ကိုယ်စိုက်ခဲ့တာပဲကိုယ် ပြန်ရိတ်သိမ်းရတယ်ဆိုတာ
သရက်ပင်ကိစ္စမှာ သိပ်မမှန်ဘူး
မြေမြှုပ်လိုက်တယ်၊ အရှင်လတ်လတ် မြေမြှုပ်လိုက်တယ်၊ သဂြုင်္ိဟ်ခြင်းခံလိုက်ရတယ်၊ ရှင်းရှင်းပြောရရင် မြေကြီးအောက် ရောက်သွားတယ်၊ ဒါ သဲလွန်စဖျောက်မှုပဲ၊ ဒါဟာ ညစ်ညမ်းတဲ့ကိစ္စပဲ၊ ဒါဟာ ကောင်းတယ်၊ ဒါဟာ အစေ့ပဲ၊ ဒါဟာ သရက်စေ့ပဲ၊ ဒါဟာ အရှက်မရှိ သရက်စေ့ပဲ၊ ရှင်းရှင်းပြောရရင် အစုပ်ခံရပြီး အမွှေးစုတ်ဖွား ကျန်ရစ်ခဲ့တဲ့အရာပဲ၊ သရက်ပင်ကလေး ပျိုးထားတယ်၊ ဒါဟာ နောက်လူ ကောင်းစားဖို့ပဲ၊ နောက်လူ ခေါင်းစားဖို့ပဲ၊ ရောင်းစားဖို့ပဲ၊ လူနောက်ပဲ၊ နောက်ငှက်တွေ ကိုက်ဖို့ပဲ၊ ဒီနေရာကလေးကို ဂရုစိုက်ပါ၊ ဒီနေရာကလေးကို ဆုပ်ကိုင်/ထိတွေ့/ပွတ်သပ်ကစားရင်း ဒီနေရာကို လိုတာချည်း ခံချင်နေတော့တယ်၊ ဒါဟာ ညစ်ညမ်းမှုပဲ၊ ဒါ ကောင်းတဲ့ကိစ္စပဲ။ ဒီနေရာကို အသိအမှတ်ပြုပါ၊ ဒါ ဖြားယောင်းမှုမဟုတ်ဘူး၊ အစေ့ရှိတဲ့နေရာကို ရှင်တို့တွေ လိုပါ၊ ဒါရှင်တို့တွေ ကောင်းစားဖို့ပဲ၊ စားကောင်းဖို့ပဲ၊ သဂြုင်္ိဟ်ခြင်းခံလိုက်ရတယ်၊ အရှက်မရှိဘူး၊ မြေမြှုပ်လိုက်တယ်၊ အစေ့ရှပ်တယ်၊ အရှင်လတ်လတ် မြေမြှုပ်လိုက်တယ်၊ အစုပ်ခံရပြီး အမွှေးစုတ်ဖွား ကျန်ရစ်ခဲ့တယ်၊ နောက်လူ ကောင်းစားဖို့ပဲ၊ ဒါ ညစ်ညမ်းမှုပဲ၊ ဒါ ကောင်းတယ်၊ နောက်လူတွေအများကြီးအတွက် သရက်ပင်စိုက်ဖို့ ကျွန်မခမျာ တစ်ယောက်တည်း တစ်လုံးလုံးကုန်အောင် စားခဲ့ရတယ်၊ ကျွန်မ အချဉ်ခံခဲ့တယ်၊ လူနောက်ပဲ၊ ဘာပဲဖြစ်ဖြစ် အစေ့ရှိတဲ့နေရာကိုတော့ အသိအမှတ်ပြုပါ၊ ဒါ ဖြားယောင်းမှု မဟုတ်ဘူး၊ ရှင်းရှင်းပြောရရင် ဒါဟာ ရှုပ်တယ်။
တေဇာ (လရောင်လမ်း)
ဒီဇင်ဘာ၊ ၂၀၁၁
Comments
Post a Comment