Skip to main content

Posts

Showing posts with the label ဗရောက်ဗရက်

♥ အသောက်ပျက်သော ဗရောက်ဗရက်ညနေ

ဗရောက်ဗရက်ဆိုသည်မှာ ဂယောက်ဂယက်၏ ညီဖြစ်ပါသည်။ ညီမအငယ်ဆုံးလေး ကတောက်ကဆတ် ရှိသေးသော်လည်း ယခုတလော သူမသည် အားနည်းပြီး နေထိုင်မကောင်းဖြစ်နေသဖြင့် ဘယ်သူ့ကိုမှ ကက်ကက်လန်ရန်မတွေ့နိုင်ဘဲ အိပ်ယာထဲ ဘုန်းဘုန်းလဲနေရှာသည်။ စိတ်ချမ်းသာစရာ ကောင်းပေစွ...။ သူတို့သည် ဆြာတေ၏ စိတ်သန္တာန်ဝယ်မှီတင်းနေထိုင်ကြကုန်သော ခံစားချက် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ ယခုအခါတွင် ဗရောက်ဗရက်သည် အသောက်ပျက်သည့်ညနေများကို စိတ်ဆိုးမာန်ဆိုး ရင်ဆိုင်နေရသည့်သမယဖြစ်၍ ပျောက်ချက်သားကောင်းနေသော ၀ီစကီကို အီစီကလီတမ်းတနေသံများ ဖြစ်ပါသည်။ သူတို့မှာ မရှက်အားဘဲ လက်ယားနေသော စာဆိုများဖြစ်သဖြင့် ထိုညီအစ်ကိုမောင်နှမတစ်စု၏ စာတိုပေစများအား စပ်ကြားစပ်ကြားတင် ဖြစ်ပါမည်။ ပုံ ◄ ဆြာတေ ► ဥက္ကဌ - အပြည်ပြည်ဆိုင်ရာ အသပြာမွဲသော မယကာဘဲများအသင်းကြီး ခေတ္တ- ဥရုဝေလတောတွင်းတစ်နေရာ တောင်စွယ်နေကွယ်ချိန် ဒီအချိန်ရောက်ရင် စိတ်တွေချောက်ခြားလာတယ်။ ဆေးရမယ့် ပန်းကန်ခွက်ယောက်တွေ၊ ချက်ရမယ့်ထမင်းအိုး၊ ကြက်ဥတစ်လုံးကို ရက်ရက်စက်စက် ခွပ်ခနဲဖောက်ရမယ့် စိတ်ဓာတ်ကြံ့ခိုင်မှု၊ ဒယ်အိုးဟာ သယ်ပိုးဖို့မဖြစ်နိုင် လောက်အောင်ကို လေးလံနေတယ်၊ ဆီထုပ်ကိုဖောက်ပြီး ပုလင်းထဲထည့်ရတာ... လက်တုန်တတ်...