်ပဲ။ အထူးသဖြင့် ကြာသပတေး၊ သောကြာလိုနေ့မျိုးတွေမှာ။ သူက တောင်ဘက်ထဲဆီက ပြန်လာတယ်။ ကျွန်တော်ကတော့ မြောက်ဘက်ဆီက လာတာ။ ဒီကနေ တောင်ဘက်ထဲကို တည့်တည့်ဆင်းသွားရင် ကားလမ်းမကြီးဆီ ရောက်တယ်။ လမ်းမကို ကျော်လိုက်ရင် တပ်ဘက်ကိုရောက်တယ်။ ကြာသပတေး၊ သောကြာဆိုရင် တပ်ထဲမှာ အမဲပေါ်လေ့ရှိတယ်။ ထွန်းမောင်က အမဲဖျက်ပေးရတတ်တယ်။ တစ်ခါတလေ သူကိုယ်တိုင်ပဲ ပေါ်ပေးလိုက်ရတာရှိတယ်။ အဲဒီလို နေ့မျိုးတွေမှာတော့ အမဲကလီဇာထုပ်ကလေး ဆွဲလာတတ်တယ်။ သူ့လက်ထဲမှာ အထုပ်ကလေး ပါလာရင်ဖြင့် အဲဒီနေ့မှာ သူကိုယ်တိုင် အမဲပေါ်ခဲ့တာပဲ။ တကယ်တော့ အမဲကလီဇာက သူစားဖို့ မဟုတ်ဘူး။ ကျွန်တော်စားဖို့။ သောင်းရင်တို့သာအဖ တဲဆီရောက်ရင် ညွန့်မောင်ကိုချက်ခိုင်းပြီး ကျွန်တော်က မြည်းတယ်။ ညွန့်မောင်က ဟင်းချက်ကောင်းတယ်။ အရင်က ထန်းတက်ပေတဲ့ ခုတော့ သူ့သား သောင်းရင်နဲ့ လွှဲထားပြီး လိုင်စင်စီ စနစ်တကျ လုပ်နေတယ်။ ဟင်းချက်ပြီး ရောင်းလေ့ရှိတယ်။ လစ်တဲ့အခါတော့လည်း အဖြူလေးဘာလေး ချက်တယ်။ တစ်ခါက ကျွန်တော်နဲ့ ကျောင်းနေဖက်ကောင်တစ်ကောင် လက်ထောက်မြို့ပိုင်ဖြစ်လာတော့ ကျွန်တော်က ဒီဘက်ထဲကိုခေါ်လာပြီး ညွန့်မောင်ကို ချက်ပြုတ

ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရသည့်အကြောင်း

မြင့်သန်း ရေးနေတဲ့ဝတ္ထုနဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေ ရှိလာတာနဲ့ ဘမြင့်ဆီ ထွက်လာခဲ့တယ်။ ဘမြင့်က လူတော်။ ဘယ်သူကမှ ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော့်အမြင်အရ ပြောတာ။ ကျွန်တော့်အထင်အရ ကျွန်တော် လက်ခံထားတာ။ ဒီတော့လည်း ကျွန်တော့်ကိုယ်ပိုင် အမှန်တရားပဲလို့ ပြောချင်ရင် ပြောကြ။ ကိုယ်ပိုင်အမှန်တရား ဆိုတာကိုလာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မ ကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့နည်းလမ်းတကျ အမှန်တရား ဆိုတာကို ရှင်းပြလိုက်ရုံပဲ။ 

တိမ်လိုလွင့်မျော

နွေညနေခင်းမှာ ကျွန်တော် ထိုင်နေတယ်။ တိမ်စိုင်တွေကို ငေးမယ်။ လေထုနွေးနွေးကို ရှူမယ်။ အရိုးဆုံးပြောရရင် သဘာဝနဲ့ နီးစပ်အောင်နေမယ်။ ဘယ်သူမှ လက်လှမ်းမမီတဲ့ နေရာမှာ ကျွန်တော့်ကိုယ်ကျွန်တော် ချိတ်ဆွဲထားမယ်။ အဲဒီလို နေသားတကျဖြစ်ပြီဆိုရင် သဘာဝလောကကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် ရောနှောပစ်လိုက်တော့မယ်။ ကောင်းကင်မှာ ပုံသဏ္ဌာန်မတိကျတဲ့ တိမ်တွေ သူလိုကိုယ်လို ရွေ့နေတယ်။ ကျွန်တော်က အဲဒီ တိမ်တွေထဲ မသိမသာ ၀င်ရောက် ရောနှောပစ်လိုက်တယ်။ တိမ်တိုက်တစ်ခုအနေနဲ့ တစ်နည်းနည်းနဲ့တော့ ကျွန်တော်လည်း စမတ်ကျနေမှာပဲ။ ပြီးတော့ ဘယ်ကို ဦးတည်နေလဲလို့ မေးခွန်းမထုတ်မိလောက်အောင် ကျွန်တော် သိတတ်ခဲ့ပြီ။ လေတိုက်ရင် ကျွန်တော် အစိတ်စိတ်အမွှာမွှာ ကွဲသွားမယ်၊ အချိန်တန်ရင် ပြန်ပေါင်းထုတ်ချင်ထုတ်မယ်။ နောက်ဆုံး မိုးအဖြစ် ရွာချင်ရွာချလိုက်မယ်၊ ကဲ.. ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ သူလိုကိုယ်လို တိမ်တိုက်တစ်ခုပဲ၊ ဘယ်သူငြင်းမလဲ။

အတိုးဆုံးကဗျာများ (၃၅)

ကျည်ဆန်တွေလျှောက်ဖို့ လမ်း ကျည်ဆန်ကို တီထွင်ပြီးနောက်မှာ သေနတ်တွေကိုပါ မဖြစ်မနေ အသုံးပြုလာကြရတယ် စကားလုံးတွေ ရှိမှတော့ ကဗျာကို ငါတို့ လိုအပ်ပြီပေါ့။ အတုန့် ရထားမရပ်ခင် ခုန်ဆင်းရင် အလိုက်သင့်လေး ဆက်ပြေးရတယ် အချိန်မတိုင်ခင် သတ်သေဖို့ ဘယ်မလဲ စင်္ကြန် ကြံကြံဖန်ဖန် ကျွန်တော် လောနေတယ်။ အမှိုက်မပစ်တဲ့ သစ်ပင် သူ့ကို ကျွန်တော် ဘယ်တော့မှ စွန့်ပစ်နိုင်မယ် မထင်တော့ဘူး စွန့်ပစ်တယ်ဆိုတာ ပိုင်ဆိုင်ဖူးမှ ဆိုတဲ့အချက်ကို  နားလည်ပြီးတဲ့နောက်...။ အရည်ပျော်မှတ် ရေခဲမုန့်ကို နားဖာကလော်နဲ့ ခပ်စားမလို့လား အလျင်အမြန် အရည်ပျော်တတ်တယ် အခုအချိန်မှာမှ ဘ၀ကို အားရပါးရ လျက်မပစ်ရဲဘူးဆိုရင်...။ အလွမ်းဓါတ်ခံ နိဗ္ဗာန်ကိုသာ အရှင်လတ်လတ်ကြီး ရောက်သွားကြည့် အ၀ီစိအကြောင်း ပျော်ရွှင်စွာ စမြုံ့ပြန်ဦးမှာ ကျွန်တော် သေသွားပြီးရင်လည်း ခင်ဗျားတို့ကို သတိရနေမှာ။ တေဇာ (လရောင်လမ်း)

အတိုးဆုံးကဗျာများ (၃၄)

နှုတ်ကပါတ်တော်များ ဘာသာစကားသာ မရှိဘူးဆိုရင် ဘုရားပွင့်ဖို့တောင် ခက်လိမ့်မယ် ခက်တာက ဘာသာစကားရှိပြန်တော့လည်း ဘုရားတွေ အလွယ်တကူ ပွင့်နိုင်နေတာပါပဲ။ ရထား လွတ်လပ်စွာရွေးချယ်ခွင့် တကယ်ရှိသလားလို့ ကျွန်တော်တွေးနေတယ် သို့မဟုတ် တွေးနေရတယ် သို့မဟုတ် မတွေးရမနေနိုင်ပဲ ဆိုပါစို့ ဒီဘူတာပဲ ဆိုက်လို့နေပါပြီ။ ရှည်လျားအမြင် ကျွန်တော်သာ ကြားနေသူဆိုရင် ကြယ်လေးတွေလို့ မမြင်ပါဘူး ခုတော့ ကျွန်တော်က ကမ္ဘာသားတွေဘက်ကနေ ကြယ်တွေကိုတောင် အထင်သေးလိုသေးနဲ့။ ကပ်နေသော အရာနှစ်ခု စကားကို ကပ်မပြောနဲ့အချစ်ရယ်တဲ့ သူက ကျွန်တော့်နားထဲ တိုးတိုးလေးပြောတယ် ကဲ ဘယ်လိုလဲ ကျွန်တော် အဝေးဆုံးပြေးထွက်ရတော့မှာပဲ။ ပုံသေ နောက်တစ်ခါပြန်မရတော့တဲ့ အခွင့်အရေးထဲမှာ မြင်မြင်ချင်း သူ့ကို မချစ်ခဲ့မိတာပါတယ် အမြဲတမ်းရှိနေတော့မယ့် ရလဒ်ကတော့ သူ့ မမြင်ကွယ်ရာက ကျွန်တော့်ရဲ့ အလွမ်းပဲ။ တေဇာ (လရောင်လမ်း)

The Target

If a python mesmerized a rabbit, The little rabbit might say, grinning, Oh, you’re hungry poor snake! We met in the jungle. She is a large python and I am a little rabbit. No one would imagine of course, that a big snake and a rabbit greet one another in a busy metropolitan street. So we were supposed to meet only in a deep jungle. The setting of our story was the very jungle from which we can never escape. Being imprisoned in jungle means having to act according to the jungle’s laws, which probably can be called unpublished laws in any language anywhere. Those are to understand automatically, by something like common sense. We are meant to follow those rules. In short, she is a large python. I, a little rabbit. We met somewhere in the jungle. That is the story I am telling you now.

ဘာသာဗေဒက ပြောပြသော လူတို့၏ ပုံတူကား

[၁] လူဟာ ဘာသာစကားရဲ့ အရှင်သခင်သဖွယ် ဖြစ်နေပေမယ့် အမှန်တော့ ဘာသာစကားသာ လူရဲ့အရှင်သခင်အဖြစ် တည်မြဲနေတယ်။ လူဟာ ဘာသာစကားကို ပုံသွင်းတယ်ဆိုပေမယ့် အမှန်တော့ ဘာသာစကားကသာ လူကိုအစဉ်အမြဲ ပုံသွင်းတယ်။ [၂] အထက်ပါအတိုင်း ဟိုက်ဒဂ္ဂါးက ပြော ခဲ့တယ် ဆိုပေမယ့် ဒီအချက်ကို ကျွန်တော် သိပ်မသေချာဘူး။ ဟိုက်ဒဂ္ဂါးဆိုတာ အထက်ပါအတိုင်း ပြော ခဲ့တဲ့ လူကြီးပေါ့ ဆိုတဲ့အတွေးသာ ကျွန်တော့်စိတ်ထဲမှာ စွဲမြဲနေတော့တယ်။ တေဇာ (လရောင်လမ်း)

အလွမ်း၏ အလျား

ကျွန်တော့်ဆံပင်တွေတောင် ပြန်ရှည်နေပြီ အမေ့...။   The Length of Missing Even my hair was lengthy again Mom! တေဇာ (လရောင်လမ်း)

အတိုးဆုံးကဗျာများ (၃၃)

ပြောင်းပြန် အစီအစဉ် အဆုံးက အစပြန်သွားလည်း ဒီအဓိပ္ပါယ်ပဲ နေပါဦး ခင်ဗျားက ကျွန်တော့်ကို ပေါ့တယ်ထင်တယ်ပေါ့။ ချွေးထွက်များခြင်း အပြစ်တွေကို ဆေးရမှာတဲ့လား ချွေးစက်တွေလို ပြစ်ချက်တွေ တစိမ့်စိမ့် ကပ်စေး ဒါပေမဲ့ အရေးကြီးတာက အပြေးသမား စစ်ဖို့လိုတယ်လေ။ နစ်ကိုတင်းလက်ကျန် ဆေးလိပ်ဖြတ်ပြီး သုံးနှစ်အကြာမှာ တစ်နေ့ (၅) လိပ်အထိ လျှော့ချနိုင်ခဲ့တယ် ထို့အတူ သူမကိုလည်း ယနေ့အထိ ပါးပါးလေး ချစ်နေဆဲပါပဲ။ တိရိစ္ဆာန်ရုံမှာ အခြားဂြိုဟ်ကမ္ဘာတစ်ခုက တိရိစ္ဆာန်ရုံထဲကိုသာ ရောက်သွားခဲ့ရင် သူမကို ကျွန်တော် တမ်းတမိမှာ ခုတော့ ကျွန်တော်က ဒီကမ္ဘာဂြိုဟ်ရဲ့ တစ်ခုသော တိရိစ္ဆာန်ရုံဝန်းထဲမှာ သူမ ဘေးနားရှိနေတာကို မအီမသာနဲ့။ ပစ္စုပ္ပန် လက်မစုပ်ပြီး အာသာဖြေရကောင်းမှန်း မေ့သွားခဲ့တဲ့ အရွယ်ကစလို့ ဆာလောင်ချိန်တိုင်း ကျွန်တော်ဟာ ဆင်သေပေါ်က ကျီးကန်း၀၀လေးကို အားကျမိတော့တယ်။ တေဇာ (လရောင်လမ်း)

အတိုးဆုံးကဗျာများ (၃၂)

မြင်း မြင်းကောင်းဆိုမှတော့ ခွါမလိပ်တာ သေချာပြီ။ ချိုကျိုးချင် ကျိုးမယ် နားရွက်ပဲ့ချင် ပဲ့မယ် ဒါပေမဲ့ ကျွန်တော်က ပြေးတယ်။ စက်လုံးစောင်း ၀င်ရိုးပေါ်မှာ ၂၃ ၂/၁ ဒီဂရီ တိမ်းစောင်းနေတယ် ဆိုပါစို့ လက်ထဲက ဂေါ်လီလုံးလေးကိုဆို ဘယ်လို စောင်းမလဲ စိတ်ကူးနဲ့ထိုးထားတဲ့ တံဆို့ကို ဖယ်လိုက်ရင် ကမ္ဘာကြီးလည်း တည့်မတ်လာပြီပေါ့ လည်နေတာကို ရပ်ပစ်လိုက်ဖို့တော့ လိုချင်လိုမှာပေါ့။ ငါဗဟိုပြု ကျွန်တော်က တစ်ကိုယ်ကောင်းသိပ်ဆန်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကောင်းစေချင်တဲ့ စေတနာကြောင့်။ ဒါမှမဟုတ် ကျွန်တော်က တစ်ကိုယ်ဆိုးဆန်ရမှာလား တခြားသူတွေရဲ့ ကောင်းခြင်းဆိုးခြင်းနဲ့ပတ်သက်ပြီး ကျွန်တော့်မှာများ လုပ်ပိုင်ခွင့်တစ်ခုခု ရှိနေသလား။ အဓမ္မဆောင်း သဘာဝဟာ ကျောသားရင်သားမခွဲခြား အအေးလှိုင်းများ တည့်တည့်ကြီး တိုးဝင်လာကြ။ ဒါနဲ့တောင် အိမ်ခြေယာမဲ့ကလေးငယ်တွေကိုမှရွေးပြီး ၀ိဉာဉ်နုတ်ယူတာ ဘာသဘောလဲ ဒီလိုပြောတော့လည်း ဆောင်းကတောင် စောင်းကြည့်တာခံရဦးမယ်။ လမ်းပန်းဆက်သွယ်ရေး ချစ်ခြင်းတရားဟာ ကျွန်တော့်ဘ၀ရဲ့ အချက်အခြာနေရာမှာ တည်ရှိပါတယ် အလိုဆန္ဒတွေကတော့ ဆင်ခြေဖုံးမှာ။ အခုလောလောဆယ် ကျွန်တော် ဆင်ခြေဖုံးမှာပဲ အနေများတယ်။ ဘုရင့်တဏှာ ကလီယိုပ