Skip to main content

Posts

Showing posts from January, 2012

Fianchetto: the Positional Play

ဘုန်းကြီး (ဘစ်ရှပ်) ဟာ နောက်နားကျကျ ဒီဆဲလ်တစ်ကွက်တည်းမှာပဲ အကြာကြီး ရပ်နေခဲ့တာ အကြောင်းမဲ့တော့ မဟုတ်တန်ရာဘူး။ ထားပါတော့ အကောင်တွေ သေပြီး အချိန်တွေ ပြောင်းသွားတယ် သူကတော့ သူ့နေရာမှာသူ နေမြဲအတိုင်းနေတယ်။ စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုက နောက်ဆုံးမှာ ကွင်းလယ်ကို စိုးမိုးတဲ့ အကောင်ဟာ ဘုရင်မ မဟုတ်တာ များတယ် ဖှီအန်ခက်တို အဖွင့်မှာ။ တေဇာ (လရောင်လမ်း) ဇန်န၀ါရီ ၂၀၁၂

နောက်ပြန်လဲခြင်း

[ ၁ ] `ဖေကြီး´ လို့ သူမက ခေါ်လိုက်တယ်။ `ကိုယ် ဆိုနေတဲ့ သီချင်းစာသားတွေ သတိမရတော့ဘူး´ သူမက ခြောက်ဆယ့်နှစ်နှစ်။ ဆိုဖာအစွန်းမှာ ထိုင်ရင်း ဒူးပေါ် သူမရဲ့ ဟော်လိုဂစ်တာဟောင်းလေးကို တင်ထားတယ်။ ၄၇ နှစ်ကြာပေါင်းလာတဲ့ သူမရဲ့ ခင်ပွန်းက မီးဖိုချောင်ကနေ ဧည့်ခန်းထဲ လျှောက်လာတယ်။ `ဘာလဲ မေကြီး´ လို့ သူက မေးလိုက်တယ်။ သူတို့ရဲ့ တတိယကလေး ရပြီးကတည်းက သူက သူမကို မေကြီးလို့ စခေါ်တယ်။ သူမကလည်း အပြန်အလှန် သူ့ကို ဖေကြီးပေါ့။ အခုဆိုရင် ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီ။ `ဒုတိယအပိုဒ် ဘယ်ကစတယ်ဆိုတာကို ကိုယ် မေ့နေပြီ´ `အင်း မေကြီးက ဘယ်သီချင်းကို ဆိုနေတာလဲ´ `ကြည့် ကိုယ့်ကို ဂရုမစိုက်ဘူးမဟုတ်လား။ ဒီမှာ သီချင်းတစ်ပုဒ်တည်းကို ဆိုမလို့လုပ်နေတာ ၂၅ မိနစ်လောက်ရှိပြီလေ´ သူမ ခင်ပွန်း ဂျော့က မျက်နှာကြက်ကို မော့ကြည့်တယ်။ ပြီးတော့ သူ့ရဲ့ ထိုးထိုးထောင်ထောင် မုတ်ဆိတ်တွေကို ပွတ်ပြီး ပြောလိုက်တယ်။ `အင်း..ဘာဖြစ်မလဲ။ မိုးရေထဲ ပန်းကောက်ခြင်းလား´ `ကံကောင်းပြီး မှန်သွားတယ်´ သူမက ပြုံးပြီး ဂစ်တာကို ဟန်ပါပါခတ်လိုက်တယ်။ `ဒုတိယအပိုဒ်က မိုးစရွာတဲ့အချိန်လေ။ ပွင့်ဖတ်တွေပေါ်က မိုးရေစက်တွေကြောင်း.. တစ်ခုခုပဲ၊ သေချာပါတယ်´ `ဟုတ်ပါ့။

ကျွန်တော်၏ ကြောင်ကလေး

အမေ့ရဲ့စာဆုံးတော့ ကျွန်တော် ငိုင်ကျသွားသည်။ အမေက စာတွင် ကြောင်ကလေး နေမကောင်းသည့်အကြောင်း အသိပေးရင်း စိတ်မကောင်းစရာဖြင့် စ,ထားသည်။ မိုးမိကတည်းက ကြောင်ကလေး အသည်းအသန် နေမကောင်းဖြစ်ပြီး ဂုန်တီအိတ်ပေါ် လဲနေသည် ဆို၏။ သားကြောင်ကလေး သေတော့မယ်၊ အမေလည်း စိတ်မကောင်းဘူးဟု စာတွင် ရေးထားသည်။ ထို့နောက် မိသားစုအကြောင်းများ ရောက်တတ်ရာရာ ရေးရင်း စာဆုံးခါနီးလောက်တွင် အခုစာရေးနေရင်း အမေသွားကြည့်တော့ ကြောင်ကလေး သေသွားပြီဟု ထပ်ဖြည့်ထားသည်။ ကျွန်တော် တစ်စုံတရာကို ခံစားလိုက်ရသည်။ သို့သော် ထိုအရာသည် မည်သည့်အရာမှန်း ကျွန်တော့်ဘာသာ မသေချာ။ ထို့နောက်တွင် ကြောင်ကလေးအကြောင်း ကျွန်တော် ပြန်စဉ်းစားကြည့်မိသည်။

Replacement

ကျွန်တော့်ဘေးက ခုံကလေးမှာ သူထိုင်နေကျ အခုတော့ လွတ်နေတယ် သူ မရှိတော့ဘူး အဲဒီနေရာမှာ လေဟာနယ် ဟာနေတဲ့ ကွက်လပ်ကို ကျွန်တော် ကြိုးစား ဖြည့်ဆည်းကြည့်မိတယ် ဒီကနေ့ မနက်ထုတ် သတင်းစာနဲ့။ တေဇာ (လရောင်လမ်း) ဒီဇင်ဘာ ၂၀၁၁

ထိုးဖောက်မှု

ထိုးဖောက်တယ်ဆိုတဲ့ စကားလုံးကိုကြားတိုင်း ဦးနှောက်မှာ ပဲပင်ပေါက်တွေကို ပြေးပြေးမြင်မိတယ် မာကျောထက်မြမှုတွေတော့ ရှိချင်မှ ရှိလိမ့်မယ် ဒါပေမဲ့ သူတို့က ဖြူစင်တယ်၊ ပြီးတော့ ရှင်သန်နေတယ် ဆိုပါစို့ ကျည်တစ်တောင့်လို နုနယ်တဲ့ အသွေးအသားကို ထိုးဖောက်ပုံမျိုးတော့ မဟုတ်ဘူး ဘယ်လိုပြောမလဲ ကျရာနေရာက ကမ္ဘာမြေကို။ တေဇာ (လရောင်လမ်း) ဇန်န၀ါရီ ၂၀၁၂

The Deadly Nightmare

[ ၁ ] မနေ့ညက ကျွန်တော့်အခန်းဖော် အိပ်မက်ဆိုးမက်တယ် သူက ၀ူးဝူးဝါးဝါးနဲ့ အော်နေတယ် သူ့အိပ်မက်က သိပ်ကြောက်စရာ ကောင်းတယ် သူဖတ်ဖူးတဲ့ ပုံပြင်တွေထဲက မိစ္ဆာတွေ သူ့နောက်လိုက်လာကြတယ်တဲ့ အေးလေ ဒါဆိုလည်းပြေးပေါ့၊ မောမှမမောတာ တကယ်တော့ ဒီလောက်မလွယ်ပါဘူး သူ့ ခြေထောက်နဲ့ မြေကြီး ကပ်နေတာ ခွာမရတော့ဘူးလို့ ကျွန်တော် အတွေ့အကြုံအရ သိလိုက်တယ် ပြေးမရလည်း ဒီတိုင်းစောင့်နေလိုက် အိပ်မက်ထဲမှာ ဘယ်သူမှမသေဘူး၊ သက်သက်ကြောက်အောင်လုပ်နေတာ မဟုတ်ဘူး၊ ကျွန်တော့်မှာက ချိုင်းထောက်နဲ့ ထော့ကျိုးထော့ကျိုးပြေးရတယ်၊ သိပ်ကြောက်ဖို့ကောင်းတယ်တဲ့၊ ကျွန်တော်ပြုံးမိတယ် အခန်းဖော်အတွက် စိတ်မကောင်းဘူး အင်း အိပ်မက်တွေဟာ မမျှတတာ များတယ် အမှန်ဆို ဆိုင်ကယ်တစ်စီး ထည့်မက်ပေးလို့ရော ဘယ်သူ ဘာထိခိုက်သွားမှာလဲ ပြေးစေချင်ရင် ပြေးမယ် ဟုတ်တယ်လေ၊ သူပြုံးတယ် ကျွန်တော် မမျှတမှုအတွက် စိတ်မကောင်းဘူး နောက်တော့ အပြစ်မကင်းစိတ် နည်းနည်း (နည်းနည်းလေးပဲ) ၀င်လာတယ် ငါလည်း ချမ်းလို့ မင်းခြေထောက်ကို ဖိထားမိတယ်လို့ စိတ်ထဲကပဲ ပြောလိုက်တယ်၊ သူမကြားဘူး [ ၂ ] မနေ့ညက တစ်ညလုံး ကျွန်တော် အိပ်မရဘူး၊ အခန်းဖော်က ၀ူးဝူးဝါးဝါးယောင်နေတယ် သိပ်အားကျဖိ

The Dread

ကွန်ပြူတာကိုပဲ စိုက်ကြည့်နေတုန်း ခေါင်မိုးပေါ်က အသံတစ်ခု ကြားရတယ်။ ပိုးမွှားတစ်ကောင်ကောင် ကုပ်နေတာဖြစ်မယ် တွေးလိုက်မိလို့ စာကိုပဲ ဆက်ဖတ်နေလိုက်တယ်။ နောက်တော့ အသံက ပိုပိုကျယ်လာတယ်။ ပိုစိပ်လာတယ်။ ခေါင်းထောင်ပြီးတော့ ကွန်ကရစ်အမိုးက လေ၀င်ပေါက် အကွက်ကလေးကို စိုက်ကြည့်လိုက်မိတယ်။ အိပ်ယာတည့်တည့်မှာပဲ။ အုပ်ထားလို့ အပေါ်ကိုတော့ ဘာမှ မမြင်ရဘူး။ ကြောင်တစ်ကောင် လာကုပ်နေတာ ဖြစ်မလား။ အိမ်ရှေ့တံခါးဖွင့်ပြီး အပြင်ကို ထွက်ကြည့်လိုက်တော့ မိုးရွာနေတာကို မထင်မှတ်ဘဲ မြင်လိုက်ရတယ်။ သြော မိုးပေါက်ကျသံကိုး။ သွပ်မိုးဆို သိပ်ကောင်းမှာ။ ခေါင်းပေါ်ကို မိုးဖွဲတချို့ ကျလာတယ်။ ညက မှောင်နေတယ်။ အားတော့နာတယ်၊ ညကို မှောင်နေတယ်လို့ ပြောရတာ။ ညပဲ မှောင်မှာပေါ့လို့ ပြန်တွေးရတယ်။ ကံကောင်းတာက အိမ်ရှေ့ မီးတိုင်က လင်းနေလို့ လမ်းကိုမြင်နေရတယ်။ ကံမကောင်းတာက လမ်းပေါ်မှာ လူသူတစ်ယောက်မှ မရှိတော့ဘူး။ ဒီအတွက်လည်း လမ်းကို အပြစ်တင်လို့တော့ မဖြစ်ဘူး။ အချိန်က မနက် (၁) နာရီ ထိုးနေပြီ။ လမ်းပေါ်မှာ လူမရှိတာနဲ့ ဘာလို့ ကံမကောင်းဖြစ်ရတာလဲလို့ မေးချင်မေးမှာ။ အမှန်တော့ လူသူအရိပ်အယောင်ကို မြင်ချင်ရုံသက်သက်ပဲ။ သိတယ် မဟုတ်လား။ လမ်းပေါ်မှာ ဖြတ

ဖမ်းဆုပ်မှု

မေးရိုးကို ခပ်ပြင်းပြင်းအထိုးခံရရင် ကြယ်တွေလတွေ မြင်တယ်ဆိုတဲ့ အဆိုကို အတွေ့အကြုံအဓိက၀ါဒီက အကြားနဲ့ လက်ခံတယ်။ ဒါဆို ဆင်ခြင်တုံသမားအနေနဲ့ရော အချစ်ကို...။ တေဇာ (လရောင်လမ်း) ဇန်န၀ါရီ ၂၀၁၂

Shameless Mango Seed

ကိုယ်စိုက်ခဲ့တာပဲကိုယ် ပြန်ရိတ်သိမ်းရတယ်ဆိုတာ သရက်ပင်ကိစ္စမှာ သိပ်မမှန်ဘူး မြေမြှုပ်လိုက်တယ်၊ အရှင်လတ်လတ် မြေမြှုပ်လိုက်တယ်၊ သဂြုင်္ိဟ်ခြင်းခံလိုက်ရတယ်၊ ရှင်းရှင်းပြောရရင် မြေကြီးအောက် ရောက်သွားတယ်၊ ဒါ သဲလွန်စဖျောက်မှုပဲ၊ ဒါဟာ ညစ်ညမ်းတဲ့ကိစ္စပဲ၊ ဒါဟာ ကောင်းတယ်၊ ဒါဟာ အစေ့ပဲ၊ ဒါဟာ သရက်စေ့ပဲ၊ ဒါဟာ အရှက်မရှိ သရက်စေ့ပဲ၊ ရှင်းရှင်းပြောရရင် အစုပ်ခံရပြီး အမွှေးစုတ်ဖွား ကျန်ရစ်ခဲ့တဲ့အရာပဲ၊ သရက်ပင်ကလေး ပျိုးထားတယ်၊ ဒါဟာ နောက်လူ ကောင်းစားဖို့ပဲ၊ နောက်လူ ခေါင်းစားဖို့ပဲ၊ ရောင်းစားဖို့ပဲ၊ လူနောက်ပဲ၊ နောက်ငှက်တွေ ကိုက်ဖို့ပဲ၊ ဒီနေရာကလေးကို ဂရုစိုက်ပါ၊ ဒီနေရာကလေးကို ဆုပ်ကိုင်/ထိတွေ့/ပွတ်သပ်ကစားရင်း ဒီနေရာကို လိုတာချည်း ခံချင်နေတော့တယ်၊ ဒါဟာ ညစ်ညမ်းမှုပဲ၊  ဒါ ကောင်းတဲ့ကိစ္စပဲ။ ဒီနေရာကို အသိအမှတ်ပြုပါ၊ ဒါ ဖြားယောင်းမှုမဟုတ်ဘူး၊ အစေ့ရှိတဲ့နေရာကို ရှင်တို့တွေ လိုပါ၊ ဒါရှင်တို့တွေ ကောင်းစားဖို့ပဲ၊ စားကောင်းဖို့ပဲ၊ သဂြုင်္ိဟ်ခြင်းခံလိုက်ရတယ်၊ အရှက်မရှိဘူး၊ မြေမြှုပ်လိုက်တယ်၊ အစေ့ရှပ်တယ်၊ အရှင်လတ်လတ် မြေမြှုပ်လိုက်တယ်၊ အစုပ်ခံရပြီး အမွှေးစုတ်ဖွား ကျန်ရစ်ခဲ့တယ်၊ နောက်လူ ကောင်းစားဖို့ပဲ၊ ဒါ ညစ်ညမ်းမှုပဲ၊ ဒါ ကေ