Skip to main content

Posts

Showing posts with the label စိတ်ကြိုက်

စာခြောက်ရုပ်

ဒီလိုနဲ့ ကျွန်မတို့လည်း အဲဒီစာခြောက်ရုပ်ကို အလုပ်ခန့်လိုက်တယ်။ သူ့နာမည်က ယင်စင်းတဲ့။ ကျွန်မ အစ်မက အဲဒီကြော်ငြာကို သတင်းစာထဲမှာ စမြင်တော့ "သူက တကယ်ကြီးတဲ့လား" လို့မေးတယ်။ ကျွန်မလည်း လူချင်းတွေ့ဖို့ ဖုန်းဆက်ကြည့်တယ်။ နေ့လယ်ခင်းလောက်မှာ ကျွန်မတို့တွေ့ဖြစ်ကြတယ်၊ ညနေခင်းကျတော့ ဖုန်းထပ်ဆက်ပြီး ရှင့်ကိုအလုပ်ခန့်လိုက်ပြီလို့ တစ်ခါတည်း ပြောလိုက်တော့တယ်။ အဲဒီနေ့က တနင်္ဂနွေနေ့။ သူ့ကို မြေကွက်လပ်ဆီ လိုက်ပြပြီးတော့ ကျွန်မတို့လည်း မီးဖိုချောင်ရဲ့ ပြတင်းပေါက်ဆီကို လှမ်းကြည့်လိုက်ကြတယ်။ အဲဒီမှာ သူခြောက်ရမယ့် ငှက်မည်းမည်းတွေရစ်ဝဲနေတယ်လေ။ အဲဒီအကောင်တွေ အကုန်ခြောက်ထုတ်ပေးပါမယ်လို့ သူက တာဝန်ယူလိုက်တယ်၊ ဒါပေမဲ့ သူ့လက်တွေက တုန်လှုပ်နေပါတယ်။ "ရှင် ကြောက်များနေသလား" လို့ ကျွန်မက မေးလိုက်တယ်။ "ကတုန်ကရင်" ဖြစ်နေတာပါလို့ သူကပြောတယ်၊ အမူးလွန်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အဲဒီလို တုန်လှုပ်နေတာကလည်း အလုပ်တော့ဖြစ်သားပဲ။ "ခင်ဗျားကိုပိုပြီး အသက်ဝင်လာစေတာပေါ့" လို့ သူကပြောတယ်။ အာရုဏ်မကျင်းမီ မနက်တိုင်း ကျွန်မက ကြောင်ကလေးကို အပြင်ထွက်ဖို့ တံခါးဖွင့်ပေးတတ်တယ်။ အဲဒီတော့ ယင်စင်...

အတိုအထွာ (၁)

ဘားနဒ်ရှော ပြဇာတ် ထောင်မှူးရဲ့ ရုံးခန်းထဲကို ကြိုးဆွဲချ အသတ်ခံရမယ့် အကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းများက ခေါ်ဆောင်လာပါတယ်။ ထောင်ဝန်ထမ်း - ဒီမှာ ဒီနေ့ ကြိုးပေးရမယ့် အကျဉ်းသားပါ။ ထောင်မှူး- ဒါဆိုလည်း သတ်လိုက်တော့လေကွာ။ ဒီကိုဘာလို့ ခေါ်လာတာလဲ။ ၀န်ထမ်း- ကြိုးစင်ကို ဆောက်လို့  မပြီးသေးလို့ပါ။ ထောင်မှူး - မင်းတို့တွေကို မနေ့ကတည်းက ပြီးအောင်ဆောက်ခိုင်းထားတာ ဘယ်လိုဖြစ်တာလဲ။ ၀န်ထမ်း - ဒီလိုပါ။ သစ်သား…။ ထောင်မှူး - ထားပါတော့ကွာ။ အခု မြန်မြန်ပြီးအောင်ဆောက်ကြ။ အကျဉ်းသားကို ဒီမှာခဏ ထိုင်ခိုင်းထား။

ပါပီလွန်မှ အပြင်းစားလောကဓံများ

ကျွန်တော်သည် အချုပ်ခန်းကျဉ်းလေးအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်၏။ အခန်းမှာ ကျဉ်းလွန်းသဖြင့် ခြေလှမ်းများများ လျှောက်မရ။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း၊ ငါးလှမ်း။ နံရံရောက်ပြီ။ နောက်ပြန်လှည့်ရ၏။ ကျွန်တော် စိတ်မပျက်ပါ။ ငါးလှမ်းလှမ်းပြီး တစ်ကြိမ် နောက်ပြန်လှည့်၍ မရပ်မနားလွတ်လပ်သော ပတ်ဝန်းကျင်တွင် ခရီးရှည်သွား နေရသကဲ့သို့ လမ်းလျှောက်၏။ မောလာပြီ။ ကျွန်တော် မရပ်။ (၁၆) နာရီပြည့်သည်အထိ ကျွန်တော် လမ်းလျှောက်၏။ လမ်းလျှောက်နေသဖြင့် ကျွန်တော့်ခန္ဓာကိုယ်မှ ကြွက်သားများမှာ ပိုကြံ့ခိုင်လာ၏။ မောလွန်းသဖြင့် ခေါင်းချလိုက်လျှင် ချက်ချင်းအိပ်ပျော်သွား၏။ စိတ်လေလွင့်ချိန်၊ တွေဝေချိန်များ မရတော့။ မှန်သည်။ တရုတ်လူမျိုးတို့သည် လူ့ ခေါင်းပေါ် ရေတစ်စက်ချင်းချပေး၍ ညှဉ်းဆဲသောနည်းကို ကမ္ဘာတွင် ပထမဆုံး စတွေ့သကဲ့သို့ ကျွန်တော်တို့ ပြင်သစ်လူမျိုးများသည်လည်း လူကို ဆိတ်ငြိမ်သောအခန်းတွင်းသွင်း၍ ဆိတ်ငြိမ်ခြင်းဖြင့် ညှဉ်းဆဲသောနည်းကို ပထမဆုံးတွေ့ခဲ့သူ၊ နားလည်ခဲ့သူများဖြစ်၏။ အကျဉ်းသားကို ပြင်ပပတ်ဝန်းကျင်မှ ဘာသံမျှမကြားနိုင်သော အလုံပိတ်အခန်းတွင် ထား၏။ မည်သည့်အကျဉ်းသားနှင့်မျှ စကားမပြောရ။ မည်သည့်ဝါဒါမျှလည်း လာစကာ...

(ဆရာ) ကြူးနှစ်၏ အနိဋ္ဌာရုံဘွဲ့နှင့် ဘ၀၏ အမှောင်ဘက်ခြမ်းများ

လူတွေက အရူးထပြီး အချင်းချင်း သတ်တဲ့ဖြတ်တဲ့ ဗယောက်ဗယက် ကစားပွဲကြီးထဲမှာ ငါမပါဘူး။ ဒါကြောင့် ငါမသေဘူး။ ငါဟာ လူ့အဖိုးတန် တစ်ယောက်ပဲ။ ငါ့ဆွေမျိုးတွေ ငါ့မိတ်ဆွေတွေ ကျီးစာ၊ လင်းတစာ ဖြစ်ကုန်ကြပါပကော…။ ငါကတော့ လူဖြစ်ရကျိုးနပ်ပြီ။ ဒသမသုံးသုညသုံး ရိုင်ဖယ်ဖြင့် ချောင်းပစ်ခံရ၍ ၀မ်းဗိုက်ပွင့်ကာ စားပြီးစထမင်းစေ့များ၊ ၀က်သားဖတ်များပေါ်မှာ မျက်နှာအပ်လျက် သေခဲ့ရသော အစ်ကိုကြီး ကိုငဒေါင်း၏ အလောင်းကို ထွန်းအံ့သည် သွေးခုန်နှုန်း မှန်ကန်စွာဖြင့် ဖုတ်ကြည်းသင်္ဂြိုဟ်ပေးနိုင်ခဲ့သည် မဟုတ်ပေဘူးလား။ သူပွေ့ပိုက်ထားသော ဂျပ်စက္ကူဘူးထဲတွင် အသေကောင်လေးတစ်ခု အေးစက်စွာ လဲလျောင်းနေသည်။ အသေကောင်လေး။ လမစေ့ဘဲ မွေးဖွားလာရာမှ မိခင်ဝမ်းထဲမှ ပြင်ပသို့ ရောက်လျှင်ရောက်ချင်း အသက်ရှူရပ်သွားသည့် လူသား မိန်းကလေး။ ထိုကလေးသည် သူစိမ်းပြင်ပြင်လည်း မဟုတ်ပါ။ သူနှင့် အေးမတို့၏ ရင်သွေးဦးသာဖြစ်၏။ အိမ်ထောင်သက် လေးနှစ်အကြာ၌ မော်တာသံ၊ စိန်ပြောင်းသံ၊ ရိုင်ဖယ်သံ၊ စက်ကလေးသံတို့ မြည်ဟိန်းနေဆဲတွင် အမိ၏ ၀မ်းကြာတိုက်ထဲသို့ ခဲရာခဲဆစ် တိုးဝင်လာခဲ့သော ဤမိန်းမသားလေးသည် အမိအဖတို့၏ ဒုက္ခတစ်ခုအဖြစ် ထပ်မံမဖြည်းဆည်းလိုတော့သလို မွေးသေဘ၀ဖြင့် ရှောင်တိမ်းသွားခဲ့ခြင်းဟ...