လူငယ်တွေထုံးစံအတိုင်း ကျွန်တော်လဲ ဘောလုံးပွဲကြည့်ပါတယ်။ ဒါပေမဲ့ မန်ယူ၊ ချယ်ဆီး ပရိတ်သတ်တော့မဟုတ်ပါဘူး။ ကျွန်တော်က Liverpool ပရိတ်သတ်တစ်ယောက်ပါ။ ကျွန်တော် Liverpool ကို အားပေးလာတာ 2005 ခုနှစ်လောက်ကပါ။ ကျွန်တော် အမှတ်အရဆုံးပွဲကတော့ A.C. Milan ကို Champion League မှာ အံအားသင့်ဖွယ် အနိုင်ယူလိုက်တဲ့ပွဲပေါ့။ ဒီပွဲကိုတော့ Liverpool ပရိတ်သတ်မဟုတ်လည်း ဘောလုံးပွဲကြည့်သူတိုင်း မှတ်မိမယ်ထင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက Gerrad ဘယ်လိုကန်ချက်ပြင်းတယ်၊ Torres ဘယ်လို အလိမ်အခေါက်ကောင်းတယ်၊ ဂိုးသွင်းသေချာတယ်မဟုတ်ဘူး။ အသင်းရဲ့ စိတ်ဓာတ်ပိုင်းကိုပဲ ကျွန်တော်ချီးကျူးချင်ပါတယ်။ Champion League လို ဘောလုံးပွဲတစ်ပွဲမှာ တစ်ဂိုးသွင်းနိုင်ဖို့ဆိုတာ အလွန်ကို ခက်ခဲပါတယ်။ ကိုယ့်ကို သုံးဂိုးသွင်းထားပြီးသွားပြီဆိုရင်တော့ ပွဲပြီးသလောက်ကို ဖြစ်သွားပြီလို့ ပြောနိုင်ပါတယ်။ ဒီလို အခြေအနေမှာမှ ဒုတိယပိုင်းမှာ သုံးဂိုးပြန်သွင်းပြီး Penalty နဲ့ အနိုင်ယူသွားတာကတော့ Physical Skill ပိုင်းထက် Mental Skill က ပိုပြီး အဓိကကျပါတယ်။ ကံကောင်းလို့ပါလို့ပြောချင်ပြောပါဗျာ..၊ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိဘဲနဲ့တော့ ဒီလိုမျိုး အနိုင်ယူနိုင်မှာမဟုတ်ပါဘူး။ အပြင်လောကမှာလဲ ဘယ်လောက်စိတ်ဓာတ်ကျစရာ အခြေအနေဖြစ်ဖြစ် ဒီစိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ပဲ ရင်ဆိုင်ရမှာပါ။ ရှုံးသွားတယ်ဆိုတာက မဆန်းပါဘူး။ ကျွန်တော်တို့ အရှုံးကိုလက်ခံရမှာပါ။ ဒါပေမဲ့ အဲဒီအရှုံးကို ဘယ်လိုစိတ်ဓာတ်မျိုး၊ ဘယ်လိုသဘောထားမျိုးနဲ့ ရင်ဆိုင်ခဲ့တယ် ဆိုတာကတော့ အရေးကြီးတယ်လို့ ခံယူပါတယ်။
တေဇာ
တေဇာ
salam from khudori
ReplyDeletehttp://www.cbox.ws မှာc-box ထည့်ထားပါလား ကျွန်တော်တို့ အပြန်အလှန် စကားပြောလို့ရမယ်လေ.... အားပေးလျက်
ReplyDeletehttp://www.winyutun.blogspot.com
ဒီစာဖတ်သူလည်း အဲဒီပွဲကို တစ်သက်မမေ့ပါဘူး။ဒီပွဲအကြောင်းပြောရမယ်ဆို အချိန်မရွေးပဲ။
ReplyDeleteA.C. Milan ရဲ့ ပရိသတ်မို့လို့ပါ။ =)
အေစီမီလန်ကို ၂၀၀၂ ထဲက အားပေးလာတာပါ ။ ဒါပေမယ့် အရေးကြီးတဲ့ ဘောလုံးပွဲတွေမှပဲ ကြည့်ဖြစ်ပါတယ်။
အဲဒီတုန်းက တော်တော်လည်း ရင်ကွဲလိုက်သေးတာ။ မာဒီးနီးကို ခေါင်းဆောင်ဘဝနဲ့ ဖလားတစ်လုံးရစေချင်တာကိုး ...
ကဲ့ရဲ့ချင်ကဲ့ရဲ့နိုင်ပါတယ်။ ဟုတ်ကဲ့ မာဒီးနီးကြိုက်လို့ အားပေးတာပါ :P
ပြီးတော့ ကိုယ်အားပေးသူကလည်း နောက်တန်းလူ ။
သူများက တော်တော့ သူညံ့သလိုဖြစ်နေတယ်။
အရှုံးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကိုယ့်အတွက်မဟုတ်တော့ အဲဒီတုန်းက ကံကိုပဲ လွှဲချ ချင်မိတယ်။
လူတွေက ဝိုင်းပြောကြတော့ တကယ်စိတ်မကောင်းဘူး။ အခုထိ။ =(
liverpoolဆိုလို့ပါဗျာ...ဟုတ်ပါတယ် စိတ်ဓာတ်နဲ့ယူသွားတဲ့ဖလားပါ။အမှတ်ရနေဆဲနေ့တစ်နေ့ပါ။
ReplyDelete