Skip to main content

Posts

Showing posts from 2008

အရည်မရအဖတ်မရများအား ၀င်ပါခြင်း

ကျွန်တော်လဲ Forum လေးတွေ ၀င်ဖြစ်ပါတယ်။ စိတ်ပညာ Forum တစ်ခုမှာဗျာ မေးခွန်းတစ်ခုကို ၀င်ကြည့်ကြည့်ပါတယ်။ သူ့မေးခွန်းက စိတ်ပညာကိုလေ့လာသူတွေ၊ စိတ်ပညာရှင်တွေဟာ မရူးနိုင်ဘူး။ ထောက်ခံပါသလားတဲ့ဗျ။ ဒါနဲ့ ဆွေးနွေးထားချက်လေးတွေ လိုက်ဖတ်ကြည့်လိုက်တာ ထောက်ခံတဲ့လူတွေချည်းပဲဖြစ်နေတယ်ဗျာ။ အဲဒါနဲ့ မနေနိုင်မထိုင်နိုင် ၀င်ပါလိုက်ရော.... အောက်မှာ ကျွန်တော် ရွှီးထားတာလေးတွေပါ။ ဖတ်ကြည့်ပါ။ သောက်မြင်ကတ်ရင်လဲ ပြန်ဆော်နိုင်ပါတယ်ဗျာ။ ဒီမေးခွန်းကို ကျွန်တော် တွေ့နေတာကြာပြီ။ အခုမှ ဆွေးနွေးချက်တွေကို ၀င်ဖတ်ကြည့်မိတာပါ။ ဆွေးနွေးသူအားလုံး သဘောထားတိုက်ဆိုင်နေတာတွေ့ရတော့ ကျွန်တော်လန့်တောင်လန့်သွားမိတယ်။ ကျွန်တော်လည်း စိတ်ပညာနဲ့ ကျောင်းပြီးထားပါတယ်။ သိပ်ပြီးသိလှတတ်လှတယ်မဟုတ်ပေမဲ့ ကျွန်တော့်အမြင်သက်သက် ဒီကိစ္စက ရှင်းရှင်းလေးပါ။ စိတ်ပညာကို လေ့လာလို့ မရူးနိုင်ဘူးလို့ ဘယ်သူမှ အာမခံချက်မပေးနိုင်ပါဘူး။ ရူးတယ်ဆိုတာကို ကျွန်တော် နားလည်ထားသလောက် Abnormal လို့ သတ်မှတ်ပါမယ်။ လူအများစု လုပ်သလို၊ နေထိုင်သလို မနေထိုင်ဘူးပေါ့။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ လူမှုစံနှုန်းတွေနဲ့ မကိုက်ညီတဲ့သူပေါ့။ ဒါကတော့ အရမ်းယေဘုယျ ကျပါတယ်။ လူအများစု အ၀တ်အစာ

အတိတ်ကို လွမ်းဆွတ်ခြင်း (သို့မဟုတ်) နိုစတယ်ဂီယာ (Nostalgia)

Nostalgia ဆိုသောစကားလုံးမှာ မူလပထမ ဆေးပညာဝေါဟာရ (Medical Term) တစ်ခုသာ ဖြစ်သည်။ စစ်အတွင်းက ဝေးလံခေါင်ဖျားသော ရှေ့တန်းစစ်မျက်နှာမှ ရုရှားကြေးစားစစ်သားများ ခံစားရသော ရောဂါအမည်ဖြစ်သည်။ မိမိ၏နေရပ်ကို ပြန်လိုခြင်း၊ မိဘ၊ မိသားစုနှင့် အိမ်ကို လွမ်းဆွတ်သတိရခြင်း ဖြစ်သည်။ လွမ်းဆွတ်ခြင်းဆိုသည်မှာ အသက်သေလောက်အောင်လွမ်းသော လွမ်းဆွတ်ခြင်းမျိုးဖြစ်သည်။ ကျွန်တော်တို့ မြန်မာလိုဆိုရင် ရင်ကွဲနာကျခြင်းလိုမျိုး ဖြစ်မည်။ လွမ်းဆွတ်ခြင်းသကဲ့သို့ စိတ်ခံစားမှု (Emotion) တစ်ခုက လူတစ်ယောက်ကို သေစေနိုင်လောက်သည်မှာ စိတ်ဝင်စားစရာ ဖြစ်ပါသည်။ ထို့နောက်မှ အဆိုပါစကားလုံးအား အရပ်သုံးစကားများတွင် စတင်သုံးစွဲလာသည်။ Nostalgia ကို ခေတ်ပေါ်ကဗျာများတွင် တော်တော်များများတွေ့ရသည်။ လူတစ်ယောက်ကို လွမ်းဆွတ်ခြင်းမျိုး၊ ဥပမာ ချစ်သူ၊ မိသားစုလိုမျိုးမှ အတိတ်ကိုလွမ်းဆွတ်ခြင်းမျိုးအထိ အခြေအနေအမျိုးမျိုးပါဝင်သည်။ အတိတ်ဟု ဆိုရာတွင်လဲ လွန်ခဲ့သော အချိန်တစ်ခုခုမှ အခြေအနေတစ်ခုခုကို တိတိကျကျလွမ်းဆွတ်ခြင်းမျိုးထက်၊ အတိတ်ကာလ၏ ကောင်းနိုးရာရာများကို ရွေးထုတ်ပြီး မရေမရာ လွမ်းခြင်းမျိုးဖြစ်သည်။ ဤသို့သော ခံစားချက်မျိုး ကျွန်တော့်မှာ ရှိပါသည်။ ထ

LIVERPOOL F.C. (ME)

လူငယ်တွေထုံးစံအတိုင်း ကျွန်တော်လဲ ဘောလုံးပွဲကြည့်ပါတယ်။ ဒါပေမဲ့ မန်ယူ၊ ချယ်ဆီး ပရိတ်သတ်တော့မဟုတ်ပါဘူး။ ကျွန်တော်က Liverpool ပရိတ်သတ်တစ်ယောက်ပါ။ ကျွန်တော် Liverpool ကို အားပေးလာတာ 2005 ခုနှစ်လောက်ကပါ။ ကျွန်တော် အမှတ်အရဆုံးပွဲကတော့ A.C. Milan ကို Champion League မှာ အံအားသင့်ဖွယ် အနိုင်ယူလိုက်တဲ့ပွဲပေါ့။ ဒီပွဲကိုတော့ Liverpool ပရိတ်သတ်မဟုတ်လည်း ဘောလုံးပွဲကြည့်သူတိုင်း မှတ်မိမယ်ထင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက Gerrad ဘယ်လိုကန်ချက်ပြင်းတယ်၊ Torres ဘယ်လို အလိမ်အခေါက်ကောင်းတယ်၊ ဂိုးသွင်းသေချာတယ်မဟုတ်ဘူး။ အသင်းရဲ့ စိတ်ဓာတ်ပိုင်းကိုပဲ ကျွန်တော်ချီးကျူးချင်ပါတယ်။ Champion League လို ဘောလုံးပွဲတစ်ပွဲမှာ တစ်ဂိုးသွင်းနိုင်ဖို့ဆိုတာ အလွန်ကို ခက်ခဲပါတယ်။ ကိုယ့်ကို သုံးဂိုးသွင်းထားပြီးသွားပြီဆိုရင်တော့ ပွဲပြီးသလောက်ကို ဖြစ်သွားပြီလို့ ပြောနိုင်ပါတယ်။ ဒီလို အခြေအနေမှာမှ ဒုတိယပိုင်းမှာ သုံးဂိုးပြန်သွင်းပြီး Penalty နဲ့ အနိုင်ယူသွားတာကတော့ Physical Skill ပိုင်းထက် Mental Skill က ပိုပြီး အဓိကကျပါတယ်။ ကံကောင်းလို့ပါလို့ပြောချင်ပြောပါဗျာ..၊ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိဘဲနဲ့တော့ ဒီလိုမျိုး အနိုင်ယူနိုင်မ

စိတ်ကြေကွဲရမှု ရာဇ၀င်အခင်းအကျင်း

စိတ်ကြေကွဲရမှု ရာဇ၀င်အခင်းအကျင်း နောက်ထပ်နှစ်တွေခပ်များများဟာ သူ့အလိုလိုသွားတဲ့ နာရီဒိုင်ခွက်တွေပေါ့။ စိုက်ကြည့်နေတုန်း စကားလုံးတွေ အဖတ်လိုက်အဖတ်လိုက် ကွာကျ  ငိုမချမိအောင် အကြောတွေ တွန့်လိပ်ရ အဖျားကျစ လူနာလို ဘေးဘီကို မှင်သက်မိရနဲ့။ အဲဒါ  ကိုယ်လုံးပေါ်မှန်ချပ်ကြီးပေါ် ငါ့ရဲ့ ပုထုစဉ်အဖြစ်ကို မလိုတမာ တွေ့လိုက်ရမိတာပါ  မြစ်ရဲ့ကမ်းနဖူးမှာ ကြယ်တာရာအချို့ ကောက်ယူစုဆောင်းမိတာပါ။ ခင်အောင်အေး

အချိန်အကြောင်း

အခုတလော ကျွန်တော်သတိထားမိတာလေးတစ်ခုက သူငယ်ချင်းမိတ်ဆွေတော်တော်များများက ကိုယ့်ထက်ငယ်တဲ့သူတွေ များလာတာပဲခင်ဗျ။ အရင်တုန်းကဆိုရင် ကိုယ့်အပေါင်းအသင်းတွေထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေများတယ်...။ ကျွန်တော်ကိုယ်တိုင်ကလည်း အကြီးတွေနဲ့ပဲပေါင်းတာများလို့လားမသိဘူး။ အခုတော့ ကိုယ့်အသက်ကိုယ် တော်တော်ကြီးနေပြီလို့ပြောရမှာပဲ...။ အချိန်တွေကုန်တာ အရမ်းမြန်တယ်။

About Me!

I'm now, 23 going on to 24. I happened to notice suddenly that I'm not a young boy as before. I don't know that is a trick of the TIME. I'm simply interested in TIME. Time passed without noticing.